Friday, August 22, 2008

သောကြာနေ့ 








မနက်နိုးနိုးချင်း…
သောကြာနေ့ ကို ရောက်လာပေါ့ဟေ့လို့ 
စိတ်ထဲက ပျော်ပျော် အတွေးမှာ ပေါ်တာကို
ဟစ်ကာကြွေးကြော် လိုက်ပုံက
ချစ်စရာနော် နောက် နှစ်ရက်
မပျက်မကွက် ဆက်ဆက် နားလိုက်မဟေ့ တဲ့..။

တစ်ကယ့် တစ်ကယ်မှာ
စိတ်ကူးနဲ့ လက်တွေ့ 
အထင်နဲ့  အမြင် တက်တက်စင်အောင်
အလွဲကြီး လွဲလိုက်ပုံက…
ဒီကနေ့ မှာ
အဆုံးသတ်မရတဲ့ ဒီဇိုင်း ၊ အဖြေ မထွက်တဲ့ ပုစ္ဆာ
ရှုပ်ရှုပ်ကာ လည်နေလေတော့
ဘာညာမတွေးလေနဲ့  အထုပ်ထုပ်ကာ အိမ်သို့ သယ်
လုပ်ပေတော့ တညလုံး
ဟုတ်မလိုလို သောကြာရယ်
ရေစုန်မှာမျော…။

ဒါနဲ့ တင်မရပ်သေး
မနက်ဖြန် စနေနေ့ ပါ
အရှုပ်… အရှုပ်ကိုရှင်းစေဖို့ 
အလုပ်… အလုပ်ပို ဆင်းရမတဲ့
ကဲ… ငြင်းဆန်မရတဲ့ အခါမှာ
သက်ပြင်းကို နင်းကန်သာချ
ဒါလားဟဲ့ ဘ၀…။

နောက်နောင်ကို
အလုပ်လုပ်နေသမျှ ထိုကာလ၀ယ်
အမှတ်ရစရာ ထို သောကြာကို
အခေါက်ခေါက် အခါခါ ကြောက်ကြောက်လာပြီမို့ 
ဘာဆို ဘာကိုမှ ပိုပို မိုမို ကြိုကြိုတင်တင်
မတွေးချင်တော့ပြီဟု စိတ်ကိုဒုံးဒုံးချ
ဆုံးမမိကြောင်း…။

13 comments:

  1. ဒါဆို သက်ဝေက စနေနေ့ပါ အလုပ်လုပ်ရဦးတော့မှာပေါ့.. အမှန်တော့ သောကြာနေ့ရောက်လာပြီဆိုရင် လူက ဒေါင်းချင်လာပြီလေ။ နားဖို့ အချက်ပြနေတာ ။ စနေနေ့ပါ အချိန်ပို ဆင်းရတဲ့နေမျိုးဆိုရင် တို့ကတော့ သိပ်မဟန်တော့ဘူး။ အိမ်ပြန်ရောက်ရင် လူက အတော်လေး ပင်ပန်းနေပြီ။ သက်ဝေရဲ့အဖြေမထွက်တဲ့ ပုစ္ဆာတွေ အမြန်အဖြေထွက်ပြီး အလုပ်တွေ အမြန်ပြီးပါစေ.. ဒါမှ စောစောနားရမှာ.. :)

    ReplyDelete
  2. သောကြာနေနှင့် တနင်္လာနေ့ ဆိုတဲ့  ကဗျာလေး ကို
    နှစ်သက်မိပါတယ် .. အမ ..
    ဒီလို ကဗျာလေး တွေရေးပါအုန်း ..
    စောင့်နေမယ်..

