Tuesday, January 11, 2011

၁၁-၁-၁၁


ယခုနှစ် ၂၀၁၁ ခုနှစ်တွင် အထူးတလည် ကျော်ကြားသော နေ့စွဲ နှစ်ခုရှိသည်။ သူတို့အပြောအရတော့ (Hot Wedding Date) ဟူ၏။ ထိုရက်နှစ်ရက်မှာ ဇန္နဝါရီလ ၁၁ ရက် နှင့် နိုဝင်ဘာလ ၂၀ ရက် တို့ ဖြစ်ကြသည်။ ဇန္နဝါရီလ ၁၁ ရက်ကို ရေးလိုက်သောအခါ ၁၁-၁-၁၁ ဟု တွေ့ရပြီး နိုဝင်ဘာ ၂၀ ရက်ကို ရေးလိုက်သောအခါ ၂၀-၁၁-၂၀၁၁ ဟု တွေ့မြင်ကြရသည်။ နံပါတ်များကို ရေးရတာ လှသောကြောင့် ပေါ်ပြူလာ ဖြစ်သည်ဟု ယူဆမိသည်။ ထိုနှစ်ရက်သည် အထူးသဖြင့်တော့ မင်္ဂလာဆောင်မည့်သူများအတွက် ထူးခြားသောနေ့၊ Auspicious ဖြစ်သောနေ့၊ Luck ကောင်းသောနေ့များဟုလည်း ဆိုကြ၏။

သည်နေ့က ၁၁-၁-၁၁…
တစ်ဂဏန်း ငါးလုံးတို့ စုဝေးရာ နေ့တနေ့ ဖြစ်သည်။ ၎င်း တစ်ဂဏန်း ငါးလုံးကို (သင်္ချာတွက်စက်၏ အကူအညီဖြင့်) ပေါင်းကြည့်လိုက်သောအခါ အဖြေကား ၅ ဖြစ်၏။ သည်ကလူအများ၏ အပြောအရ ငါး ဂဏန်းသည်လည်း အတော်ကောင်းသော ဂဏန်း ဖြစ်သည်။ (မှတ်ချက် ။ ။ ငါး ဂဏန်း = Fish Crab မဟုတ်ပါ)။ ထို ၁၁-၁-၁၁ တစ် ငါးလုံးနေ့မှာ လက်ထပ်မင်္ဂလာဆောင်နှင်းမည့် စုံတွဲများ ROM တွင် ကြက်ပျံမကျ စည်ကားနေကြောင်း သတင်းမှာ တွေ့မြင် ကြားသိရသည်။

ထို တစ် ငါးလုံးနေ့... ၁၁-၁-၁၁ နေ့မှာ ရုံးမှ ခွင့်ယူထားသည်။ သူ့ကိုလည်း ခွင့်ယူဖို့ ပြောထားသည်။ သို့သော် ROM မှာ မင်္ဂလာ သွားဆောင်ရန်တော့ မဟုတ်ပါချေ။

မနက်ကို အိပ်ရာမှ စောစောထမည်။ ဘုရားမှာ ပန်း ဆီမီး ရေချမ်း ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ် အစရှိသည်တို့ကို ကပ်လှူပူဇော်၍ ဘုရားကန်တော့မည်။ ဖေဖေ မေမေတို့ကိုပါ အာရုံပြု၍ ကန်တော့မည်။ ပြီးတော့ စောစောစီးစီး သူတို့ကို ဖုန်းဆက်နှိုး၍ ချိုသာစကားများ ပြောဆိုမည်။ တဆက်တည်းမှာ ဒီနှစ် ဘာလက်ဆောင်ပေးမှာလဲ… ဟု ချစ်စဖွယ် မေးလိုက်အုံးမည်။ ဒီတခေါက် ပြန်လာရင် သမီးကြိုက်တာ ဝယ်ပေးမယ် ဘာယူမလဲ စဉ်းစားထား… ဟူသော အဖြေမျိုး ရလျှင်တော့ အလွန်ပျော်သွားမှာ အသေအချာ…။

