ပရိတ်သတ် အများ မျှော်လင့်တောင့်တနေကြသော ကမ္ဘာ့ဖလား ဘောလုံးပွဲများ စတင်တော့မည်…။ အချိန်ရှိသည် မရှိသည် အပထား… ကြည့်နိုင်မည် မကြည့်နိုင်မည် မသေချာသည်ကို မတွေး… သူများတွေ နည်းတူ ကိုယ်လဲ Singtel Mio TV လိုင်းမှာ စာရင်းပေးလိုက်သည်…။ စောစောစီးစီး ပျံသန်းသော ငှက်ငယ်တွေကို ဈေးလျှော့ပေးသည့် အစီအစဉ်ကြောင့် ထိုရက်ကို အမှီ ဝီရိယရှိရှိဖြင့် ကြိုးစားလိုက်ရာ စလုံး ၂၄ ဒေါ်လာခန့် သက်သာသွားချေ၏။ စီးတဲ့ရေ ဆည်တဲ့ ကန်သင်း ဆိုသည်မှာ ဒါမျိုးပဲ ဖြစ်ရမည် ဟု တွေးရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ် ပီတိ ဖြစ်နေမိသေးသည်…။
Singtel ကို စာရင်းမပေးခင်မှာ ညကြီး အချိန်မတော်တွေ အိပ်ရေးပျက်ခံပြီး တကယ်ကော ကြည့်နိုင်မှာလား ဟု အမျိုးသားက မေးလာသည်။ ကိုယ်တိုင်က အားကစားစိတ်ဓါတ် အပြည့်အဝ ရှိသူတယောက်မို့ အို… ဘယ်အချိန်ဖြစ်ဖြစ် ကြည့်မှာပဲ၊ ကိုယ်စိတ်ဝင်စားတာ ကျောင်းစာ နဲ့ အားကစား... ဟု ပြောင်ချော်ချော်နှင့် အဖြေပေးလိုက်သည်။ အရေးထဲမှာ ဘောလုံးပွဲတွေ ကြိုက်တတ်သော ဖေဖေ နှင့် မေမေကလဲ ရန်ကုန်ကို ခဏ ပြန်သွားကြသည်…။ သည်တော့လည်း ကိုယ် တယောက်တည်းပဲ ကြည့်ရမည်ပေါ့…။ (မှတ်ချက် - အမျိုးသားက ဘောလုံးပွဲ ကြည့်လေ့မရှိပါ၊ သူ စိတ်ဝင်စားတာက လေယာဉ်ပျံတွေသာ ဖြစ်သည်)

.jpg)
.jpg)
သည်နှစ် ကမ္ဘာ့ဖလားပွဲစဉ် အချိန်များကို ကြည့်ရသလောက်က သိပ်မဆိုးလှ။ အုပ်စုပွဲတွေ အားလုံးက စင်္ကာပူ အချိန် ညနေ ၇ နာရီခွဲ၊ ည ၁၀ နာရီ နှင့် မနက်အစောကြီး ၂ နာရီခွဲတို့ ဖြစ်သည်။ ည ၇ နာရီခွဲ နှင့် ည ၁၀ နာရီ ကတော့ သေချာသည်… အချိန်ကောင်းတွေ…။ အဲ… မနက် ၂ နာရီခွဲကတော့ နဲနဲရှော့ခ် ရှိသည်…။ သို့သော်လည်း ပွဲ ကောင်းလျှင် ကောင်းသလို ညဦးပိုင်း စောစောအိပ်ပြီး ညလယ်မှာ နှိုးစက်ပေးကာ ထကြည့်ဖို့ ရည်ရွယ်ထားသည်။
သည်လိုနှင့် တနေ့က ထူးထူးဆန်းဆန်း ကိုအောင် (ပျူနိုင်ငံ) မှ ကမ္ဘာ့ဖလား ၂၀၁၀ အတွက် Tag လုပ်လာသည်…။ ကိုယ့်အတွက် လောလောဆယ်မှာ တက်တက်ကြွကြွ စိတ်ဝင်စားနေသော ခေါင်းစဉ်ဖြစ်သဖြင့် ချက်ချင်းကို ရေးချင်မိသည်။ သို့သော်… ခေါင်းစဉ်နှင့် အကြောင်းအရာ အနေအထားအရ အမျိုးသား ဘလော့ဂ်ဂါတွေ အရင်ရေးဖို့ သင့်တော်ပေသည် ဟု ယူဆသောကြောင့် ခဏ စောင့်နေလိုက်သည်…။ မနေ့က မိတ်ဆွေကြီး ကလူသစ် နှင့် ကိုကြီးကျောက် တို့ ရေးပြီးချေပြီ။ အခုတော့ ကိုယ် အလှည့်ပေါ့…။
ကဲ… လာပြီ…။
