Thursday, January 29, 2009

မပျော်တဲ့စာ

အခုတလော ဘာစာမှ မရေးချင်ဘူး။ ရေးရမှာလဲ မပျော်ဘူး။ တွေးရတာလဲ မပျော်ဘူး။ မပျော်ပဲနဲ့  ရေးတဲ့အခါ စာတွေကလဲ ပျော်စရာကောင်းမှာမဟုတ်ဘူး။ ပျော်စရာ မကောင်းတဲ့စာတွေကိုလဲ မပျော်ပဲနဲ့  မရေးချင်ပြန်ဘူး…။ ခက်တော့နေပါပြီလေ…။

ရေးလက်စ တစ်ချို့ ကို ကြည့်မိပြန်တော့လဲ တချို့ က ဟိုရောက် ဒီရောက်နဲ့ ... တချို့ က ဟိုမရောက် ဒီမရောက်နဲ့ …။ စိတ် ကြည်လင်တုန်းက ရေးခဲ့တဲ့ ရေးလက်စတွေကို အခုအချိန်မှာ ဘယ်လိုမှ ဆက်ရေးလို့ မရ…။ စိတ် ကြည်လင်တုန်းက တွေးခဲ့တဲ့ တွေးလက်စတွေကို ပြန်လည်ဆွဲငင် ခေါ်ယူတွေးတော လို့ မရ…။

ဒါဆို ဘာမှမရေးတော့ဘူး…။ ပြီးရော…။
ဒါပေမယ့် ဒီတိုင်းတော့လဲ မဖြစ်သေးပြန်ဘူး… စာမရေးလဲ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်…။
ဘာလုပ်ရရင် ကောင်းမလဲ…။ သီချင်းလေး ဘာလေး ဆိုကြည့်ရင် ကောင်းမလား…
ဟုတ်တယ်… မဆိုးဘူး… သီချင်းဆိုကြည့်မယ်လေ… နော်…။
ပျော်ချင်ကြတဲ့သူများလဲ အတူတူလိုက်ဆိုလို့ ရတာပေါ့.. မဟုတ်ဖူးလား…။

ကဲ… စမယ်… ဇော်ဝင်းထွတ် သီချင်းကနေ စဆိုမယ်…။

“စိတ်ရှုပ်လွန်းလို့ အပန်းဖြေ ကိုယ်ဗွီဒီယို ကြည့်ရင်ကောင်းမလား…
ကားများ များတဲ့ လမ်းမပေါ် လျှောက်လည်ရရင် အပန်းပြေသွားမလား…
မူးပြီးတော့ လဲသွားရင်ပြီးရော အရက်သောက်ရင် ကောင်းမလား…
ဘာလုပ်ရရင် ကောင်းမှာလဲ… အတွေးတွေ ရှုပ်ရင်း ရှင်းမသွားပါလား…”


ဟင်… အတွေးလေးများ ကြည်လင်လာမလားလို့  သီချင်းဆိုမိပါတယ်…
ခုတော့ သီချင်းကလဲ အတွေးတွေ ရှုပ်ရင်း ရှင်းမသွားပါလား… တဲ့။ ကောင်းရော...
မဖြစ်သေးပါဘူး… နောက်တစ်ပုဒ် ပြောင်းဆိုမယ်…။

ထွန်းအိန္ဒြာဗိုလ် သီချင်းလေး ဆိုကြည့်မိတယ်…

“ငိုချင်ရင် ဓါတ်ပြားဟောင်းလေး ပြန်ဖွင့်ကာ…
အကြိမ်ကြိမ် အခါခါ ပျို့ မှာတမ်းသီချင်းကို…
မေရှင်ဆိုသလို နှလုံးသားထဲမှာ လိုက်ဆို… ခံစားမှုတ၀က် အိမ်မက်တ၀က် မက်နေဆဲ…
နှုတ်ခမ်းဖျားနဲ့  မလွမ်းပါရှင် နှလုံးသားနဲ့  လွမ်းနေသူ…
မောင်ပြန်လာမှ ဓါတ်ပြားဟောင်းလေး သိမ်းချင်…
ပျော်စရာကိုလဲ မရှာဘူး.. အိမ်အပြင်ကို ထွက်မလည်ဘူး…
မေရှင် ဓါတ်ပြာဟောင်းးလေးပဲ နားထောင်ချင်…”


