ဒီပိုစ့်ကို ဆေးရောင်စုံ လို့ နာမည်ပေးရခြင်း အကြောင်းရင်းကတော့ တခုနဲ့ တခု သိပ် အဆက်အစပ် မရှိလှတဲ့ အကြောင်းအရာတွေကို စုပေါင်းပြီး ရေးပြမှာမို့ပါ။
အခု ပထမဆုံးအနေနဲ့… အရေးကြီးတဲ့ စားစရာ အကြောင်းက အရင် စလိုက်ကြရအောင်နော်…။ ဟိုတနေ့က ရေးခဲ့တဲ့ အချဉ်ထည့်ခြင်း ပိုစ့်မှာ ညီမလေး နုစံက သူ့ မေမေလုပ်နေကျ အချဉ်ရည် ဖျော်နည်းကို အီးမေးလ်ပို့ပြီး ပေးမယ်လို့ ဆိုလာပါတယ်…။ ဒါကို နောက် ကော်မန့်ပိုင်ရှင် တယောက်က ဖြစ်နိုင်ရင် မနုစံ ရဲ့ အချဉ်ရည် recipe ကို ဒီနေရာမှာပဲ ဝေမျှပါလို့ ပြောလာပါတယ်…။ ဒီတော့ ညီမနုစံက အဲဒီ အချဉ်လုပ်နည်းကို အီးမေးလ်နဲ့ ပို့လာတုန်းမှာ အဲဒါကို Share လို့ရပါသလားလို့ တခါတည်း မေးလိုက်ပါတယ်။ ဒီတော့ သူက ရပါတယ် ဆိုလို့ အခုလို ပြန်ဝေမျှလိုက်ပါတယ်..။
အသုပ်ထဲ ထည့်တဲ့ အချဉ်ရည်ဖျော်နည်း
မန်ကျည်းသီးကို ထန်းလျက် နဲနဲနဲ့ ရေစိမ်ထားလိုက်ပါ။ အချဉ်ဖျော်တဲ့အပေါ် မူတည်ပြီး ထန်းလျက်ကို ထည့်ပါ။ ပုံမှန်အရွယ် ထန်းလျက် ၂ လုံး ၃ လုံးလောက်ဆို ရပါပြီ။ ငရုတ်သီးမှုန့် အရောင်တင်မှုန့် နဲနဲကို ပန်းကန်လုံးထဲထည့်ပြီး ကျက်ပြီးသား ဆီပူပူ ထမင်းစားဇွန်း ၂ ဇွန်း ၃ ဇွန်းလောက် လောင်းထည့်ပြီး မွှေလိုက်ပါ။ အမှန်က ငရုတ်သီးမှုန့်ကို ဆီသတ်ဖို့ပါ။ ဒါပေမယ့် အမှုန့်က အလွယ်တကူ မီးကျွမ်းလွယ်တတ်ပြီး အညှော်နံ့ကို လည်း ကြောက်ရသောကြောင့် ဤနည်းဖြင့် ငရုတ်သီး ဆီသတ်လိုက်ခြင်းပါ…။
မန်ကျည်းရည် အဖတ်စစ်ပြီးသားထဲကို ငရုတ်ဆီ (အနီရောင် chili sauce) ထည့်ပြီး ရောဖျော်ပါ။ အငန်အတွက် ငံပြာရည် အနည်းငယ် နှင့် အချဉ်လိုလျှင် ရှာလကာရည် အနည်းငယ် ထည့်ပါ။ အပေါ့ အငန် မြည်းပြီး လိုအပ်ပါက ဆားအနည်းငယ်၊ အချိုမှုန့်စားပါက အချိုမှုန့် အနည်းငယ် ထည့်ပါ။ နောက်ဆုံး ထောင်းထားသော ကြက်သွန်ဖြူအနည်းငယ် ထည့်ပါ။
အချဉ်ရည်မှာ ငရုတ်သီး ဆီသတ်ရော ငရုတ်ဆီရော ထည့်ထားသောကြောင့် ခပ်ပျစ်ပျစ်နှင့် အရသာလဲ ကောင်းမွန်ပါသည်။ ခေါက်ဆွဲသုပ်၊ အစုံသုပ်၊ ဘူးသီးကြော်သုပ်၊ ပဲပြားသုပ် စသည်တို့တွင် တခါတည်း ထည့်ပြီး သုပ်ပါက အရသာရှိပြီး ဖြစ်သောကြောင့် အခြား ငန်ပြာရည် ဆား အချိုမှုန့် တို့ ထပ်ထည့်ရန် မလိုတော့ပါ။
