သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။
ဒီတပါတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းမှာတော့ အပြောင်းအလဲ နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ဖတ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က “ ပြောင်းလဲနေသော ” တဲ့။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

* * * * *
ပြောင်းလဲနေသော
အရာရာတိုင်းသည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ လှလှ ပပ ပြောင်းလဲ နေကြသည်။ သက်ရှိတွေ သာမက သက်မဲ့အရာတွေသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်ကြသည်။ ရာသီဥတုတွေ ပြောင်းလဲတတ်သလို ရေမြေတောတောင် သဘာဝတွေကလည်း ပြောင်းလဲတတ်သည်။ အချိန်အခါတွေ ပြောင်းလည်းတတ်သလို အခြေအနေတွေသည်လည်း ပြောင်းလဲတတ်သည်။ စကားလုံးတွေက ပြောင်းလဲတတ်သလို အပြုံးတွေကလည်း ပြောင်းလဲတတ်သည်။ သစ်ရွက်လေးတွေ၊ လိပ်ပြာလေးတွေက အရောင်ပြောင်းတတ်သလို ပန်းပွင့်လေးတွေကလည်း အရောင်ပြောင်းတတ်သည်။ ပြီးတော့ လူတစ်ဦး တစ်ယောက်၏ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဓလေ့စရိုက်၊ အပြောအဆို၊ အယူအဆ၊ စွဲလမ်းသော အရာ၊ အလေးအနက်ထားသော၊ တန်ဖိုးထားသော အရာတွေ သည်လည်း တချိန်နှင့်တချိန် မည်သည့်နည်းနှင့်မျှ မတူညီနိုင်ကြ။ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ကြသည်မှာ ဓမ္မတာပင်…။
ထိုကဲ့သို့သော ပြောင်းလဲခြင်း သဘောတရားကို မည်သူမျှ လွန်ဆန်နိုင်ခြင်း မရှိသလို မည်သူကမျှလည်း တားဆီး၍ မရနိုင်။ ပြောင်းလဲသွားသော အရာတွေကို အရင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်ရန်လဲ အတော်လေးကို မလွယ်ကူ။ ဤသို့ မလွယ်ကူမှန်း သိသိကြီးနှင့်ပင် ကိုယ့်မျက်စေ့ရှေ့မှောက်မှာ လှလှပပလေး ပြောင်းလဲသွားသော အရာတစ်ခုကို ဟိုးအရင် မပြောင်းလဲခင် အချိန်တုန်းကလို အကောင်းအတိုင်း ပြန်ဖြစ်လာစေရန် ကိုယ် ရူးသွပ်စွာ ကြိုးစားနေခဲ့မိပါသည်။
* * * * *
သူ့ကို စတင်ရင်းနှီးခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ ကျောင်းမှာ မေဂျာတူ အတန်းတူ ပြီးတော့ ခုံနံပါတ်ချင်းကပ်ရက်.. သည်လိုနှင့် သူ့ကို စတင် ရင်းနှီးခင်မင်ခဲ့ရသည်။ ပင်ကိုယ် အလှတွေနှင့် အပြစ်ဆိုစရာမရှိအောင် လှပြီးသားဖြစ်သော်လည်း ခေတ်မှီ သေသပ်လှပသော ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်ခြယ်သကာ အစဉ်အမြဲ လှနေတတ်သူ၊ ရယ်စရာ ဟာသများကို ရှာရှာဖွေဖွေ ပြောတတ်ကာ အစဉ်အမြဲ ကြည်လင်စွာ ရယ်မောနေတတ်သူ၊ သူငယ်ချင်းများကို လူမျိုး ဘာသာမရွေး တရင်းတနှီး ယုံယုံကြည်ကြည် ခင်မင်ကာ စေတနာအပြည့် ထားတတ်သူ၊ သင်ခန်းစာများကို သိပ်အားမစိုက်ရပဲ လွယ်လင့်တကူ နားလည်တတ်ကျွမ်းနိုင်သူ၊ အရာရာကို အကောင်းဖက်မှ တွေးမြင်တတ်ကာ လူတိုင်းကို ရရာနေရာမှ အတတ်နိုင်ဆုံး ကူညီတတ်သူ၊ သူသည် အလွန် လန်းဆန်း တက်ကြွသော၊ လှပပြည့်စုံ၍ အပြစ်ကင်းစင်သော ချစ်စဖွယ် မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။
သူနှင့် ရင်းနှီးခင်မင်ခဲ့ရသော အချိန် ကာလ တလျှောက်တွင် သူနှင့် ပတ်သက်၍ စိတ်တိုင်းမကျစရာများ၊ စိတ်ညစ်ညူးစရာများ၊ အလိုမကျစရာများ ဘာမျှ မတွေ့ကြုံခဲ့ရပါ။ အလွန်တရာမှ ချစ်ခင် နှစ်လိုဖွယ်ကောင်းလှသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ သည်လိုနှင့် သူသည် ကိုယ့် အရင်းနှီးဆုံး စိတ်အချရဆုံး တိုင်ပင်ဖေါ် တိုင်ပင်ဖက် တိုးတိုးဖေါ် သူငယ်ချင်း ညီအမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ ကျောင်းဖွင့်ရက်တွေမှာ သာမက ကျောင်းပိတ်ရက်တွေမှာပါ သူနှင့် အဆက်အသွယ် မပျက်၊ အသွားအလာ မပျက် အချိန်တိုင်းမှာ တတွဲတွဲနှင့် နေဖြစ်ခဲ့ရင်း ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း စာရင်းထဲမှာ သူသည် ထိပ်ဆုံးနေရာမှာ ရောက်နေခဲ့တော့သည်။
သည်လိုနှင့် တနေ့မှာတော့ ထူးထူးဆန်းဆန်း... ပြောစရာရှိသည် ဟုဆိုကာ သူ ကိုယ့်အိမ်ကို ရောက်လာပါသည်။ တွေ့တွေ့ချင်းမှာပင် ကိုယ့်အိပ်ခန်းထဲသို့ ဝင်လာကာ တံခါးသော့ကို နှိပ်လိုက်ပြီး “နင် ဘယ်သူ့ကိုမှ မပြောပြရဘူးနော်.. ငါ့ကို ဂတိပေးပါ.. ” အစချီသော စကားလုံးများနှင့် စတင်လာပါသည်။ သူပြောနေသော စကားလုံးတွေ အများကြီးထဲမှာ ကိုယ့် နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလို ကျယ်ကျယ်လောင်လောင်ကြီး ကြားလိုက်ရသည်ကတော့ သူ့တွင် ပြင်းထန် ကြီးမားသော ရောဂါတစ်ခု ရှိနေပြီ ဖြစ်နေသောကြောင့် များမကြာမီ အချိန်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်သည် တဲ့...။ ဘုရားရေ... ကိုယ့်ခေါင်းထဲတွင် မိုက်ကနဲဖြစ်ကာ အမြင်အာရုံများလည်း ဝေဝေဝါးဝါး ဖြစ်သွားသည်။ သူ့ကိုကြည့်လိုက်တော့ ရောဂါရှိနေသူမှာ သူမဟုတ်သလို… ဘာဆို ဘာမှ မဖြစ်လေဟန်နှင့် တည်တည်ငြိမ်ငြိမ်...
