Tuesday, July 6, 2010

ချစ်လို့ တက်ဂ်တဲ့ ပိုစ့်

ပြီးခဲ့တဲ့ ပိုစ့် အသွင်တူ၏ မတူ၏ ကို စရေးမိတဲ့ အချိန်မှာပဲ ဒီပိုစ့်ကို တက်ဂ်ပိုစ့်လေး လုပ်ရရင် ကောင်းမှာလို့ တွေးနေတာပါ။ ကိုယ့် ရေးဖေါ်ရေးဖက်တွေထဲမှာ ချစ်ခင်ပြီး သာယာပျော်ရွှင် အောင်မြင်တဲ့ နှစ်ကိုယ်တူ ဘဝလေးတွေ၊ မိသားစုဘဝလေးတွေ ကိုယ်စီ ပိုင်ဆိုင်နေကြသူတွေကလဲ (ကိုယ်သိသလောက်တော့) အများသားလား…။ ဒီလိုလေး တက်ဂ်လိုက်ရင်တော့ဖြင့် တယောက်နဲ့ တယောက် အမူ အကျင့် အသွင်အပြင် တူတဲ့ လက်တွဲဖေါ်လေးတွေကို တွေ့ရနိုင်သလို တယောက်နဲ့ တယောက် ဓလေ့စရိုက်လေးတွေ၊ အကြိုက်လေးတွေ မတူညီတဲ့ လက်တွဲဖေါ်တွေကျပြန်တော့လဲ အချင်းချင်း ဘယ်လို ညှိနှိုင်းကြတယ်၊ ဘယ်လို နားလည်မှုထားကြတယ်၊ ဘယ်လို လိုက်လျောကြတယ် ဆိုတာလေးတွေကို တွေ့ရမှာ သေချာတယ်လို့ တကယ် တွေးနေမိတာပါ။

ဒါပေမယ့် ကိုယ်က စလို့ တခါမှ တက်ဂ်ပိုစ့် မရေးဖူးတာက တကြောင်း၊ ကောင်းပါ့မလား… သူတို့တွေ ရေးပေးချင်ကြပါ့မလား… စသည်ဖြင့် ပူပန်နေတာက တကြောင်းတို့ကြောင့် ညက ပိုစ့်ကို ဒီတိုင်းပဲ တင်လိုက်မိပါတယ်။

ဒီညနေတော့ အမ မခင်မင်းဇော် က မျက်နှာစာအုပ်မှာ တင်ထားတဲ့ ကိုယ့်ရဲ့ Link အောက်မှာ “ဖတ်ပြီးပြီ... အဲဒါကို တက်ဂ်ပါလား သက်ဝေ ညီမရ...” လို့ ပြောလာတာကြောင့် ကိုယ့်ရဲ့ စိတ်ကူးတွေ ပိုမို ခိုင်မာလာပြီး ဒီ အသွင်တူ၏ မတူ၏ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဖေါ်တွေကို တက်ဂ်ပါတော့မယ်…။

ဒီဘလော့ဂ် စာမျက်နှာတွေပေါ်ကို ကိုယ် ရောက်လာခဲ့တာ အချိန်ကာလအားဖြင့် နှစ် နှစ်ကျော် သုံး နှစ် နီးနီး ရှိခဲ့ပြီမို့ ခင်မင် ရင်းနှီးပြီး သံယောဇဉ်ဖြစ်နေရတဲ့ သူတွေ အတော်ကြီးကို များနေပါပြီ။ ဒီတော့ တယောက်ယောက်ကိုများ မတက်ဂ်မိပဲ ကျန်နေခဲ့ရင် မချစ်သလိုတွေ ဖြစ်နေမှာစိုးလို့ အားလုံးကို မကျန်ခဲ့ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး တက်ဂ်ပါ့မယ်။ ရေးပေးချင်တဲ့ စိတ်လေးတွေ ရှိမယ်၊ ရေးလဲ ရေးပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်မရလို့ မအားမလပ်လို့ ရေးမပေးနိုင်သေးရင်လဲ ရပါတယ်။ အချိန်ရတော့ ရေးကြတာပေါ့…။ ဘာမှ serious မဟုတ်ပါဘူး၊ အားလုံး ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးပဲ ဖြစ်စေချင်ပါတယ်။

