တနေ့က အိမ်ရှင်းရင်းနဲ့ ထွက်လာတဲ့ ကဗျာလေးပါ။
စက်မှုတက္ကသိုလ် ကျောင်းသူ ဘဝတုန်းက သူငယ်ချင်းတစု ခေါင်းချင်းဆိုင် ဖတ်ခဲ့ကြ… “မှန်လိုက်လေခြင်း… မှန်လိုက်လေခြင်း” ဆိုပြီး တဖွဖွ ရေရွတ်ခဲ့ကြရင်း အမှတ်တရ ကူးယူ သိမ်းဆည်းထားတဲ့ ကဗျာလေးပေါ့။ ဒီလိုပဲ တယောက် တယောက် လက်ဆင့်ကမ်းလာခဲ့တာမို့ ရေးသူနာမည်ကို မသိခဲ့ပါဘူး။ အဆောင်နေ ကျောင်းသားတစုက ရေးခဲ့တာလို့တော့ ကြားဖူးပါတယ်။ သိရင်လဲ ပြောပြသွားကြပါ။ အခု နောက်ပိုင်းခေတ်က ကလေးတွေ ဖတ်ဖူးမယ် မထင်လို့ မျှဝေပေးလိုက်ပါတယ်…။
ဖတ်ကြည့်ကြပါနော်…။
စက်မှုတက္ကသိုလ် ကျောင်းသူ ဘဝတုန်းက သူငယ်ချင်းတစု ခေါင်းချင်းဆိုင် ဖတ်ခဲ့ကြ… “မှန်လိုက်လေခြင်း… မှန်လိုက်လေခြင်း” ဆိုပြီး တဖွဖွ ရေရွတ်ခဲ့ကြရင်း အမှတ်တရ ကူးယူ သိမ်းဆည်းထားတဲ့ ကဗျာလေးပေါ့။ ဒီလိုပဲ တယောက် တယောက် လက်ဆင့်ကမ်းလာခဲ့တာမို့ ရေးသူနာမည်ကို မသိခဲ့ပါဘူး။ အဆောင်နေ ကျောင်းသားတစုက ရေးခဲ့တာလို့တော့ ကြားဖူးပါတယ်။ သိရင်လဲ ပြောပြသွားကြပါ။ အခု နောက်ပိုင်းခေတ်က ကလေးတွေ ဖတ်ဖူးမယ် မထင်လို့ မျှဝေပေးလိုက်ပါတယ်…။
ဖတ်ကြည့်ကြပါနော်…။
စွယ်တော်ရိပ်မှ အမှန်တရားများ
Limit နဲ့ Excess
Assume နဲ့ Neglect လုပ်
Efficiency တွက်ထုတ်…
Integral, Differential
Calculator သုံး
Error တွေနဲ့လုံးထွေး…
Force နဲ့ Moment
Resultant တွက်
Static, Dynamic
Equilibrium ဖြစ် မဖြစ်
Graphic တွေဆွဲ…
Iso နဲ့ Projection
Sectional ပုံထုတ်
ခုံကလှုပ် T က စုတ်
မဟုတ်ရင် သိပ်လှမှာ
ယုံလားတော့ မသိ…
C.G. နဲ့ Inertia
Sheer နဲ့ Stress
Stiffness နဲ့ Strength
Bending နဲ့ Torsion
Tension လား Compression လား
ခွဲခြားရင်း သက်ပြင်းတွေချ…
Fluid နဲ့ Thermo
Formula ကို တောင်းနဲ့ကောက်
ကြောက်စရာ လိုလို့လား
အလကားပြောတာ…
Mesh နဲ့ Nodal
KVL လား KCL လား
ယောင်ဝါးဝါးဖြစ်
Circuit ဖွင့် ပိတ်
Voltage နဲ့ Current
လန့်လို့မှ မပြီး
Zero One, One Zero
ဘယ်အညှိုးတွေလဲ…
Practical ကျကျ
လွှနဲ့ တံစဉ်း
တူကြီးကြီးနဲ့ထု
အခုမှ မဟုတ်
Workshop အလုပ်ဆိုတာ
Theory ပါ သိတယ်…
တလ နဲ့ တရက်
အအိပ်ပျက် အစားပျက်
Project ဆိုတာ
မှီအောင်သာ တင်ခဲ့ရ
ယဲ့ယဲ့သာကျန်
မှန်တာက မရှိ…
ဒီလိုနဲ့
ဘဝရဲ့ သုံးပုံ တပုံ
စာသင်ရင်း ကုန်ခဲ့
ဘွဲ့ရရင်….။
မမ ရေ...ကဗျာလေးက စက်မှုကျောင်းသားတွေ မပြောနဲ့ နောင့် တို့တောင် ဖတ်ရတာ ကျောင်းသားဘ၀ ကိုပြန်လွမ်းသွားတယ်....။ စွယ်တော်ရိပ်မှ အမှန်တရား များဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖတ်လှတယ်.။ အမှန်တွေကိုး....
