Friday, July 9, 2010

Two is better than One

ဒီရက်ပိုင်းမှာ နားထောင်ဖြစ်နေတဲ့ ချစ်စရာ သီချင်းလေး တပုဒ်ပါ…။
Boys Like Girls အဖွဲ့က သီဆိုထားတဲ့ Two is better than One တဲ့…




Two is better than One

I remember what you wore on the first day
You came into my life, And I thought hey
You know this could be something…
Cause everything you do and words you say
You know that it all takes my breath away
And now I'm left with nothing…

Cause maybe it's true, that I can't live without you
Well.. maybe two is better than one
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking two, is better than one…

I remember every look upon your face,
The way you roll your eyes, the way you taste
You make it hard for breathing…

Cause when I close my eyes and drift away
I think of you and everything’s okay
And finally now, we're leaving…

And maybe it's true, that I can't live without you
Well maybe two is better than one
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking two, is better than one…

I remember what you wore on the first day
You came into my life, And I thought hey

Maybe it's true, that I can't live without you
Maybe two is better than one…
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking…

Oooh I can't live without you…
Cause baby two is better than one…
There's so much time, to figure out the rest of my life
And I've figured out with all that's said and done…
Two… is better than one…
Two… is better than one…

ဒီသီချင်းလေးကို ဇူလိုင်လ ၄ ရက်နေ့က ကျရောက်ခဲ့တဲ့ သူငယ်ချင်း မဆွီတီတို့ ဇနီးမောင်နှံ ရဲ့ ၁၂ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် နဲ့ ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း ချစ်ကြည်တို့ ဇနီးမောင်နှံ ရဲ့ ၁၀ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အတွက် အမှတ်တရ ရည်ရွယ်ပါတယ်…။ ပျော်စရာ နှစ်ပတ်လည်နေ့ရက်များမှသည် နောင်နှစ်ပေါင်း တရာတိုင် ခိုင်မြဲစွာ ရွှေလက်တွဲနိုင်စေကြောင်း ဆုတောင်းပါတယ်။

နောက်တခုကတော့ ကိုယ် တက်ဂ်လုပ်လိုက်တဲ့ အသွင်တူ၏ မတူ၏ ပိုစ့်ကို ချစ်ခင်စွာ ရေးပေးကြတဲ့ အသွင်တူကြသော စုံတွဲများ၊ အသွင်မတူကြသော်လည်း စိတ်တူ ကိုယ်တူ ချစ်ခင် ကြည်ဖြူကြသော ဇနီးမောင်နှံ စုံတွဲများ နဲ့ လာလတ္တံ့သော အသွင်တူ စုံတွဲများ၊ ထူးထူးခြားခြား ပုံပြင်ထဲက စုံတွဲများအတွက် ကျေးဇူးတင်ခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရ ရည်ရွယ်ပါတယ်…။ အဲဒီပိုစ့်ကို မရေးရသေးတဲ့သူတွေကိုလဲ ဒီပိတ်ရက်တွေမှာ ရေးဖြစ်ကြဖို့ တိုက်တွန်းအားပေးတဲ့ သီချင်းလေးတပုဒ် ဆိုရင်လဲ မမှားပါဘူး…။

အဲ… တခုတော့ မှာလိုက်မယ်နော်… သက်ဝေက ပြောနေတယ်…။
Two is better than One ဆိုလို့ နှစ်ယောက်ရှိမှ ကောင်းမတဲ့ ဟဲ့… ဆိုပြီး အဓိပ္ပါယ်တွေ တလွဲကောက်ပြီး နောက်တယောက်၊ နောက်တယောက်တွေတော့ ထပ်မရှာကြနဲ့အုံးနော်… သက်ဝေ တရားခံဖြစ်ပြီး ပြေးပေါက်တွေ မှားနေပါအုံးမယ်…။

ပျော်ရွှင်စရာကောင်းသော သောကြာနေ့ အားလုံးအတွက် ဖြစ်ပါစေ…။



မှတ်ချက် ။ ။ ဒီသီချင်းလေးကို နားထောင်ဖို့ မျှဝေပေးခဲ့တဲ့ ညီမ ငယ်လေးကို ကျေးဇူးတင်ပါတယ်။


11 comments:

  1. ရေးပြီးကြောင်း...

    ReplyDelete
  2. ဘယ်လိုပဲဖြစ်ဖြစ် သီချင်းကိုတော့နားထောင်သွားပါတယ်မမသက်ဝေ.

    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  3. Very remantic song!!!

    သီချင်းစာသားနဲ့ အဆိုနဲ့ သေချာတိုက်ပြီး နားထောင်သွားပါတယ်။ နားထောင်ပြီး နှလုံးသားတွေတောင် ပိုနုသွားသလိုပဲ ...
    ကျေးဇူးပါ အန်တီသက်ဝေ။

    ReplyDelete
  4. မင်းမရှိဘဲကိုယ်ရှင်သန်လို့မရဘူး၊နောက်တဦးတော့ထားပရစေ...
    သီချင်းကဘယ်လိုလဲ၊အဲလိုလား,.....?
    ကိုယ်ကသိုးဆောင်းစာညံတော့ဘာသာပြန်ခနခနလွဲပါ့...

    ReplyDelete
  5. သီချင်းနားမထောင်ရသေးဘူး ခေါင်းစဉ်လေးနဲ့တင် ကြိုက်သွား...၊ ဒါကြောင့် ကားတွေမှာ ဘီးပိုထားကြတာကလား ....:P

    ReplyDelete
  6. ဒါဖြင့် one က two လောက် မကောင်းဘူးပေါ့။ :-/

    ReplyDelete
  7. သီချင်းနားထောင်သွားပါတယ်ခင်ဗျာ။

    ReplyDelete
  8. သီချင်းလေး နားထောင်သွားပါတယ် ။

    ReplyDelete
  9. အမသက်ဝေက မော်ဒန် band အဖွဲ့ရဲ့ သီချင်းလေးတင်ထားတော့ ကျွန်တော်က အဖိုးကြီးနှစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်ကိုသွားသတိရတယ်။ Air Supply ရဲ့ Two less lonely people in the world သီချင်းလေ ။ ကြိုက်တဲ့အဖွဲ့ထဲမှာ Air Supply လည်းပါတယ် ၊ ဒီသီချင်းလေးထဲက two အကြောင်းလေးလည်း နားထောင်ကြည့်ပါဦးလို့ လက်ဆောင်ထားခဲ့ပါတယ် ။ ပျော်ရွှင်စရာ အားလပ်ရက်တွေဖြစ်ပါစေ ။ :-) http://www.youtube.com/watch?v=SHnYRK27RNE

    ReplyDelete
  10. မမ...တကယ်ပဲ two က one ထက်ပိုကောင်းတာလားဟင် :)

    ReplyDelete
  11. Life is so short.What we do,we have to think properly.

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...