ပထမဆုံး စပြီး တက်ဂ်ချင်တာကတော့ ချစ်စရာ မိသားစုလေးတွေနဲ့ ပျော်စရာဘဝလေးတွေ ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ အမ မခင်မင်းဇော် နဲ့ ဆရာမ မမေငြိမ်း ကိုပါ။ ဆရာမ မမေငြိမ်းကို ရေးပေးဖို့ အမ မခင်မင်းဇော်က ကူပြောပေးပါနော်…

ပြီးတော့ တခါတခါမှာ သူ့အမျိုးသား KMSL အကြောင်းလေးတွေကို ချစ်စဖွယ် စီကာပတ်ကုံး ရေးတတ်တဲ့ ချစ်မမ မခင်ဦးမေ ကိုလဲ တက်ဂ်ချင်ပါတယ်။ မမက ရေးပေးမယ် မဟုတ်လား ဟင်…

အခုတဖန် အလှည့်ကျလာသူများကတော့ အတွေးကောင်းသလို အရေးလဲ ကောင်းတဲ့ ချစ်ညီမ ပန်ပန် နဲ့ မကေ ပါ။ တက်ဂ်တယ်နော်… မြန်မြန်ရေးပေးရမယ်နော် လို့လဲ တဆက်တည်း နားပူလိုက်ပါတယ်…။

နောက်တဖွဲ့ကတော့ စက်မှုတက္ကသိုလ် ကျောင်းသက်တမ်းတလျှောက်လုံး ရင်းနှီး ချစ်ခင်ခဲ့ကြပြီး အခုထိလဲ ဒီဘလော့ဂ် စာမျက်နှာတွေပေါ်မှာ ဆုံတွေ့နေကြရတဲ့ သူငယ်ချင်း အရင်းတွေ… တန်ခူး တီတီဆွိ စုချစ်သူ မသီတာ သင်းနွယ်ဇင် နဲ့ သိင်္ဂီနွယ် တို့ပါ။ (အလုပ်များလို့ ဆိုပြီး ဆင်ခြေတွေ မလာနဲ့နော်… စိတ်ဆိုးပလိုက်မှာ…)

ပြီးတော့ စာရေးအား သိပ်ကောင်းတဲ့ ငယ်သူငယ်ချင်း ချစ်ကြည် …။ (ညတွင်းချင်းရေးပေးမယ် မဟုတ်လား ဟင်…)

နောက်တဖွဲ့ကတော့ ကိုယ့်ထက် ငယ်တဲ့ ညီမတွေ အဖွဲ့ပါ။


ဒီပိုစ့်ကို ရေးဖြစ်ဖို့ အစဖေါ်ပေးခဲ့တဲ့ ညီမ ချိုသင်း နဲ့ မေ (မေက မျက်နှာစာအုပ်မှာ ရေးပေးပါ)

ပြီးတော့ ညီမ စင်စင် (ခေါ်) ဂွမ်းပုံ (ခေါ်) ဆင်ဆင် (မျက်နှာစာအုပ်မှာ ရေးပေးပါ)

ပေါက်ပေါက်ရှာရှာ ရယ်စရာ ကော်မန့်လာရေးသွားတဲ့ ညီမ မွန် (သုနှင်းဆီ)၊

ညီမ အပြုံးပန်း မငယ်နိုင် နဲ့ မျက်နှာစာအုပ်မှာ ဟင်းလှလှလေးတွေ ချက်တတ်တဲ့ ညီမ Vista ၊ စိတ်ကောက်နေတဲ့ ညီမ မေလေး (မျက်နှာစာအုပ်မှာ ရေးပေးပါ)၊ ပြီးတော့ ညီမ ဧပရယ်လ်ပူး@ပူးတေ နဲ့ ညီမ ပွင့်မြုးဇင် ...

