Thursday, October 22, 2009
အသစ်
Online မှာ မြန်မာလို စာရိုက်ကြတာ၊ မြန်မာလို Chatting လုပ်ကြတာတွေ၊ E mail မှာ မြန်မာလို စာရေးပို့ကြတာတွေထက် စာတို စာရှည်တွေကို လက်ရေးနဲ့ရေး၊ ဓါတ်ပုံရိုက်ပြီး E Mail နဲ့… ဒါမှမဟုတ် G Talk ကနေ Send Files နဲ့ ပို့ကြတာတွေ အခုတလော ခေတ်စားနေတယ်…။
ကြုံဖူးကြလား… မကြုံဖူးရင် ဒီမှာကြည့်… နမူနာ ပြလိုက်တယ်… ဒါမျိုး.. ဒါမျိုး...
အိုင်ဒီယာ အသစ်ပေါ့… ဟဲဟဲ…။
မှတ်ချက် ။ ။ ပို့စရာရှိတဲ့သူများထံ ဤနည်းဖြင့် ပို့ကြည့်လိုက်ပါ… မုချ အောင်မြင်မှု ရပါလိမ့်မည်။ ဒီထက် သစ်တဲ့ အိုင်ဒီယာ နောက်တခုလဲ ရှိနေပါသေးသည်။ သိချင်သူများ ဆက်သွယ်ပါ...။
သို့တရံတခါဆီ
25 comments:
  1. Beautiful handwriting ...wanna 2 see U :)
    ReplyDelete
  2. စိတ်ဝင်စားတယ်...ဘီလို ဆက်သွယ်ရမလဲ မမ..း))
    ReplyDelete
  3. အင်း နည်းသစ်ကို ရောင်းစားတော့မယ်ပေါ့လေ...
    ReplyDelete
  4. အင်း နည်းတွေတော့ သိပီ။ ဘယ်သူ့ဆီ ပို့ရပါလိမ့်..သနားစရာ ကျတော့မှာ
    ReplyDelete
  5. good idea.
    i think ..many time writing before sending.
    :)
    momiji
    ReplyDelete
  6. ရေးရမှာပျင်းလို့ ဖုန်းနဲ့ပဲဆက်ပြောလိုက်တယ်... :P နည်းအသစ်တော့ စိတ်ဝင်စားတယ်. :D
    ReplyDelete
  7. ကဗျာလေးကကောင်းတယ်
    လက်ရေးလေးလည်း လှတယ်
    နည်းသစ်ကို နောက်ပို့စ်တွေမှာ ပြောပါဦး :)
    စောင့်မျှော်လျက်
    ReplyDelete
  8. မြန်မာပြည်မှာ နေစဉ်က ပြည်ပမှာ နေနေတဲ့ အမျိုးတွေ၊ မြန်မာစာ ဖေါင့်မရှိတဲ့ ဆွေမျိုးများထံကို အရင်က ဒီလိုပဲ အီးမေးလ်ကနေ ဓါတ်ပုံရိုက် ပို့နေကျပါ။
    အဆင်မပြေရင် အသံဖိုင်တစ်ခု ဆောက်ပြီး ကိုယ်ပြောချင်တာကို အီးမေးလ်ဖိုင်ထဲ အတက်ခ်ျမန့်အနေနဲ့ ပို့လိုက်တာပါပဲ...။ သုံးတာကတော့ ဝင်းဒိုးထဲက အသံဖိုင် ရီကော့်ဒါပါ။
    မဂျီးတက်ဝေ ခေတ်နောက်ကျနေပါပြီ။
    အီးမေးလ်မသုံးတတ်တဲ့ အမျိုးကျတော့ သူတို့ ဟဲန်းဖုန်းထဲကို မက်ဆေ့ခ်ျပို့တဲ့ နည်းကို သုံးပါတယ်။ အီးမေလ်းအကောင့်တစ်ခုနဲ့ မှတ်ပံတင်ထားရင် ပြည်ပက ဘယ်နိုင်ငံကို မဆို SMS အခမဲ့ ၅ ခု (အဝင်အထွက်) ပို့လို့ရတဲ့ websms ရှိပါတယ်။ အဲဒီမှာ အီးမေးလ် အကောင့်ပေါင်းမြောက်များစွာနဲ့ ရီဂျစ်စတာလုပ်ပြီး မက်ဆေ့ခ်ျပို့ပါတယ်။ သာမာန် SMS လိုပဲ မက်ဆေ့ခ်ျတစ်ခုကို 140 character ပဲ ရိုက်ပို့နိုင်ပါတယ်။
    အဲ့.. အဲဒါတွေက လွန်ခဲ့သော နှစ်ပေါင်းများစွာက.. ၂၀၀၃ ခုနှစ်လောက်တုန်းက မောင်ဘွိုင်း မြန်မာပြည်မှာ သုံးစွဲခဲ့တဲ့ နည်းပါ။
    ဟိဟိ
    ReplyDelete
  9. good for teenagers..
