Wednesday, August 5, 2009

အခုတလော...

တွေးနေမိတာက
ဒီသောကြာနေ့ ခွင့်ယူရရင် ကောင်းမလား… ဒါမှမဟုတ် MC ယူရင် ကောင်းမလား
(Monday လဲ ရုံးပိတ်ရက် ဆိုတော့ လေးရက်ဆက်တိုက် နားချင်လို့…)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တယောက်ထဲနဲ့ ရှုပ်ရှက်ကို ခတ်နေတာပဲ…

ကျန်းမာရေး









ဖြစ်နိုင်မယ်ဆိုရင် ခေါင်းကို ဒီပုံလေးထဲကလို ဖြုတ်ထားလိုက်ချင်တာပါ…
အခုတလော ခေါင်းက ခဏ ခဏကိုက်နေတယ်…

ဖတ်ဖြစ်တဲ့စာအုပ်တွေက






ရောက်နေဖြစ်တာက
မသွားမဖြစ် သွားရမယ့်နေရာတွေ…

ရေးဖြစ်နေတာက

ဘာမှ မရေးဖြစ်သလောက်ပဲ…
အခုတောင် ကိုအောင်သာငယ် Tag လို့ ရေးဖြစ်တာ..။

နားထောင်ဖြစ်နေတာက
လေးဖြူ ရဲ့ ကန္တာရ လမင်းထဲက သီချင်းတချို့…

ရွတ်နေမိတဲ့ကဗျာက
ကဗျာတွေကို ဖတ်ပဲဖတ်တတ်တယ်… ရွတ်တော့ ရွတ်မနေတတ်ဘူး။

ဖြစ်ချင်နေတာက
စိတ်မအား လူမနား အခြေအနေက လွတ်ချင်တယ်...

စားဖြစ်နေတတ်တာက
ကော်ဖီ ပေါင်မုန့် နဲ့ ပန်းသီး...

သနားနေမိတာက
ပျော်ပျော်ကြီး အနာဂတ်မဲ့နေတဲ့သူ တချို့ကို...

လွမ်းနေမိတာက
အပူအပင်ကင်းတဲ့ ကလေးဘဝ...

မေ့လျော့ပစ်နေမိတာက
စိတ်ဆန္ဒမပါပဲ မလုပ်မဖြစ် လုပ်ရမယ့်အရာတွေ...

ခါးသက်နေမိတာက
မီးမှိတ်သော်လည်း အိပ်မရတဲ့ မျက်လုံးအစုံ...

တမ်းတနေမိတာက
အဝေးတနေရာက ချစ်တဲ့ သူငယ်ချင်းတယောက်ကို…

ကြိတ်ပြီးချီးကျူးနေမိတာက
ချီးကျူးချင်ရင်တော့ ပြောင်ပဲ ချီးကျူးမိပါတယ်...

ကြိတ်ပြီးအထင်သေးနေမိတာက
ဘယ်သူ့မှ အထင်မသေးရဲပါဘူး… ကြောက်ပါတယ်...

ဆန္ဒမရှိတဲ့နေရာ
မပြောတတ်ဘူး…

ဆန္ဒရှိနေတဲ့ကိစ္စ
အောက်တိုဘာ လကုန်မှာ ရှိလာမယ့် ခရီးတခုကို သွားဖြစ်ချင်တယ်...

မုန်းတီးနေမိတာက
အနှစ်မပါတဲ့စကားတွေကို ပါးစပ်ဖျားလေးနဲ့ ပြောတတ်တဲ့သူ…

ချစ်နေတာက
ကိုယ့်ရဲ့ ကမ္ဘာလုံးလေးကို…

စိတ်ပျက်နေမိတာက
စိတ်ညစ်လွယ်တဲ့ ကိုယ့်ကိုယ်ကိုယ်…

စွဲလန်းနေမိတာက










တောင်တန်းညို ပင်လယ်ပြာ နဲ့ အဖြူရောင်တိမ်လိပ်တွေ…

လိုအပ်နေတာက
စိတ်ရော လူပါ အနားယူဖို့…

တောင်းနေမိတဲ့ဆု
ချစ်သူ ခင်သူတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ အစစ အဆင်ပြေကြပါစေ…

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
ဘာတွေလဲ… ဘာတွေလဲ… မသိတော့ဘူးကွာ… ရှုပ်နေတာပဲ…

ဝန်ခံချင်တာက
I am nothing…



အလုပ်တွေများပြီး ဘလော့ဂ်နဲ့ ဝေးနေ၊ စာရေးစရာ အတွေးစ ရှာမရတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး ရေးစရာလေးတခုကို သတိတရ Tag လာတဲ့ အကိုကြီး ကိုအောင်သာငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်...။

ချစ်သူငယ်ချင်းများဖြစ်ကြတဲ့ တန်ခူး ၊ တီတီဆွိ ၊ သိင်္ဂီ ၊ စုချစ်သူ ၊ သင်းနွယ်ဇင် နဲ့ ညီမလေး မြတ်နိုး တို့ကို ချစ်ခြင်းအားဖြင့် ဆက် Tag ပါတယ်...။ အချိန်ရရင် ရေးပေးကြနော်...။

20 comments:

  1. ငါ့ညီမ
    ခဏခဏ ခေါင်းကိုက်နေတာ ဟုတ်သေးရဲ့လား...
    ကျန်းမာရေးလည်း ဂရုစိုက်ဦးလေ...

    ရေးပေးတာ ကျေးဇူး...