ဘုရားရေ… လာပြန်ပါပြီ… မေရှင် ဓါတ်ပြာဟောင်းးလေးပဲ နားထောင်ချင်… ဆိုပါလား…။ စိတ်ညစ်လို့  သီချင်းဆိုကြည့်ခါမှ မေရှင်သီချင်းနားထောင်ပြီး လွမ်းချင်တဲ့ သီချင်းကိုမှ ဆိုမိရက်သား ဖြစ်နေပါရော့လား…။ ဒီခေတ် ဒီကာလကြီးမှာ ဒီ မေရှင်ဓါတ်ပြားဟောင်းလေး ကို ဘယ်နေရာမှာ သွားရှာရမှာပါလိမ့်…။ ဟင်း… ဘာပဲဖြစ်ဖြစ်လေ… အဲဒီ ပျို့ မှာတမ်း သီချင်းလေးကို နားထောင်ရင်း နှလုံးသားနဲ့ လွမ်းရအောင်လို့  မေရှင် ဓါတ်ပြားဟောင်းတွေကို ၀ယ်လို့ ရနိုင်မယ့် နေရာလေးများ သိခဲ့ကြရင် တဆိတ်လောက် လက်တို့ လိုက်ကြပါနော်… ကျေးဇူးမမေ့ပါဘူး…။

ဒီတစ်ခါတော့…. မေဆွိသီချင်းလေး ဆိုကြည့်မယ်…

“ဆန္ဒများနဲ့  စိတ်ဓါတ်ကိုဖိစီး.. ခန္ဒာကိုယ်က သွေးဆဲလ်နဲ့ …
တည်ငြိမ်နေတဲ့ ကိုယ့်ဘ၀ကို ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ…
အိုး… အိပ်လို့ မရတော့ဘူး.. ကိုယ့်ညတွေ… ရင်ထဲမှာ နေရတာ စိတ္တဇလိုပဲ…
ကူညီကြပါအုံး… ဒီမှာအမြင်တွေ မှုန်ရီဝါး မသဲကွဲတော့ဘူး…
အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ… ကိုယ့်အရိပ်ကိုယ် ရန်သူထင်တယ်…
ဦးနှောက်ထဲမှာ လိုချင်တာပဲသိ… ဘယ်အရာတွေ ဘယ်လို…
အို ကောင်းသလား.. ဆိုးမှာလား… ကိုယ်ကိုယ်တိုင်လဲ စဉ်းစားမရတော့ဘူး…
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး..”


တော်ပြီ… တော်ပြီ… ရပ်.. ရပ်… ရပ်… ဘယ်လိုမှ ဆက်ဆိုလို့ မဖြစ်တော့ဘူး…
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး.. ဆိုတော့ကာ…ဒီသီချင်းကို ဆိုအပြီးမှာ ကိုယ်တစ်ခါထဲကို တံတားနဲ့  နီးနီးစပ်စပ် နေရာတစ်ခုကို တန်းရောက်တော့မလို ဖြစ်သွားတယ်…။

မဖြစ်ချေဘူးဆိုပြီး နောက်သီချင်းတစ်ပုဒ်အတွက် စဉ်းစားလိုက်တာ ခဏနေတော့ သီချင်းတစ်ပုဒ် ပါးစပ်ဖျားမှာ ရောက်လာတယ်…။

ဆိုပြမယ်နော်… နားထောင်…

“ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ ရောက်လာပြီ… အချစ်ကလေးရယ်… တံခါးဖွင့်တော့ကွယ်… သောကဟူသမျှ အိမ်အပြင်ဖက်မှာ အားလုံးထားခဲ့မယ်.. အချစ်လေးရယ်.. တံခါးဖွင့်တော့ကွယ်… နွမ်းညစ်နေတဲ့ အားနည်းစိတ်ကို ရှင်းလင်းပစ်လိုက်မယ်.. အချစ်လေးရယ်… တံခါးဖွင့်တော့ကွယ်….

