Friday, November 12, 2010

လွင့်မျော မြစ်တစင်း

စာမရေးဖြစ်တာ ကြာပြီ…။ အလုပ်များတယ်လို့ ခဏခဏပြောရတာလဲ ရှက်စရာတောင်ကောင်းနေတယ်။ ဒါပေမယ့် အလုပ်ကတော့ တကယ်များနေတာပါ။ အချိန်တွေကလဲ ကုန်လွယ်လှတယ်…။ တရက်ပြီး တရက်၊ တလပြီး တလ၊ တနှစ်ပြီး တနှစ်… ဒီလိုနဲ့ အမှတ်ရစရာ နေ့စွဲတွေဆီကို ခဏလေးနဲ့ ပြန်ပြန်ရောက်လာတာ…။ တနေ့က သူငယ်ချင်း ချစ်ကြည်က သတိတရနဲ့ ဖုန်းဆက်ပြီး မေးလာတယ်… ၁၂ ရက်နေ့အတွက် ဘာရေးထားလဲတဲ့…။ တကယ်ပဲ… သူပြောကာမှ အဲဒီနေ့အတွက် ဘာမှ ရေးထားတာမရှိ၊ ရေးဖို့တောင် မစဉ်းစားထားမိတာ…။ အဲလိုပြောလိုက်ပြီး ညကျတော့ သူက ကဗျာလေးတပုဒ် ရေးပြီး ပို့ပေးလာတယ်…။ ကိုယ်တို့ Anniversary အတွက် လက်ဆောင် တဲ့…။

သူငယ်ချင်းရဲ့ မေတ္တာ၊ စေတနာတွေနဲ့အတူ ကဗျာလေးက တကယ်ချိုပါတယ်…။ ဒီအတွက်လဲ သူငယ်ချင်းကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်…။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံးနော်…။

လွင့်မျော မြစ်တစင်း



မြစ်တစ်စင်း...
ချစ်ခြင်းတွေ အပြည့်အတင်း
မင်းနဲ့ကိုယ် ကြည်မွေ့သာယာ
စုံ ဆန် တခါ စီးမျော
သမုဒယ ဝန်စည်စလှယ်တွေရော
နားလည်မှု နှောင်ကြိုးတွေပါ
ဖွယ်ဖွယ်ရာရာ တင်ဆောင်လာခဲ့.....။

လက်ချင်းမတွဲ... စိတ်ချင်း မြဲပြီးသား
ကျောချင်းမကပ်... စိတ်ချင်း ထပ်ပြီးထား
နှလုံးသားတွေနဲ့ အသက်ရှု
ကိုယ်တို့....
မြတ်နိုးခြင်းတွေနဲ့ လူ ဖြစ်ကြတယ်....။

တစ တစ တရက် တလ
တနှစ် နှစ်နှစ် နေ့အသစ်တွေ
ဒီရေလို ကျော်ဖြတ်ကုန်ဆုံး
နှောင်ထုံးတွေက ပိုရင့်
အတွယ်အတာ အပွင့်တွေက ပိုသန်
သံယောဇဉ် အညွန့်တွေက ဟိုမှာ ဒီမှာ ခေါင်းထောင်လို့ ထကြ...
သူနဲ့အတူ ဒီဘဝ ဒီတသက်
မလွတ်တမ်း ပွေ့ဖက် ရှိုင်းရှိုင်းနက်နက်
မက်မောမဆုံး... လွင့်မျောဦးမည်....။


ခိုင်မြဲသောကြိုး (2008)
Love Each Other (2009)

34 comments:

  1. ကြည်နူးစရာပါ အစ်မရေ..

