ခုတော့ မနေ့ကရော ဒီနေ့မှာပါ သက်ဆိုင်ရာ Link တွေကတဆင့် ကိုယ့်ဆီလာပြီး ပျောက်သွားတဲ့ ပိုစ့်ကို လာရှာကြသူတွေ၊ အွန်လိုင်းမှာ အီးမေးလ်မှာ လာမေးကြသူတွေကို အလွန်အားနာလို့ ကြံရာမရဖြစ်ပြီး မကြာသေးခင်က ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပဲ အမှတ်တရ တင်လိုက်ပါတယ်…။
ဒါကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး Largest Cantilever in the World လို့ ဆိုကြတဲ့ Marina Bay Sands Sky Park ဆောက်လုပ်ဆဲ ကာလကပါ။ အတိအကျ ပြောရရင်တော့ ၂၀၁၀ ဇန်နဝါရီလတုန်းက Fullerton Hotel ဖက်က လှမ်းရိုက်ထားတာပါ။ ကြည့်ပါအုံး… ဟိုးအမြင့်ကြီး တိမ်တွေအနားမှာ ကရိန်းတွေ ထိုးထိုးထောင်ထောင်နဲ့….

အခုတော့ အဲဒီ Sky Park ကို ပြီးခဲ့တဲ့ အပတ် ကြာသာပတေး ဇွန်လ ၂၅ ရက် နေ့က တရားဝင် စပြီး ဖွင့်လိုက်ပါပြီ။ အများပြည်သူတွေလဲ လက်မှတ်ဝယ်ပြီး သွားလည်လို့ရပါပြီ။ ကိုယ်ချစ်တဲ့ တိမ်တွေကို နီးနီးကပ်ကပ် မြင်ရမယ့် နေရာတခုမို့ သိပ်သွားချင်ပေမယ့် အမြင့်ကို ကြောက်တဲ့စိတ်ကလဲ ရှိနေသေးတော့ လူတွေ တော်တော်များများသွားပြီးမှ အခြေအနေကြည့် သတင်းလေးဘာလေး နားထောင်ပြီးမှ သွားဖို့ရည်ရွယ်ထားပါတယ်…။ (သတ္တိခဲ သက်ဝေပါ…)
ဒီ နှစ်ပုံထဲမှာ ပထမပုံကတော့ နေနဲနဲစောင်းတဲ့ ညနေ ၆ နာရီ ၁၅ မိနစ် က ရိုက်ထားတာဖြစ်ပြီး ဒုတိယပုံကတော့ နေရောင်လုံးဝ မရှိတော့တဲ့ ည ၇ နာရီ ခွဲက ရိုက်ထားတာ ဖြစ်ပါတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့ Esplanade ဖက်က လှမ်းရိုက်ထားပါတယ်။ တချို့နေရာတွေကိုတော့ အပြီးမသတ်သေးပဲ Under Construction အနေအထားနဲ့ တွေ့နိုင်ပါတယ်။

ဒါစောင်းရေတာပေါ့ဗျာ
ReplyDeleteစာမရေးနိုင်တိုင်းပုံတွေ အလွယ်တကူ ကောက်တင်တယ်ဆိုတာ
အဲ့ကိစ္စရှင်းပေး......
အေး... စောင်းတာကို စောင်းမှန်း သိရင်ပြီးတာပဲ...
ReplyDeleteအခုလို မြန်မြန်ဆန်ဆန် နားလည်လွယ် သဘောပေါက်လွယ်တာကိုပဲ ကျေးဇူးတင်နေမိတာ...
မဆိုးဘူး... ကိုရွာသား သိပ်တော်တယ်...
ကော်ဖီတိုက်...း))
စောင်းတော့မရေပါနဲ့လေ.
ReplyDeleteမှားကုန်မှာစိုးလို့။
မမှားစေရဘူး မမ... စိတ်ချပါ...
ReplyDeleteမှန်မှန်ကန်ကန်ကို စောင်းမှာပါ... ဟီဟိ...
အော... မမ ဘာပြောလဲဆိုတာ အခု သဘောပေါက်သွားပြီ...
ReplyDeleteရွာသား စာလုံးပေါင်းမှားနေတာကို ပြောချင်တာ ဟုတ်...
သူက သူများမို့ မှားရင် အကြီးအကျယ် လာလာအော်တတ်တာ...