ကိုယ်ကြည့်ရ တွေးရသလောက်တော့ ဒီနှစ် အသင်းတွေထဲမှာ ဘရာဇီး ကို နိုင်လိမ့်မည်ဟု မှန်းချင်သည်…။ ဘရာဇီးအသင်းမှ ရုပ်သိပ်မချောလှသော်လည်း အမြဲတမ်း ပြုံးနေတတ်သော… ချစ်စရာကောင်းပြီး ဘောလုံးကန်တာ တော်သော Ronaldinho လေးကို သဘောကျသည်။ Fabiano နှင့် Kaka ကိုလဲ ကြိုက်သည်…။
သို့သော်… သို့သော်… ကိုယ်ဖြစ်ချင်တာ တခုတည်းကို မျက်စေ့စုံမှိတ်ပြီး ပြောရလျှင် အင်္ဂလန်အသင်း အနိုင်ရ ဗိုလ်စွဲတာကိုသာ မြင်ချင် တွေ့ချင်မိသည်ပေါ့…။ ကိုယ် အစွဲအလမ်းတွေ မထားတတ်ပါ… အမှန်ကတော့ မန်ယူ မှလာသော သံယောဇဉ်တချို့ကြောင့်သာ ဖြစ်နိုင်ပါသည်…။ (အလဲ့…)
အသက်ငယ်သလောက် စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်တတ်သော လူဆိုးလေး Rooney ၊ လူကြီးလေးနှင့် ပိုပိုတူလာသော Ferdinand ၊ ကျွန်တော်ဟာ ငယ်ငယ်က လူဆိုးလေးပါ ဆိုသော Gerrard တို့ အပြင် တလောက နာမည်ကြီးလိုက်သော Terry ၊ နာမည်ချင်း ဆင်သော်လည်း သွေးမတော် သားမစပ် A Cole နှင့် J Cole ၊ ပြီးတော့ Lampard ၊ အရပ်ရှည်ရှည် ကလန့်ကလားနှင့် Crouch တို့ပါဝင်သော အင်္ဂလန်အသင်းကို (မဖြစ်နိုင်လောက်မှန်း သိနေသော်လည်း) သိသိကြီးနှင့် ကမ္ဘာ့ဖလားပိုင်ရှင် ဖြစ်စေချင်မိသည်…။ ဒါတောင် အင်္ဂလန်နိုင်ငံသားကြီး Beckham နှင့် Owen တို့မပါလို့ စိတ်ထဲ သိပ်မကျေနပ်ချင်…။
ဘာပဲ ဖြစ်ဖြစ် အင်္ဂလန် အသင်းကို ဗိုလ်မစွဲလျှင်တောင်မှ အနည်းဆုံး ဆီမီးဖိုင်နယ် အဆင့်လောက်အထိတော့ ရောက်လာစေရန် ဆုတောင်း မျှော်လင့်နေမည်…။ စောစောစီးစီး ရှုံးပြီး ပြုတ်သွားလျှင် သူတို့လေးတွေကို အချိန်ကြာကြာ မမြင်ရတော့မှာ စိုးသောကြောင့် ဟု ဆိုလျှင် ကိုယ့်ရင်ထဲက အားကစား စိတ်ဓါတ်ကို သင်တို့ အပြစ်မြင်ကြမည်လော…။ (အပြစ်မမြင်ကြပါနှင့်… ချစ်ခင်ကြပါ…)
အိုကေ… သည်နှစ် ဆီမီးဖိုင်နယ်လ်အတွက် အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီတလီ နှင့် ကမ္ဘာ့ဖလား ပိုင်ရှင်အဖြစ် ဘရာဇီးလ် ကို မှန်းထားသည်…။ (မှန်းထားတာ မှန်လျှင် မုန့်ဝယ်ကျွေးပါ ကိုအောင်…)
ဤသို့ မှန်းနေရုံဖြင့်မပြီး…
ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ နှင့် ပတ်သက်ပြီး ကိုယ့်ဆီမှာ အခြား ကြိုကြိုတင်တင် ပြင်ဆင် လုပ်ဆောင်စရာတွေလဲ များစွာ ရှိနေသေးသည်…။ အဓိက ကတော့ ညဖက်တွေ အိပ်ရေးပျက်ပြီး မနက် ရုံးချိန် နောက်ကျနိုင်ခြင်း နှင့် မနက် အိပ်ရာမှ လုံးဝ မထနိုင်သော နေ့ရက်များတွင် ရုံးကို အရေးပေါ် ခွင့်တိုင်ရဖွယ်များ ရှိလာနိုင်ခြင်း တို့ကြောင့် အထက်လူကြီးကို နဲနဲကြိုပြီး မျက်နှာချိုသွေးထားရန်၊ ထိုရက်များတွင် အိမ်မှာ ထမင်း ဟင်း အလျင်မီအောင် ချက်နိုင်လိမ့်မည် မဟုတ်သောကြောင့် အိမ်သားများကို စည်းရုံးရေးဆင်း နှစ်သိမ့် ညှိနှိုင်းပြီး အိမ်နားမှ ကြက်ဆီထမင်းကို ကန်ထရိုက်ဆွဲထားရန် တို့ဖြစ်သည်…။