    ReplyDelete
  2. "Happy Anniversary"

    ReplyDelete
  3. Happy Anniversary.......
    အားကျဖွယ်..သာယာချမ်းမြေ့တဲ့ ဘ၀လေးကို အမြဲ ပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  4. Happy Anniversary!...:D Gyidaw

    ReplyDelete
  5. ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့ ဖြစ်ပါစေ မမရေ
    ကဗျာကလည်းကောင်းလိုက်တာ ချစ်စရာ

    ReplyDelete
  6. Happy Anniversary...
    အစ်မတို့ ဇနီးမောင်နှံ ရာသက်ပန် ပျော်ရွှင်ကြည်နှုး ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလျက်...
    ချစ်ခင်စွာ... စုချစ်

    ReplyDelete
  7. ကိုင်း....ဘယ်နှနှစ်မြောက်လဲ...
    မြေးတောင်ရတော့မယ်ဆိုတော့.........

    ReplyDelete
  8. Happy Anniversary !
    ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေ......
    (ကဗျာလေးကိုကြိုက်တယ်)း)

    ReplyDelete
  9. သက်ဝေတို့ ဇနီးမောင်နှံ မင်္ဂလာများ ဆထက်တပိုး တိုးလို့ ဆောင်နိုင်ကြပါစေ...:)

    ဒီနေ့မှာ မသီတာလည်း ပို့စ် တင်ဖြစ်အောင်တင်ရမှာပါ
    ကိုဧရာ့ မွေးနေ့လေ ... :)

    နှစ်ထပ်ကွမ်း အပြုံး ချိုချိုလေး ပြုံးသွားတယ်...

    ချစ်ကြည်ရဲ့ လက်ဆောင် ကဗျာကလည်း ကောင်း...:)

    သုံးထပ်ကွမ်း ပြုံးလိုက်ပြန်ပြီ :)))

    Many Happy returns of the Day!!!

    ReplyDelete
  10. ပျော်ရွှင်စ၇ာ နှစ်ပတ်လည်နေ့ ဖြစ်ပါစေ အမေ၇။
    ယနေ့ မှစ နောင်နှစ်ပေါင်းများစွာတိုင်အောင် အတူလက်တွဲပြီး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း နှင့် ပြီးပြည့်စုံသော ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့.................

    ချစ်သော

    ReplyDelete
  11. Happy Anniversary....... ပျော်ရွှင်စရာနှစ်ပတ်လည်နေ့ ပေါင်းများစွာပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  12. Happy Anniversary!!!

    မမသက်ဝေတို့ မိသားစု ရာသက်ပန် ခိုင်မြဲ ပျော်ရွှင်စွာ လက်တွဲရင်း ချစ်တဲ့ မြေမှာ ချစ်တဲ့ သူတွေနဲ့ တူတူ နေနိုင်ပါစေ။

    ReplyDelete
  13. "Happy Anniversary"

    ပြာပြာ

    ReplyDelete
  14. Sister, please accept my belated wish.
    "Happy Anniversary"
    ...Wishing "From here to Eternity"...

    ReplyDelete
  15. ချစ်ချစ်နဲ့ ပျော်ရွှင်ပါစေ မမသက်ဝေ...


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  16. စုလတ်(ညီမလေး)November 12, 2010 at 6:43 PM

    အမ... ဆထက်တိုးလို့ ချစ်သက်တမ်းတွေ ရှည်ပါစေ ....

    ReplyDelete
  17. "Happy Anniversary" ပါ အစ်မရေ....
    ကဗျာလေးကချစ်စရာလေး....
    အစ်မလဲတစ်ခုခုရေးလေဗျာ...။
    အစ်မချစ်ကဗျာနဲ့ပဲ မပြီးကြေးလေ....။

    ReplyDelete
  18. ယနေ့မှ နှစ်တစ်ရာတိုင်ပါ အမ၊
    မချစ်ကြည်အေးရဲ့ မေတ္တာလက်ဆောင်ကလည်း သိပ်လှ သိပ်နူးညံ့တာပဲ။
    နှင်းဆီတွေကလည်း စိုလက်တောက်ပလိုက်တာ။

    ReplyDelete
  19. Happy Anniversary ! ပါဗျား။
    အသက် ရာကျော်ရှည်၍ ကလေးရာကျော်နဲ့ မိသားစု အကြီးကြီးဖြင့် ပျော်ရွှင်နိုင်ပါစေခင်ည။

