ကြာပါပြီ… သရဲတကောင်ဖြစ်ချင်နေတာ… ဒီညတော့ ဆန္ဒတွေ ပြည့်သွားပြီ၊ အခုကစလို့ သရဲဖြစ်ပြီ။ သရဲဆိုတော့ လူတကာ မမြင်သာတဲ့ မွဲခြောက်ခြောက် အရောင်အဆင်းနဲ့ ရုပ်ကလဲ ဆိုးဆိုး၊ ဝတ်ထားတာကလဲ ဝတ်ရုံ မည်းမည်းကြီးနဲ့ပေါ့။ ညညဆို လူတွေကို လိုက်ခြောက်မယ်၊ လိပ်ပြာတော့ မနှုတ်တတ်သေးဘူး၊ သရဲဖြစ်တာ မကြာသေးတော့ သရဲပါး မဝသေး၊ သရဲတို့ တတ်သင့် တတ်ထိုက်တဲ့ ပညာတွေ မစုံသေးဘူးလို့ ခေါ်ရမှာပေါ့…။
အရင်တုန်းကဆို ကိုယ့်အရိပ်တောင် ကိုယ်တိုင် ပြန်ကြောက်တတ်တဲ့ဘဝ၊ အခုတော့ ကိုယ့်ကို အားလုံးက ပြန်ကြောက်ကြရမယ့် ဘဝကို ရောက်ပြီ…။ လေတချက်အဝှေ့မှာ သွားချင်တဲ့နေရာတွေ ခြောက်ချင်တဲ့သူတွေဆီကို ဝှီးကနဲ ဝှီးကနဲ ရောက်သွားနိုင်တဲ့ သရဲဘဝ တယ်လဲ ပျော်စရာ ကောင်းပါလား…။
ကဲကဲ… ပြောနေ ကြာတယ်… ညနက်သန်းခေါင်ကျော်ပြီမို့ သရဲ လုပ်ငန်းစတော့မယ်…။ အထက်လူကြီးက ညွှန်ကြားလိုက်တယ်… ညကြီး အချိန်မတော် လုပ်ချင်ရာ လုပ်နေကြသူတွေ၊ အိပ်ချိန်တန်လို့မှ မအိပ်ကြတဲ့သူတွေကို မှတ်လောက် သားလောက်အောင် ဆုံးမလိုက်ပါတဲ့။ နောက်နောင်ကို ည မှောင်လာပြီဆိုတာနဲ့ သရဲကို ကြောက်ပြီး အချိန်နဲ့ အိပ်ရာဝင်ကြအောင် ခြောက်လှန့် ပညာပေးဖို့ တာဝန်ပေးလိုက်သဗျ…။
လာပြီ… သရဲဆို အသေကြောက်ကြမယ့်သူတွေရှေ့မှာ ဝတ်ရုံမည်း တလွှားလွှားနဲ့ ရိပ်ကနဲ ရိပ်ကနဲ နေအောင် ဖြတ်ပြေးပြလိုက်မယ်… ပြီးရင် ရိုးတိုးရိပ်တိတ်လေး သွားကျီစယ်ပြီး ခြောက်လှန့်လိုက်မယ်… ည ည မအိပ်ကြတဲ့သူတွေ တွေ့ကြသေးတာပေါ့ကွာ… မဲလ်ဝဲထက် ပိုကြောက်စရာကောင်းတဲ့ သရဲ လာချေပြီ… သရဲ လာချေပြီ…။
ကြည့်စမ်း… ဟောဟိုမှာ ညအချိန်မှာ မအိပ်ကြတာ ဘလော့ဂ်ဂါဆိုတဲ့ အံ့ဖွယ်လူသားတွေ ချည်းပါပဲလား…။ သူတို့တွေက ဘလော့ဂ်မှာကျတော့ စာမရေးပဲ မျက်နှာစာအုပ်မှာ တရစ်ဝဲဝဲနဲ့ပါလား… ညကြီးအချိန်မတော် ကွန်ပျူတာကြီး ရှေ့ချပြီး ပြုံးလို့ ရယ်လို့… အမယ် အမယ်… ဟိုတယောက် ခိုးခိုးခစ်ခစ်တောင် အသံထွက် ရယ်မောနေသေး… လာလေရော့… ဒင်းတို့ကို သွားခြောက်ရမယ်….။ ဘလော့ဂ်မှာ စာမှန်မှန်မရေးလို့ ဝဲမဲမဲကြီးက ခြောက်တာတောင် မကြောက်ကြတဲ့သူတွေအတွက်… အမောင် သရဲ လာပြီ…။