ပူလောင်မှုတွေဝေးတဲ့ မင်းရင်ခွင်လေးထဲ… တရေးလောက်မှေးကာ အိပ်စက်ပါရစေတော့… စာနာ နားလည်တတ်တဲ့ မင်းရင်ခွင်လေးထဲ… တညလောက်မှေးကာ အိပ်စက်ပါရစေတော့ကွယ်….”


အလဲ့.. ဘယ်ဆိုးလို့ လဲ…
အချစ်လေးရယ်… တံခါးဖွင့်တော့ကွယ်…. အချစ်လေးရယ်… တံခါးဖွင့်ပါကွယ်….
ဆိုလို့ တော့ ကောင်းသားလား… ခက်တာက ကိုယ့်လို အရှုပ်ထုပ်ကို နားပူခံဖို့  ဘယ်သူကများ တံခါးဖွင့်ပေးပါ့မလဲ ဆိုတာ ကိုယ်အရင် စဉ်းစားသင့်တာပေါ့လေ… ဟုတ်တယ်ဟုတ်…။

ဒီလိုနဲ့ တော့ မဖြစ်သေးပါဘူးကွာ…
ပျော်စရာသီချင်း တစ်ပုဒ်လောက်တော့ ရှာမှ ဖြစ်တော့မယ်… အင်း.. ရှာမှ… ရှာမှ…


“ချောရည်အပြည့်နဲ့  မီးပြင်းတောင်ကိုလေ… သံကွန်ချာတောင် လုံအောင် မဖုံးနိုင်ပေ…
မဆိုင်တာတွေးပြီး မကြောက်နဲ့  ကိုယ့်အချစ်ရေ….
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
တောင်ကျချောင်းက စီးတဲ့ရေဟာလေ… တာတမန်တောင် ပြိုယိုင်လဲနိုင်ပေ…
ဒီလိုပဲပေါ့ တို့ နှစ်ယောက်ရဲ့  အချစ်တွေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…

ကြောက်တတ်ရင် လွဲလို့  ရဲတဲ့သူ မင်းဖြစ်… ဟိုးခေတ်က စကားပုံတွေ…
ဒါတွေအလကားမဟုတ်ပါ တချိန်မှာတန်ဖိုးရှိမယ်…
အစိုးရိမ်မကြီးလွန်းနဲ့ လေ….

တခါတလေတွေ့ ရ ငြိမ်းချမ်းဖွယ်အချိန်တွေ…. ဘယ်သူတွေ မြင်မြင် တကယ်ပင်မရှက်နိုင်ပေ…
အပူအပင်အတွေးများ ဘေးချိတ်ထားလိုက်လေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…”


အိုး…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
တဲ့… ဘယ်လောက်ကောင်းလဲနော်…
ဘယ်တော့မှ ဆိုလို့ မရိုးနိုင်တဲ့ ချစ်စရာ ပျော်စရာ သီချင်းလေးတစ်ပုဒ်… ဒီတစ်ခါတော့ သီချင်းရွေးတာ မှန်သွားပြီလို့  ဆိုရမယ်…။ သီချင်းတွေ ဆိုရင်းနဲ့  စိတ်နဲနဲပျော်လာတာမို့  ကိုယ်ရွေးတဲ့နည်းလမ်းက သိပ်မဆိုးဘူး ပေါ့လေ… နော်…။

နောက်တစ်ပုဒ်ကတော့ ကိုယ်စိတ်ညစ်တိုင်း ဆိုတတ်တဲ့ သီချင်းလေးပါ…။ စောစောက စိတ်ညစ်ညစ်နဲ့  မေ့နေလို့  အခုမှပဲ ဆိုဖြစ်တော့တယ်…။ နားထောင်နော်…

