Friday, January 16, 2009
ပန်းကလေး သုံးပွင့်အကြောင်း
အရောင်အသွေး စုံလင်လှပတဲ့ ဘလော့ဂ်ပန်းခင်းကြီးထဲမှာ ရှိနေကြတဲ့ ပန်းကလေးတွေထဲက အဆင်းရော ရနံ့ ပါ ထူးခြား လှပ မွှေးပျံ့ တဲ့ ချစ်စဖွယ် ပန်းကလေး သုံးပွင့်ရဲ့  အကြောင်းကို ပြောပြချင်ပါတယ်…။
*ပန်းပွင့် နံပါတ် ၁*
သူက နာမည်ကြီး ပန်းကလေး တစ်ပွင့်ပါ…
ဒီဘလော့ဂ် ပန်းခင်းကြီးထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ် စပြီးဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်လေးရဲ့  ပိုင်ရှင်ပါ။ သူ့ ဘလော့ဂ်လေးကို ကိုယ်အမြဲလိုလို ရောက်ဖြစ်ပါတယ်…။ သူရေးတဲ့ ပိုစ့်တွေတိုင်းကို အမြဲဖတ်ဖြစ်ပါတယ်။ သူက အရမ်း စာရေးကောင်းတယ်လေ…။ ကဗျာတွေလဲ အများကြီး ရေးတတ်ပါတယ်…။ ဒါတွေအပြင် ပန်းချီလေးတွေလဲ ဆွဲတတ်သေးတယ်။ သူ့ ဘလော့ဂ်က တကယ်ကို လူကြိုက်များတဲ့ ဘလော့ဂ်လေး တစ်ခုပါ…။ သူလေးက ကိုယ့်ထက် အသက်အားဖြင့် အများကြီးငယ်ပါတယ်။ ဒါပေမယ့် အစစ အရာရာမှာ အရမ်းကြိုးစားတဲ့ သူတစ်ယောက်ပါ။ (ကိုယ့်လို ခပ်ပျင်းပျင်းထဲကတော့ မဟုတ်ပါလေ...) မိသားစု အတွက်၊ သူငယ်ချင်း တွေအတွက်၊ လူမှုရေး လုပ်ငန်းတွေအတွက် အမြဲတမ်း တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်တတ်သူပါ။ သူ့ နဲ့  ကိုယ်နဲ့ က တော်တော် နီးနီးကပ်ကပ် ရင်းနှီး ခင်မင်ကြပါတယ်…။ အတူတူသွားလာ ဈေးဝယ်ထွက်၊ လည်ပတ် စားသောက်၊ တစ်ယောက်အကြောင်း တစ်ယောက်သိ… အဟဲ… တိုးတိုးပြောဖေါ် (အတင်း ပြောခြင်းမဟုတ်ပါ) တိုင်ပင်ဖေါ် တိုင်ပင်ဖက် ဆိုလဲ ဟုတ်ပါတယ်…။ ညီအမ အရင်းအချာမရှိတဲ့ ကိုယ့်အတွက်တော့ သူက ညီမလေး အရင်းတစ်ယောက်လိုပါပဲ...။
ဟိုးအရင်တုန်းက သူက ကိုယ့်ကိုလဲ ဘလော့ဂ်လေး တစ်ခု လုပ်ဖို့  တိုက်တွန်းခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဟိုယောင် ဒီယောင်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ သူတိုက်တွန်းပြီး တော်တော်ကြီးကြာမှ ဒီဘလော့ဂ်လေးကို လုပ်ဖြစ်ခဲ့တာ…။ ကိုယ့်ဘလော့ဂ်လေးအကြောင်းကို အကြောင်းအကျိုး မညီညွတ်သေးလို့ သူ့ ကိုတော့ ပြောမပြဖြစ်ခဲ့ဘူး။ (ဒီအတွက် ဆောရီးပါနော်...)