ငယ်သေးလို့ ကျန်နေခဲ့တဲ့ မအယ် ကလဲ ချစ်ရင် ရေးပေးပါနော်...

စာမရေးတာကြာ မတွေ့ရတာ အရမ်း ကြာလှပြီး ထူးထူးခြားခြား ဒီနေ့မှာ ကိုယ့်ဆီ အလည်ရောက်လာတဲ့ ညီမ မီယာ

ချစ်စရာ သမီးလေးတွေရဲ့ မေမေတွေ ဖြစ်ကြတဲ့ ညီမငယ် နုစံ ၊ ညီမ ခွန်မြလှိုင် နဲ့

သမီးလေး စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အမှတ် မရရင် ပညာပေးအစီအစဉ် ကျင်းပမယ့် ဆိုးတဲ့ အမျိုး ချစ်ပေါက် ...

သူတို့အားလုံး ဆီက မတူညီတဲ့ အမြင်လေးတွေကို သိခွင့်ရဖို့ ချစ်ခင်စွာနဲ့ တက်ဂ်ပါတယ်။

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ရင်ပေါင်တန်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မျှမျှတတဖြစ်စေချင်တဲ့ ကိုယ့်ဆန္ဒအရ အမျိုးသား ဘလော့ဂ်ဂါ တချို့ကိုလဲ အမှတ်တရ တက်ဂ်ပါ့မယ်။ အိမ်ထောင်တခုမှာ အသွင်တူ၏ မတူ၏ ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားတွေဖက်က အမြင်တွေကလဲ တကယ် စိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့် ယုံကြည်ပါတယ်။ (ယုံကြည်နေပါတယ်)

ဒီတော့ ကိုယ်တို့ရဲ့ မိတ်ဆွေကြီး ကိုလူသစ် ကိုပေါ နဲ့ ကိုကိုဒီဘီ တို့ကို ရေးပေးဖို့ တက်ဂ်ပါရစေ။ (ကိုယ်တိုင်မရေးနိုင်ပါက မဒမ်များ ထံမှ အကြံဥာဏ်များ ရယူပါရန်…)

ပြီးတော့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ အလွန်များတဲ့ ကိုယ်တို့ရဲ့ ကိုကြီးကျောက် ကိုလဲ သူ့ဆီက ဘာလေးများ ထူးထူးခြားခြားလေး ကြားရလေမလဲ ဆိုတဲ့ စိတ်နဲ့ တက်ဂ်ပါတယ်...။

တကယ်တော့ ဒီပိုစ့်က အိမ်ထောင်ရှိတဲ့သူမှ ရေးလို့ရတာ မဟုတ်ပါဘူး။ လောလောဆယ်မှာ အိမ်ထောင်မရှိသေးသော်လည်း ရည်ရွယ်သူရှိနေကြပြီး မကြာခင်မှာ ဘဝကို စကြမယ့် သူတွေလဲ ရေးလို့တာ သေချာပါတယ်။ (သိပ်သေချာပါတယ်…)

လူတိုင်းဟာ အိမ်ထောင်တခု ထူထောင်ရာမှာ တွေ့ကြုံလာရမယ့် ဘဝခရီးဖော် အိမ်ထောင်ဖက်တွေနဲ့ အသွင်တူခြင်း မတူခြင်းတွေ၊ အကြိုက် တူခြင်း မတူခြင်းတွေ အတွက် ဘယ်လို ညှိနှိုင်းကြမလဲ ဆိုတာကို အိမ်ထောင်မပြုခင်မှာ မလွဲမသွေ တွေးကြည့်မိကြမှာပါပဲ…။ ဒီတော့ကာ ကိုရွာသားလေး ကိုပီတိ ကိုတီဇက်အေ နဲ့ ကိုခမမ တို့ကို တက်ဂ်ချင်ပါတယ်။ (ဟမ်…. ဘာမှလဲ မဆိုင်ဘူး… ဇွတ်…)

