Sunday, January 31, 2010

တပွင့်ပန်း

ကိုယ်ဟာ မိန်းကလေးတယောက် ဖြစ်ပေမယ့် တကယ်တော့ ပန်းပင်တွေ ပန်းပွင့်တွေနဲ့ နဲနဲမှ မနီးစပ်ပါဘူး။ ပန်းတွေကို စိတ်လဲ မဝင်စားသလို သိပ်လည်း မနှစ်သက်ခဲ့ပါဘူး။ သိပ်လှတဲ့ပန်းတွေ၊ သိပ်မွှေးတဲ့ပန်းတွေကိုတွေ့ရင်လဲ သာမန်ထက်ပိုပြီး ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ငယ်ငယ်ကတော့ ကျောင်းပိတ်ရက်ရှည် တခုမှာ အမတယောက်က ခေါ်လို့ (အဖေါ်ကောင်းလို့) ဂျပန်ပန်းအိုးထိုးနည်း အီကေဘားနားကို သင်တန်းတက်ခဲ့ဖူးတယ်။ သင်တန်းအပြီးမှာ ဘုရားပန်းအိုး နဲ့ အိမ်က စားပွဲလေးတွေပေါ်မှာ အလှပန်းအိုး သေးသေးကွေးကွေးလေးတွေကို နဲနဲ ချက်ကျလက်ကျ ထိုးတတ်လာပါတယ်။ ဒါထက်တော့ မပိုခဲ့ပါဘူး။

ဟိုတလောကတော့ သူများတွေရိုက်ထားတဲ့ ဓါတ်ပုံတွေကြည့်ရင်း ကိုယ်တိုင်လဲ ဓါတ်ပုံရိုက်ချင်စိတ် ဖြစ်လာတယ်။ သို့သော် ဓါတ်ပုံရိုက်ချင်စိတ် ပေါ်လာတဲ့အခါတိုင်းမှာ ကိုယ်ရိုက်ချင်တာတွေက ချစ်စရာ တိမ်တွေ များများပါတဲ့ ရှုမျှော်ခင်းတွေ၊ မျက်စေ့တဆုံး မြင်နေရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ပင်အုပ်အုပ်တွေ၊ အသက်ဝဝရှုလို့ သိပ်ကောင်းတဲ့ ကွင်းပြင် ကျယ်ကျယ်တွေ၊ ပင်လယ်ပြင် ကျယ်ကျယ်ကြီးကို အနားသတ်ထားတဲ့ ဟိုးအဝေးကြီးက တောင်တန်းညိုညိုတွေ၊ သူတို့အနားကို သွားလိုက်တိုင်း ကိုယ့်ဆီကို အပြေးကလေး ရောက်လာတတ်ကြတဲ့ ရေလှိုင်းပြာပြာတွေ… အဲဒီလိုပုံမျိုးတွေကိုပါ။

ဒါပေမယ့် လောလောဆယ်မှာ အဲဒီလိုတွေရိုက်ဖို့ အတွက် အဲဒီလိုနေရာမျိုးတွေကို သွားဖို့ အခြေအနေကမပေး၊ အချိန်ကလဲ ရှိမနေသေးတာကြောင့် အလွယ်ဆုံး နဲ့ အနီးစပ်ဆုံး Object တွေကိုပဲ အရင်ရိုက်နေဖြစ်ပါတယ်။ အဲဒီလိုတွေ Object တွေ ထဲကမှ ကိုယ်အရင်က တခါမှ စေ့စေ့စပ်စပ် နီးနီးကပ်ကပ် မကြည့်ဖူးတဲ့ ပန်းလေးတွေကို အနီးကပ် ရိုက်ထားတယ်။ ဒီမှာ ကြည့်ပါအုံး...