တွေ့ကြသေးတာပေါ့ ရွာသားရယ်... ဟင်း... ဟင်း... ဟင်း...
စကိုင်းပတ်ခ်ကြီးက ပြင်သစ်ပေါင်မုန့်နဲ့ တူတယ်နော်။ အဲဒီက ဟိုတယ်မှာ အခန်းငှားပြီး ရေကူးကန်မှာ ရေကူးမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီ။ ဘလော့ဂါတွေက ဓါတ်ပုံရိုက်တတ်ပါဘိသနဲ့။
ReplyDeleteပြန်ပြင်တယ်ခင်ဗျ
ReplyDeleteမမှီလိုက်ပါဘူးခင်ဗျာ
ဂိုးသွင်းချင်ဇောနဲ့ အတင်းကန်ထုတ်လိုက်တာ
ပါ့ဘလစ်ဖြစ်ပြီးအမှားကြီးဖြစ်သွားပါတယ်ခင်ဗျာ
သည်းခံကြပါ
(ဘောလုံးပွဲကြေငြာသူလေသံနှင့်ဖတ်ရန်)
ကော်ဖီက ဘာလို့တိုက်ရမှာလဲဟင် (ဒါက မသိလို့မေးတာပါ)
ရန်ကြွေးတွေကို ညှပ်ခေါက်ဆွဲကြော်နဲ့ ကြေအေးမယ် သဘူတောရင် လက်ညိုးထောင်ခဲ့ပါ
မည်သူမဆို အသက်၁၈နှစ်အထက် ဘုတ်လုပ်နိုင်ပါသည်...
ပထမပုံက တိမ်တွေထဲက သင်္ဘောကြီးနဲ့ တူတယ် ။
ReplyDeleteကိုပေါ... အဟဲ... သတိထားပါလေ...
ReplyDeleteနောက်တခါဆို ပြုံးမပြတော့ပါ...
55-200 Zoom နဲ့ ဆွဲရိုက်ထားမယ်... ဒါပဲ...း))
ရွာသား... လာသေးတယ်... ဘယ်သူက ရန်ကြွေးရှိလို့ ဘယ်သူက ကြေအေးရမှာလဲ... ပြောင်းပြန်တွေ ပြောနေတယ်...း((
ဟုတ်ပ ကိုလင်းဒီပရေ... ၂၀၁၂ ကမ္ဘာပျက်ရင် အဲဒါကြီး စီးပြီး တခြားနေရာကိုသွားဖို့ ခုထဲက ဘယ်သူ့ကို ဘယ်လို ကပ်ထားရမလဲ တွေးနေ... တွေးနေ... တွေးနေ...း))
ဒီစကားဝိုင်း ဘေးထွက်နေမှ။
ReplyDeleteအစ်မရေ ညဘက်ရိုက်ထားတဲ့ပုံကို အကြိုက်ဆုံးပါ။
(ဘောလုံးပွဲပြီးပြီးချင်း ပုံများနှင့် ပို့စ်အသစ်တက်နေသော ဘလော့ဂ်နှစ်ခုကို လာမန့်သွားပါသည်)
သက်ဝေရဲ့ စာတွေ အသစ်ဖတ်ရတော့မယ်ဆိုပြီး ၀မ်းသာအားရ ပြေးလာတာ ..လှပတဲ့ပုံလေးတွေနဲ့ဆုံဆည်းလိုက်ရပြီးသကာလ ..ကော်ဖီ ၊ခေါက်ဆွဲကြော်ဆိုတဲ့ အသံကြားရလို့ လက်ညိုးလေးပါ အဆစ်ထောင်သွားလိုက်သေးတယ်...ပျော်စရာကြီး။
ReplyDeleteလှ ဒယ် ဂျ. . .
ReplyDeleteတိမ်တွေနဲ့ဝေးနေရတာကြာပေါ့...။။
ReplyDeleteအပန်းဖြေခရီး ထွက်မှ..ထင်တယ်..။။
အယ်ငှယ်..။(လူအထင်ကြီးအောင်ပြောကြည့်တာ)
ပေါက်
အမ..ဒီပုံတွေကလဲ မိုက်ပြန်ရော....