တစ်ခါတစ်ခါတော့ ကိုယ့်ဘလော့ဂ်လေးကို သူလာဖတ်တတ်ပါတယ်။ ကိုယ်ရေးထားတာတွေဖတ်ပြီး ကိုယ်ဘယ်သူဆိုတာ သူများ သိသွားပြီလားလို့  ရင်တထိတ်ထိတ်နဲ့ ပေါ့...။ ဒါပေမယ့် ဒီဘလော့ဂ်လေးရဲ့  ပိုင်ရှင်ဟာ ကိုယ် ဆိုတာ ခုထက်ထိ ရိပ်မိပုံမပေါ်ပါဘူး…။ ခုဆိုရင်တော့ ဒီစာကို သူဖတ်ပြီးရင်… သိလေမလား မပြောတတ်…။
*****
*ပန်းပွင့် နံပါတ် ၂*
ဒီပန်းပွင့်လေးနဲ့ ကတော့ အပြင်မှာလဲ သူငယ်ချင်းတွေပါ…
မေဂျာမတူကြပေမယ့် တစ်ကျောင်းတည်းထွက်၊ တစ်နှစ်ထဲအောင်…။ သူက ဟိုးကျောင်းတက်တဲ့ အချိန်ထဲက စာတွေ ကဗျာတွေ ကို ကလောင်နာမည်တစ်ခုနဲ့  ရေးနေတာ၊ မဂ္ဂဇင်းတွေမှာ သူရေးထားတာလေးတွေ ဖတ်ခဲ့ရဖူးတယ်။ ငယ်ငယ်ကထဲက ဆံပင်ရှည်ကြီးနဲ့  မျက်တောင်ထူထူ မျက်ခုံးထူထူ မျက်လုံး ၀ိုင်းဝိုင်း နက်နက်လေးတွေနဲ့  သူငယ်ချင်းလေးဟာ အခုအချိန်အထိလဲ ချစ်စရာကောင်းအောင် လှပနေဆဲပါ။ (တွေ့ ရင် မုန့် ဝယ်ကျွေးဖို့  မမေ့နဲ့ နော်...)
ကိုယ်တို့ နှစ်ယောက် ဘလော့ဂ်လေးတွေ စ လုပ်ကြတော့လဲ အချိန်က မတိမ်းမယိမ်း…။ အဲဒီနောက်ပိုင်း သူနဲ့  တစ်ခါတွေ့ ဖြစ်ကြတော့ သူက ကိုယ့်ကို ဘလော့ဂ် ရေးသလားလို့  မေးဖူးတယ်…။ ကိုယ်က နဲနဲရှက်တော့ ရူးချင်ယောင်ဆောင်၊ အူကြောင်ကြောင်လုပ်ပြီး မအားလဲ မအား၊ အချိန်လဲ မရလို့ မရေးနိုင်ပါဘူး သူငယ်ချင်းရယ် လို့  ခပ်ညည်းညည်းလေး ပြောလိုက်မိသေး…။ ခုတော့လဲ ကိုယ်ရေးတာတွေဖတ်ပြီး ကိုယ်ဘယ်သူ ဆိုတာ သူ သိသွားလောက်ပါပြီ။
တစ်ယောက်နဲ့  တစ်ယောက် အပြင်မှာ ခဏ ခဏ မဆုံဖြစ်ကြပေမယ့် ဒီဘလော့ဂ် ပန်းခင်းလေးထဲမှာတော့ နေ့တိုင်းလိုလို အပြန်အလှန် တွေ့ ဆုံ နှုတ်ဆက် ဖြစ်ကြတယ်ပေါ့…။ အပြင်မှာ တွေ့ ဖြစ်တဲ့ တစ်နေ့ နေ့ ကျရင် သူ့ ကိုပေးဖတ်ဖို့  ဆရာမ မကြည်အေး စာအုပ် လဲ ကိုယ့်မှာ အဆင်သင့်ရှိနေပြီ…။ သူငယ်ချင်းလေးရေ… တနေ့ လောက် တွေ့ ကြရအောင်လေ.. နော်…။
