Monday, March 29, 2010

ရပ်ကွက်ထဲမှာ ဒီလိုပဲ (၃)

ယခုတလော ရပ်ကွက်ထဲတွင် အပေါင်းအသင်း ရောင်းရင်းတွေ ဘာဖြစ်နေကြသည် မသိ။ ထိုဇာတ်လမ်းကိုလည်း မည်သူက မည်သို့မည်ပုံ စတင် လိုက်သည် မသိ…။ သည်လို အဖြစ်မျိုး လောကမှာ ရှိသလား ဟု မေးယူရလောက်အောင်ပင် ထူးဆန်းသော အခြင်းအရာတခု ဖြစ်ပွားနေလေသည်။

အကြောင်းရင်းကား ဤသို့…။
ရပ်ကွက်ထဲတွင် လတ်တလော ရေးသားကြသမျှ ပိုစ့်အသစ်တွေမှာ ထို ထိုသော နာမည် တခု ပါမှ ခေတ်မီတော့မည် ဟု ဆိုနေကြသည်။ ထိုအခါ ဘလော့ဂ်ဂါ အများ အပြားတို့သည် ၄င်းတို့၏ ပိုစ့်များတွင် ထိုနာမည် ပါအောင် ထည့်သွင်း ရေးသားကြလေသည်…။ အဲ… မရေးကြရသေးသော သူများကလဲ ၄င်းတို့၏ ပိုစ့်အသစ်များတွင် အနှီ အမည် နာမကို မပါ ပါအောင် မည်သို့မည်ပုံ ဆွဲယူ ဆက်စပ်ကာ ထည့်သွင်း ရေးသားသွားကြရမည်နည်း ဟု တွေးသူက တွေး… မည်သည့်နည်းနှင့်မဆို ထိုအမည်ကို မပါ ပါအောင် (ဇွတ်) ထည့်ကို ထည့်ရေးမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချသူတွေက ချ…။ ထူးဆန်းပေစွ…။

ထိုကာယကံရှင်ကမူ သူ၏ အမည် နာမကို ပိုစ့်များထဲတွင် ထည့်သွင်း ရေးသားနေကြခြင်းနှင့် စပ်လျဉ်း​၍ ဘလော့ဂ် သတင်းဌာနသို့ ဤသို့ အတိအလင်း ပြောကြားသွာသည်။

“အရမ်းထည့်ရင် ဈေးပေါသွားမယ်… နား နားပြီး ထည့်ပါရန်…” ဟူ၏။

ထိုမျှသာမက နာမည်ကြီး အနှီလူသား သည် ယခု လက်ရှိ အခြေအနေတွင်
“ဟာ ဟ... မနေတတ်တော့ဘူး… မနေတတ်တော့ဘူး... မနေတတ်တော့ဘူး…”
ဟူ၍လည်း တကိုယ်တည်း မရပ်မနား ရေရွတ်နေသေးသည်…။ အခြေအနေ မကောင်းလှ…။ ထင်ပေါ် ကျော်ကြားမှု ဒါဏ်ကို မခံနိုင်ခြင်းပေလော…။ သို့တည်းမဟုတ် တံတား တခုခုနှင့် နီးနေခြင်းကို ပြသနေခြင်းပေလော…။

ကာယကံရှင်၏ နောက်ဆုံး အခြေအနေနှင့် သူပြောသွားသော စက်ရပ် သတင်းစကား မှာမူ “နာတော့ ရူးပြီကွာ…” ဟူ၏။

အလို… ကာယကံရှင်ကား စကားသော်မှ သေသေချာချာ မပီသ သေးချေ။ အဘယ်ကြောင့် နာမည်သတင်း ကျော်ကြားနေခြင်းပါလိမ့်…။

ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရသော သတင်းအရ သူ နာမည်ကြီးရခြင်း အကြောင်းရင်းမှာ နံပါတ်စဉ် များစွာထိုးကာ မရှည် ရှည်အောင် အတင်း ဆွဲဆန့်ရေးသားထားသော သူ၏ ခရီးသွားပိုစ့်များ… စာ တလုံး နှစ်လုံး နှင့် ဓါတ်ပုံများ ရောစပ်ထားသော အမည်တပ်ရခက်သော ဟိုအကြောင်း ဒီအကြောင်း ပိုစ့်များ… စားဖွယ်သောက်ရာများကို လက်သည်းနီ၊ ပိုက်ဆံအိပ် စသည်တို့နှင့် တွဲဖက်ကာ လူအများ စိတ်ဝင်စားစေသော ပိုစ့်များ... ငယ်စဉ် တောင်ကျေး ကလေးဘဝက မှတ်တမ်းတင်ထားသော ဓါတ်ပုံများကို လူမြင် သူမြင် ထုတ်ပြထားသော ပိုစ့်များကြောင့် ဟူ၏။ နာမည်ကြီးချင်သူများအဖို့ သူ့အလိုလိုနေရင်း ကြံဖန်ပြီး နာမည်ကြီးခြင်းပင်…။ အတုယူချင်စရာ…။