ပြီးတော့ မတက်ဂ်ပဲ ချန်ထားခဲ့တဲ့ မောင်ငယ် ညီမငယ်တွေ အများကြီး ရှိနေပါသေးတယ်...။ စိတ်မဆိုးကြနဲ့နော်... ကလေးတွေမို့ ဒီအကြောင်းတွေပြောဖို့ ငယ်သေးတယ်လို့ ယူဆလို့ မတက်ဂ်တာပါ...။ အကိုတွေ အမတွေ ပြောတာ အရင် နားထောင်ကြပေါ့... အိုကေ...

ကဲ… စာရေးဖေါ် စာရေးဖက် သူငယ်ချင်း မိတ်ဆွေ ညီအကို မောင်နှမတွေ အားလုံးအတွက် ပျော်စရာ ဖြစ်စေဖို့ တက်ဂ်ပါတယ်…။
ခင်လို့ တက်ဂ်ပါတယ်…။ ချစ်လို့ တက်ဂ်ပါတယ်…။
ဒီတော့ အားလုံးဆီက ပိုစ့် အသစ်တွေကို မျှော်နေမယ်နော်…။

ချစ်ခင်စွာဖြင့်



မှတ်ချက် ။ ။ အခုလို တက်ဂ်ပိုစ့်လေး ဖြစ်အောင် အကြံပေးခဲ့တဲ့ အမ မခင်မင်းဇော်ကို ကျေးဇူး အကြီးကြီး တင်ပါတယ်...။

35 comments:

Anonymous said...

ဒီတဂ်ပို့စ်က စိတ်ဝင်စားစရာပဲ ....

pifpif

khin oo may said...

ဖတ်ရဦးမှာပေါ့။

သက်ဝေ said...

ကော်မန့် တွေ တက်မလာဘူး... ပြဿနာပဲ...

အပြုံးပန်း said...

ချစ်ခြင်းမေတ္တာ ခံယူမိလို့ ရေးရပါအုံးမယ်။

Phyo Evergreen said...

ဒီတစ်ခါတော့ ဒို့ ၁ ပဲ.. ငှင်းငှင်း..။
ကြောက်ထှာဘဲမလုပ်နဲ့နော်.. သူတို့ကချက်ချင်းရေးပေးနေတာဖစ်မာ။
ကျွန်တော်နဲ့တော့ မချိုင်..။

Kay said...

တက်လာပြီ... .
တပ်..တပ်.. ကြယ်သီးတန်..
ရေးပြီးပြီ..မြန်သလားမမေးနဲ့..

မောင်မျိုး said...

တကယ်တော့ ကျနော်က အိမ်ထောင်ပြုဖို့ အစီစဉ်ရှိသား =) အမက မတဂ်တော့ မရေးတော့ပါဘူး ဟိဟိ အင်းးး ခင်တဲ့သူတွေပဲ တဂ်တာဆိုတော့ ကျနော်မပါဘူးပေါ့ မခင်ဘူးလို့ သတ်မှတ်လိုက်တော့မယ် မအိပ်ခင်လေးလာဖတ်တာမို့ စိတ်ကောက်ကောက် မျက်နှာကို သုန်မှုန်ပြီး အိပ်ယာဝင်ပါပြီးခင်ဗျား။

တဂ်ထားတဲ့သူတွေရေးမယ်ပို့စ်ကို စောင့်ဖတ်အုံးမှ စိတ်ဝင်းစားစရာကောင်းမှာ ဥပမာ ကိုရွာသား :P

စုချစ် said...

ဟိုက်....ရော....
အမသက်ဝေမမြင်ခင် ချွတ်နင်းပြီး ပုန်းလျှိုးကွယ်လျှိုး ပြန်ပြေးမှပဲ....
ခစ်ခစ်...

Ko Paw said...