ဒါတွေအပြင် မျက်လုံးအစုံမှာလဲ ပန်ဒါ ဝက်ဝံလေးတွေလို ဖြစ်နိုင်သေးသဖြင့် လိမ်းစရာ Eye Cream တခုခု အသင့် ဝယ်ထားရန်လဲ စဉ်းစားထားသည်…။ ပြီးတော့ ညလယ်မှာ ဘောလုံးပွဲကြည့်ရင်း စားစရာ ဟိုဟိုဒီဒီ မုန့်ပဲသားရည်စာများ ဝယ်ထားရန်ကိုလဲ မေ့နေလို့မဖြစ်…။ သည်ရက်တွေမှာ တိုက်တိုက်ဆိုင်ဆိုင် ကြိုတင် ပြင်ဆင် အောင်ပွဲဝင် ဆိုသော စကားကို သတိရနေမိသည်…။
ပြီးတော့… ကြုံတုန်းလေး တလက်စတည်း ပြောထားချင်ပါသည်။
ထို ဘောလုံးပွဲရက်တွေမှာ ဘလော့ဂ်မှာ၊ မျက်နှာစာအုပ်မှာ၊ အွန်လိုင်းမှာ သက်ဝေတယောက် ပေါ်လိုက် ပျောက်လိုက် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ အပေါင်းအသင်း ရောင်းရင်းများနှင့် အတတ်နိုင်ဆုံး အဆက်မပြတ်စေရန် ကြိုးစားမည်… သို့သော် မတွေ့လျှင် စိတ်မပူကြပါနှင့်။
ဘောလုံးပွဲကို ဘယ်လောက်ပဲ စွဲလမ်းပါစေ၊ ဘလော့ဂ်ကိုတော့ သံယောဇဉ် ဖြတ်မသွားပါ…။ သည် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ပြီးတာနှင့် ပြန်လာမည် ပြန်ချစ်မည်…။

ကျောင်းစာ ဆိုပါလား
ReplyDeleteစာမေးဦးမှပါလေ
သက်ဝေက ဘော်လုံးကျွမ်းသူပါတကား။ ဘော်လုံးကျမ်း ထုတ်ဖို့အကြံပြု ပါရစေ။ မြန်မာအမျိုးသမီးများ ဘော်လုံးမှာ ခြေစွမ်းထက်ဆိုပဲ။ မြောက်ကိုရီးယား အမျိုးသမီးအသင်းကလည်း အာရှမှာ ထိပ်ဆိုပဲ။ ဘော်လုံးအကြောင်းအရေးသန်တဲ့ မြန်မာအမျိုးသမီးဘလော်ဂါတွေထဲမှာ သက်ဝေက ထိပ်ပဲလား။ စောင့်ကြည့်နေပါမည်။
ReplyDeleteထိပ်ပေါက်ဦးမယ်
ReplyDeleteပြောသားပဲ မိန်းမ ဘောလုံးအသင်းခေါင်းဆောင်လုပ်ပါဆိုနေ
သီချင်းဆိုပြရဦးမလား
အမ တယောက်ထဲကြည့်ရမှာပျင်းစရာကြီး. အလည်လာမယ်နော်. :P
ReplyDeleteဟီးဟီး. . .ဝါသနာတူတွေတော့ တွေ့နေပြီ။
ReplyDeleteကျနော်ကတော့ နက်ထဲကနေပဲ ကြည့်တော့မယ်။
အလကားလေ. . ။ SONY LCD ရှိရင် ကွန်ပျူတာနဲ့ တွဲကြည့်လို့ရတယ် အမ။ ဘယ်အသင်းတွေ ဘယ်လို ဖြစ်တယ် ဆိုတာ အားရင် လာလာအော်မယ်။
ဟေး ဟေး ဟေး တွေးတာနဲ့တောင်မှ ပျော်စရာကြီး။
Ronaldinho ကို သူ့ရဲ့  ရှေ့သွားနှစ်ချောင်း လေး နဲ့ အမြဲတမ်း ပြုံး နေတတ်လို့ ချစ်တယ် ... အင်္ဂလန် က Rooney ကိုတော့ မိုက်ရိုင်း လို့ မကြိုက် ဖူး ...