ဒါတွေပြီးရင်တော့ သူနှင့်အတူ ဟိုဟိုဒီဒီ လျှောက်သွားဖို့ စဉ်းစားထားသည်။ သူ့အပြောအရကတော့ ဒီနေ့ အထင်ကရ နေရာအတော်များများမှာ လူများမည်၊ စားသောက်ဆိုင်များတွင်လည်း လူကြပ်မည် တဲ့…။ ဒါဆိုလည်း ဘယ်နေရာတွေမှာ လူတွေများပြီး ဘယ်ဆိုင်တွေမှာ လူတွေ ကြပ်သလဲ လျှောက်ကြည့်ကြတာပေါ့… ဟု ပြောလိုက်သည်။ နည်းနည်းမှတော့ မလျှော့…။ ဒီနေ့မှာ တခုခု အလိုမကျ ဖြစ်လာပါက မွေးနေ့ရှင် စိတ်ညစ်အောင် မလုပ်နဲ့နော် ဟူသော စကားဖြင့် ခြိမ်းခြောက်ရမည်။ ထိုသို့ ခြိမ်းခြောက်ရန် အခွင့်အရေး စုစုပေါင်း ၂၄ နာရီ တိတိ ကိုယ့်မှာ ရှိနေသည်။ ရသမျှ အခွင့်အရေးကို အပြည့်အဝ အသုံးချပစ်မည်…။

မနှစ်က ကိုယ့်အသက်ကို ၅၀ ဟု မိတ်ဆွေကြီး ကလူသစ် က သေသေချာချာ သတ်မှတ်ပေးသွားသည်။ သည်နှစ်မှာတော့ တနှစ်ပိုကြီးသွားလေပြီ။ ထို့ကြောင့် ၁ ထပ်ပေါင်းပြီး ၅၀ + ၁ = ၅၁… ၅၁ နှစ်ဟု မှတ်ယူကြစေချင်သည်။

မနှစ်ကလိုပင် များပြားလှစွာသော ဖယောင်းတိုင်ဖိုး မတတ်နိုင်သောကြောင့် ကိတ်မုန့်လှီးခြင်းအမှုကို မပြုပါ။

မွေးနေ့လက်ဆောင်ကတော့ မွေးနေ့မတိုင်ခင် တော်တော်စောစောထဲက ကြိုပွိုင့်ဖြင့် ယူထားတာရော၊ မွေးနေ့အတွက်ဟု အကြောင်းပြကာ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဝယ်ထားသောအရာတွေကို မယောင်မလည်ဖြင့် သူ့စာရင်းထဲမှာ ပေါင်းထည့်ထားတာရော၊ ဒီနေ့မှာ လိုက်ဝယ်ပေးဖို့ ပြောထားတာရော ဆိုတော့ အင်း… ပြန်ပြောပြဖို့တော့ တော်တော်ခက်ပါလိမ့်မည်။

မွေးနေ့ မတိုင်ခင်မှာ ကြိုရပြီးဖြစ်သော မွေးနေ့လက်ဆောင်အချို့ကတော့ ချစ်သူငယ်ချင်းများဆီမှ ဖြစ်သည်။ အင်္ဂလိပ်လိုရေးထားသော ဘုရားစာအုပ် နှစ်အုပ်၊ မြန်မာ ဝတ္ထုစာအုပ် နှစ်အုပ် နှင့် အပေါ်က နှင်းဆီပန်း ဓါတ်ပုံလေး၊ နှင်းပွင့်လေးလို ဖြူစင်သော အိတ်လေးတခု၊ နောက် အိတ်ဝါဝါ ရှည်ရှည်လေး တခု၊ ပြီးတော့ Checkered Shirt လေး တထည်အတွက် သက်ဆိုင်ရာ သူငယ်ချင်း လေးယောက်ကို သည်နေရာမှ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ အသက်တွေကြီးလာပြီ အပြန်အလှန် မွေးနေ့လက်ဆောင်တွေ မပေးကြတော့ဘူး… ဟု ပြောထား ဆိုထား သဘောတူထားကြပြီး ဖြစ်သော်လည်း မမျှော်လင့်ပဲ ရလာသော၊ ပြီးတော့ ကိုယ်တိုင်လည်း တကယ် သဘောကျ နှစ်သက်သော လက်ဆောင်များဖြစ်သောကြောင့် ဝမ်းသာစွာဖြင့် ကျေးဖူးတင်ပါသည်။