သို့သော် လူအများသည် ကာယကံရှင်၏ လက်ရှိ အခြေအနေကို နည်းနည်းမှ စိတ်မဝင်စားနိုင်ပဲ မိမိတို့၏ ပိုစ့်များတွင် ထို အမည်နာမ ပါဝင်နိုင်ရေး နှင့် ဘလော့ဂ်ဘောင်ကြီးတွင် အများနည်းတူ ခေတ်မီသော လူသားတယောက် အဖြစ် တပြေးညီ ရပ်တည် ရင်ဘောင်တန်းနိုင်ရေးကိုသာ သူ့ထက်ငါ ရှေးရှုနေကြလေသည်။

ထိုအခါ ကျွန်ုပ်သည်လည်း အများနည်းတူ ခေတ်မီချင်လှသူပီပီ ထိုပုဂ္ဂိုလ်၏ အမည်နာမ ပါဝင်သော ပိုစ့်အသစ်တပုဒ် ဖြစ်ပေါ်ရေးကို ဦးတည်၍ ပိတ်ရက်နှစ်ရက်တွင် နေ့နေ့ ညည အိပ်၍ နားနား နေနေ စဉ်းစား တွေးတောကာ ကြိုးစား အားထုတ်လိုက်ရာ ယခုကဲ့သို့ ပိုစ့်အသစ် တပုဒ် အောင်မြင်စွာ ဖန်တီးလိုက်နိုင်ချေပြီ…။ ထိုအတွက်လည်း ငါတော့ဖြင့် ခေတ်မီသူတယောက် ဖြစ်သွားချေပြီ… ဟု ကိုယ့်ကိုယ်ကိုယ် အတိုင်းမသိ ဂုဏ်ယူ ဝမ်းမြောက်မိနေလေတော့သည်…။

ပုံ/
ခေတ်မီသွားသူ



မှတ်ချက် ။
ပိုစ့်တပုဒ်လုံး ဆုံးသွားမှ သတိထားမိတယ်… ခေတ်မီချင်လွန်းလို့ ရေးပြီး သူ့နာမည် တလုံးမှ ပါမသွားဘူး… အခုမှ ရေးရမယ်... လာ လေ ရော့ . . .
ကြံဖန် နာမည်ကြီးနေသူ TZA ... TZA TZA TZA


(ဘုရား… ဘုရား… တော်သေးပါရဲ့… လက်မတင်လေး… အချိန်မီ ရေးထည့်လိုက်နိုင်ပေလို့… ခွိ ခွိ… … …)

31 comments:

  1. ဟင်....
    နာက နံပါတ်တစ်ကွ...

    ReplyDelete
  2. ခောတ်မှီသွားတဲ့အကြောင်းကိုလာအားပေးသွားတယ်နော်....

    ReplyDelete
  3. အဲလိုတွေတောင်မှ ဖြစ်ကုန်ကြတော့တယ်။
    တော်သေးတာ ဘာမှန်းမသိခင် ရေးခဲ့လိုက်မိလို့။ ဘာမှန်းမသိလိုက်ရသေးခင်မှာဘဲ ခေတ်မီသွားခဲ့တယ်ဆိုတာ ခုမှ ပြန်သိလိုက်ရပါတယ်။

    ReplyDelete
  4. ကျနော်လဲနာမည်ကြီးပါတယ်...
    ဘာလို့မရေးလဲပြော....


    စိတ်အားငယ်သွားတဲ့
    အမျိုးတစ်ယောက်

    ReplyDelete
  5. TZA ဆိုတာဘာမှန်းလုံးဝမသိပါ... အတော်ခေတ်နောက်ကျပါသည် :(

    ReplyDelete
  6. TZA ဆိုတာ သူဇာအောင်ကိုပြောတာပါကွယ် ခွိခွိ

    ReplyDelete
  7. တို့တော့ခေတ်နောက်ကျသွားပါပကော...
    ရှရွန်... တီဇက်အေ ဘလော့ကို မသိဘူးဆိုတာ တကယ်လားးးး
    သူဇာအေး မဟုတ်ဘူးလားဟင် ကလူသစ်..ခိခိ
    အမခင်မင်းဇော်

    ReplyDelete
  8. ရှရွန်ညီမရေ... တီအက်အေ ဘလော့ရဲ့နာမည်က ဒီကိုလာတဲ့။
    ခု သက်ဝေညီမရဲ့ ဘလော့လစ်မှာ ကြည့်လိုက် ရှိတယ်။
    ပြီးရင် သွားဖတ်တဲ့အခါ မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိမယ်။
    သတိထားဖတ်...