“မလှပခဲ့တဲ့နေ့ တို့ လဲရှိ… မခွဲပဲ တို့ နှစ်ယောက်သွားမယ်နော်…
အချိုး အကွေ့ များတဲ့ နေ့ တွေလဲရှိ… အတူတူ ကူးဖြတ် သွားမယ်နော်…
စမ်းသပ်လို့ မရ အလွမ်းနေ့ များလဲရှိ… လက်တွဲထိုးဖေါက် လို့ သွားမယ်နော်…
ပန်းခင်းထားတဲ့နေ့ တို့ လဲရှိ… အတူတူ ရှေ့ ဆက်လို့ သွားမယ်နော်…

မျှော်လင့်ချက်မဲ့တဲ့ နေ့ တို့ လဲရှိ… အားများတော့ ရှိမှ ဖြစ်လိမ့်မယ်…
ငွေကြေးများ ခမ်းတဲ့နေ့ တို့ လဲရှိ… အတူ ခရီးဆက်သွားမယ်နော်…
အိမ်မက်သစ်များ ပေးမယ့် နေ့ တွေအရောက်…
တို့ နှစ်ယောက် ကြိုးစားလို့ သွားမယ်နော်…
သီချင်းသစ်များနဲ့  တို့ ရဲ့ နေ့ တွေအရောက်… အတူတူ ကူးဖြတ်လို့  သွားမယ်နော်…

အားလုံး အတွက်ပေါ့.. လှတဲ့မနက်ဖြန်… တို့ နှစ်ယောက် ကြိုးစားပေးမယ်နော်…
အဆွေးများ အလွမ်းများ ဝေးမယ့် မနက်ဖြန်… ဝေကာပေးဖို့ သွားမယ်နော်…
မျှော်လင့်ချက်များ ပြည့်မယ့်နေ့ တို့ အရောက်…
တို့ နှစ်ယောက် ကြိုးစားလို့ သွားမယ်နော်…
သီချင်းသစ်များနဲ့  အများအတွက်နေ့ တွေအရောက်…
အတူတူ ကူးဖြတ်လို့  သွားမယ်နော်…
အတူတူ ရှေ့ ဆက်လို့ သွားမယ်နော်…
အတူတူ ကူးဖြတ်လို့  သွားမယ်နော်…
အတူတူ မင်းလေးနဲ့သွားမယ်နော်…”


ဒီသီချင်းလေးကတော့ လက်ရှိအနေအထားနဲ့  အလိုက်ဖက်ဆုံး သီချင်းလေးလို့  ကိုယ်ထင်ပါတယ်။ ဒီသီချင်းလေးကို နှစ်ခေါက် သုံးခေါက်လောက် ဇော်ဝင်းထွတ်နဲ့  အတူတူလိုက်ဆိုရင်း… ကိုယ် တော်တော် နေလို့ ကောင်းသွားပါတယ်…။ ဒီနေ့ တော့ သီချင်းတွေဆိုရင်းနဲ့  စိတ်တွေလဲ အတန်အသင့် ကြည်လင်သွားပြီမို့  နောက်နေ့ တော့ဖြင့် ပိုစ့်အသစ်လေးတွေကို ရေးနိုင်ကောင်းရဲ့  လို့  မျှော်လင့်ရတာပါပဲ…။

စာကြွင်း ။ ။ စာရေးရမှာ မပျော်လို့  ရေးချင်ရာတွေ ရေးလိုက်မိတယ်…။ ကိုယ့်လို စိတ်ညစ် စိတ်ရှုပ်နေတဲ့ သူငယ်ချင်းများရှိခဲ့ရင်လဲ ဒီသီချင်းလေးတွေကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့  စိတ်ညစ်သမျှ အနည်းငယ် သက်သာရာရစေကြောင်း ရည်ရွယ်ပါတယ်…။ နောက်နေ့ ကျရင် သီချင်းလင့်ခ်တွေကို တင်ပေးပါ့မယ်...။

20 comments:

  1. ဟိုသီချင်းလေးတစ်ပုဒ် အော်ဟစ် ဆိုကြည့်လိုက်ပါလား

    တစ်..နှစ်.. သိပ်သိပ်ချစ်တယ်
    သုံး..လေး. အမြဲချစ်ပါ့မယ်
    ဟောဒီတသက်လုံး.. ရင်မှာအချစ်ဆုံး
    ကိုကြီး ကိုကြီး..