လာမယ်.... ကြာမယ်လေ..း-)

အမျိုးသားဘလော့ဂါတွေအတွက် ဒီပို့စ်မျိုးက စာပေ စိစစ်ရေးတင်ရလို့ ကြာတတ်တယ်။ စိစစ်ရေးမူဝါဒနဲ့ မကိုက်ညီတာ ရေးတင်မိရင်... ဘလော့ဂ်ရေးသားခွင့် ပိတ်ပင်ခံနိုင်ရတယ်ဆိုတော့ လိမ္မာပါးနပ်စွာ ရေးနိုင်မှ တော်ကာကျမယ်။

T T Sweet said...

လာပြီ ... လာပြီ ဒေါ်သက်ရီ .... အဲလေ ... ဒေါ်ဆွိတီ ...
အန်တီသက်ဝေက ချစ်လို့တက်ဂ်တာတော့ ဟုတ်ပါပြီ။ ဒီကလဲ စာရေးကကောင်းကောင်းဆိုတော့ ... ဘယ်လိုဖတ်ကောင်းအောင် ရေးရမယ်မှန်းမသိဘူး။ လာမယ် ကြာမယ်နော် ...

Moe Cho Thinn said...

ချိုသင်းတော့ မရေးတော့ပါဘူးနော့ မမ။
သူ့အကြောင်း ရေးလွန်းလို့ သူ့သူငယ်ချင်းတွေကတောင် ငါတောင် ကြိုက်ချင်သလိုလို ဖြစ်လာပြီလို့ ပြောလို့..ဘရိတ်အုပ်အုံးမှ..။ :D

ဂျူနို said...

ဟုတ်ကဲ့ မမသက်ဝေ။ ညီမလေး မမတို့ ရေးတာပဲ ဖတ်ပါတော့မယ်။ ညီမလေးက ငယ်သေးတယ်လေနော်။ မချစ်လို့ မရေးခိုင်းတာမှ မဟုတ်တာနော်လို့ နော်။

ညီမလေး အယ်ဇီ

myo said...

ဒါတွေက သာမီးနဲ့ မဆိုင်ပါဘူးးးးးးးးးးးးးးးးးးးးးးးးးးးး

ဧပရယ်လ်ပူး@ပူးတေ said...

ဒီအစီစဉ်လေး စိတ်ဝင်စားဖို့ကောင်းတယ်... စာရေးကောင်းတဲ့ စီနီယာ အစ်ကိုတွေ အစ်မတွေ ရဲ့ စာကောင်းလေးတွေ ဖတ်ခွင့်ရတော့မှာပေါ့....
:D ကျေးဇူး မမသက်ဝေ

Vista said...

ရေးပါ့မယ် သူများတွေနဲ့ တော့တူမှာမဟုတ်ဘူး

sonata-cantata said...

သက်ဝေရေ ရေးမှာ...

Pwint Myue Zin said...

ဖတ်ပြီးကတည်းက ရေးချင်နေတာကို တဂ်ဘူးတော့.. ဟင့်

Anonymous said...

taw pi.. kaw to bue.....

myatnoe

Pwint Myue Zin said...

ဟိ.. ရေးရချည်သေး..

MrDBA said...

ဟုတ်ကဲ့ .. သို့သော် ပိတ်ရက်မှ .. :P

Anonymous said...

ချစ်လို့တက်ဂ်တယ်ဆိုတော့..
ကျနော်မပါမှာစိုးလို့ လာမဖတ်ရဲဘူး..
ရေးမှာ..ရေးမှာ..



အမျိုးတစ်ယောက်

ချစ်ကြည်အေး said...

ဪ...ဒီမှာလည်း ရေးထားသကိုး သိပါဘူး ဖဘထဲမှာပဲ တက်ဂ်တာမှတ်လို့ ဟိုမှာသွားရေးခဲ့တာ...တုံးချက်က...။

ညတွင်းချင်းလိုချင်ရင် ဒီပိုစ့်ကို ကော်ပီဆွဲတင်လိုက်တာပေါ့ သိတ်မကွာဘူးပဲ...:P

ကလူသစ် said...