အဲဒီပန်းလေးတွေက ပထမတခေါက်က မိုးဖျက်လို့ မရောက်ခဲ့ရတဲ့ Botanical Garden ကို နောက်တခေါက် ထပ်သွားတုန်းက ရိုက်ခဲ့တာပါ။ ဓါတ်ပုံပညာ ဆိုတာကို ထဲထဲဝင်ဝင် မလေ့လာရသေးခင်မှာ စိတ်ပါသလို ရိုက်ထားတဲ့ ပုံလေးတွေလဲဖြစ်ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ပန်းတွေ အများကြီးတွေ့ခဲ့ပေမယ့် စိတ်ထဲမှာ တွေးမိတာလေး တခုကြောင့် အခိုင်တခိုင်မှာ တပွင့်စီသာရှိနေတဲ့ ပန်းတွေကိုမှ ရွေးရိုက်ခဲ့မိတယ်…။ ရိုက်ပြီးတော့ ဓါတ်ပုံလေးတွေ တပုံစီအတွက် နာမည်ရွေးတာ မရလို့ တော်တော်နဲ့မတင်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ပုံအားလုံးအတွက် “တပွင့်ပန်း” လို့ပဲ နာမည်လွယ်လွယ်ပေးပြီး တင်လိုက်ပါတယ်။ ဓါတ်ပုံလေးတွေလာကြည့်ရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့ နာမည်လေးများ တွေးမိရင် ပြောခဲ့ကြပါလို့…



24 comments:

  1. အနီးကပ်ရိုက်ချက်တွေချည်းပါလား

    လှနေရောပဲ...

    တိမ်တွေ ရှုခင်းတွေ ရိုက်ဖို့အခွင့်အလမ်းရလာမှာပါလေ.

    ReplyDelete
  2. လှလိုက်တာ။ ပြက္ခဒိန် ထုပ်လို့ရတယ်၊

    ReplyDelete
  3. ငါးပုံမြောက် အဝါရောင်တစ်ပွင့်ပန်းက အလှဆုံးလို့ ခံစားမိပါတယ်..။

    ReplyDelete
  4. အရောင်တွေ စိုချက် တောက်ချက် ဗျာ..
    ဓာတ်ပုံပညာ သိပ်မလေ့လာရသေးလို့ပဲ
    ရိုက်တဲ့ပုံတွေက အတော်လေးလှနေပါပြီလေ..


    ဒါနဲ့ ပေါ့ထရိတ်ပုံရိုက်နည်းတွေ လေ့လာပါဦးနော်
    အလကား အခမဲ့ မော်လဒယ်လ် လုပ်ပေးချင်ရို့ပါ

    အရိုက်ခံချင်သူ
    ခမမ :D

    ReplyDelete
  5. အမ သက်ဝေ ဓါတ်ပုံလေးတွေ လိုချင်လိုက်တာ... လောလောဆယ် ဆိုဒ်ဘားမှာ ပန်းပုံတွေ တင်ထားတာလေ... ဒုတိယပုံက အရမ်း အရမ်းလှတယ် အမရေ... ပန်းရိုးမ ပြက္ခဒိန် ကိုလည်း သတိရတယ်

    ReplyDelete
  6. နောက်ဆုံးပုံလေးကိုကြိုက်တယ်..
    မသက်ဝေ.. ပြက္ခဒိန်ထုတ်ပါ =)

    ReplyDelete
  7. Very professional...picture..
    I love it....
    I prefer 2nd to all.
    Thx 4 supporting 2 every body ,who face the storm alone..
    Appreciate sweet :)

    ReplyDelete
  8. ဟွန့် ... ဒီနှစ်ကျပ်ခွဲတန်ကြီးနော် ... ဟိုချိန် ဒီချိန်နဲ့ ...
    ခုလဲ များတို့ကို ...