အစပ်လိုလျှင် ငြုတ်သီးမှုန့် ထပ်ထည့်နိုင်ပါသည်… သို့သော် ဆေးလေးပါ ဆောင်ထားကြစေချင်ပါသည်.. တဲ့…။ ကဲ… စမ်းကြည့်ကြပါနော်…။ အခုလို မျှဝေပေးတဲ့ ညီမလေး နုစံကို မမတို့ ဘလော့ဂ်အသံက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒုတိယတခုက ကိုယ်ရေးခဲ့တဲ့ မျှော်လင့်သော တို့ရဲ့ လက်တွေတွဲထား… ပိုစ့်မှာ ညီမလေး ရေးခဲ့တဲ့ ကော်မန့်ထဲက ဖန်တွတွ ဆိုတဲ့ စကားလုံးလေးနဲ့ ပတ်သက်လို့ အဲဒီ စကားလုံးရဲ့ မူလ အရင်း အမြစ်ကို သူက မေးလ်နဲ့ ပို့ပြီး ပြန်ရှင်းပြထားပေးပါတယ်…။ စာရေးဆရာ နန္ဒာသိန်းဇံရဲ့ တွေးချိန်ချင့်စရာ ဆိုတဲ့ စာအုပ်ထဲကပါ။ ဖတ်ရတာ တကယ်ကို သဘောကျစရာ ကောင်းပါတယ်။ ဖတ်ဖူးတဲ့သူများ ရှိနိုင်သလို မဖတ်ဖူးသေးတဲ့ သူများလဲ ရှိနေနိုင်တာကြောင့် သူ ပို့ပေးလာတဲ့ Scanned Document လေးတွေ အတိုင်း ပြန်တင်ပေးလိုက်ပါတယ်…။ အခုလို မျှဝေပေးတဲ့ ချစ်စရာ ညီမလေးကိုလဲ မမတို့ ဘလော့ဂ်အသံက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

နောက်တခုက ဒီဘလော့ဂ်လေးနဲ့ ပတ်သက်ပြီး ရင်းနှီး သိကျွမ်း ခင်မင်လာရတဲ့ သူငယ်ချင်း မိတ်ဆွေတွေဆီက ရောက်လာခဲ့တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်စကားပါ။

ဆရာမ မကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ် ရယ်၊ မကြည်အေးရဲ့ ကဗျာများရယ်… အဲဒီ စာအုပ် နှစ်အုပ်အတွက် ကျေးဇူးတင်ရမယ့်သူက တယောက်၊ ကိုယ်ကြိုက်တယ်လို့ ပြောခဲ့ဖူးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ The Last Song စာအုပ်ကို ထွက်ထွက်ချင်းမှာ စာအုပ်တန်ဖိုးနဲ့ ပို့ခ ဆတူလောက် ရှိတဲ့ နေရာကနေ သတိတရ ပို့ပေးခဲ့လို့ ကျေးဇူးတင်ရမယ့်သူက တယောက် နဲ့ Nicolas Sparks ရဲ့ Dear John စာအုပ် အတွက် ကျေးဇူးတင်ရမယ့်သူ နောက်တယောက် ပါ။ ကိုယ် အမြတ်တနိုး ဖတ်ရှုပြီး အမြဲတမ်း သိမ်းဆည်းထားချင်တဲ့ စာအုပ်တွေမို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်…။

