အမှတ်တမဲ့ ဆုံခဲ့ရတဲ့ အနက်စစ်စစ် ကြယ်လေး နှစ်ပွင့်
သတိရတဲ့ အချိန်မှာ ကောင်းကင်ပေါ်မော့
ပြန်ရှာကြည့်လိုက်တော့
ညမှောင်မှောင်မှာ အနက်ရောင် ကြယ်လေးတွေ
ပျောက်ခြင်းမလှ ပျောက်ဆုံး…
အော်.. ကြယ်မစုံတဲ့ ညက မှောင်မိုက်နေတုံး…။
အိပ်မက်တွေထဲမှာတော့
အဲဒီ အနက်ရောင် ကြယ်ပွင့်လေးတစုံကို
နှင်းဆီပန်းဖြူဖြူတွေကြားထဲမှာ…
တိမ်လိပ်ဖြူဖြူတွေပေါ်မှာ…
မိုးစက်မိုးပေါက်တွေကြားထဲမှာ…
ဝါကျင့်ကျင့် မီးရောင်အောက်မှာ…
တခါတခါ ဖတ်လက်စ စာအုပ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ…
တခါတခါ နားထောင်လက်စ သီချင်းသံစဉ်တွေရဲ့ ကြားထဲမှာ…
မှုန်ရီရီ ဝေဝါးဝါး…
တချို့ညတွေ သန်းခေါင်ယံ အိပ်မက်က လန့်နိုး
အဲဒီလို အချိန်မျိုးတွေမှာ
ကောင်းကင်ပေါ် အသာမော့ကြည့်မိတော့
အနက်ရောင် ကြယ်ပွင့်လေး တစုံဟာ
သူ့ရဲ့ပိုင်ရှင် မိုးကောင်းကင်ကြီးပေါ်မှာ တောက်ပစွာ
ပြုံးလို့ ပျော်လို့တွေ့ရပြန်တယ်…
ဒီလိုနဲ့ အနက်ရောင် ကြယ်ပွင့်လေး နှစ်ပွင့်ကို
အိပ်မက်တွေထဲမှာ ရှာဖွေကြည့်လိုက် ပျောက်ဆုံးသွားလိုက်…
အတွေးတွေထဲမှာ လိုက်ဖမ်းဆုတ်ကြည့်လိုက် လွတ်ထွက်သွားလိုက်နဲ့
ဘယ်လိုမှ ရှာမရအောင် ပျောက်ဆုံးနေတဲ့
နောက်ဆုံးနေ့ရက်တွေမှာ
စိတ်အစဉ်ကို အသာလျှော့
အဆိပ်မျှင်တွေပါတဲ့ ကော်ဖီခါးတခွက်ကို ဖန်တီး
ရူးရူးမိုက်မိုက် မော့သောက်မယ်ကြံပြီးခါမှ
ရှာနေတဲ့ အနက်ရောင် မျက်ဝန်းတစုံကို
မမျှော်လင့်ပဲ ကော်ဖီခွက်ထဲမှာ ပြန်တွေ့လိုက်ရတယ်…
ကျေးဇူးတင်ပါတယ် ကော်ဖီခွက်လေးရေ လို့ ပြောလို့မှ မဆုံး
ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ လေပြင်းမုန်တိုင်းတွေ…
ချော်ရည်ပြည့်နဲ့ မီးတောင်ပေါက်ကွဲသံတွေ…
မြေပြင်လွှာကို အလျားလိုက် ပြတ်ရွေ့စေတဲ့ ငလျင်တွေ…
အားပြင်းလှတဲ့ သဘာဝဘေးရန်တွေကြားမှာ
စားပွဲပေါ်က ကော်ဖီခွက်လေး ထိန်းမရအောင်
ဟိုဟိုဒီဒီ ဘောင်ဘင်ခတ်ရင်း
မကြာခင်က တွေ့ခဲ့ရတဲ့ အနက်ရောင် မျက်ဝန်းတစုံ
သူ့အလိုလို ပျောက်ဆုံးသွားခဲ့ပါရောလား…။

*** ကဗျာလေးနဲ့ လိုက်တဲ့ ပုံဆွဲပေးပါလို့ ပူဆာလိုက်လို့ ချက်ချင်း ပုံဆွဲပေးခဲ့တဲ့ ညီမလေး ပန်ဒိုရာ ကို ကျေးဇူး အများကြီး တင်ပါတယ်...။
ကော်ဖီတဲ့....