ကြုံတောင့် ကြုံခဲ ရရှိခဲ့သော လူ့ဘဝ၏ သက်တမ်းမှာ ယခုဆိုလျှင် တဝက်မက ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ကုန်လွန်ခဲ့သော အချိန်များမှာ ကိုယ်ပြုခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုများအကြောင်းကို သည်ည အိပ်ရာမဝင်ခင် နဖူးပေါ်လက်တင်ကာ သေသေချာချာ တွေးတော စဉ်းစားပါအုံးမည်။ ကောင်းမှုများကို အရှည်သဖြင့် ကိုယ်နှင့်တပါတည်း ဆက်လက် သယ်ဆောင်ယူသွားနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး မကောင်းမှု အကုသိုလ်များကိုတော့ သတိထားလိုက်မိသည့် အချိန်မှစ၍ အတတ်နိုင်ဆုံး ဖယ်ခွာ ရှင်းလင်းပြီး နည်းနိုင်သမျှ နည်းပါးစေမည်။ ရှေ့ဆက်ရမည့် နေ့ရက် ခရီးမှာ ဘယ်ရွေ့ဘယ်မျှ ရှည်ကြာဦးမည်ကို ဘယ်သူမှ အတတ်မပြောနိုင်။ ထိုကြောင့် ကျန်ရှိနေသမျှ အချိန်များမှာ ဘဝကို လောဘ၊ ဒေါသ၊ သောက၊ မောဟ ကင်းကင်းဖြင့် ရိုးသား အေးဆေးစွာ၊ နှစ်သိမ့် ရောင့်ရဲစွာ ဆက်လက် ရှင်သန်နိုင်ရန် တတ်အားသရွေ့ ကြိုးစားသွားပါဦးမည်။



ဒီနေ့မှာ ကိုယ်နှင့် မွေးနေ့တူသော ညီမ တယောက် အတွက်ပါ ဆုတောင်းလိုက်မည်။ Happy Birthday ညီမ Vista...!!

53 comments:

  1. အစ်မက ဇန်န၀ါရီလဖွားပဲး)

ံHappy Birthday

    ဘာမှမစားလိုက်ရတာတော့ နာတယ်ဗျာ အစေားဆုံးမွေးနေ့ရောက်တဲ့သူက အိမ်ပေါက်ဝကနေ အူလည်လည်နဲ့ ပြန်သွားတယ် စားချင်လွန်း နောက်နေ့ကျ တစ်ခုခု ချက်ပြီး တင်ပေးပါ ။

    ReplyDelete
  2. ချ​စ်ေ​သာ မ​သ​က်ေ​၀ေ​လး​ဆ​ယ့်​ကိုး​နှ​စ်ြေ​မာ​က် ေ​မြး​ေ​န​႕​မွာ ပျော်​ရွှင်ချ​မ်ြးေ​မ့​ပါ​ေ​စေ​ၾ​ကာ​င်း ဆု​မွ​န်ေ​ကာ​င်းေ​တာ​င်း​လိုက်ပါ​တ​ယ်။ :P

    ReplyDelete
  3. အား.. တစ် .. ငါးလုံး တောင် ပါလား..
    လက်ဆောင်တွေ အများကြီး ရတော့.. အိပ်စ်ပို သွားစရာ မလိုတော့ဘူးပေါ့.. မမကွန် နဲ့..ဘူဂစ်စ် ကို လည်း လိုက်စရာ မလို..း)

    နေ့ ထူး နေ့ဆန်း လေး မှာ ကျရောက်တဲ့..ပျော်ရွှင်ဖွယ်.. မွေးနေ့.. အတွက်..

    ReplyDelete
  4. မမသက်ဝေ၏ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော မွေးနေ့မှသည် လိုအင်ဆန္ဒများ ပြည့်ဝ၍ သာယာ ပျော်ရွှင်သည့် ဘ၀လေးကို ဆက်လက် ပိုင်ဆိုင်နိုင်ပါစေသော်

    ReplyDelete
  5. မဂ္ဂ်လာမွေးနေ့၊မဂ္ဂ်လာမိသားစု၊မဂ္ဂ်လာနေ့သစ်တွေမှာ...အေးချမ်းကြွယ်ဝသာပါစေခင်ဗျာ...