ဟမ်… မျက်နှာစာအုပ်ရှေ့မှာ ဘလော့ဂ်ဂါတွေ အများကြီးပါ၊ ဒါပေမယ့် သူတို့ အားလုံး ဘယ်သူမှ သရဲကို မြင်ပုံမရဘူး။ ကွန်ပျူတာကိုပဲ သဲကြီးမဲကြီးနဲ့ ကြည့်နေလိုက်ကြတာ...။ ဟဲလို… ဟဲလို… ဘုရားရေ… ခေါ်နေတာလဲ မကြားကြပါလား… သူတို့ရှေ့မှာ မည်းမည်း မည်းမည်းနဲ့ ဒီလောက် လူးလာခေါက်ပြန် သွားပြနေတာ တွေ့ပုံမရကြပါလား…။ သရဲ ဘဝ မျက်နှာငယ်လိုက်တာနော်…။
ဒီလိုဆို နောက်တနေရာပြောင်းမယ်… အုပ်စုလိုက် ခြောက်တာ မအောင်မြင်တော့ တဦးချင်းစီ လိုက်ခြောက်မယ်။ ဟော… ဟိုမှာတွေ့ပြီ… သူကတော့ သရဲကို ကြောက်မဲ့ပုံရှိတယ်… သူလဲပဲ မော်နီတာ မျက်နှာအပ်လို့ တချောက်ချောက်နဲ့… လက်စသပ်တော့ စာတွေရေးနေတာကိုး… ဒါမှ ဘလော့ဂ်ဂါ အစစ်ဗျား…။ သရဲက သူနောက်ကနေပြီး စာတွေကို လေသံတိုးတိုးလေးနဲ့ လိုက်ဖတ်လိုက်မယ်။ ဒါဆို သူ ကြောက်သွားမှာ သေချာတယ်…။
“ခါတိုင်း မုန့်ဟင်းခါးက တစ်ပွဲ ငါးရာ
ဒီမုန့်ဟင်းခါးက တစ်ပွဲ နစ်ရာငါးဆယ်ကျပ်
ဘာကွာလဲဆိုရင် အကြော် သိတ်မကောင်းဘူး... ဂျုံတွေများတယ်…”
ဟမ်… သူက သရဲအသံကို ကြားပုံမရပါလား…။ သူ့ နားထဲလဲ ဘာနားကြပ်မှ မရှိပါဘူး…။ ရေးနေတဲ့စာထဲ အတော်လေး အာရုံဝင်စားပုံပေါက်တယ်… ခေါ်မကြား အော်မကြား ဘလော့ဂ်ဂါပါလား…။ ပြောရင်းဆိုရင်းပဲ ညကြီးသန်းခေါင် ပိုစ့်အသစ်တင်နေပြီ… ဟာ မုန့်ဟင်းခါးတွေပါလား… သူတင်နေတဲ့ မုန့်ဟင်းခါးပုံတွေ ကြည့်ပြီး ညကြီးမင်းကြီး သရဲတောင် ဗိုက်ဆာသွားတယ်… သူ့ကိုလဲ ဘယ်လိုမှ ခြောက်လို့ဘယ်လိုမှ မရဘူး…။ သရဲ စိတ်ဓါတ်ကျလိုက်တာနော်…။
ဒီတိုင်းဆို သရဲ ထီးဖြူ ဖိနပ်ပါးကိန်းရှိတယ်… မလွဲမသွေ သရဲကြောက်တဲ့ လူစာရင်း လိုက်ကောက်ပြီး အဲဒီလူတွေဆီပဲ တန်းတန်းမတ်မတ်သွားမှ တော်ကာကျလိမ့်မယ်။
ဟော… စာရင်းအရဆို ဒီဘလော့ဂ်ဂါ သူငယ်မကတော့ သရဲကြောက်တတ်တယ် ဆိုပဲ။ မှန်းစမ်း… သူ ဘာလုပ်နေပါလိမ့်…။ အလို… သနပ်ခါးတွေလဲ လိမ်းထားပါကလား… အခန်းထောင့်မှာ ကျောက်ပျဉ် အကြီးကြီးလဲ တွေ့သဗျ…။ သူ့လက်ထဲမှာ လင်းလင်းလက်လက် အရာတခုကိုင်လို့… အခုခေတ်စားနေတဲ့ အိုင် ထဲက တအိုင် ဖြစ်လိမ့်မယ် ထင်တယ်။