    ReplyDelete
  3. excellent. မုန်တိုင်းပြီးရင် လေပြေလေးလာမှာပေါ.ကွယ်။ တောင်.ထား။

    ReplyDelete
  4. အနာခံနေရတော့လည်း ကာရံတွေ လှနေပြီပေါ့ သက်ဝေရေ။

    ReplyDelete
  5. တခါတလေလေးလို့ မှတ်လိုက်ပါ..သောကြာတွေ အများကြီး ကျန်သေးတာ။

    ReplyDelete
  6. တူတယ် သက်ဝေရေ… သောကြာဆို ဖြစ်တတ်ပုံများ… စောစောပြန်မယ်တေးထားလိုက်ရင် အလုပ်တွေက ဘယ်ကဘယ်လို ထွက်လာမှန်းကို မသိတာ…အင်း… နောက်သောကြာပေါ့နော်…

    ReplyDelete
  7. မသက်ရေ.. နောက်သောကြာတွေ ရောက်ရင်တော့ ပျော်နိင်ပါစေနော်..။

    ReplyDelete
  8. umm, Friday will be here soon sis :P
    once again..hehee

    ReplyDelete
  9. ကဗျာလေး မိုက်တယ်။

    SMNTL

    ReplyDelete
  10. ဒီအစ်မတစ်ယောက်တော့ တိတ်နေတယ် မထင်ဘူးလား တခြားကမ္ဘာရောက်နေလို့ တနင်္လာဆိုတာဘာ၊ သောကြာဆိုတာဘာ စဉ်းစားနေတာ သက်ဝေရ။ မမိုက်ပါဘူးကွာ။

    ReplyDelete
  11. သက်ဝေရေ အစ်မက အလုပ်နားပြီး အိမ်မှာပဲ နေလို့ (၇)ရက်လုံးတူတူချည်း ဖြစ်နေတာကိုပြောတာပါ။

    ReplyDelete
  12. ဒီကဗျာ ရေလည် မိုက်တယ် :D

    ReplyDelete
  13. နုရေ... ဆုတောင်းပေးတာ ကျေးဇူးပါ။ နှစ်ပါတ်ဆက်တိုက် အလုပ်တွေ အိမ်ကိုယူလာရတော့ လူလဲ အတော် ညစ်နေတယ်။

    ကိုဦး.. အားပေးစကားကြောင့် ကျေးဇူး။ အချိန်ရရင်တော့ ကဗျာတွေ အများကြီး ရေးချင်ပါသေးတယ်..။

    မမခင်ဦး.. ကြိုးစားလျှက်ပါ..။ မမကိုဘဲ အားကျပါတယ်..။ သက်ဝေက ဥာဏ်ရည်နိမ့်လို့ ဖြစ်မယ် ထင်တယ်နော်...။ ဟီဟိ..

    ရီရေ.. စိတ်ပေါက်ပေါက်နဲ့ စွတ်စက်ရေးပစ်လိုက်တာပါ။ ဟီးဟီး... ကာရန် ကတော့လား... စိတ်တိုနေရင် ပိုထွက်သလိုပါဘဲ...။

    ချိုသင်း.. တစ်ခါတစ်လေ လို့ မှတ်ချင်ပါသော်ကော.. ဒါပေမယ့် နှစ်ပါတ်ရှိပြီ ချိုသင်းရဲ့ ..။

    တန်ခူး.. တူတူဘဲ ဆိုလို့  အားတက်ပါတယ်..။

    လေးမ... ဆုတောင်းပေးတာ ကျေးဇူး...။

    Dilo... သောကြာဆို ကြောက်ပါပြီ ဆိုမှဘဲ.. ဟင့်ဟင့်.. မီးမီး ငိုမှာနော်...။

    နန္ဒာ နဲ့  mmgamedev (ဘယ်လိုခေါ်ရမှန်း မသိလို့ ပါ) ... တကယ်မိုက်တာလား...။ ကျေးဇူး..။

    မသီတာ... အလုပ်မလုပ်ဘဲ နားနေရတာ မနာလိုဘူးနော်...။ ဟင်း.. ပိုစ့်တွေ များများတင်ပေါ့ မမရဲ့ ..။ စီစစ်ရေးကို တော့ သွားမတင်နဲ့ နော်..။ ဘလော့ဂ်ပေါ်ကိုသာ တစ်ခါထဲတင်လိုက်...။ ဟီဟိ..

    မတောက်တခေါက် ကဗျာလေးအတွက် အားပေးစကားများကို ကျေးဇူး အထူးတင်ရှိပါကြောင်း...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...