    ReplyDelete
  20. ချစ်သူငယ်ချင်းတို့ ဇနီးမောင်နှံ ပျော်ရွှင်ဖွယ် ကြည်နူးဖွယ် အချစ် မင်္ဂလာ နှစ်ပတ်လည် ဖြစ်ပါစေ။

    သူငယ်ချင်းတို့ မောင်နှံအတွက် သီချင်းလက်ဆောင်

    ReplyDelete
  21. Happy Anniversary....
    ကဗျာလေးကိုနှစ်သက်တယ်....

    ReplyDelete
  22. Happy Anniversary....
    ကဗျာလေးကိုနှစ်သက်တယ်....

    ReplyDelete
  23. Happy Anniversary ပါ မမသက်ဝေ....
    ကဗျာဆရာမကလည်း လက်စွမ်းထက်မှထက်...။း))

    ဘိုင်သည်ဝေး.....
    “စာမရေးဖြစ်တာ ကြာပြီ…။ အလုပ်များတယ်လို့ ခဏခဏပြောရတာလဲ ရှက်စရာတောင်ကောင်းနေတယ်။”
    (တည့်တည့်ပြောတာလား စောင်းပြောတာလားဟင်င်င်င်င်င်....):D

    ReplyDelete
  24. Honey...
    Happy Anniversary to both of you...
    Built your dreams together till last breath...

    ReplyDelete
  25. အနှစ်အရသာရှိသော အချစ်ကဗျာလေး တစ်ပုဒ်ပါ ...

    ကြိုက်နှစ်သက်မိပါသည် ....

    မသက်ဝေနှင့် မိသားစုကျန်းမာရွှင်လန်းပါစေ ..

    ReplyDelete
  26. အချစ်မြစ်တစင်း
    တသားတည်း အမြဲ
    အေးချမ်းစွာ
    စီးဆင်းနိုင်ပါစေ ကိုကြီးနဲ့ မမသက်ဝေ။

    ReplyDelete
  27. Sorry for my belated wish, sis.

    May each year keep getting better,
    With memories to treasure.'

    Happy Anniversary!

    With best wishes,
    Nyi Ma Zun

    ReplyDelete
  28. သူငယ်ချင်း မိတ်ဆွေ မောင်နှမတွေရဲ့ ချစ်စဖွယ် ဆုတောင်း မှတ်ချက်များအားလုံးအတွက် ကျေးဇူး အများကြီးတင်ပါတယ်...။ Facebook မှာ ဆုတောင်းပေးသွားသူများ ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်...။ တောင်းပေးတဲ့ဆုတွေ အားလုံးနဲ့ ပြည့်စုံရပါစေ... ...

    ReplyDelete
  29. မမရေ
    Happy Anniversary !နော်။

    မရောက်ဖြစ်တာနဲ့ ဆုတောင်းနောက်ကျသွားတယ်။ ခွင့်လွှတ်ပါနော်။

    မမသက်ဝေတို့ ဇနီးမောင်နှံ ရာသက်ပန် မခွဲမခွာ ပျော်ရွှင်ကြည်နှုးစွာ လက်တွဲနိုင်ပါစေ။ ကာယသုခ၊ စိတ္တသုခနဲ့လည်း တလုံးတ၀ ပြည့်စုံပါစေလို့နော်။

    ReplyDelete
  30. ကြည်နူးစရာာ ကဗျာလေးနဲ့ ပျော်ရွှင်စရာ Anniversary လေးဘဲနော်
    ခုလို Anniversary နေ့ရက်မျိုး နောင်နှစ်ပေါင်းများစွာ များစွာ ဆင်နွဲနိုင်ပါစေ..
    စိတ်ချမ်းသာကိုယ်ကျန်းမာစွာနှင့် သုခပြည့်ဝသော မိသားစုဘ၀လေးကို ပိုင်ဆိုင်ပါစေရှင်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...