အော… လက်စသတ်တော့ သူက ပုံဆွဲနေတာကိုး… တခြားသူတွေကို အမြင်နဲ့ ခြောက်တာ မကြောက်၊ အကြားနဲ့ ခြောက်တာလဲ မကြောက်ကြတော့ သူ့ကိုတော့ လက်ကို သွားဆွဲပြီး ခြောက်ပစ်မယ်… ဒီတခါတော့ အပီပဲ…။ လာလေရော့… သူ အလန့်တကြားထအော်မှာ တွေးမိတော့ သရဲ ပြုံးချင်ချင်တောင် ဖြစ်သွားတယ် ခင်ဗျ။
သို့သော် ဒီတခါလဲ ကျွန်တော် မောင်သရဲ မှန်းချက်နဲ့ နှမ်းထွက် လွဲပြန်ပါတယ်… ဒီသူငယ်မ လက်ကို သွားဆွဲတာ သူက မဖြုံပဲ လာမရှုပ်စမ်းပါနဲ့… ဆိုပြီး လက်နဲ့တောင် ပြန်ပုတ်ချလိုက်သေးသဗျာ…။ ဟင်… ဒီမှာ ကြည့်ပါအုံး… သရဲလေ… သရဲ… ဘာမှတ်လဲ… မကြောက်ဖူးလား…။ ဒီက သရဲကသာ တတွတ်တွတ်ပြောနေတာ ဟိုက ကြားပုံတောင်မရဘူး ပုံလေးတွေ ဆွဲမြဲ ဆွဲလျက်ပဲ…။ သရဲဘဝ တယ် မောရပါလားနော်…။
သရဲ မောလာလို့ အိမ်ပြန်ပြီး ကော်ဖီတခွက် သောက်လိုက်သေးတယ်… ဒါမှ နောက်ပိုင်း ဆက်ခြောက်စရာ အင်အားတွေ ရှိလာမယ်။ အော်… သရဲလဲ ကော်ဖီကြိုက်ပါတယ်ဗျ… အရင်ဘဝက တနေ့ကို လေးငါးခွက် သောက်လာတာ… ည ည ဆို မအိပ်ဘူး။ ဒါကြောင့် ဒီလောက် ညမအိပ်ချင်လွန်းတဲ့ကောင် သွားလေရော့ သရဲဘဝ ဆိုပြီး တွန်းလွှတ်လိုက်လို့ ရောက်လာရတာလေ…။
အိုကေ… ပြောနေကြာတယ်… သရဲ နောက်တနေရာ ပြောင်းမယ်…
ဟိုး… ဟိုး… ဟိုး… တွေ့ပြီဗျား… သူကတော့ ညကြီးမင်းကြီး ချက်နေတာကိုး… ချက်နေတယ်ဆိုလို့ ဟင်းချက်တာနဲ့ မမှားလိုက်ကြပါနဲ့… သူက အလှအပတွေ စာစီကုံးပြီး ချက်နေတာဗျား…။ သူ့နား အသာတိုးပြီး သူတို့ ချက်နေကြတာတွေ လိုက်ဖတ်မိတော့ အံမယ်… ဟိုလိုလို ဒီလိုလိုလေးတွေဗျား… ဖတ်ရင်းနဲ့ သရဲတောင် ပျော်သလိုလို ဖြစ်လာတယ်။ အော်… မဟုတ်သေးပါဘူး၊ သရဲ လာရင်းကိစ္စကို ဆောင်ရွက်ရဦးမှာလေ… သူ့ကို ဘယ်လို ခြောက်ရရင်ကောင်းမလဲ…