    We have no time to waste in such teenage things...
    ReplyDelete
  10. မသက်ဝေ လက်ရေးလေး လှလိုက်တာ။ အိုင်ဒီယာ အသစ်ကိုလည်း ပို့စ်တင်ပါဦး။ ဒါမှ အားလုံး သိသွားအောင်။
    ReplyDelete
  11. ဟားဟား ဘွိုင်းက သူအရင်မတင်မိလို့ မနာလိုတိုရှည် လာအော်နေတာ ....
    အမခင်မင်းဇော်
    ReplyDelete
  12. သက်ဝေရေ - အစ်မနဲ့ အကြံတူနေပြီ။ အဲဒါကို အစ်မလည်း အမြဲတမ်း စဉ်းစားဖူးတယ်။ အစ်မက ငယ်ငယ်ကတည်းက အိမ်မှာအသားညိုဆုံးမို့ အမြဲတမ်း အနှိမ်ခံခဲ့ရတယ်။ ဒါပေမဲ့ အိမ်က သားသမီးတွေအထဲမှာ ကျောင်းပညာရေးမှာ အစ်မလောက် ဘယ်သူမှ မတော်ကြဘူး။ အစ်မလက်ရေးလောက် ဘယ်သူမှ မလှကြဘူး(လက်ရေးက အိမ်မှာမှမဟုတ်ဘူး ကျောင်းမှာပါ)။ ဒီတော့ အစ်မပိုင်ဆိုင်တဲ့အထဲမှာ လူတကာထက်သာတာ ဆိုလို့ လက်ရေးတခုပဲ ရှိခဲ့တယ်။ ကျောင်းမှာ နံရံကပ်စာစောင် လုပ်ရင်လည်း အစ်မမပါရင် မပြီးပြီး။ တချို့ အတန်းငယ်က ဆရာဆရာမတွေဆို အစမ်းစာမေးပွဲမေးခွန်းကို အစ်မနဲ့ ခေါ်ပြီး ကာဗွန်စက္ကူပေါ်မှာ ရေးခိုင်းတာ ရှိတယ်။ အကိုတွေ အစ်မတွေဆိုလည်း လက်ရေးလှလှလေးနဲ့ သူတို့ ရည်းစားတွေကို ပေးချင်လို့ သူတို့ရေးထားတဲ့ ရည်းစားစာကို အစ်မကို ပြန်ကူးခိုင်းတာရှိတယ်။ ဒီတခုတည်းနဲ့ပဲ အစ်မက သိမ်ငယ်တာတွေကို ကုစားလာခဲ့တာ အခုတော့ ကွန်ပြူတာတွေ ခေတ်စားလာတော့ လက်ရေးလှတာ ဘယ်သူမှ အသိအမှတ်ပြုဖို့ မလိုတော့လို့ ဘာမှ အသုံးမ၀င်တော့ဘူး။ ဘလော့ဂ်မှာ ပို့စ်တင်ရင် အခုသက်ဝေ ပြောသလို လက်ရေးမူအတိုင်း တင်ရင် ကောင်းမယ်လို့ မကြာခဏ စဉ်းစားမိတယ်။ အစ်မက စဉ်းစားရုံပဲရှိသေးတယ် အခုတော့ သက်ဝေက ဦးသွားပြီ။
    ReplyDelete
  13. အော် ... ဂလိုလား။ ကိုယ့်အိမ်ကလူကြီးကို စမ်းပို့ကြည့်လိုက်မယ် ... အဲ့လက်ရေးလေး မှတ်မိပ။
    ReplyDelete
  14. ကိုဘ ငကြွားကြီး
    :P :P :P
    (မမသက်ဝေရဲ့ လက်ရေးမျိုးလေး ကြိုက်တယ်။ လူကြီးလက်ရေး)
    ReplyDelete
  15. ကောင်ဆလာ ဆားဗစ် ဖွင့်ပါလားဟင်။း)
    ဒါမဲ့ ပျင်းစရာကြီး..စာရွက်လဲ ကုန်သေး.. စကန်နာ လဲ ရှာရအုံးမယ်.. ကွန်ပြူတာမှာလဲ ဖိုင်တွေ လေးအုံးမယ်..