    ReplyDelete
  6. Happy Birthday...ပါတော်...း)

    ပြာပြာ

    ReplyDelete
  7. ပန်ပန်ကမသက်ဝေထက်တနှစ်ငယ်ဆိုတော့၊
    ဒို့ထက်အများကြီး ကြီးတာပေါ့၊
    ပြောမှားဆိုမှားများခွင့်လွှတ်စေခြင်.. :)

    ReplyDelete
  8. ပျော်ရွှင်ကြည်နူးဖွယ် မွေးနေ့ မင်္ဂလာရက်မြတ် ဖြစ်ပါစေ အမ သက်ဝေ ရေ ...
    တိုက်တိုက်ဆိုင်ဆိုင် ၁ ငါးလုံး ဆုံတဲ့နေ့ကလေးနော်။ ဒီမှာတော့ ၁၁ ရက် မရောက်သေးဘူး။ ၁၀-၁-၁၁ ပဲ ရှိသေးတယ်။

    ၁၁ ရက် ၂၀၁၁ မှာ ကျရောက်တဲ့ မွေးနေ့မှသည် ရာသက်ပန်လုံး မီး ၁၁ ပါး ငြိမ်းပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  9. မမသက်ဝေနဲ့ ဗစ်နဲ့က မွေးနေ့တူတူကိုးးး
    နှစ်ယောက်လုံးကို ဆုတောင်းပေးလိုက်ပါတယ်..
    မွေးနေ့မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  10. ဟယ်...ဒို့နဲ့ မီးဝင်မီးထွက်ပါလား..

    ReplyDelete
  11. လိမ်တယ်.. ဟွင်း.. ၅၁လည်းပြောသေး..
    လူ့ဘဝသက်တမ်းတစ်ဝက်ကျော်လည်းဆိုသေး..
    ၁၀၀ကျော်ထိနေရမယ်လို့မတွက်ရင် တီ့အသက်
    ပလပ်စ် (or) မိုင်းနပ်စ် ၃၆ ပေါ့။ :P
    ဟဲ့ပီးဘာ့ရ်သ်ဒေး~!!!!!!!!

    >>
    Craton

    ReplyDelete
  12. မသက်
    မွေးနေ့ မှာ အတိုင်းထက်အလွန်ပျော်ရွှင်ပြီး လိုအင်ဆန္ဒ
    တွေ ပြည့်ဝပါစေဗျာ..။

    ReplyDelete
  13. မွေးနေ့မှာ ပျော်ရွှင်ပါစေ..............

    ReplyDelete
  14. အမမွေးနေ့မှာပျော်ရွှင်ပါစေ...

    ၁၁.၁၁.၁၁ လဲကောင်းတယ်လေ..ဟီးးးး
    အဲ့နေ့ အဲ့နေ့....မျှော်...


    မြတ်နိုး

    ReplyDelete
  15. အမက ဘယ်နှစ် နှစ်ပြည့်လဲ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ အမရေ ...

    ReplyDelete
  16. ပျော်ရွှင်ဖွယ်သော မွေးနေ့ပါ အမသက်ဝေ၊
    Flyer မှာ မွေးနေ့ပွဲ သွားလုပ်ပါအမ၊ နှစ်ယောက်တည်းပေါ့၊

    ReplyDelete
  17. မင်္ဂလာမွေးနေ့ ပါ အမသက်ဝေ ကျနော်က တော့ ခွင့်မယူနိုင်ဘူးဗျာ ..မြန်မာပြန်လည်ဖို့ ခွင့်စုထားလို့  ဟိ။ မသက်ဝေနဲ့ ကျနော်နဲ့ မွေးနေ့ တူတူပဲနော် ၁၁-၁-၁၁ ပျော်စရာပဲ ။ !!!