မူရင်းပို့စ်လဲ ဖတ်ထားပါတယ်။ တဂ်တဲ့အကြောင်းလဲ သိထားပြီးသားပါ။ အကြောင်းအချက်လေးတွေကြောင့် ရေးရင်ကောင်းမလား။ မရေးရင်ကောင်းမလား စဉ်းစားနေတာ။ တော်ကြာ လင်မယား ထသတ်နေရအုန်းမယ်။ :) ခက်တာက ဒီလို အနုအရွလေးတွေ မရေးတတ်တာပဲ။

ရွှေရတုမှတ်တမ်း said...

မယ်သက်ရေ...အသွင်တူတာလေး အရင်ရှာလိုက်အုန်းမယ်ဟေ့..

T T Sweet said...

မယ်ဆွိတော့ တာဝန်ကျေခဲ့ပါပြီ ... ကိုကြီးကျောက် ... အပေါ်က တက်ဂ်ထားတဲ့သူများ ရေးကြပါဦးတော် ...

တန်ခူး said...

ချစ်လို့ တက်တဲ့ပို့ စ်ဆိုတာနဲ့  လုပ်လက်စအလုပ်တွေ အဝေးလွှင့်ပစ်ပြီး ချက်ချင်းကို ရေးချင်စိတ်ပေါက်သွားတာပါ... အသွင်မတူတဲ့အကြောင်းလေးတွေကို ပို့ စ်တခုရေးခဲ့ဖူးတယ် သက်ဝေရေ... တော်တော်ကြီးကို မတူတာမို့ မှတ်တမ်းတင်တဲ့သဘောပါ... ကဲ...ခုတော့ တူတာတွေ ဘာရှိသလဲ ထိုင်စဉ်းစားဦးမှ... ဆံပင်တွေ ပိုဖြူသွားရင် လျော်ပေးရမှာနော်...

Anonymous said...

myo said...
ဒါတွေက သာမီးနဲ့ မဆိုင်ပါဘူးးးးးးးးးးးးးးးးးးးးးးးးးးးး
~~~~~~~~~~~
မျိုး - ရှိရင်ရေးပါ၊ (ဟီး အထင်သေးသလိုများဖြစ်နေမလား)။ မသက်ဝေမတဟ်ပေမဲ့တို့တဟ်တယ် အဲငှယ်
တီဇက်အေက မရှိချင်ယောင်ဆောင်နေတာမို့ ရေးမာ မဟုတ်
ကိုပေါနဲ့ ကိုကလူသစ်၊ မမကွန် ဘာတွေရေးမလဲ စိတ်ဝင်စားတယ်

ခွေဖြူ

ညီမလေး said...

ဖတ်ရချည့်သေးရဲ့ပေါ့ .. စိတ်ဝင်စားတဲ့သူတွေအများကြီးရှိတယ် ..

အင်ကြင်းသန့် said...

တစ်ဝကြီးလိုက်ဖတ်ရတော့မယ်း))

blueskyforest said...

သက်ဝေရဲ့  C box ဒို့ဆီမှာ ကြည့်မရ။

pandora said...

ချစ်လို့ ရေးလိုက်ပါပြီး)

Anonymous said...

အထုမှလာမချော့နဲ့ ရတော့ဘူး....

အမ.. အမကိုကျေးဇူးတင်တယ်.. ဒီပို့စ်လေးကြောင့် တူတာ မတူတာတွေဖတ်ခွင့်ရလို့.. ဟီးး

Type by font converter.

Anonymous said...

Ama, above comment is Myatnoe naw.

မေလေး said...

ဟင် ကောက်ဖူးလေ မမကလဲ
ရေးအုန်းမှာ
ဘလော့တောင်ပြန်ရေးချင်လာပီ
အဲလို အဲလို မမကဆွဲဆောင်ချက်း)))

Pwint Myue Zin said...

ရေးပြီးပြီ..