Thursday, March 11, 2010

မငြိမ်းသောမီး


မျှော်ကာလွမ်းမိတဲ့ ညဘက်ဆို တေး ရေးချင်ရေး... ဆိုချင်ဆို...
ဒါပေမယ့် စပ်ခဲ့တဲ့ တေးသွားပိုဒ်တွေ မချို...
ရင်ခွင်ကြား မှေးစက် ခွဲထွက်ဖို့ အဆုံး မုန်းချင်မုန်း... စိမ်းချင်စိမ်း...
ဒါပေမယ့် ညှိခဲ့တဲ့ မီးစ အချစ်ဟာ မငြိမ်း...
.......
.....


21 comments:

  1. အင်း မငြိမ်းသောမီး မငြိမ်းသောမီး တော်တော် ကြောက်စရာကောင်းပါလား

    ReplyDelete
  2. အချစ်မီးတွေ တောက်လောင်နေတယ်ပေါ့။
    ခစ်ခစ်ခစ် ။ :)


    မအယ်

    ReplyDelete
  3. အဲဒီသီချင်းအရမ်းကြိုက်တာ သံစဉ်တွေရောပဲ။

    ReplyDelete
  4. မီးဘေးရှောင် မလောင်ခင်တား ပါ..ခင်ဗျာ


    ခမမ

    ReplyDelete
  5. ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ

    ReplyDelete
  6. တို့ရဲ့အချစ်ဟာလေ..
    မပြောင်းလဲတတ်ပါဘူး...
    အချစ်ရဲ့အဓိပ္ပါယ်မှာ..
    အတူနေရမှ..
    မင်းကို...ချစ်မယ်လို့များ..
    သြော်...
    ထင်မြင်နေသလား...






    ပေါက်

    ReplyDelete
  7. ဒီကကမ်းလိုက်တဲ့..တို့လက်ကိုမင်း..ဆုပ်ချင်ဆုပ်..
    ပုပ်ချင်ပုပ်...
    ဒါပေမယ့်..လှမ်းခဲ့တဲ့တို့ရဲ့လက်ကိုမရုတ်..
    ရင်ခွင်ကြားစေ့စပ်..ပွဲပျက်တဲ့အဆုံး..
    ရှိုက်လိုရှိုက်..ပြုံးချင်ပြုံး...
    ဒါပေမယ့်..လွမ်းတတ်တဲ့တို့ရဲ့ဘက်ကမမုန်း..

    တို့ရဲ့အချစ်မှာလေ..
    မစိမ်းကားတတ်ပါဘူး..
    အချစ်ရဲ့အဘိဓမ္မာမှာ..
    ပိုင်ဆိုင်ရမှ..မင်းကိုချစ်မယ်လို့များ..
    သြော်...တွေးထင်နေသလား..


    မျှော်ကာလွမ်းမိတဲ့ညဖက်ဆို..တေး.ရေးချင်ရေး..ဆိုချင်ဆို...
    ဒါပေမယ့်..
    စပ်ခဲ့တဲ့တေးသွားပိုဒ်တွေ..မချို..


    ရင်ခွင်ကြားမှေးစက်..ခွဲထွက်ဖို့အဆုံး
    မုန်းချင်မုန်း..စိမ်းချင်စိမ်း..
    ဒါပေမယ့်..
    ငြိခဲ့တဲ့မီးစအချစ်က..မငြိမ်း...

    တို့ရဲ့အချစ်ဟာလေ..
    မပြောင်းလဲတတ်ပါဘူး...
    အချစ်ရဲ့အဓိပ္ပါယ်မှာ..
    အတူနေရမှ..မင်းကိုချစ်မယ်လို့များ...
    သြော်..
    ထင်မြင်နေသလား..

    တို့ရဲ့အချစ်ဟာလေ..
    မယိမ်းနွဲ့တတ်ပါဘူး..
    မင်းရဲ့အမုန်းတွေကြောင့်..
    ဖြူစင်ရာက..စွန်းထင်းသွားမယ်လို့များ...
    သြော်..
    ထင်နေသလား..







    ဒီသီချင်းနားမထောင်ဖြစ်တာ၁၀။နှစ်လောက်ရှိရော့မယ်..
    ကျေးဇူး..



    ပေါက်

    ReplyDelete
  8. I like Khin Maung Toe's songs so much.