ReplyDeletemie nge
ရေးထားတာ အရမ်းကောင်းတယ် အမ၊ အမ ခန့်မှန်းသလို ဖြစ်လာခဲ့
ReplyDeleteရင် စင်္ကာပူအလည်လာတဲ့အခါ မုန့်ဝယ်ကျွေးပါ့မယ် အမ၊ Tag ဂိမ်းကို
အခုလို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ရေးပေးတာ ကျေးဇူးအများကြီး
တင်ပါတယ်။
သတိလည်းထားဦး Singtel Mio TV က live ဆိုရင်ကြည့်ရင်းကြည့်ရင်း ရပ်ရပ်သွားတယ်၊ upgradeလုပ် နေတာလို့ပြောတာပဲ၊ Ronaldinho မပါတော့ဘူး၊
ReplyDeleteကိုင်း... အကြိုက်ကတော့ ၅၀-၅၀ ပဲ၊ မယ်သက်ကို ဗမာအမျိုးသမီးဘောလုံးသင်းမှာ မန်နေဂျာခန့်ဖို့ အကြံပေးအုန်းမှ..
ReplyDeletewhy no beckham and Owen.
ReplyDeleteI want Owen in the team.
ပုံစံကြည့်ရတာတော့ ဘောလုံးပွဲထက် ဘောသမားကြည့်မဲ့သဘောရှိတယ် :P
ReplyDeleteနိုးစက်ပေးပြီး ထကြည့်မယ်တဲ့ မြတ်စွာဘုရား ဒါမျိုးတော့ ဘာအတွက်ကိုမှ တခါမှ မလုပ်ဖူးဘူး။ တော်ပါသေးရဲ့ အိမ်နီးချင်း မဟုတ်လို့ တအိမ်ထဲ အတူနေတာ မဟုတ်လို့ :))))
ReplyDeleteမအယ်
မသက်ဝေ.. အဖော်ရှိကြောင်း.သတင်းပို့ပါတယ်
ReplyDeletemm
အင်္ဂလန် ပရိသတ်ချင်းတူ သွားပြီး အစ်မသက်ဝေရေ့ ရှဲရှဲး)
ReplyDeleteမမရေးထားတာ ရိုးရိုးလေးနဲ့ ဆန်းနေတယ်... ဖတ်လို့ကောင်းတယ်... သဘောကျမိတယ်....ညီမကတော့ ဘောလုံးဆိုတာ ကျောင်းတုန်းက ကိုယ့်မေဂျာကလူတွေ ကန်ခဲ့တဲ့ ဘောလုံးပွဲတွေအကြောင်းပဲသိတယ်... ကျန်တာတွေ ဘာမှမသိဘူး.. ကျောင်းကဘောလုံးပွဲတွေမှာ တခြားအသင်းတွေနဲ့ ရန်တွေဖြစ်ခဲ့ကြတာ မှတ်မိသေးတယ်... စတီးချိုင့်ကြီးတွေဆွဲလို့...:D
ReplyDeleteအစ်မသက်ဝေက စွယ်စုံတော့... ဘောလုံးပွဲအကြောင်းလဲ သေချာသိတာတော့...