    ကြိုက်ဖူး.. :D
    ReplyDelete
  16. အမသက်ဝေ၊ လက်ရေးလား။
    အပြုံးပန်းလက်ရေးနဲ့တူလိုက်တာ၊
    တိုက်ကြည့်မလား။
    ReplyDelete
  17. ကောင်းတော့ကောင်းတယ်
    ဒါပေမယ့် ခက်နေတာ ကျွန်တော်လက်ရေးက ပဲပင်ပေါက်လက်ရေး...:P
    ဒါနဲ့ သီချင်းလေးပါ တွဲတင်ပေးရင် ပိုပျော်မှာ...။
    ReplyDelete
  18. ဇော်ဂျီ ကိုမရိုက်တတ်ခင်က...ဘိုးတော်ဘုရားသုံးတဲ့နည်း......
    ခုမှ တရေးနိုးလာရသလား....အလုပ်ပိုရှုတ်တာရှိတာ...
    ReplyDelete
  19. စိတ်မရှည်ဘူးသက်ဝေ
    ReplyDelete
  20. လက်ရေးလေးတော့ကြိုက်သကွယ်။
    ReplyDelete
  21. ကျေးဇူးပါ မသက်ဝေ.. ခိုင်ထူးရဲ့ ” သို့တရံတခါဆီ ”
    ကိုရှာနေတာကြာပြီ.. အခုမှပြန်နားထောင်ဖြစ်တယ်..။
    ကျေးဇူး...။
    ReplyDelete
  22. သိချင် ၀ယ်ဖတ်တောင်လုပ်နေလိုက်သေး ဟေး ဟေး
    ReplyDelete
  23. သဘောကျသွားတယ် သက်ဝေ.. လက်ရေးလှလှကို ကြွားတာများလားလို့.... စိတ်ဝင်စားစရာပေါ့..လက်ရေးဆိုတာ ကိုယ်ပိုင်အမှတ်အသားတစ်ခုပဲ...ဒါကတော့ အထူးရှယ်တွေအတွက် ကောင်းပါတယ်..ဒီမှာတော့ sendfile က ကြာလွန်းလို့ မသုံးဖြစ်ဘူး.. ဒီဟာကတော့ sample ပေါ့..နောက်အိုင်ဒီယာတွေကတော့ သူဋ္ဌေးဖြစ်ပေါ့လေ..ဟဲဟဲ
    စကားချော်သွားလို့..ဒီသီချင်းလေးကို တအားကြိုက်တာ.. ကျေးဇူးနော်..
    ReplyDelete
  24. ဒီက လက်ရေးက တခါရေးတမျိုးမို့ ရှုပ်ကုန်ရင် ရှင်းပေးမလား...ကြိုပြောထားပါ... A to Z အကျိုးဆောင် မန်နေဂျင်း ဒါရိုက်တာ...
    ReplyDelete
  25. ၂၀၀၇ က စလို့ ဒါတွေ လုပ်ဖူးပါတယ်
    ဟိ
    (ကိုကိုက အရင်က ရန်ကုန်မှာမို့)
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...