    ReplyDelete
  9. ဟာ.. ရှရွန်.. မရဘူးကွာ.. သိကိုသိရမယ်ကွာ.. မရဘူး.. မရဘူး.. မရဘူး..။

    မသိမချင်းကော်မန့်လာရေးမယ်၊ မသက်ဝေ တချက်လောက် ရှောင်ပေးပါ။

    ReplyDelete
  10. ဖြစ်ပါ့မလား. သက်ဝေကရှည်တယ်.။

    ReplyDelete
  11. TZA ကိုသာမီးလဲသိဘူး :P

    ReplyDelete
  12. ဟား... ဒီအတိုင်းဆို မသိတဲ့သူတွေ အတွက် Link ထည့်ပေးမှ ရတော့မယ်ထင်တယ် TZA ရေ...
    ကြော်ငြာခ လာပေးလှည့်ပါ...း))

    ReplyDelete
  13. မမသက်ဝေရေးထားတာကို သဘောကျလွန်းလို့ ခဏခဏ လာဖတ်နေမိတယ်..

    ReplyDelete
  14. သူက ဒီကိုလာ လို့ဆိုပေမဲ့ ကိုယ်က ဟိုကိုသွားနေလို့(သွားတဲ့နေရာ ကလူသစ်သိတယ်) မတွေ့မိပေါင်ဗျာ..

    ReplyDelete
  15. 9-9 ခေတ်မီသွားပြီပေါ့...

    ညီမ ရီတာ က အစောကြီးထဲက ခေတ်မီနေသူပါ...း))

    အမျိုးရေ... အားမငယ်ပါနဲ့.. နောက်တခါကျ ရေးပေးမယ်နော်...

    ရှရွန်... ခုလောက်ဆို သိသွားပြီထင်ပါတယ်...

    ကလူသစ်... တင်ဇာအေးပါ... ခွိ ခွိ..

    အမ ခင်မင်းဇော်... TZA ဆီမှာ ကြော်ငြာခ သွားတောင်းမယ်.. အမလဲ လိုက်ခဲ့ပါ...း))

    TZA.. ကိုယ် ရှောင်နေပါတယ်... ဟဲဟဲ...
    Friend Kick ဆိုတော့ ဒီလောက်ပါပဲ... ဒါပေမယ့် ကြော်ငြာခတော့ ပေးစေချင်ပါတယ်...း))

    မမ........................ သက်ဝေက အရပ်ရှည်တယ် လို့ ပြည့်ပြည့်စုံစုံပြောပါ...

    မေမိုးလေး... ပျောက်နေတာကိုး... ဘယ်သိပါ့မလဲ... :P

    မျိုး... ဒါကြောင့် ဟစ်တွေ တက်နေတာကိုး... ခွိ ခွိ...း))

    ကိုကြီးကျောက်... အသွားမတော် တလှမ်းနော်... (ဟဲဟဲ မတန်မရာနဲ့ လူကြီးကို ဆရာသွားလုပ်နေမိတယ်...) ကန်တော့... ကန်တော့...း))

    ReplyDelete
  16. ခေတ်မီသွားသူ တစ်ယောက် အကြောင်းကို ခေတ်ကမ္ဘာခြားနေသူ လာဖတ်သွားပြီး အားငယ်သွားရပါကြောင်း... ( ကွန်မန့်မှာ ရေးလို့ မရလို့ ရောက်တုန်းရောက်ခိုက် ရတဲ့ နေရာ ၀င်ရေးသွားပါတယ်.. )

    ReplyDelete
  17. ဒါမျိုးဆိုသိပ်ပြောတတ်တယ်နော်၊တော်တယ်...

    ReplyDelete
  18. ဟား..ဟား..ဟား...ခေတ်မီချင်တဲ့ အစ်မသက်ဝေ အရမ်းချစ်ဖို့ကောင်းတာပဲ...... :D

    ReplyDelete
  19. ဟာ ကျွန်တော်ကျန်နေသေးတယ် ..မဖြစ်ဘူး ဒီညရေးမှပါ။ ကျေးဇူး

    ReplyDelete
  20. သဘောကျလိုက်တာ ။ ရေးလာလိုက်တာ ပိုစ့်က အရှည်ကြီး..နောက်ဆုံးမှ (ဘုရား… ဘုရား… တော်သေးပါရဲ့… လက်မတင်လေး… အချိန်မီ ရေးထည့်လိုက်နိုင်ပေလို့… ခွိ ခွိ… … …)ဆိုတာလေးကြောင့်။Friend Kick လို့ရေးထားတာလည်းကြိုက်တယ်။ သူများတို့လည်း နာမည်ကြီးချင်လွန်းလို့ ကော်မန့် မှာ အဲဒီနာမည်ကြီးဘလောဂ်ဂါ အမည်ကို မပါ ပါအောင် (ဇွတ်) ထည့်ပြီး မန့်ပလိုက်တယ်..အေးရော။
    .........
    ........
    .........
    TZA...TZA...TZA...TZA...TZA
    :P