    (ပန်းကလေးများကိုယ်စား လာပြောပေးပါသည် ... :>)

    ReplyDelete
  9. မော်ဒယ်လိုရင်ပြောပါ...ပြောလိုက်စမ်းဘာာာာ။
    mm

    ReplyDelete
  10. ကျနော်လည်းရိုက်ဖြစ်ရင် တိမ်တွေ..ပင်လယ်တွေ..
    မြက်ခင်းတွေပဲများတယ်။။



    ပေါက်

    ReplyDelete
  11. မီယာနဲ့ တူပါ့။
    ချိုသင်းလဲ ဒုတိယပုံကို အကြိုက်ဆုံး။

    ReplyDelete
  12. U need 2 feel & love flower 2....
    Flower is representative of love & peace :)

    ReplyDelete
  13. ၁) မဟာဆန်သူ
    ၂) ယဉ်တကိုယ်မယ်
    ၃) ညှို့သူ
    ၄) ပြုံးတုံလှဲ့
    ၅) တင့်တင့်တို့ အရွယ်
    ၆) ရှက်ပြုံး

    ReplyDelete
  14. အလှကိုယ်စီ လို့ ပေးချင်တယ်....အကုန်လှလို့.....အဲဒီလိုပဲ လူတဦးချင်း တယောက်ချင်းဆီမှာ တခုကောင်း ဒါမှမဟုတ် ဒီထက် ပိုတဲ့ အရည်အသွေးလေးတွေ ကိုယ်စီရှိနေကြတာလေ....၊ ပန်းကလေးတပွင့် ချင်းစီဟာ လူတဦးချင်းစီကို ကိုယ်စားပြုနေသလို ခံစားလိုက်ရတယ်....:)

    ReplyDelete
  15. အုန်းသီးရရင် ပထမဆုံးရိုက်ကြတာ ပန်းပုံထင်ပါ့

    ReplyDelete
  16. အင်း..ဒီ က စပြီးေ၇ှ့ကို တော့.. လက်စွမ်းပြပုံတွေ ကြည့်ရတော့မယ်ပေါ့..
း)

    ReplyDelete
  17. လှလိုက်တဲ့ တပွင့်ပန်းပုံတွေ။
    နှစ်ကျပ်ခွဲကြီးကို လိုချင်လာပြီ။

    ReplyDelete
  18. ဟ...တကယ့်ဆရာကြီးပါပဲ ။ ရိုက်ချက်တွေက လန်ထွက်နေတာပဲ။ အားကျတယ်ဗျာ။

    ReplyDelete
  19. လင်းဒီပ နဲ့ တူတယ်။
    အကြိုက်ဆုံးက ၅ ပုံမြောက် အ၀ါရောင်။ ဂန္ဓမာ ထင်တယ်။

    ReplyDelete
  20. ရွာသားလေး... ကျေးဇူးတင်တယ်နော်... အနီးကပ်အရိုက်ခံချင်ရင် ခုထဲက ကြိုတင် စာရင်းပေးနိုင်ပါပြီ...း))

    အမည်မဖေါ်လိုသူ စာဖတ်သူ နဲ့ ညီမ ရွှမ်းမီ... ပြက္ခဒိန်ထုတ်ဖို့အားပေးတာ ကျေးဇူး...

    အကြိုက်ချင်းတူနေတဲ့ လင်းဒီပ နဲ့ ပန်ပန်... အဲဒါ ဒေစီပန်းလေ... လှတယ်.. ကိုယ်လဲ အဲဒီပုံကို ကြိုက်တယ်...

    ခမမ... လာခဲ့ အရိုက်ခံချင်တယ်ဆို သေချာပေါက် ရိုက်ပေးမယ်...။
    ဘာနဲ့ရိုက်ပေးရမလဲ... နှစ် တလက်မ လိုချင်လား နှစ် ပတ်လည် လိုချင်လား... :-P

    မီယာ နဲ့ ချိုသင်း... ကြိုက်တဲ့ ပုံချင်းတူနေတယ်ပေါ့...။ လှတယ်လို့ ပြောကြလို့ ပျော်နေတယ်။ မီယာ ညီမ လိုချင်တဲ့ပုံ ယူသွားပါ...