    :D :P

    ReplyDelete
  2. ဒါက ရင်ထဲမှာသာ ဆိုရမယ့်သီချင်းမို့ 
    အော်ဟစ်ပြီးတော့ တော့ မဆိုနိုင်ဘူး...
    မကျေနပ်ရင် အတေတာ တတ်လိုက်...

    ReplyDelete
  3. မပျော်တဲ့စာ သာဆိုတယ်၊ သီချင်းတော့ ဆိုနိုင်သေးတာနော်..
    စိတ်ညစ်ရင် ဂစ်တာတီးပါလား မမ။ :)

    ReplyDelete
  4. အမသက်ဝေက သီချင်းတွေ များကြီးဆိုတတ်တယ်။ ရင်ထဲက သီချင်းလေး ကြားချင်ပါတယ်ဗျို့။ အတေတတ်ချင်တတ် ကြားချင်ရင် ကြားချင်တယ် ပြောမှာပဲ။

    ReplyDelete
  5. တံခါးဖွင့်ပေးပါ့မယ်.....
    လာသာလာခဲ့ပါ... ခွိ...

    ReplyDelete
  6. ချိုသင်း... ဂစ်တာဝယ်ပေး.. မဟုတ်ရင် လေယာဉ်လက်မှတ်ပို့ ပေး... မပျော်လို့  လာလည်မယ်...။

    နိနိ... ဆိုပြနိုင်ပေါင်... အတေတာ တတ်လိုက်..

    စင်စင်... လိပ်စာပေး... ခွိ

    ReplyDelete
  7. အစ်မရေ .. .
    စာရေးဖို့ ဈဉ်လည်းမ၀င်ဘူး။
    ရေးစရာ ကုန်ကြမ်းလည်း မရှိဘူး ဖြစ်နေရင်။
    ညကျ ကာရာအိုကေ သွားဟဲလိုက်ကြရအောင်၊
    စိတ်ပြေ လက်ပျောက်ပေါ့ .. .. ။
    (အဟဲ၊ ကိုယ်လုပ်ချင်တာ ကိုယ်ပြောရတာ)

    ReplyDelete
  8. သက်ဝေရေ..၀မ်းလေဒီရှိုးကြည့်နေရသလိုပဲ.. တယ်ဟုတ်ပါလား..သီချင်းတွေ အများကြီးရတယ်..။ ဟိုသီချင်းလည်း မဆိုးပါဘူး.. ပုစွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်..။ နောက်..၁၆-နှစ်မ..။ အော်လို့ကောင်းတယ်..ဟဲဟဲ။

    သက်ဝေရဲ့ မပျော်တဲ့စာ ဖတ်ရတာ ပျော်စရာကြီး..:)

    ReplyDelete
  9. မမသက်ဝေရေ.. သီချင်းတွေ အများကြီးပဲ ဆိုလိုက်ရလို့ မောနေပြီလား... မီမီဝင်းဖေသီချင်းထဲကလိုပေါ့... အမရယ်.. “ပျော်စရာဆိုတာ တို့ရဲ့ ကမ္ဘာမှာ မရှိပါ.. ” :P

    သီချင်းလင့်တွေ မျှော်နေမယ်.... :)

    ReplyDelete
  10. အတူတူပျော်မယ် ဒီည အားလုံး Rap N Roll ဟဲလိုက်ပါလား။ ပျော်သွားအောင်။ ဒါမှမဟုတ် တွံတေးစိုးအောင်တို့ တွံတေးတစ်တီတူး တောက်တဲ့တို့ ဆိုလိုက်ပေါ့။ :)

    ReplyDelete
  11. မပျော်တဲ့စာဆိုလို့ ဖတ်လိုက်တာ ပိုပျော်သွားလို့ ကျေးဇူးပါသက်ဝေရေဲ။