ReplyDeleteသူများတော့ ဘာမှ သိဘူးတော့...
အိမ်က အစ်မသယ်ရင်းတော့ ပြီးခဲ့တဲ့အပတ်က စတားဟပ်ကနေ လိုင်းယူလိုက်ပီ... ခုတော့ ဘယ်သူ့အဖေါ်ခေါ်ရမလဲ စဉ်းစားနေလေရဲ့...
း-)
how can i see online?
ReplyDeleteအင်း စားရေရိက္ခာ အပြည့်အစုံနဲ့ ဘောလုံးသမားတွေ ကြည့်တော့မယ်ပေါ့လေ....ခန့်မှန်းထားတဲ့ အသင်းတွေ နိုင်မနိုင်တော့ မသိဘူး၊ ရှေ့ဆုံးတန်းကနေ မယ်သက်တို့ သားရေကျမှာတော့ ကျိန်းသေပဲ ခွိ ခွိ :)
ReplyDeleteအိမ်ကလူကြီး ခေါ်ထားစမ်းပါ မမ။
ReplyDeleteနိုင်မဲ့အသင်းက ဘယ်အသင်းလဲ မေးရင် သူ့ အင်္ဂလန်ချည်း ဖြေနေလို့..
:D
သက်ဝေ
ReplyDeleteဘောလုံးပွဲကြည့်ဖို့ အားကြိုးမာန်တက်ရှိနေတာ ဖတ်ရတာ ချစ်ဖို့ကောင်းပါဘိ.... တို့လဲ အင်္ဂလန်အသင်းကိုကြိုက်တယ်...
ဘောလုံးပွဲရက်တွေမှာ အနိုင် အရှုံး လာအော်မယ်နော်...
အမရေ.. မအားလို့ အခြားပွဲတွေ ကြည့်ဖြစ်မယ်မထင်ဘူး။ အမရေ..သတင်းလေးတော့ပေးပါ။ အမ အုပ်စုပွဲတွေ ဘယ်သူနိုင်ပီး ဘယ်သူနဲ့တွေ့မယ်ဆိုတာ နော်..အမ။ ဆီမီးနဲ့ ဖိုင်နယ်တော့ ကြည့်ဖြစ်အောင်ကြိုးစားရမယ်။
ReplyDeleteမြတ်နိုး
အမ ..အင်္ဂလန်က အိုဝင်မပါတော့ အင်္ဂလန်ကို အားနားပါးနာ အားပေးစရာလိုတော့ဘူး။
ReplyDeleteမီးမီးက အီတလီပဲ...။
မြတ်နိုး
Alpha-5 မှ အကြံဥာဏ်ပေးချင် ပါသည်။ဒီနှစ် ဖလားလည်း စပိန်ကျိန်းသေရမှာပဲ မယုံရင် လောင်းလို့ရတယ် ph:31352532 viber မှ welcome...
Deleteအားကစားမယ်မသက်ဝေ၊ကိုဘီလူးကခေါက်ဆွဲမေတဲ့
ReplyDeleteသွားဖတ်ကြည့်ဦး... :'(
ဟားဟား တူတူပဲ မန်ယူ & အင်ဂလန် ပရိတ်သတ် :D
ReplyDeleteလိုင်းလည်းဝယ်မထား ကြည့်ဖြစ်မှာလည်း မဟုတ်တဲ့အတွက် တက်ဂ်ပို့စ် မရေးတော့ပဲ ဘေးထိုး လေးပဲ ထိုးလိုက်ပါတယ်။ မသက်ဝေအတိုင်းပဲ လိုက်မှန်းပါတယ်။ ကိုအောင်ကိုလည်း ပြောထားတယ် မှန်လို့ ဆရာမ ခေါ်မယ်ဆိုရင်တော့ ပန်ဒိုရာကို ဆရာ ဆိုတဲ့အပိုင်းခေါ်ပြီး မသက်ဝေကို မ ဆိုတဲ့အပိုင်း ခေါ်လိုက်ပါ .. လို့ :)
ReplyDeleteအီတလီနဲ့ အင်္ဂလန် ... ဘယ်အသင်းရရ ကျေနပ်မယ်း)
ReplyDeleteအိမ်မှာ ချိန်းကြည့်ရအောင် ..စားစရာ မျိုးစုံ ကျွေးမယ် လေ..း)
ReplyDelete