သိပြီ… သူ ချက်နေတဲ့ ဝင်းဒိုးတွေ တခုပြီး တခု လိုက်ပိတ်ပစ်မယ်… ဒါဆို သူ လန့်သွားမှာ သေချာတယ်။ သို့သော်…သို့သော်… ဒီတခါလဲ သရဲ မှားပြန်ပါတယ်… သူ့ဝင်းဒိုးတွေက တခုပိတ်လိုက်ရင် နောက်တခုက တုံကနဲနေအောင် တက်လာသဗျ၊ အဲဒီလို တက်လာတဲ့ဟာကို ပိတ်လိုက်ရင် နောက်တခုက ချက်ချင်း တက်လာသဗျ၊ ဘယ်လိုမှကို ပိတ်လို့ မနိုင် နိုင်ဘူး… ဒီလောက် လူအများကြီးနဲ့ သူမို့ တပြိုင်တည်း ချက်နိုင်တယ်… အံ့သြစရာ လူသားပါ…
အဲဒီလူသားဆီကနေ ခေါင်းငိုက်စိုက်ချပြီး အပြန် လမ်းမှာ တွေ့ရသ၍ ညမအိပ်သေးတဲ့ ဘလော့ဂ်ဂါတွေထဲက ဘယ်သူ့ကိုများ ခြောက်လို့ ရနိုင်မလဲလို့ စနည်းနာ ကြည့်မိတယ်ခင်ဗျ…
အင်းလေးရေပြင်မှာ ဇင်ယော်တွေနဲ့ ပျော်နေတဲ့ သူ၊
မောင်ငယ် ညီမငယ်တွေကို ကဗျာနဲ့ ဆူရှီတွေ ရောပြီးကျွေးနေတဲ့သူ၊
ကိုရီးယားမှာ စွတ်ပြုတ်သောက်ပြီး လက်မဆေးတဲ့သူ၊
ကြက်ဥကို အောမလက် ကြော်နေတဲ့သူ၊
ကြက်ဥတွေ၊ ကြာဆံတွေ သုပ်စားနေတဲ့သူ၊
ငါးဟင်းချက်ရင်း ပဲပင်ပေါက်ပါ ကြော်နေတဲ့သူ၊
ပင်နီဆူလာရောက်တုန်း ပဲပြုတ်ဝယ်တဲ့သူ၊
မွေးနေ့နားနီးလို့ သွားရလာရ လည်ရ ပတ်ရနဲ့ အရှုပ်တွေ လုပ်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ Like တွေ အကြောင်း ကဗျာရေးနေတဲ့သူ၊
ဆလိမ် နောက်ပစ်အကြောင်း ပြောပြတဲ့သူ၊
ချယ်ရီပင်အောက်မှာ အိပ်မက် မက်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ ဓါတ်ပုံမပြလို့ စိတ်ကောက်နေတဲ့သူ၊
ပြောစရာရှိလို့ ဖုန်းနံပါတ်တောင်းတာကို မပေးလို့ စိတ်ဆိုးနေတဲ့သူ၊
ပန်းပွင့်လေးတွေကို သီချင်းလေးနဲ့ ဗီဒီယို လုပ်နေတဲ့သူ၊
ဟိုကိုမသွားနဲ့ ဒီဂိုလာ… ဒီဂိုလာ… လို့ ခေါ်နေတဲ့သူ၊
စာရေးရတာ ပျင်းလာလို့ ငါးပိစိလေးတွေ မွေးနေတဲ့သူ၊
၁၅ နှစ် ၁၅ နှစ်လို့ အော်ရင်း ကြောင်လေးတွေကို အစာကျွေးနေတဲ့သူ၊
ယောင်နောက် ဆံထုံးပါ အသိုက်ပြောင်းမှာမို့ အလုပ်ရှုပ်နေတဲ့သူ၊
အင်္ဂလိပ်စာ တိုးတက်ရေး စာမေးပွဲအတွက် စာကျက်နေတဲ့သူ၊
ဓါတ်ပုံတွေမှာ အရုပ်လေးတွေဖြည့်ပြီး ဆွဲနေတဲ့သူ၊
Stress များလို့ Snack စားရင်း စာမရေးနိုင်တဲ့သူ၊
ရေကန်ဘေး လမ်းလျှောက်ရင်း ဗီဒီယို ရိုက်နေတဲ့သူ၊
တအိုင် အိုင်နဲ့ အိုင် စစ်တမ်းကောက်နေတဲ့သူ၊