ReplyDeleteအခုမှအိပ်ယာထပြီး ကော်ဖီဖျော်ဖို့
ReplyDeleteရေနွေးစောင့်နေရင်း လာဖတ်ပါတယ်။။
ကော်ဖီပိုသောက်ချင်စိတ်ပြင်းထန်လာပါတယ်..။။
ကဗျာလေးကို ၂ခေါက် ၃ခေါက် ဖတ်ပါတယ်..။။
မမှီဘူး..။ ဝေဝေဝါးဝါးပဲ။။
"အိပ်မက်တွေထဲမှာတော့
ReplyDeleteအဲဒီ အနက်ရောင် ကြယ်ပွင့်လေးတစုံကို
နှင်းဆီပန်းဖြူဖြူတွေကြားထဲမှာ…
တိမ်လိပ်ဖြူဖြူတွေပေါ်မှာ…
မိုးစက်မိုးပေါက်တွေကြားထဲမှာ…
ဝါကျင့်ကျင့် မီးရောင်အောက်မှာ…
တခါတခါ ဖတ်လက်စ စာအုပ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ…
တခါတခါ နားထောင်လက်စ သီချင်းသံစဉ်တွေရဲ့ ကြားထဲမှာ…
မှုန်ရီရီ ဝေဝါးဝါး…"
တဲ့လား။ မိုက်တယ်ကွာ။
်ကဗျာလေး...ကောင်းပါ၏။ အိမ်ကလူက ငါတို့ ၂ယောက်ကို ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်တဲ့...ပြောနေလို့ဟေ့၊ င့ါမှာမန့်ဖို့တွန့်ကနဲ...(အဲ...ငါပြောလိုက်ပြီနော်...)
ReplyDeleteအဲ.. ချော်ရည်တွေ.. မီးတောင်တွေ .. ငလျင်တွေ ပါလာပြန်ပါလား..
ReplyDeleteအနက်ရောင်ကြယ်နှစ်ပွင့်နှယ်.. ခံနိုင်ပါရိုးလား..း(
မျက်လုံးထဲမှာ အနက်ရောင် ကြယ်တွေ မြင်ယောင်လာတယ် အစ်မသက်ဝေရယ်... (အစ်မ ပန်ဒိုရာ့လက်ရာ ပုံလေးကလည်း ကဗျာနဲ့ တကယ်လိုက်ဖက်ပါတယ်း)
ReplyDeleteI B try 2 change golden star 4 U :)
ReplyDeleteကော်ဖီခါးဆိုတော့ ဘလက်ကော်ဖီပေါ့နော်... အဲဒီထဲက အနက်ရောင်မျက်ဝန်းတစ်စုံကို စိတ်ကူးနဲ့မြင်ယောင်ကြည့်သွားတယ်... ကဗျာလေးကို ကြိုက်တယ်
ReplyDeleteကျတော် ကော်ဖီကြိုက်ဘူးဗျ ဒါကြောင့် ကော်ဖီခွက်ထဲက ကြယ်ပွင့်တွေကို မသိဘူးဗျ...ကဗျာလေးတော့ ဖတ်သွားတယ်
ReplyDeleteကော်ဖီ သောက်ရင်း စပ်လိုက်တဲ့ ကဗျာလား မသက်ဝေ...
ReplyDeleteခံစားချက်တွေ တပုံကြီးပဲ