ReplyDeleteဟုတ် မဖတ်ဖူးပါဘူးခင်ဗျ ဝေမျှပေးတာ ကျေးဇူးပါဗျ
ReplyDelete:)
ReplyDeleteMN
အင်ဂျင်နီယာဆိုတာ .. assume နဲ့ neglect ပိုင်ရင် အင်ဂျင်နီယာပဲတဲ့...
ReplyDeleteဒါကတော့ ကိုယ့်ဘာသာကိုယ် ပြောကြတာပါ..။ ဟီး
ဆရာဝန်တယောက်ကြောင့် လူတယောက်ပဲ ဆေးထိုးမှားရင်သေနိုင်ပေမဲ့ civil အင်ဂျင်နီယာတယောက်က လူ့အသက်ပေါင်းများစွာကို သေစေနိုင်တယ်တဲ့..။
ဆရာတို့ရဲ့ ဆုံးမစကားပါ...
မြတ်နိုး
ဟိုက် အဲဒါတွေ သင်တဲ့နေ့က ကျောင်း မတက်ဖြစ်ဘူးလား မသိဘူး။ ဘာမှ မသိပါလား။
ReplyDeleteဟီးဟီး
:D
01 10 တွေ ရေးချနေတုန်း အံ့သြတဲ့ မျက်လုံးနဲ့ လူတယောက်က လာကြည့်တယ်...ကိုယ့်ဖာကိုယ်တော့ ငါကွ..ကြိုးစားထားပေါ့...(သူကတော့ သွားရှာပြီး ဆိုပြီး ကြည့်နေတာ)
ReplyDeleteနားမလည်တာတွေလာဖတ်သွားတယ်။. ကိုကို အင်ဂျင်နီယာ ကျောင်း တက်တုံးကသူ့ကျောင်းစာတွေ ကူးပေးဘူးတယ်။မအောင်မြင်ဘူး.ဘာတွေ ရေးထားမှန်းမသိတာနဲ့ အာလဖာတွေါဖဘီတာတွေ စကွဲတွေ. ဂဏန်းတွေ..
ReplyDeleteမတိဝူး။ ဖတ်သွားတယ်။
ReplyDeleteမမသီတာ ရေးတာဖတ်ပြီးမှ တခု သတိရမိသေးတယ်။
ReplyDeleteData Com. ဖြေတဲ့တစ်နေ့ပေါ့။ မေးခွန်းစာရွက်မှာ decode လုပ်ရမဲ့ bit stream ကြီး တစ်ခု ကျန်ခဲ့တော့ အတန်းရှေ့က black board မှာ အခန်းစောင့်ဆရာက ရေးပေးတယ်။ သိတဲ့အတိုင်း 0 နဲ့ 1 တွေချည်း။ အတူဖြေတဲ့ civil တွေ ဟားဟားဟား လုပ်တယ်။
တောက် !
ma
ReplyDeletethanks for your sharing.I miss my university after reading this post.Now,I try to get proficency in assuming and neglecting skill in QS field.....Ha Ha....