    ReplyDelete
  18. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ မမသက်ဝေ ...
    အော် .. ဒါနဲ့ January born တွေက ချစ်ဖို့သိပ်ကောင်းတာပဲနော်း)

    ReplyDelete
  19. Happy 111birthday :D

    mm

    ReplyDelete
  20. Happy Birthday to You!

    Wish you all the Best!

    lovely,

    ReplyDelete
  21. ပျော်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ မမသက်ဝေ.......... :)))

    ReplyDelete
  22. မရေ...
    Happy Birthday!!!

    အမက သမီးလေးနဲ့ မွေးနေ့သိပ်မကွာဘူးပဲ.. ဒီနေ့မနက် အိပ်ယာက နိုးတော့ ၁၁-၁-၁၁ ဆိုပြီး တွေးနေသေးတာ.. မင်္ဂလာရှိသော ပျော်ရွှင်သော နေ့လေး ဖြစ်ပါစေ အမ.. :)

    ReplyDelete
  23. Happy Birthday Thet Wai.....Gyidaw
    What a wonderful 11.1.11

    ReplyDelete
  24. Happy Birthday ဂျီးဒေါ်ကြီး

    ReplyDelete
  25. ချစ်စရာကောင်းသော သက်ဝေရဲ့ မွေးနေ့...
    စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်...

    ဆုတောင်းတွေ အများကြီးပဲ... တို့တောင် နောက်ကျနေတယ်...

    ReplyDelete
  26. Happy Birthday Honey...!!
    Stay young & cheerful always...

    ReplyDelete
  27. မွေးနေ့မင်္ဂလာပါ မသက်ဝေ။ လိုအင်ဆန္ဒအားလုံး ပြည့်ဝပါစေ။

    ReplyDelete
  28. နောက်ဆုံးစာပိုဒ်လေးကို အကြိုက်ဆုံးပါပဲ ၊ ကောင်းရာမွန်ရာကိုလုပ်နေတဲ့ တရားသံပါနေပါတယ် ၊ ဘ၀ခရီးသွားဖို.အချင်းချင်း ကောင်းရာမွန်ရာကို လုပ်ဖို.တိုက်တွန်းသလိုပဲမှတ်ယူပါ တယ်၊ မသက်ဝေမွေ.နေ.အတူ ပျော်ရွှင်ချမ်းမြေ.ပါစေ

    ReplyDelete
  29. မကြီး. ဒီမှာလဲတစ်ခါ လာဆုတောင်းပေးပါတယ်။
    ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့လေးတစ်နေ့ဖြစ်ပါစေ။ :)

    ReplyDelete
  30. Happy Birthday တီသက်
    နောက်နှစ်ကျမှလက်ဆောင်ပေးတော့မယ်နော်...။ XD

    ReplyDelete
  31. နှစ်သိမ့်ရောင့်ရဲ ဖို့ ကြိုးစားမယ်ဆိုရင် မွေးနေ့လက်ဆောင် အကြို၊ အကြတ်၊ အတက် အများကြီး မတောင်းရဘူးးး တဲ့.... ကိုကြီးကပြောတယ်။ :P

    Happy Birthday ပါ မမရေ..

    ReplyDelete
  32. "၁၁၁၁၁"
    လှပသော ဂဏန်းငါးလုံး မှာကျရောက်သော
    လှပသော မွေးနေ့ရှင်...
    မွေးနေ့ နှစ်တရာတိုင်စေရန် ဆုတောင်းသည်။

    ReplyDelete
  33. Sis Thet Wai....
    Happy Birthday and many happy returns of the day.
    Not just a year older, but a year better and prettier ever.
    Best Wishes and Much Metta, SuuChit
    :-)

    ReplyDelete
  34. နစ်တိုင်းနစ်တိုင်းမှာပျော်ရွင်သော မွေးနေ့များသာဖြစ်ပါစေသော်

    ReplyDelete
  35. ဇွန်မိုးစက်January 11, 2011 at 2:43 PM

    A very happy to Ama Thet Wai!
    May your birthday be filled with smiles, love, and laughter. :)
    Wish you have a smashing year ahead!