    ReplyDelete
  12. ပျော်သလိုသာနေပါကွယ်.....ကိုယ်က...မင်းရဲ့...
    ဘာဆိုလားပဲ။
    သီချင်းတွေဟာ စိတ်ရဲ့ထွက်ပေါက်တဲ့... အော်သာအော်ဆိုလိုက်ပါ.. မသက်ဝေ။

    ReplyDelete
  13. သက်ဝေ ရယ် ဒီမှာတော့ သီချင်း..ဆိုဖို့ဝေးလို့ နားထောင်ဖို့တောင် ခလုတ်မနှိပ်ချင်...
    သက်ဝေ က ဆို..သီချင်းဆုံးရင်..မသီတာက thank you ..thank you လို့ အော်မယ် (fly kiss တွေ ဘာတွေနဲ့ပေါ့ကွာ)။
    အချို့သီချင်းဆုံးတော့လည်း ကျေးဇူးတင်ပါတယ်ရှင်..ပေါ့။
    ready 1,2,3...

    ReplyDelete
  14. ကျွန်မတို့မြန်မာ့အသံက ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  15. ဂျောက်ဂျက် သီချင်းလေးမဖွင့်ဘူးလား။ ဟားဟား။
    မမသက်ဝေ လာမယ်ဆို လာပါကွယ်။ တံခါးဖွင့်ထားပါတယ်။
    ဒီရင်ခွင်ဟာ မင်းအတွက် အလုံခြုံဆုံးပဲ။ အဲငှယ်။ :P
    mm

    ReplyDelete
  16. မမသက်ဝေ
    နု ဆိုတဲ့ “ပျော်စရာဆိုတာ တို့ရဲ့ ကမ္ဘာမှာ မရှိပါ” ဆိုတဲ့ မမီ သီချင်း ချိုသင်းလဲ အရမ်းကြိုက်လို့ အမြဲဆိုတယ်။
    အဲဒါကို အိမ်ကလူကြီးက အမြဲဖွင့်နေ ဆိုနေလို့ တဲ့၊ သူလဲ ပျော်အောင် ထားရက်သားနဲ့ တဲ့၊ ဘယ့်နှယ့်ဟာကြီးပါလိမ့် တဲ့။ :D

    ဂီတကို ဂီတလို နားမထောင်ပဲကိုး။

    ReplyDelete
  17. သီချင်းတွေ အားလုံး ဆိုသွားတယ် အမရေ.. နောက်ဆုံးသီချင်းကတော့ မရလို့။ စိတ်ကတော့ အတက်အကျ ဒီလိုပါပဲ။ ချရေးလိုက်တော့ စိတ်ထဲ ပေါ့သွားမယ် ထင်တယ်နော်။

    ReplyDelete
  18. မသက်ဝေ ကမပျော်တဲ့ စာဆိုလို့ စိတ်တွေ ညစ်နေသလားလို့။ အဲဒီလို လျှောက်ဆိုလိုက်တော့လည်း ပေါ့သွားတာပေါ့။ မပန်ပြောတဲ့ သီချင်းလေး ဆိုတာ ကြားချင်တယ် ဟီး။

    ReplyDelete
  19. သက်ဝေရေ… သီချင်းတွေ အတူဆိုပြီး ပျော်သွားတယ်..
    နောက်ဆို ချိန်းလိုက်လေ… အတူလာဆိုပေးမယ်…
    တို့ အသံကတော့ အတော်ဆိုးတယ်…
    နောက်တခါဆို ပန်ပြောတဲ့ ကိုကြီးကို ဂစ်တာတီးခိုင်းပြီး သက်ဝေက ၁၊၂ ဆိုကြည့်ပါလား…
    သိပ်ချစ်စရာကောင်းမှာပဲ…

    ReplyDelete
  20. တူတူပဲ လင်းလဲ မပျော်တာရယ် ပျင်းတာရယ်ပေါင်းပြီး စာကိုမရေးနိုင်ဘူး

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...