*****
*ပန်းပွင့် နံပါတ် ၃*
ဒီပန်းပွင့်လေးနဲ့  ကိုယ်နဲ့ က တိုက်ရိုက်ကြီး သိတာမျိုးတော့ မဟုတ်ဖူး…
တစ်ယောက်ယောက်နဲ့  ပတ်သက်ပြီး တစ်နေရာမှာ တွေ့ ခဲ့ သိခဲ့ဖူးတာမျိုးပါ။ ဟန်ပန်မရှိ မာနမရှိ ဖြူစင်စွာနဲ့  ချစ်ခင်စရာကောင်းတဲ့ သူတစ်ယောက်မို့  တွေ့ လိုက်တာနဲ့  ချက်ချင်း မိတ်ဆွေဖြစ်သွား ရင်းနှီး ခင်မင်သွားစေလောက်တဲ့ အရည်အချင်းမျိုးကို ပိုင်ဆိုင်တဲ့သူတစ်ယောက်ပါ။ စင်္ကာပူ တစ်မြေထဲမှာနေပြီး တစ်ခါ တစ်ခါ ဖြတ်သွားဖြတ်လာ လောက်ကလွဲလို့  တေ့တေ့ဆိုင်ဆိုင် မတွေ့ ဖြစ်ကြတာ တော်တော်ကြာနေပါပြီ။
သူက ကိုယ့်ထက်တော့ အသက် နဲနဲပိုကြီးပါတယ်…။ မမ ပေါ့…။ သူ ဘလော့ဂ် စ လုပ်တော့ ကိုယ်က စပ်စပ်စုစုနဲ့  သူ ဘယ်သူဆိုတာ မထင်မှတ်ပဲ သိသွားခဲ့တယ်။ ဒါနဲ့  ကိုယ်က သူ့ ဘလော့ဂ်လေးဆီကို အမြဲသွားပြီး သူ့ ကို ဟိုလို စ၊ ဒီလို စနဲ့  မထိတထိ စတတ် နောက်တတ်လွန်းလို့  သူ စိတ်နဲ့  မတွေ့ တဲ့ အခါကျရင် အေးအေးနေပါ ကျောင်းအစ်မရယ် လို့  ပြောတတ်တယ်။ (ချစ်လို့ စတာပါ မမရဲ့ …) သူက တစ်ခါတစ်ရံမှာ ကိုယ့်ကို စုံထောက်ကြီးလို့ လဲ ခေါ်တတ်သေးတယ်။ ပြီးတော့ သူ့ စိတ်ထဲမှာ ကိုယ့်ကို သံသယတော့ရှိနေပုံရတယ်...။ ကိုယ် ဘယ်သူဆိုတာလဲ မှန်းကြည့်နေပုံရတယ်...။ မမက သိပ်တော်တာပါ။ အမှန်းအဆလဲ တော်တော်ကောင်းပါတယ်။ သူမှန်းတာ မှန်လွန်းနေတော့ ကိုယ်တောင် လန့် ဖြန့် သွားမိတဲ့ အထိပါပဲ။ ခုလောက်ဆို သူ ကိုယ့်ကို ထုချင် နှက်ချင်စိတ်တွေ ပေါက်နေမှာ သေချာသလောက်ပါ... (ဟိုတစ်ခါတုန်းက မမ မေးတာကို ခေါင်းမငြိမ့်ခဲ့တာ စိတ်မဆိုးရဘူးနော် မမ...)