    ReplyDelete
  21. သိင်္ဂီ... အားမငယ်စေချင်ပါ... အချိန်ရရင် စာတွေ များများပြန်ရေးပါနော်...း))

    Hmoo... တခါတလေပါ... ဟဲဟဲ

    သန့်ကလေး... ကျေးဇူး...း))

    ကိုကိုဒီဘီ... ရေးပါ.. ရေးပါ... TZA နာမည်လေးနဲ့ ဘန်ကောက် ခရီးစဉ်လေး ဆက်ရေးပါ... ခွိ ခွိ ... ... ...

    ကြည်... ကျေးဇူး...
    ဟုတ်တယ်... ရေးလိုက် မန့်လိုက်နဲ့ အခုတော့ ခေတ်မီသွားပြီပေါ့...း))

    ReplyDelete
  22. ဟယ် ... ခုလေးတင် ပို့စ်တစ်ပုဒ် တင်လိုက်မိတယ်။ သူ့နာမည် အစ အနလေးများ ပါသွားလေမလားလို့ ရှာလိုက်ဦးမယ်။ ခေတ်မီချင်လွန်းလို့ပါ။

    မချို

    ReplyDelete
  23. မချိုရေ...
    မြန်မြန်လုပ်... မြန်မြန်လုပ်...
    အခု မပါသေးရင် တနေရာရာမှာ ခပ်မြန်မြန်လေး ရေးထည့်လိုက်...

    ပုံ/
    လူသားတိုင်းကို ခေတ်မီစေချင်သူ

    ReplyDelete
  24. TZA နဲ့ ဒီဂိုလာ ကို တွဲမသိခဲ့ဘူး။ ခုမှ သိတယ်။

    ဝေး...ခေတ်မှီသွားပြီကွ။ :D

    P.S. မမသက်ဝေရေးထားတာ ဖတ်လို့ကောင်း၊ ချစ်ဖို့ကောင်းး)

    ReplyDelete
  25. ဖတ်ပြီးတော့ ခိခိ ဖြစ်သွားတယ် =)
    သမီးဆို ခေတ်နဲ့အဝေးကြီး ဖြစ်နေပါပြီလေ..

    ReplyDelete
  26. TZA လည်း
    ဒီအခက်တွေထဲ
    အတည်ရှက်နေမယ်။

    ReplyDelete
  27. မမသက်ဝေရေးထားတာ ဖတ်ပြီး ရီလိုက်ရတာ အမရယ်... နာမည်ကြီးရခြင်း အကြောင်းရင်းတွေကို သေသေချာချာ ၂ ခေါက်တိတိ ဖတ်သွားတယ် အမ.. :D :D

    ReplyDelete
  28. ခေတ်မီသွားပြီ...ခွိ ခွိ ...:)

    ချစ်ကြည်အေး

    ReplyDelete
  29. အဲဒီ တီဇက်အေ ဆိုတာ...
    T တီကောင်တကောင်ရဲ့
    Z ဇက်ပိုးကိုတောင်မှ မအုပ်နိုင်သူပါ
    A အေရယ် ဆိုသူများလား....

    ReplyDelete
  30. ညီမလည်း ခေတ်မီချင်သူမို့ TZA ကို ထည့်ရေးမိရက်သားဖြစ်သွားတယ် မမရေ။ လာဖတ်ကြည့်ပါအုံး။း)

    ReplyDelete
  31. ဇွန် ညီမ...
    သေချာတယ်... ညီမက အများကြီး ခေတ်မီသူ ဖြစ်သွားပြီ...း))

    ရွှန်းမီ... ရေးပါ ညီမရဲ့... ညီမရေးတဲ့ အက်ဆေးလေးတွေ သိပ်ကောင်းပါတယ်...။

    ကျော်ညိုသွေး...း))

    ညီမ နုစံ... တခါတခါတော့လဲ ရယ်စရာ ပျော်စရာ ပေါ့ပေါ့ပါးပါး ရေးရတာ ကောင်းတယ်လေ...

    ချစ်ကြည်... TZA တော့ လျှာပဲ ကိုက်မိနေပလား... ခလုတ်တွေပဲ တိုက်မိနေမလား မသိဘူးနော်... ကိုယ်တို့ ဒီလောက် ဝိုင်းပြော ဝိုင်းရေးနေကြတာ.... ခွိ ခွိ ခွိ...

    အဓိက ဇာတ်လိုက် ကို TZA နဲ့အတူ ပျော်စရာ ရေးထားတာကို ပျော်ပျော်ပါးပါး လာဖတ်ကြတဲ့ သူများအားလုံးကို ကျေးဇူးဗျို့...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...