    With best wishes,
    Zun

    ReplyDelete
  36. အေးချမ်း ပျော်ရွှင်နေတဲ့ သူတွေရဲ့ ဘ၀ကို အတွေးရောက်ရင်...
    ယနေ့ တစ် ငါးလုံး မွေးနေ့ ပိုင်ရှင် သက်ဝေကို သတိရပါတယ်...။

    Happy Birthday!!!

    ReplyDelete
  37. ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ အစ်မ.. :) တစ်ငါးလုံး တိုက်ဆိုင်တယ်ဆိုတော့ အမှတ်တရပေါ့..

    ReplyDelete
  38. မမသက်ဝေ.. ဒီထူးခြားတဲ့ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ဖွယ်မွေးနေ့များစွာကို ပိုင်ဆိုင်နိုင်ပါစေ..

    ReplyDelete
  39. ၁ ငါးလုံးတိုက်တဲ့နေ့ ဘာလို့ ခွင့်ယူပါလိမ့် စဉ်းစားနေတာ။ လက်စသတ်တော့ မွေးနေ့ကိုး။ ပျော်ရွှင်ဖွယ်ရာ ၅၁နှစ်မြောက်မွေးနေ့ ဖြစ်ပါစေ အန်တီသက်ဝေရေ။ သားသား၊ ကိုကြီးတို့နှင့်အတူ ဘ၀တစ်လျှောက်လုံး မွေးနေ့ပေါင်း တစ်ထောင်မက ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။

    ReplyDelete
  40. ရပ်ကွက်ထဲမှာပြောနေတာတော့ ၅၀နဲ့ ၁နဲ့ပေါင်းရင် ၆၀ရတယ်ဆိုပဲ။ ကြိုတင်အသက် ပါထည့်တွက်တယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ အသက်ကြီးလေ ကောင်းလေပဲ။ ဟက်ပီဘတ်ဒေးပါဗျာ။

    ReplyDelete
  41. Happy birthday sis :) ဒီမှာနောက်ကျသွားတယ်... ဖဘ မှာတော့ မွေးနေ့နှုတ်ခွန်းဆက်ပြီးသွားပြီ..

    ReplyDelete
  42. ပျော်ရွင်ပါစေခင်ဗျ....

    ReplyDelete
  43. Happy Birthday !!
    လူ့သက်တမ်း တဝက် ကျော်လာပြီ ဆိုလို့
    တွက်ကြည့်နေတာ ... ခုထိ အဖြေ မထွက်သေးဘူး။

    ညီမလေး Vista အတွက်ပါ မွေးနေ့ဆုတောင်း သွားပါတယ်။

    မချို

    ReplyDelete
  44. မွေးနေ့မှာ လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံပါစေ
    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  45.ံHappy Birthday ပါမသက်ဝေရေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  46. Pls accept my Belated Birthday wish...

    Happy Birthday Thet Wai..
    Hope you got a great day yesterday...

    ReplyDelete
  47. HAPPY BIRTHDAY!
    လိုအင်ဆန္ဒများ ပြည့်ပါစေကြောင်း
    ချမ်းသာကြွယ်ဝပါ စေကြောင်း
    ပျော်ရွှင်ဖွယ်ရာအတိ ရှိပါ စေကြောင်း
    ဆုတောင်းလိုက်ပါသည်။

    ReplyDelete
  48. ဟာ....အန်တီ သက်ဝေက သာမီးထက် အသက် တဝက်နဲ့တခွဲကြီးများတောင် ကြီးတာပဲ...။ မင်္ဂလာရှိသော တစ်ငါးလုံး မွေးနေ့ပါ သူငယ်ဂျင်းရေ.....

    ReplyDelete
  49. အကြောင်းကြောင်းကြောင့် birthday wish လုပ်ဖို့ နောက်ကျသွားပါသဖြင့် အခုမှ ရောက်လာပါတယ် ။

    ကျန်းမာပါစေ..
    ပျော်ရွှင်ပါစေ..
ုငြိမ်းချမ်းပါစေ..
    စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ အစ်မ ...။

    ReplyDelete
  50. မွေးနေ့ဒိတ်လေးသိပ်လှတယ် မမသက်ဝေ သည်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာထိ စိတ်ချမ်းသာပျော်ရွှင်ပါစေ.......။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...