အဲဒီ မမကလေ… တွေ့ လိုက်ရရင် ကိုယ်ပေါ်မှာ ပုဝါပျော့ပျော့လေး ပတ်ပြီး လမ်းကို ခပ်သုတ်သုတ်လေး လျှောက်တတ်တယ်။ စကားပြောရင်လည်း သွက်သွက် သွက်သွက်နဲ့  အလွန် ဖေါ်ရွေတဲ့၊ ချစ်စရာလဲ ကောင်းလှတဲ့ ဘလော့ဂ်ဂါ မမတစ်ယောက်ပါ။ လှလဲ အလွန်လှပါတယ်။ မမရေ… ဒီတစ်ခါ လမ်းမှာတွေ့ ရင် အကျယ်ကြီး အော်ခေါ်မှာနော်...။ မကြားရင်တော့ အတင်းပြေးလိုက်ပြီး လက်ကို လိုက်ဆွဲမှာပဲ…။ ဒါထက် စကားမစပ်... မမကိုခေါ်ရင် ဘလော့ဂ်ထဲက နာမည်ကို ခေါ်ရမလား… အပြင်က နာမည်ကိုခေါ်ရမလား ဟင်…
*****
စာကြွင်း ။ ။ ဘလော့ဂ် လောကလေး ထဲတွင်သာမက အပြင်လောကတွင်ပါ ကိုယ်နှင့် သိကျွမ်း ခင်မင် ရင်းနှီးသော အမျိုးသမီး ဘလော့ဂ်ဂါ သုံးယောက်ကို ချစ်ခြင်းအားဖြင့် ရည်ညွှန်း ရေးသားပါသည်။
35 comments:
  1. မင်္ဂလာပါ
    ပန်းလေးသုံးပွင်ဘယ်သူဆိုတာကျွန်တော်သိသလိုပဲ.
    အသစ်တင်တာတွေ့လိုအပြေးလာဖက်တာ.
    တော်သေးတယ်ကျွန်တော်အရင်ဆုံးဖြစ်နေလို့
    ReplyDelete
  2. နံပတ် ၁ ကို သိတယ်ထင်တယ်... --- လေ...
    နံပတ် ၂ တော့ မသိဘူး...
    နံပတ် ၃ ကို လည်း သိသလိုပဲ မ--- မဟုတ်လား...း)
    ReplyDelete
  3. အစ်မ
    ပို့စ်လေးကိုဖတ်ပြီး
    ကြည်နူးစရာကောင်းလိုက်လေခြင်းလို့
    မှတ်ချက်ပြုလိုက်မိပါတယ်။
    ခက်တာက
    ဘယ်သူတွေများလဲ ဆိုတာ
    အရိပ်အမြွတ်လေးတော့
    ဖော်ပြပေးသင့်ပါတယ်။
    ဘော်ဒါတွေဆိုတော့ အစ်မလိုပဲ
    စာရေးကောင်းကြမယ် ထင်ပါတယ်။
    အလျဉ်းသင့်ရင်ဖြင့် . . .
    ReplyDelete
  4. ပန်းပွင့်နံပါတ်သုံးကြီးကို သိသလိုပဲ။ အပြင်မှာ တွေ့လို့ကတော့ အတင်းလိုက်ခေါ်မှာပဲ။ ထွက်ပြေးရင် လက်ကို မလွှတ်တန်းလိုက်ဆွဲထားမှာ။ စကားမစပ်.. ပန်းပုံလေးတွေ လှတယ်နော်။
    ReplyDelete
  5. No.1 - မပန် ၊
    No.2 - မတန်ခူး ၊
    No.3 - မမKOM ဟုတ်လားမသိ မှန်းကြည့်တာပါ
    ReplyDelete
  6. ကိုဒေါင်းမင်း...
    အပြေးလာဖတ်တာ ကျေးဇူးတင်လိုက်တာ...
    ကိုအောင်သာငယ်ရေ...
    ထင်တာတွေ မှန်ပုံရတယ်... အကိုက လူကဲခတ် တော်တာကိုး..။ အကို့ ကိုရော ဒီက သိနေတယ် လို့  နဲနဲမှ မထင်ဖူးလား... ဟား.. ဟား..
    ကိုဝင်းဇော်...
    ကျေးဇူးအများကြီးတင်ပါတယ်...
    သူတို့ ဘယ်သူတွေဆိုတာ ပြောပြဖို့  ခဏတော့ စောင့်အုံးနော်... သူတို့ တွေ သက်ဝေ ဘယ်သူဆိုတာ အရင် သိကြစေချင်လို့ ပါ... ဟီးဟီး...