အဲဒီလူတွေအပြင် လက်နက်ကြီးတွေ (ကင်မရာ) နဲ့ အလုပ်များနေတဲ့သူတွေ၊
တမလွန်က သူငယ်ချင်းတွေအကြောင်း ရေးနေတဲ့သူတွေပါ တွေ့ခဲ့ရတယ်။
ဒါပေမယ့် အားလုံးက သူတို့ အာရုံနဲ့သူတို့… သရဲကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မမှတ်ကြဘူး ခင်ဗျ…။
လက်လျှော့လိုက်ပါပြီ… သရဲ လက်လျှော့လိုက်ပါပြီ…။
ညမအိပ်တဲ့သူတွေ ခြောက်ဟဲ့ ခြောက်ဟဲ့… ဆိုတော့ ခြောက်စရာဆိုလို့ ညမအိပ်တာ ဘလော့ဂ်ဂါတွေပဲ ရှိတယ်။ သူတို့တတွေကို ခြောက်ရတာလဲ ဘယ်လိုမှ မအောင်မြင်၊ ဘယ်သူကမှ မကြောက်ကြတော့ နောက်ဆုံးမှာ သရဲ ခြေကုန်လက်ပမ်းကျပြီး အမောသာ အဖတ်တင်တယ်…။ နောက်ကို ဘလော့ဂါတွေဆို ကြောက်ပါပြီ… ညမအိပ်ချင်လဲ မအိပ်ပဲသာ နေကြပါ… စာမရေးချင်လဲ မရေးပဲသာ နေကြပါ… ဘယ်တော့မှ (ဘယ်တော့မှ) လာမခြောက်တော့ပါဘူး… လို့ သရဲ သေသေချာချာ ဆုံးဖြတ်လိုက်ပါပြီဗျာ..။
မှတ်ချက်။ ။ မကေရေးသော ပေါက်ကရ ၁၀ နှင့် ပေါက်ကရ ၃၀ ပိုစ့်ကို သဘောကျပြီး လိုက်ရေးပါသည်။ သရဲခြောက်မည့် စာရင်းထဲမပါသေးသူများ စိတ်မပူကြပါနှင့် နောက်တနေ့မှာ သင်တို့ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာပြီး မကြောက် ကြောက်အောင် ကြိုးစား ခြောက်လှန့်ပါအုံးမည်…။
အမ ဌားထားတဲ့ သရဲက သူ့အေးဂျင့်ဌာနက
ReplyDeleteလစာ ကောင်းကောင်း မရဘူး ထင်တယ်၊
လစာ ကောင်းကောင်းပေးမှ သူလည်း
ကောင်းကောင်း ခြောက်ပေးမှာပေါ့ အမ ... :P
သူရဲတော့ မသိဘူးဗျာ။ ဖတ်ရင်း မူးသွားလို့ အိပ်တော့မယ်။
ReplyDeleteစာလေး လာဖတ် သွားတယ် အစ်မသက်ဝေ။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေး။ ရို့စ်ကိုလည်း လာခြောက်နော်။ ဒီ သရဲလေးကို အာဘွား ပေးလိုက်မယ် ခိခိး) http://redroseofburma.blogspot.com/
ReplyDelete:)
ReplyDeleteဘလော့ဂါတွေကို ခြောက်ရင် သရဲ စိတ်ညစ်သွားမှာ အမှန်ပဲ အမသက်ဝေ။ ဘလော့ဂါတွေကိုယ်၌က သရဲတွေ ဖြစ်နေတာလေ .. ဟီးး ဘလော့သရဲ နက်သရဲ ချက်သရဲ ဖဘသရဲတွေ :D
ReplyDeleteဟုတ်မယ်နော် ကိုအောင်...