သက်ဝေရေ... ကဗျာလေးဖတ်ပြီး လွမ်းသွားတယ်... အရှည်ကြီး တနင့်တပိုးကြီး လွမ်းသွားတာ... သူငယ်ချင်းတယောက် မျက်လုံးလေးလှလှလေးခြယ်သထားတာ workshopမှာ သံထည်ကို မီးအပူပေးတော့ ချွေးလေးတွေက ကာလာစုံလေးတွေကျလာတာ သတိသွားရမိတယ်...
ReplyDeleteမသက်ဝေကတော့ သူတစ်ယောက်တည်း လွမ်းလို့ အားမရ သူများတို့ကိုပါ လွမ်းအောင်လုပ်နေပြီ... :D အားလုံးသတိရပါတယ်။ စာတွေကလွဲလို့ ... အတန်းထဲမှာ ဆရာစာသင်တာ စိတ်မ၀င်စားပဲ သူနဲ TT တို့ အတန်းထဲက လူတွေနားရွက်တွေချည်းလိုက်ကြည့်ပြီး တခွိခွိရယ်ကြတာ ... သူများတို့တဖွဲ့လုံးပါ လိုက်ရယ်မိကြတာ ... သတိရတယ် ...
ReplyDelete်မမရေ ဖတ်ဖူးဘူးဗျ. ပရင့်ထုတ်ထားပီး အိမ်မှာကပ်ထားမယ်...
ReplyDeleteနောင့်... ဟုတ်ပ လွမ်းစရာ...
ReplyDeleteရွာသားလေးနဲ့ ပုလုကွေး... မဖတ်ဖူးဘူး ဆိုတာ ကျွန်တော်တို့က ငယ်ပါသေးတယ် လို့ သွယ်ဝိုက်ပြောသွားတာ ဟုတ်... သိတယ်နော်...
မြတ်နိုး... ဒီစကားနဲ့ ကိုယ် သူ့ကို အနိုင်လုနေကျ...
ရီတာ မသီတာ... 0 1, 1 0, 1 0, 0 1.. ဟီဟိ
မမခင်ဦးမေ ပန်ပန်... မသိပေမယ့် လာဖတ်သွားတာ ကျေးဇူး...
ယု... Assume & Neglect ကတော့ ပိုင်ပါတယ်လေ နော်... ခုထိအောင် အသုံးကျနေဆဲ...
တန်ခူး... ကျောင်းတက်တုန်းက အကြောင်းတွေ တွေးမိရင် တကယ်ကိုပဲ သတိရ လွမ်းဆွတ်မိပါတယ်...
ဆွိရေ... ရှင်က တော်တော်မှတ်မိတာပဲ.. နားရွက်တွေ ကြည့်ပြီး ရယ်တဲ့အကြောင်းကို ကိုယ်တောင် မေ့နေပြီ... ရယ်ကြတာကတော့ ပြောမနေနဲ့... TT နဲ့ တို့နဲ့ နှစ်ယောက်ပေါင်းမိရင် မရှိ ရှိတာကို ကြံဖန်ပြီး ရယ်ကြတာ အခုထက်ပဲ...
စာတွေကလွဲလို့ အားလုံးသတိရတယ်ဆိုတဲ့ စကားကတော့ အမိုက်ဆုံးပဲ... :-P
လွမ်းစရာပါလား သက်ဝေရယ်.. တို့တွေလည်း မသေချာတဲ့ လောကကြီးထဲ ၀င်ဖို့ assume လုပ်လိုက် neglect လုပ်လိုက်.. trial and error တွေနဲ့ စမ်းကြည့်လိုက်နဲ့..ကျောင်းတော်ကြီးက သင်ပေးလိုက်တာကိုး။ ဟဲဟဲ။ black smith workshop တုန်းက နီနီရဲရဲ သံတုံးကို ပုဆိုးနဲ့ ခံပြီး ဖမ်းလိုက်တဲ့ တယောက်လည်း ဘယ်နေရာမှာ အင်ဂျင်နီယာဖြစ်နေပြီလဲ မသိ။ ကိုယ့် သံတုံး မီးစားသွားလို့ သူများ သံတုံးခပ်တည်တည်ယူသွားတဲ့ တယောက်လည်း တော်တော် အရာရောက်လောက်ပြီ။
ReplyDeleteလွမ်း၏ လွမ်း၏..