    မွန်...
    ဟုတ်တယ်.. တို့ ရောပဲ..
    အကျယ်ကြီး အော်ခေါ်မယ်လို့  ပြောထားပြီးသားလေ...
    ပန်းလေးတွေက အချိန်မရတော့လို့  အင်တာနက်က ရှာထားတာပါ.. လင့်ခ်ထည့်ဖို့ မေ့သွားတယ်
    မေမိုးလေးရေ...
    ဖြေးဖြေးပြောလေ ညီမရဲ့ ... ဘုရား.. ဘုရား...
    ReplyDelete
  7. ပန်းကလေးတွေသွားကြည့်ရအောင် လင့်ခ်(link) လေးတော့ ဟင့်တ်(hint)အနေနဲ့ ပြောပြနော်..:)
    ReplyDelete
  8. သက်ဝေကတော့ အကို့ကို သိပြီးသားမှန်း သိတယ်လေ အကို့ ညီမလေးနံမည်တောင် လှမ်းမေးဖူးခဲ့သေးတာပဲဟာ...
    သက်ဝေကိုသာ ဘယ်သူမှန်း မသိတာ...း)း)
    ဒါမဲ့ အရေးမကြီးပါဘူးလေ လမ်းတူလို့ လူချင်းတွေ့ရင် အကျယ်ကြီးအော်ပြီး လှမ်းခေါ်မှာပဲဆိုတာ သိပြီးသားမို့ပါ...း)
    ReplyDelete
  9. ဂလိုကိုးးးးးး......။
    နံပါတ် ၁ တော့ မပန်လို့ ထင်သား...။
    ReplyDelete
  10. နံပါတ်၂ ကိုသိပါ၏
    ...
    မပြောပြဘူးနော်.. ဖော်မထားသေးလို့...
    ဟဲဟဲ...
    ReplyDelete
  11. ၂ က မတန်ခူးလား....။
    ReplyDelete
  12. မေမိုး ထင်သလိုပဲ ကျနော်လည်း ထင်တယ်
    ReplyDelete
  13. ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ် - ပန်ဒိုရာ (မိုက်မှမိုက်...)
    ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ - လေနုအေး ပိုင်ရှင် တန်ခူး
    မှီငြမ်း ကိုးကား
    မမKOM (a) ခင်ဦးမေ ဆိုတာ ဘလော့ နာမည်ကိုး ...
    ReplyDelete
  14. နောက်ဆုံးတစ်ယောက်ကိုတော့ အသေအချာ သိနေတယ်။ အမည် ၂ ခု စလုံးကိုပေါ့လေ။ မှန်းရင်တော့ လွဲတတ်ပါတယ်လေ။ အဟဲ...
    ReplyDelete
  15. အိုး…အို… မှန်းတဲ့သူတွေက တော်လှချည်လား…
    သက်ဝေရေ… ထင်ရုံတင်မဟုတ်ဘူး… သက်ဝေက သူငယ်ချင်းလေးဆိုတာ သိကိုသိနေတာ…
    ဘယ်သူမှ ပြောလို့ မဟုတ်ဘူး… စိတ်ထဲက အလိုလိုသိနေတာ…
    အမြဲလို သပ်သပ်ရပ်ရပ်နဲ့  ရေချိုးပြီးကာစလို ရှင်းသန့် နေတဲ့ ဆံပင်လှလှထူထူကြီးနဲ့  ချစ်စရာ သက်ဝေနဲ့  အေးချမ်းတည်ငြိမ်တဲ့စာလေးတွေက တကယ်ကို ခွဲမရအောင် တွဲနေတာပါ…
    ကြည်အေးစာအုပ်လေးယူရင်းနဲ့  မုန့် ကျွေးပါမယ် (လှတယ်ပြောလို့ … တကယ်က ၀ တာပါ)