ReplyDeleteသူ့ကို လခ တိုးပေးဖို့ ပြောအုံးမှ...း))
ကလူသစ်က မဖတ်ခင်ထဲက မူးနေတာများ... သူများ သရဲကို လာပြီး အပြစ်ပုံနေတယ်...း))
ညီမ ရိုစ့်.. တကယ်လာခြောက်တော့မှ ကြောက်ပါပြီ ဆိုပြီး ထွက်မပြေးနဲ့နော်...
နာမည်နဲ့ဆို လာခြောက်မှာစိုးလို့ Anonymous နဲ့ လာပြုံးပြသွားတာ နေမယ်... ဟဲဟဲ
မေရေ... ဟုတ်ပ ဟုတ်ပ... သရဲ စိတ်ညစ်တယ် ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်...း))
အားလုံးက သရဲနဲ့ ဘ၀တူတွေဆိုတာ
ReplyDeleteသရဲ မသိလေတာ ဒီဇတ်လမ်းရဲ့ မြှပ်ကွက်
အဟိ..ပင်နီဆူလာရောက်တုန်း ပဲပြုတ်ဝယ်တဲ့သူဆိုတာ ဇွန့်ကိုပြောတာလားမသိ :D
ReplyDeleteအို...သရဲလား...မကြောက်ရေးချ မကြောက် :P
တမလွန်က သူငယ်ချင်းတွေအကြောင်းရေးရင် လက်နက်ကြီးနဲ့အလုပ်ရှုပ်နေမှတော့ ဒီသူရဲကို ကြောက်ဖို့မေ့နေပြီပေါ့ သက်ဝေရဲ့ :P
ReplyDeleteကြည့်စမ်း... ကြည့်စမ်း...
ReplyDeleteသီတာလဲ တဖြည်းဖြည်း မိုက်လာဘီ... ခုထိတောင် မအိပ်သေးဘူး... သရဲနဲ့တော့ နီးနေပြီနော်... ဟင်း.. ဟင်း... ဟင်း...
ဇွန်... မကြောက် ကြောက်အောင်ကို ခြောက်အုံးမှာ... စကားမစပ် ပဲပြုတ် ကျန်သေးလား.. မနက်ကျ ထမင်းကြော်ရအောင်လေ...
အမ မခင်မင်းဇော်... အမ သိပ်တော်တယ်... သရဲက အမကို အလေးပြုသွားတယ်...း))
ဝါးဟားဟား ပိန်ညှောင်ညှောင် သရဲလေးလည်း အိပ်မပျော်တာနဲ့ ရွာလည်ထွက်နေတား)
ReplyDeleteဓာတ်ပုံမပြလည်း ကိုယ့်အစ်မကြီးလှပြီးသားဆိုတာ ယုံပါတယ်ဗျာ ဟိုတစ်ယောက်နဲ့မတိုင်နဲ့နော် ကျနော့်လာနာရွက်ဆွဲနေအုံးမယ် ။
သရဲလာခြောက်ရင် ထမင်းတွေ ဟင်းတွေ ကျွေးလွှတ်လိုက်မယ်.. ဗိုက်တင်းပြီး အိပ်ပျော်သွားမလားပဲ.. :)
ReplyDeleteကြံင်္ကြဖန်ဖန် ရေးလဲ ရေးတတ်တယ် သက်ဝေရယ်... ရယ်လိုက်ရတာ...