နောက်တခုက အညိုရောင် ပန်းအိုးလေးထဲက သစ်ပင် စိမ်းစိမ်းလေးတခုရယ်၊ ပန်းရောင် စာရွက်ဖိတဲ့ ချစ်စရာ ဖန်လုံးလေးရယ် အတွက် ကျေးဇူးတင်ရမယ့်သူ တယောက် နဲ့ ချစ်စရာ အကျီ အနက်ရောင်လေး တထည်အတွက် ကျေးဇူးတင်ရမယ့်သူ တယောက်လဲ ရှိပါသေးတယ်…။ လက်ဆောင်ပေးလိုက်တဲ့ သူတို့ နှစ်ယောက်ကိုသာမက စိတ်ရှည်လက်ရှည် သယ်လာပေးတဲ့ လူကြုံနှစ်ယောက်ကိုပါ တပါတည်း ကျေးဇူးတင်ချင်ပါတယ်…။
နောက်တခုက ကိုယ့်ရဲ့ပိုစ့်တွေကို လာဖတ်ရင်း အိတ်တွေ ကြိုက်မှန်းသိလို့ အဝေးတနေရာကနေ ပို့လာတဲ့ အညိုရောင် အိတ်လှလှလေးတခု အတွက် ကျေးဇူးတင်စကားပါ။ မွေးနေ့ရက် အလွန်လေးမှာ ရောက်လာပေမယ့် အခုမှ ကျေးဇူးတင်ကြောင်းပြောရတဲ့ အတွက် ဆောရီးပါနော်…။ အိတ်ကလေးကို ချစ်လို့ ခုထိ မကိုင်ရသေးဘူး… အလှကြည့်ထားတုန်းပဲ…။ (ဓါတ်ပုံတော့ မရိုက်ပြတော့ဘူး… တော်ကြာ သူများတွေ လာဝိုင်းလုနေကြမှာစိုးလို့…)
အဲ... နောက်ဆုံးတခုကတော့ ညနေ ရုံးကပြန်ရောက်ပြီး ရေချိုးပြီးရင် သနပ်ခါး အထူကြီးလိမ်းပြီး ညကြီး အချိန်မတော်မှာ သရဲချော ချောနေတတ်တဲ့ ကိုယ့်အတွက် လက်ဆောင်ဝယ်လာတဲ့ သနပ်ခါးတုံးအတွက် ကျေးဇူးတင် စကားပါ။ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ရနေကျမဟုတ်တဲ့ လက်ဆောင်မျိုးမို့ သဘောတွေကျပြီး ပြုံးနေမိတာ…။ (အဲ… သနပ်ခါးတုံးပုံလဲ ဓါတ်ပုံ ရိုက်မပြတော့ဘူးနော်… သနပ်ခါးတုံးက တော်တော်လေး ကြီးနေလေတော့ တော်ကြာ ထက်ခြမ်း ခြမ်းပေးပါလို့ ဝေစုလာခွဲနေမှဖြင့်…)
အခုဆို ကိုယ့်ရဲ့ ဆေးရောင်စုံ ပိုစ့်လေးမှာ ညီမ နုစံဆီက အချဉ်ရည်လုပ်တဲ့ နည်းရယ်၊ ညီမလေး ဆီက ဖန်တွတွ နောက်ဆက်တွဲရယ်၊ သူငယ်ချင်းမိတ်ဆွေ အတွက် ကျေးဇူးတင်စကားတွေရယ်၊ ဓါတ်ပုံလေးတွေရယ်နဲ့ တော်တော်လေး အရောင်စုံသွားပါပြီ…။ နောင်ကိုလဲ ကြုံရင် ကြုံသလို အခုလို ဆေးရောင်စုံ ပိုစ့်လေးတွေ ရေးပါအုံးမယ်…။

ဖတ်တယ်ဟေ့.. ဖတ်တယ်ဟ။ :)
ReplyDeleteအယ်..ဒီဘလော့ဂါ.. မျက်နှာပွင့်ဆေး များ သောက်ထားလားမသိ..း)
ReplyDeleteသူများတွေ ပေးသလို မသက်ဝေ ကို မပေးနိုင်တဲ့ အတွက် ကျေးဇူးမတင်ဘဲတော့ မနေနဲ့နော် ကျနော် က မန့်ပေးခဲ့ တယ်
ReplyDeleteစတာပါဗျာ
ခင်တဲ့
ရွှေစင်
မသက်ဝေရဲ့ ဆေးရောင်စုံတွေကို
ReplyDeleteအားကျ ငေးမောသွားပါတယ်....
သနပ်ခါးတုံးဆိုဒ်ကို မှန်းကြည့်နေမိတယ်...
စိတ်ဆိုးမှာစိုးလို့ ဝေစုမခွဲတော့ဘူးနော်....