    BINO

    ReplyDelete
  9. ဒီမှာလည်း မေဆွိ သီချင်းတပုဒ်တင်ချင်လို့ youtube မှာ မနေ့က တနေကုန်ရှာတာမတွေ့လို့

    မငြိမ်းသောမီးတဲ့ လား...
    ကြိုက်စ်
    ကျေးစ်

    ReplyDelete
  10. ရွှေစင်၊ မအယ်၊ အပြုံးပန်း၊ ခမမ၊ Hmoo၊ ပေါက်၊ Ko Bino၊ မသီတာ တို့ရယ် သီချင်းလာနားထောင်ကြသူများ အားလုံးရယ်ကို ကျေးဇူးအများကြီးတင်ပါတယ်...း))

    ReplyDelete
  11. ရွှေပြည်ပြန်ခဲ့ဗျာ မီးတွေ အမြဲငြိမ်းစေရမယ်

    တရားစခန်းဝင်ခိုင်းမလို့ပါ တလွဲမတွေးနဲ့နော်



    ခင်တဲ့
    seesein

    ReplyDelete
  12. ဟယ်...အဲဒီ မငြိမ်းသောမီး ဆိုတာကြီးကို ရွာပြန်ပို့လိုက်ရင် အတော် အဖိုးတန်မကွယ်....:))

    ReplyDelete
  13. စည်းစိမ် (စာလုံးပေါင်း မှန်ရဲ့လား မသိ...) လာလည်တာ ကျေးဇူးတင်လိုက်တာ... နောက်လဲ လာလည်နော်...

    ချစ်ကြည်... ကောင်းကောင်းနေနော်...း))

    ReplyDelete
  14. သီချင်းလာနားထောင်ပါတယ်...
    သီချင်းနဲ့ ပုံလေးနဲ့ တကယ် လိုက်ဖက်ပါတယ်...

    ReplyDelete
  15. ခင်မောင်တိုးသီချင်းတွေထဲမှာ အဲဒီ သီချင်းလေး ကို အကြိုက်ဆုံးပါ...
    ကျေးဇူး..

    ReplyDelete
  16. ပုံလေးသိပ်လှတာပဲအစ်မ.. သင်ပေးပါး)

    ReplyDelete
  17. သီချင်းကို ပထမတခေါက် နားထောင်တော့ သိပ်နားမလည်မမိဘူး။

    ဒုတိယတခေါက်နဲ့ တတိယတခေါက် သေသေချာချာ နားထောာင်တော့ နားလည်သွားတဲ့အပြင် ကြုံခဲ့ရတဲ့ ကိုယ့်အတွေ့အကြုံနဲ့လဲ တိုက်ဆိုင်မှု့ရှိလို့ ခံစားမိ ပြန်တွေးမိပြီး သီချင်းနားထောင်ရင်း မျက်ရည်ဝဲမိတယ်။

    ချစ်ခြင်းဟာ နက်နဲ မှန်ကန်ရင် ဘာကြောင့်ပဲ ဝေးကွာခဲ့ပါစေ အရာတွေ အချိန်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ညှိခဲ့တဲ့ မီးစ အချစ်ဟာ ဘယ်တော့မှ မငြိမ်းဘူးနော်။

    သီချင်းကို ခံစားချက်နဲ့ ပြန်နားထောင်ဖို့ ယူသွားပါတယ်။

    Thanks ever so much!!!

    SMNTL

    ReplyDelete
  18. လက်စွမ်းတွေပြ..နေတယ်. ဝေးဝေးရှောင်နေမှ

    ReplyDelete
  19. ပျောက်နေတယ်ထင်တာ..

    ReplyDelete
  20. သီချင်းလာနားထောင်ကြသူများ ဓါတ်ပုံကြည့်ကြသူများနဲ့ အတူတူ မှတ်ချက်များ ရေးသွားကြတဲ့ မြတ်၊ စာဖတ်သူ ၊ ရွှမ်းမီ ၊ နန္ဒာ နဲ့ မမခင်ဦးမေတို့ ကို ကျေးဇူးတင်ပါတယ်...

    ReplyDelete
  21. နွေးနေခြည်March 22, 2010 at 3:33 PM

    မမသက်ဝေ.. ဓာတ်ပုံလေးလှတယ်။
    အဲဒါကိုမီးထွန်းထားရင် အနံ့ထွက်တဲ့ အိုးကြီးလားဟင်... တခါ အသိတယောက် ခဏလာပေးထားဖူးတာနဲ့ တူလို့း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...