ReplyDeleteကိုယ် သရဲဖြစ်ရင် သက်ဝေကို အရင်ဆုံး လာခြောက်မယ်... သက်ဝေ ကြောက်တတ်တာ သိနေတယ်လေ... ဟဲဟဲဟဲ
အနော့်ကို လာခြောက်မယ်ဆို ၀တ်ရုံဖြူ ဖားဖားကြီးဝတ်ပြီးခြောက်ပေးပါရန်.။
ReplyDeleteခုနက အဲ့လိုဝတ်မိတယ် “မွဲခြောက်ခြောက် အရောင်အဆင်းနဲ့ ရုပ်ကလဲ ဆိုးဆိုး၊ ဝတ်ထားတာကလဲ ဝတ်ရုံ မည်းမည်းကြီးနဲ့ပေါ့။”း)
ReplyDeleteနောက်မှ လာခြောက်ဦးမယ်.. မကြီးသက်ဝေကို.. =)
ခစ်ခစ် ..
ReplyDeleteဖတ်ပြီး ရယ်ချင်တာ
အရမ်းပဲ ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
:D .... သရဲလေး သနားပါတယ် ... blogger မှ သွားခြောက်မိတယ်လို့ :P
ReplyDeleteမသက်ဝေက သရဲဝါနုသေးတော့ သရဲတွေ ကို သရဲမှန်းမသိဘဲ လိုက်ခြောက်နေတာ သူတို့က ဘယ်ကြောက်မလဲဗျာ
ReplyDeleteအော်.....သရဲလား...သိပါဘူး....
ReplyDeleteညည အစာထွက်စားတဲ့ စုန်းထင်လို့ ကြွေးမလို့ သေချာ အင်ဖက်လေးနဲ့တောင် ထုပ်ထားသေး...ဒီတခါလာရင် ..ယူသွား.....
သြော်..ဒါ့ကြောင့် ဟိုနေ့က စာရိုက်နေတုန်း ကွန်ပြူတာ ဘေးမှာ ချထားတဲ့ ကော်ဖီခွက်ကြီး နေရာရွေ့သွားတာ ကိုး...၊း)
ReplyDeleteNespresso လား သရဲ ?? What else ??
အမ... အဆန်းလေးတွေစိတ်ကူးပြီးရေးတတ်တာ တကယ်သဘောကျတယ်...
ReplyDeleteထမင်းဟင်းတွေ ချက်နေသူတွေက ပိုဆိုးမယ်
ReplyDeleteညအိပ်ရင်တောင် ဟင်းခွက်လေးတွေ မျက်စိထဲမြင်ယောင်နေမှာမို့လို့ သရဲကိုမြင်နိုင်မယ် မထင်ဘူးနော်
သရဲလေး သနားစရား)
အမ အရမ်းမိုက်တယ်....
ReplyDeleteပထမ ဖတ်ချိန်တိုင်း အိပ်ချိန်ဖြစ်နေလို့ မဖတ်ရဲတာ...
အခုမှဖတ်ဖြစ်တယ်။ တအားကောင်းတယ်။
မြတ်နိုး
အနော်က သရဲကြောက်တယ် စောစောအိပ်တယ် ..