    နောက်လည်း tag တွေ လာပါမယ်...း)

    ReplyDelete
  2. ရက်စက်တယ်ဗျာ

    ခေါင်းဖြတ်ထားပြန်ပြီ

    ReplyDelete
  3. မမ သက်ဝေ ရဲ့ ခုတလော ကိုသိသွားပြီ.... ဟိဟိ အရုပ်လေး သူ့ဘာသာ ကပ်ကြေး နဲ့ ခေါင်းဖြတ်နေတဲ့ ပုံကို သဘောကျတယ်...။ ဒါပေမယ့် မမ ခေါင်းကိုက်နေတယ်ဆိုလို့ စိတ်မကောင်းဘူး ။ မမ သွားချင်တဲ့ ခရီးလဲ အောင်မြင်ပါစေ.. ။

    ReplyDelete
  4. လူပေ လူတေလေးပါလား...
    ခေါင်းကိုက်နေတယ်... ဒါတောင် A to Zတွေ ၀မ်းလေဒီရှိုးလုပ်နေတယ်။
    အိပ်မပျော်ဘူး...ဒါကို ထမင်းမစားတမ်း ကော်ဖီတွေ သောက်နေတယ်။
    ကိုကြီးရေ သူဆိုးတိုင်း အလိုမလိုက်နဲ့...ကဲ မှတ်ကရော။

    ReplyDelete
  5. ရက်စက်လိုက်တာ..၀က်ဝံလေးကို..
း)

    ReplyDelete
  6. သက်ဝေရေ… ခေါင်းကိုက်တဲ့ပုံလေးက ချစ်စရာလေး… အားလုံးကို ရှုပ်နေတာပဲဆိုတာ ဟိုကောင်လေးဆိုတာ ကြားဖူးတယ်… ဒီမှာတော့ သောကြာနေ့ တကယ် mc ယူရတော့မယ်လေ… ပြန်ဖျားလို့  ခဏနေ ဆေးခန်းသွားပြရမှာ… ရေးပေးမယ်နော်… အမှတ်တရတက်ဂ်တာကျေးဇူး….

    ReplyDelete
  7. SGH မှာ ခေါင်းလဲလို့ရလား စုံစမ်းကြည့်ပါလား :)

    ReplyDelete
  8. ခေါင်းကိုက်နေရင် ဘိုက်အိုဂျက်ဆစ် ဒါမှမဟုတ် ပနဒေါသောက်လေဗျာ...
    အော် ဆရဝကတ ကိုဆရာလုပ်နေမိတယ်(ဆောရီး...

    ReplyDelete
  9. မုန်းတီးနေမိတာက
    အနှစ်မပါတဲ့စကားတွေကို ပါးစပ်ဖျားလေးနဲ့ ပြောတတ်တဲ့သူ…

    တူတယ်..

    အမခေါင်းကိုက်တာ..ဆနွင်းရှု..ခပ်ပြင်းပြင်းလေးး

    မြတ်နိုး

    ReplyDelete
  10. စိတ်ညစ်မနေပါနဲ့...
    ခေါင်း ကိုက်တာပျောက်သွားအောင်..
    အိုင်စီ ရှိုး သွားကြည့်သင့်တယ်..။။

    ReplyDelete
  11. မမ ..ကျနော့်ကို တိုက်မိသွားတယ်..

    ReplyDelete
  12. ခေါင်းကို ခဏဖြုတ်ပြီး အ၀တ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ

    ReplyDelete
  13. အရုပ်ကလေးက ချစ်စရာလေး။ သနားလည်း သနားစရာ။ အဲလိုတော့ မလုပ်ပါနဲ့ မသက်ဝေရယ်။

    ReplyDelete
  14. ဝန်ခံချင်တာချင်းတူနေတယ်...

    ReplyDelete
  15. ဒေါက်တာပန်ဒိုရာ(ခေါင်းအထူးကု)ဆီမှာ ပြကြည့်ပါလား..
    သူ့ရဲ့ အဝတ်လျှော်စက်ကုထုံးက ကောင်းမယ့်သဘောရှိတယ်...
    ဒဿဂီရိတုန်းကတော့ အဆင်ပြေတယ်ပြောတယ်..။

    ReplyDelete
  16. ရေးပြီးပြီသက်ဝေရေ… ဒီနေ့ MCယူဖြစ်လား

    ReplyDelete
  17. ဘလော့ဂ်များများ ရေးနိုင်အောင် ကျန်းမာရေး ဂရုစိုက်ပါ။

    ReplyDelete
  18. မမရဲ့ “အခုတလော”ကို ဖတ်ပြီးတာ ကြာပါပြီ.. comment ရေးမသွားခဲ့တာ.. အမရေ..ခေါင်းကိုက်နေတယ်ဆိုတော့ သတိထားပါဦးနော်.. ဖတ်ဖြစ်တဲ့စာအုပ်တွေတော့ တူနေတယ်.. ကျနော်လည်း ဂျူးဝတ္ထုတွေ ပြန်ဖတ်ဖြစ်တယ်.. :)

    စာပြန်ရေးဖို့ ကြိုးစားပါ့မယ်.. လောလောဆယ်တော့ မရေးနိုင်သေးဘူး..အမ comment လာရေးသွားတော့ အရမ်းအားနာတယ်.. :(

    ReplyDelete
  19. အဲ့ဒီ ခေါက်းကိုက်ပျောက်ဆေးလေး လိုချင်လို့ ခဏငှားပါနော့်..
    ခေါင်းမရှိတာအေးမယ် ထင်တယ်..း)

    စာလေးတွေ အေးဆေး ထပ်လာဖတ်မယ်..

    ခင်မင်တတ်တဲ့..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...