Saturday, April 5, 2008

သစ္စာ

ဒီနေ့ သူငယ်ချင်းတစ်ယောက်ဆီကရတဲ့ E Mail ထဲကပုံလေးတွေပါ။
ကြည့်ရင်းကြည့်ရင်း အဲဒီခွေးလေးအတွက် အတော်စိတ်မကောင်းဖြစ်ပြီး သူ့ ရဲ့ သူငယ်ချင်းအပေါ်မှာထားရှိတဲ့ မေတ္တာ နဲ့  သစ္စာတရားကို ဂုဏ်ပြုတဲ့အနေနဲ့  ဘလော့ဂ်ပေါ်တင်ပေးလိုက်ပါတယ်။
ပုံလေးတွေကတော့ တရုတ်ပြည် တစ်နေရာကပါ တဲ့...။


သူ့ သူငယ်ချင်းလေး ကားတိုက်ခံရလို့ စိတ်ထိခိုက်နေတဲ့ ခွေးကလေးတစ်ကောင်ပါ။

လက်ကလေးနဲ့ ကုတ်ပြီး သူငယ်ချင်းလေးကို နှိုးနေတဲ့ပုံလေးက သနားစရာ...။



သူ့ သူငယ်ချင်းလေးကို ကြိုးစားပြီး လမ်းပေါ်ကနေ တွန်းဖယ်နေတဲ့ပုံလေးပါ။
အနီးပါတ်ဝန်းကျင်က လူတွေက ကူညီမလို့ အနားကပ်လာတာကို အကပ်မခံဘဲ အတင်းဟောင်ထုတ်နေတာ…။



ဒီလောက် ကားအသွားအလာတွေ ရှုတ်ထွေးနေတဲ့ လမ်းမပေါ်မှာ ဘာကိုမှ မကြောက်မရွံ့ ၊ လမ်းပေါ်က မဖယ်… သူငယ်ချင်းလေး အနားမှာသာ…။



အဲဒီ အဖြစ်အပျက်ကို ကြုံတွေ့ ကြရတဲ့သူတွေဟာ ဒီခွေးကလေးရဲ့ သူငယ်ချင်းအပေါ် ချစ်ခင်တွယ်တာမှု၊ သစ္စာစောင့်သိမှုကို အံ့သြစွာ မှတ်တမ်းတင်…။

ဒီဓါတ်ပုံလေးကိုကြည့်ရင်း ဘာမဟုတ်တဲ့ အဟိတ် တိရိစ္ဆာန်လေးတွေ တစ်ဦးကိုတစ်ဦး အပြန်အလှန် သံယောဇဉ်တွယ်တာ မေတ္တာရှိ ချစ်ခင်ကြပြီး သစ္စာရှိကြတဲ့ အကြောင်းကို တွေးနေမိပါတယ်။ ကြီးကြယ်မြင့်မြတ်လှပါတယ် လို့ ဆိုကြတဲ့ ကျွန်မတို့  ပုထုဇဉ် လူသားတွေဆီမှာရော… ဒီလို ခန်းနားတဲ့ ဖြူစင်ခိုင်မာ လှပတဲ့ သစ္စာမျိုး ကိုယ်စီ ရှိကြပါရဲ့ လား…။

5 comments:

  1. လူတွေမှာ.... ????? အဖြေမသေချာဘူးးး
    မြတ်နိုး ခပ်ငယ်ငယ်က ကာတွန်းထဲမှာဖတ်ဘူးတယ် သခင်ပြန်အလာကို အသေခံပီးမျှော်သွားတဲ့ ခွေးကလေး အကြောင်း မြတ်နိုးဒီရောက်တော့ အဲဒီနေရာလေးရောက်သွားခဲ့တယ် အမှတ်တရဓာတ်ပုံလေးရိုက်ခဲ့တယ်. သစ္စာရှိတဲ့ ခွေးလေးတွေအကြောင်း ဖတ်ရရင် သိပ်ကြည်နူးတာပဲနော်။ ကိုယ်တိုင်လဲ သူတို့လို အတုယူပီး လုပ်နိုင်အောင် ကြိုးစားနေဆဲပါ။ ဟဲဟဲ
    ကိုယ့်အပေါ်တကယ် ကောင်းသူဆိုရင်.. အသေအချာပြန်ကောင်းဘူးပါတယ်။ ဆိုးတယ်ဆိုရင်လဲ အသေအချာ ပြန်ဆိုးဘူးပါတယ်။ ဟီး။

    ReplyDelete
  2. ရင်ကိုထိရှသွားတဲ့ ပုံကလေးတွေပါ။ သံယောဇဉ်တွေနဲ့၊ မေတ္တာတရားတွေက လူတွေမှာ တဖြေးဖြေးပါးလျလာတာ စဉ်းစားစရာပဲသက်ဝေရယ်။

    ReplyDelete
  3. ဒီပုံတွေကို ကြည့်ရလို့ ရင်ထဲတောင်မကောင်းပါဘူး တိရိစာန်တောင်မှ အသိညဏ်ရှိသေးတယ် တချိုသော လူတွေက ခွေးလောက်တောင်အသိညဏ်မရှိဘူးနော်

    ReplyDelete
  4. ဒီပုံလေးကြည့်ပြီး ဆန်းကြယ်လွန်းတဲ့ မေတ္တာတရားကို ထပ်တူးခံစားသွားပါတယ် အစ်မ ရေ့ သံယောဇဉ်ဆိုတာက ရေချမ်းစင်လေးပေါ့ ထာဝရ အေးချမ်းနေတယ် သူ က အချစ်ထက်တောင် ပိုခိုင်မြဲတယ်လို့ ကျနော်တော့ ထင်တယ် မျှဝေတာ ကျေးဇူးဗျး)။

    ReplyDelete
  5. ကိုယ် ခံစားရသလို ထပ်တူခံစားပေးကြတဲ့ မြတ်နိုး၊ တန်ခူး၊ ယုန်ကလေး နဲ့ မောင်မျိုး တို့ ကို ကျေးဇူးတင်ပါတယ်...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...