    Hmoo... Thanks. Sometimes people have to stand alone to prove that they can still stand... Be strong..!!!

    ဒေါ်ဆွိ... တခါတလေတော့လဲ...း))

    မွန်... ကိုယ်တိုင်က ရိုက်ချင်နေသူပါ... မော်ဒယ် အလိုရှိပါတယ်...း)

    ပေါက်... တူတူပဲ.. အဲဒီလိုနေရာမျိုးတွေကို တခါလောက် အတူတူသွားပြီး ရိုက်ကြတာပေါ့...

    သီတာ... နာမည်လေးတွေက ချစ်စရာ... စဉ်းစားပေးတာ ကျေးဇူးနော်။
    စာအသစ်ရေးပါအုံး...း)

    ချစ်ကြည်... အတွေးတစနဲ့ တပွင့်ပန်းလေးတွေကို တမင် ရွေးရိုက်ခဲ့တာ.. သူငယ်ချင်းတွေးတာ ကိုယ်တွေးမိတဲ့ အတွေးနဲ့ ဆင်တယ်...း)

    ကလူသစ်... နှစ်ကျပ်ခွဲဝယ်ပြီးပြီလို့ အခိုင်အမာ သတင်းရတယ်။ ကလူသစ်ရိုက်ထားတဲ့ ပန်းပုံတွေ ပြပါ... ဒါပဲ...

    ကေ... လာမယ်.. လာမယ်... အပျင်းထူပြီး စာမရေးချင်ရင် ဓါတ်ပုံတွေ တင်ဖို့ ကြံစည်ထားပြီးသား...း))

    မချို... ဝယ်လေ... တူတူရိုက်ကြမယ်... (မျောက်နဲ့ ဆည်းဆာ တော့ မရိုက်ဘူးနော်...)

    မောင်မိုး... ပြောပုံကို ကြောက်လိုက်တာ... တကယ့် ဆရာကြီးတွေကြားရင် အော်ရယ်နေပါအုံးမယ်...။ တိုးတိုးဟ...

    အားပေးသွားကြသူများနှင့် မှတ်ချက်များအတွက် ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  21. ပထမ၊ ဒုတိယနဲ့ နောက်ဆုံးပုံကို ကြိုက်တယ် ကြားပုံတွေက အလင်းများ သလားလို့။ ကိုယ့်မျက်စိကပဲ အခြေအနေမကောင်းလို့ အရောင်တွေ ကြည့်ရတာ အလင်းစူးနေသလား မသိဘူး အမသက်ဝေရေ။ လိုအပ်ရင် မော်ဒယ်လ်တော့ ထိုင်ပေးချင်သား... ၀ါးဆစ်ပိတ်နဲ့ ရိုက်ခံရမှာတော့ ကြောက်ကြောက် :P

    ReplyDelete
  22. ဒုတိယပုံကိုအကြိုက်ဆုံး..
    အောက်ဆုံးပုံကတော့ စိမ်းစိုတောက်ပြောင်နေတဲ့ အရွက်ဖားဖားကြီးတွေကို ကြိုက်တာ..

    ReplyDelete
  23. ပန်းတွေ သိပ်လှတာပဲ။ ကျွန်မလည်း ပန်းတွေကို သိပ်ပြီး စွဲစွဲလန်းလန်း မရှိခဲ့ပေမဲ့ အခု အသက်ကြီးလာလို့လားမသိဘူး ပန်းအလှတွေကို သဘောကျတတ်လာတယ်။

    ReplyDelete
  24. အစ်မသက်ဝေရဲ့ တစ်ပွင့်ပန်းလှလှလေးတွေကို ငေးမောသွားပါတယ်း) ညီမလည်း ပန်းမပန်တတ်ပေမယ့် လှနေတာလေးတွေ မြင်ရရင် ပျော်မိပါတယ်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...