ReplyDeleteဘယ်နေ့ကရိုက်တာလဲ... ပြီးခဲ့တဲ့ တပတ်ကရိုက်တာဆိုရင်တော့ အိတ်ပုံထဲက လူသေးသေးလေး၂ယောက်မြင်နေရသာ..စုချစ်တို့ပဲ....
ဟိ..
း-)
အမပုံလေးတွေ ပိုပိုကောင်းလာတယ်... ဘောလုံးပွဲတွေပြီးရင် တရက်လောက် ချိန်းရိုက်ရအောင်လေ... ဓာတ်ပုံနော်....
ReplyDeleteကရွာသားလည်းပါမယ်ဆိုပိုကောင်း... တယောက်က ညှပ်ခေါက်ဆွဲကျွေး၊ တယောက်က ကော်ဖီတိုက် :D
အမရေ......
ReplyDelete္စဓာတ်ပုံရိုက်ဖို့ ရွေးတဲ့ နေရာ အယူအဆတွေ ကောင်းတယ်ဗျာ။
အောက်က ၂ပုံကို ပိုကြိုက်တယ်။ တနေရာထဲကနေပဲ ရိုက်ထားတော့ တိုးတက်လာမှုကို ယှဉ်ကြည့်ပြီးသား ဖြစ်တာပေါ့။
အပြစ်တော်လည်းမမြင်ပါ..အထင်လည်းမလွဲပါ..မသက်ဝေ.
ReplyDeleteဓါတ်ပုံတွေကြည့်ရလို့ကျေးဇူး...
ခင်တဲ့
သဒ္ဓါ
အန်တီသက်ဝေဆီမှာလည်း Flickr အကောင့်ရှိတာကိုး..။
ReplyDeleteတော်တော်လှတယ်...သွားလည်ချင်စရာလေး...
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
အောက်ဆုံက ပုံကလှလိုက်တာ ရောက်ဖူးချင်တယ် ။ ဓာတ်ပုံတွေတင်ပေးတာကျေးဇူးပါ ။
ReplyDeleteအိပ်ချင်မူးတူးနဲ့ ပို့တင်လိုက် ဖျက်လိုက်လုပ်နေသလားထင်နေတာ။
ReplyDeleteဘောလုံးပွဲကြည့်ပြီး နှစ်ကျပ်ခွဲနဲ့ လုပ်စားနေကြပါ..
ReplyDeleteနေကောင်းတယ်နော် ။ တိမ်တွေ ကြည့်သွားတယ်။ တိုက်ကြီးက တိမ်တွေလောက် မလှဘူး။ လူတွေက မြင့်မြင့် ဆောက်ရင် ဟုတ်လှပြီထင်နေတာ။ ဒို့လည်း အမြင့်မကြိုက်ဘူး။ ဂျပန်တော့ သွားရှာပြီ။
ReplyDeleteတိမ်တွေကိုသဘောကျလို့ နောက်တပတ်သွားမယ်လို့ စိတ်ကူးထားတယ်ခင်ဗျ။သွားဖြစ်ခဲ့ရင်လည်း
ReplyDeleteအမှတ်တရပို့စ်လေးတစ်ခုလောက်တော့တင်မယ် စိတ်ကူးနေတာ....။
လက်မှတ်က တစ်ယောက် ၂၀ ဆိုပါလား...။
တော်တော်လေးစုံပါတယ်၊ ဘာသာရေးဆောင်းပါးမပါသေးဘူးနော်၊
ReplyDeleteလှတယ်
ReplyDeleteအောက်နှစ်ပုံပိုလှ
ပျောက်နေလို့လာချောင်းသွားပါတယ်မသက်ဝေ...
ReplyDeleteခင်မင်စွာ
သဒ္ဓါ
အောက်ဆုံးကပုံကို အကြိုက်ဆုံးပဲ ရိုက်ချက်တော်တော်လှတယ်။ ရိုက်တဲ့သူက လှလို့ဖြစ်ရမယ်။း))
ReplyDeleteညီမတော့ အဲဒီအဆောက်အဦးကြီးကို မြင်တိုင်း သင်္ဘောကြီးကို အမြင့်ကြီးမှာ တင်ထားတယ်လို့ ထင်ယောင်ပြီး အသည်းယားတဲ့ ခံစားချက်တစ်ခု အမြဲရမိတယ် အစ်မရယ်... ရောက်တော့ရောက်ဖူး ချင်မိပါတယ်း)
ReplyDelete