    ခုလို သက်ဝေရဲ့ ပန်းလေးတပွင့် ဖြစ်ခွင့်ရတာ ကျေးဇူးအရမ်းတင်ပါတယ်…
    စကားမစပ်… မမKOM ကို ဘယ်သူလဲဆိုတာပြောပြနော်… ဖုန်းဆက်လိုက်မယ်… ပန် ဘယ်သူဆိုတာ တပါတည်း ရိပ်မိသွားပြီ…
    ReplyDelete
  16. မသက်ဝေက ပဟေဠိအဖြေညှိနေပြီ.. မတန်ခူးကလည်း အဖြေ ပြောပြသွားတယ်ဆိုတော့ မှန်တာပေါ့နော်.. :P
    ပန်းပွင့် ၁ နဲ့ ၂ က မပန်နဲ့ မတန်ခူးဆိုပြီး ဖတ်လိုက်တာနဲ့ သိသာတယ်.. ပန်းပွင့် ၃ ကိုတော့ သိပ်မသိဘူး... အဟိ.. အပေါ်က comment တွေ ဖတ်ပြီးတော့ မမ KOM ဆိုရင်ပျော်စရာကြီး.. အမရေ.. မမ KOM လက်ကို အတင်းဆွဲထား သိလား.. လုံးဝ မလွှတ်ပေးနဲ့ .. :D
    ReplyDelete
  17. အဲ.. ဆွေမျိုးတွေလာစုနေတယ်.. ကောင်း၏ ကလေးတွေ ချစ်ချစ်ခင်ခင်နေကြနော်..းP
    ReplyDelete
  18. ပဟေဠိ အဖြေညှိပါလား။ တော်သေးတယ်၊ ရှေ့ကလူတွေ ဖြေသွားလို့.. ဒီက ခပ်တုံးတုံးရယ်။
    ဖတ်ပြီး ကြည်နူးလိုက်တာ မမသက်ဝေ။ ကိုယ်သိတဲ့လူတွေချည်းပါလား။ ပန်း ၃ပွင့်ရော၊ ရေးတဲ့ လူရော အားလုံးကို ချစ်တယ်။
    ReplyDelete
  19. အို့ ဒို့ကိုယ်များဆိုလိုနေသလားကွယ်
    ReplyDelete
  20. ၁ နဲ့ ၃ ကို မှန်းမိတယ်။ ၂ ကတော့ ကိုယ် စာဖတ်နည်းလို့ ဖြစ်မယ်။ မသိလိုက်ဘူး။
    ReplyDelete
  21. ပျော်စရာကြီး။
    ReplyDelete
  22. ပန်းသုံးပွင့်က ချစ်စရာလေးတွေကြီးပဲ။
    နံပါတ် ၃ က ပုန်းနေပါတယ်ဗျို့။
    ReplyDelete
  23. စာတွေဖတ်ဖူးပြီး လူတွေပါ တွေ့ချင်လိုက်တာ...
    ReplyDelete
  24. ဒီလိုအဖြစ်မျိုး လောကမှာ ရှိသလား :)
    (ပေါင်ချိန်ကားထဲက ဘုရင်လေသံဖြင့် မေးသည်။):P
    ReplyDelete
  25. နံပါတ် ၃ ကို အစကတော့ အမှန်းရခက်ပါသည်။
    ခုတော့ ဒီပို့စ်မှာ ကောမန့်လာမရေးပဲ ပျောက်ချက်သားကောင်းလှသော.. အများသံသယ၀င်နေသော မမကေအိုအမ်...
    ReplyDelete
  26. စလုံးက..ကြီးဒေါ်တွေ တဖြည်းဖြည်း ပေါ်ကုန်ပီ။း)
    ပန်နီဆူလားမှာ အပတ်တိုင်း တွေ့ကြတယ်ထင်တယ်။
    ပျော်စရာကြီး။
    ReplyDelete
  27. သိင်္ဂီ... ခုလောက်ဆို သိရောပေါ့လေ...
    ကိုအောင်သာငယ်... သက်ဝေ ဘယ်သူဆိုတာ နောက်တော့ ပြောပြပါ့မယ်...