ReplyDeleteပိုစ့်တွေနေ့ ခင်းမှတင်တာ ဟိ။
ရိုးရိုးသားသားဘဲ၊ကိုယ်ကကြောက်တယ်
ReplyDeleteသရဲနဲ့လူဆိုးတွေကို.... :)
အဲလို အပျော်မျိုးလေး ရေးတတ်တဲ့ အတွေးက ချစ်စရာ။ မနှစ်က တန်ဆောင်မုန်း၊ သူခိုးများနေ့မှာ မမသက်ဝေ ရေးခဲ့တဲ့ ပိုစ့်လေးလဲ နှစ်သက်မိတယ်။
ReplyDeleteမမသက်ဝေလဲ ဘလောဂ့်ပေါ် သူခိုးဖြစ်လိုက်၊ သရဲဖြစ်လိုက်။ :))
သရဲကို ပြန်ခြောက်သွားတယ်။ :***
ခင်မင်လေးစားလျှက်
SMNTL
အမက
ReplyDeleteစိတ်ကူးနဲ့  သရဲခြောက်တာကိုး
နောက်ဆို computer , laptop တွေကို ဟပ်ချလောင်း ဆိုပြီ ဖွတ်ထားလိုက်။
အဲဒီတော့မှ လှုတ်လှုတ်နဲ့ အသက်ဝင်လာလိမ့်မယ်။
computer ရှာဖို့ လေ
:D
အကြံပိုင်သော သက်ဝေ
ReplyDeleteသက်ဝေ သရဲ... သရဲ သက်ဝေ...
သရဲလက်လျှော့နေလေရော့
ReplyDeleteခေါင်းစဉ်လေးသဘောကျလို့။ ဒီရောက်မှ ဘလော့ဂါတွေကို ခြောက်မှန်းသိတာ...
အဲဒါဆိုရင်တော့ သရဲလက်လျှော့နေလေရော့ပဲ
ကောင်းပါတယ်လေ..
:) :)
ဩ...ဒါကြောင့် ခုတလော စာရေးပြီး ညောင်းလို့ လမ်းထလျှောက်ဖို့ မတ်တတ် ရပ်လိုက်တိုင်း ဒေါင်လိုက်ကြီး ဖြစ် ဖြစ်နေတာ.... ဒီသရဲမကြောင့်ကိုးးးးးးး))
ReplyDeleteစာမရေးတဲ့ ဘလော်ဂါတွေကိုရော ခြောက်ဦးမှာလား။
ReplyDeleteကြောက်လိုက်တာနော် ...
မချို
မသက်ဝေကို ကြိုက်သွားပြီ .....
ReplyDeleteသရဲကြီးရယ် မကြောက်ပါနဲ့  .......
မသက်ဝေရဲ့ အတွေး နှင့် အရေးကို ကြိုက်တယ်လို. ပြောတာပါဗျာ .. ခွိခွိ ....
သရဲ စုန်း တစေ ကဝေ ဘီလူး တကာတို့ရဲ ထွဋ်ခေါင် ဘလောဂါများကို ခြောက်ဖို့ကျိုးစားရင်း သရဲတကောင် လက်နက်ချ အရှုံးပေး အညံ့ခံ အလင်းဝင်ရောက်သွားကြောင်း သတင်းရရှိပါသည်
ReplyDeleteသရဲ အစစ်ရော အတုပါကြောက်တယ်
ReplyDeleteမသက်ဝေ..
ReplyDeleteပြန်လိုက်လည်ပါတယ်။
အရမ်းကြိုက်သွားပြီ.. သူရဲကိုတော့..
Link လေးချိတ်ထားပါရစေနော်။
ခင်မင်လေးစားသော
Iora
သရဲတွေ နိုးနေလားလို့..စီဘုန်းထဲ လာကြည့်တာ..
ReplyDeleteဖွင့်မရဘူး..သရဲ နဲ့ ဆော့ချင်လို့..မနက်က ဆော့သွားတာ ကျောက်ဒိုး မေ့ကျန်ခဲ့လို့ လာယူတယ်..း)
သရဲလေး တစ်ကယ် လက်လျှော့ရလိမ့်မယ်ထင်တယ်နော်...။
ReplyDelete