နှင်းနဲ့မာယာ
လက်ဆောင်တွေ လက်ဆောင်တွေ
ReplyDeleteမိုက်ကြေးလာခွဲမှပဲ
လုချင်တယ်။
ReplyDelete့ပျော်ရွင်တဲ့နေ့များဖြစ်ပါစေလို့။
အချည်ရည် ဖျော်နည်းတော့ ယူသွားပြီ။ ကျွန်မက သံပုရာသီး (သို့) ရှာလကာရည်နဲ့ပဲ ဖျော်စားတာများတယ်။ မန်ကျည်းသီးနဲ့ သိပ်မဖျော်စားဘူး။ မန်ကျည်းသီးကို အချဉ်ဟင်းအတွက်နဲ့ ဆီပျံဟင်းတွေထဲကို မာဆလာမအုပ်ခင် ဆန်းထည့်ဖို့အတွက်ပဲ သုံးပါတယ်။ ကျွန်မက ပုဇွန်တို့ ကင်းမွန်တို့ကို မီးနဲ့တည်ပြီး ထမင်းမပါဟင်းမပါ ဒီအတိုင်း အချဉ်ရည်နဲ့ တို့စားတာ သိပ်ကြိုက်တယ်။ ဒီတခါ မန်ကျည်းရည်နဲ့ အချည်ဖျော်ပြီး တို့စားကြည့်မယ်နော့်။
ReplyDeleteThanks heaps Ma Thet Wai and Ma Nu San
ReplyDeleteဆေးရောင်စုံဆိုတဲ့အတိုင်း အရောင်လေးတွေ စုံနေတာပဲ...
ReplyDeleteပျော်စရာကြီး...
း))
ReplyDeleteညီမလေးရေ... ကျေးဇူးပါ...
ReplyDeleteဒီပိုစ့်ကို အမ ညထဲက တင်ထားတာ...
အရှေ့က Comment တွေက
Comment Moderation မှာ ဘာမှားနေလဲ မသိဘူး အကုန်ပျောက်ကုန်တယ်...
Mail ထဲကို ဝင်မလာဘူး...း((
အချည်ဖျော်နည်းလေး မှတ်သွားပါတယ်။ ဆေးရောင်စုံကတော့ များများခြယ်ပါ...ဘလော့အသံက ကျေးဇူးတင်ပါသည်။း))
ReplyDeleteHello... Hello...
ReplyDeleteTesting... 1... 2... 3... :P
ဟီဟိ.... ကျေးဇူးအတင်ခံရတဲ့သူတွေအထဲ နေရင်းထိုင်ရင်း ပါသွားတယ်။ ကြိုက်ရင်ပီးတာပါပဲ။
ReplyDeleteကျေးဇူး တီတီဝေ ဘွားဇ်......း)))
ဒီလိုတော့ ဘယ်ရမလဲ
ReplyDeleteဘလော့ဂ်ဂါသူငယ်ချင်းတွေကို ချက်ကြွေးဖို့ အကြံနဲ့ ပေးထားတဲ့ အိုးအကြီးကြီးလေ
ထုတ် ထုတ် အခုထုတ်ပြီး
ကျေးဇူးတင်လိုက်စမ်းဘာာာ
ပုံ
အမေ့ မခံနိုင်သူတဦး
အို ဒီဘလော့ဂ်ဂါ သိတ်ပြီး Face-Flower-Open တာပဲ...:) ညှင်း ဟင်းဟင်းဟင်း....:)
ReplyDeleteအစ်မကို လက်ဆောင်ပေးတဲ့သူတွေ များနေပြီဆိုတော့ ကွန်မန့်ပဲ ပေးခဲ့တော့မယ်နော်...နော်။ :P
ReplyDeleteအချဉ်လုပ်နည်းရော၊ ဖန်တွတွအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့တကွ ဇွန်မဖတ်ဘူးသေးတဲ့ ဆရာနန္ဒသိန်းဇံစာအတွက်ရော ပြန်လည်ဝေမျှပေးတဲ့ အစ်မသက်ဝေကို ကျေးဇူးအထူး တင်ပါတယ်။း)
last songပါ ဂျီးတော်သက်ဝေ
ReplyDeleteမိုက်တယ် မမ၊ အများကြီးပါပဲလား။ အကုန်လုံး မေတ္တာတွေနဲ့ ပေးကြတာဆိုတော့ အဖိုးမဖြတ်နိုင်ဘူးပေါ့။
ReplyDeleteသစ်ပင်စိမ်းစိမ်းလေးကလဲ ချစ်စရာ..။
အန်တီသက်ဝေ ညက်နှာ ပွင့်ချက်တော့ ... ပိုနေရင် များတို့ဖက်လဲ ပစ်လိုက်ဦးနော် ... အို ဒီကစောင့်ဖမ်းနေသူ ... ဟီဟိ
ReplyDeleteဪ...တော်တော်လေးစီးပွါးတက်နေပြီဘဲ... :)
ReplyDelete