----------
--------------------
------------------------------

အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။
*** အလုပ်တွေများပြီး အားလပ်ချိန်တွေ နည်းနေတဲ့ကြားက ဝတ္ထုတိုလေးအတွက် သရုပ်ဖေါ်ပန်းချီလေး ဆွဲပေးတဲ့ ညီမငယ် ပန်ဒိုရာ ကို များစွာ ကျေးဇူးတင် ချစ်ခင်လျက်…။
တစ်ချိန်တုန်းက ကြယ်လေးတစ်လုံးဖြစ်ချင်ခဲ့ဖူးတယ်...
ReplyDeletehttp://ywartharlay-ytu.blogspot.com/2009/04/blog-post_03.html
ဖတ်ပြီးပြီ ၊ သေလောက်တဲ့ရောဂါ မရှိလို့ အကြောင်းပြချက်ကောင်းကောင်း မရှိပဲ လုပ်ချင်တာတွေလုပ်ခဲ့ဖူးတယ်၊ လောကနိယာမအရ ရပ်သွားတဲ့ အချိန်တခုလဲပဲ ရှိခဲ့တယ် ဆိုတော့လေ...
ReplyDeleteပြောင်းလဲသွားတာထက် အကြောင်းပြချက်တစ်ခုခု ရတဲ့အခါ လူတွေရဲ့ ငုပ်နေတဲ့ မိုက်ဗီဇလေးတွေက အစွမ်းပြလာတာလား လို့ ထင်မိတယ်။ ကိုယ့်အသက်နဲ့ ကိုယ့်ဘ၀ကို တန်ဖိုးထားတာကလည်း ကောင်းတာတွေကိုပဲ လုပ်ဖြစ်ဖို့အတွက် တွန်းအားပဲ။
ReplyDeleteတစ်ကယ်သေမယ်ဆိုရင်တော့လဲ ဘာများအရေးကြီး ဦးမလဲ။
ReplyDeleteနိဂုံးပိုင်း အတွက်..တခုခု မျှော်နေမိသေးတယ်။
ReplyDeleteမကေပြောသလိုပဲ စာရေးသူ တခုခုကိုပြောဖို့ ချန်ထားတယ်။ ဆက်ပြောပေးပါ။
ReplyDeleteသေခါနီး လုပ်ချင်တာ မလုပ်မိပဲ လုပ်သင့်တာတွေ လုပ်နိုင်ဖို့ စဉ်းစားမိပါတယ်... သေခါနီးတော့ ဘယ်လိုဖြစ်မလဲတော့ မသိဘူး...
I love the changing :)
ReplyDeleteI love the changing life :)
I love U try ur best :)
cool....TW
သံလွင်အဖွဲ့သားအဖြစ် ကြိုဆိုပါ၏၊ အမြဲတမ်: issue တိုင်းဖတ်ချင်ပါတယ်
ReplyDeleteခရေဖြူ
မပန်ပြောသွားတာ စဉ်းစားစရာ။
ReplyDeleteအဆုံးပိုင်းလေးက ကောင်းသောအဆုံးသတ်ခြင်းဆိုရင်တော့ သိချင်တယ် သက်ဝေ… မကောင်းတဲ့အဆုံးသတ်ခြင်းဆိုရင်တော့ ဒီအတိုင်းလေးထားတာ သူရှိနေသေးတယ်လို့ တွေးနေမိတာ ပိုစိတ်ချမ်းသာရမလားပဲ…
ReplyDeleteဒါလေးဖတ်ပြီး တို့ ချစ်တဲ့သူငယ်ချင်းလေးကို သွားသတိရတယ်… သူကတော့ သေလောက်တဲ့ရောဂါကြီးတခု တကယ်ဖြစ်ခဲ့တာပါ… ဘယ်သူ့ ကိုမှ ဒုက္ခမပေးပဲ ကျန်တဲ့အချိန်လေးမှာ တရားဘာဝနာကိုပဲ အေးအေးဆေးဆေး လုပ်ခဲ့တာ… အံ့သြစရာကောင်းစွာ သူအားလုံးကို ဖြတ်တောက်သွားနိုင်တယ်… သူဘ၀ဆုံးလေးက အရမ်းကို ငြိမ်းချမ်းခဲ့တယ်…