    စင်စင်... မမ ဘယ်ရောက်နေလဲ မသိဘူးနော်... လာလဲမလာဘူး...
    မြတ်နိုး... သိနေတယ်လေ ပေါ့... တန်ခူးရေးခဲ့တဲ့ Comment ကို ဖတ်ကြည့်ပြီးပြီမို့ လား...
    ကိုနိ... တစ်ယောက်ကျန်နေတယ်... သိလား..
    မသီတာ... အကိုးအကားနဲ့  ဖွသွားတယ်ပေါ့... လာမယ်.. မသီတာ ဆိုတဲ့ ပန်းပွင့်လေးအကြောင်း...
    ကိုဂျူလိုင်... မျှော်လင့်နေတုန်းပဲ...
    ReplyDelete
  28. တန်ခူးနဲ့  ပန်ပန်...
    Comment တွေအတွက် အချစ်တွေပိုတိုး...
    ကိုယ်တို့  ဘလော့ဂ်လောကသားတွေ ဘလော့ဂ်ကျောင်းခန်းထဲက သင်ခန်းစာတွေမှာ စာ ဘယ်လောက်ကြေကြသလဲ၊ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် နွေးထွေး ချစ်ခင်ကြသလဲ ဆိုတာ Comment တွေက သက်သေပြနေကြတယ်လို့  မထင်မိဘူးလား...
    နုစံ.. Craton... Strike...
    နုသွဲ့ ... ပုံရိပ်... နိနိ... မီယာ...
    လာဖတ်ကြတာ ကျေးဇူး အထူးတင်ပါ၏။
    ချိုသင်း.. ချိုသင်းဆိုတဲ့ ပန်းကလေးအကြောင်း ဖတ်ချင်သေးလား... သိနေတယ်လေ...
    ကေ.. ကေ့အကြောင်းလဲ ရေးလိုက်မှာနော်... ဟွန်း...
    ReplyDelete
  29. ရေးစမ်းပါဗျာ... အားလုံး အကြောင်း...း)
    ReplyDelete
  30. ပန်းကလေးတွေအကြောင်း ကောင်းတယ်လို့ လက်တို့ပေးလိုက်ပြီဗျို့
    ReplyDelete
  31. ကျနော်လည်း ဒီလူတွေပဲလို့ ထင်နေတယ်၊ ထင်နေပါတယ်။ (ခပ်တည်တည်ပဲ)
    ReplyDelete
  32. သူတို့ ထင်သလိုပဲ ကနဦး မဆွကတည်းက သိပြီးသား.. ငှဲလျောင်း... ငှဲလျောင်း...။
    လူရာဝင်မလားလို့ လာမန့်ကြည့်တာ...။
    ဒီနေ့မှာ သေချာဖတ်ကြည့်တယ်။ ဟင်းဟင်း... ဘူလဲ ဆိုတာ သိနေသလိုလိုပဲ...။ ဟိဟိ
    ReplyDelete
  33. မဖတ်ရသေးတဲ့ ပို့စ်ဟောင်းတွေ လာဖတ်သွားတယ်နော်။း)
    ReplyDelete
  34. ဟင် တို့ကွန်မက်မရေးမိပါလား. ဖတ်တာတော့ခဏခဏလာဖတ်သား အဟိ
    ReplyDelete
  35. အရိုးသားဆုံးဝန်ခံရရင်ပန်းသုံးပွင့်ကိုမသိပါ
    ဒါပေမဲ့ မသက်ဝေ ရဲ့ သူငယ်ချင်းတွေဖြစ်တာရယ်
    စာရေးတတ်သူတွေဖြစ်တာရယ်နဲ့ တင်
    လေးစားပြီးသားဂုဏ်ယူပြီးသားပါ
    စာဖတ်ဖို့ အချိန်နည်းလို့ စာမဖတ်အားပေမဲ့
    စာရေးသူအားလုံးကိုအစဉ်ဂါဝရပြုနေလျက်ပါ
    Rich Smile :)
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...