Wednesday, September 1, 2010

3l0gDay 2010

Blog Day 2010


သြဂုတ်လ ၃၁ ရက် Blog Day အတွက်ပါ။ Blog Day ကိုရောက်တိုင်း ဘလော့ဂ်အဟောင်းတွေက အသစ်တွေကို ကြိုဆိုတဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးကြလေ့ ရှိကြတယ်လို့ သိရပါတယ်။ နေ့စွဲအရဆိုရင်တော့ တရက် နောက်ကျနေပါပြီ… ပြီးတော့ စာမျက်နှာအသစ် ၅ ခုလဲ မရှာနိုင်လိုက်ပါဘူး။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ညကမှ တွေ့လိုက်တဲ့ စာမျက်နှာအသစ် တခုနဲ့တော့ မိတ်ဆက်ပေးပါရစေ။


အဲဒါကတော့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ ဆရာအောင်သင်းရဲ့စာတွေ ကို စုစည်းပေးထားတဲ့ နေရာလေးပါ။ ဆရာ့ လက်ရေးနဲ့ စာလေးတစောင်ဆရာ့ အထ္ထုပတ္တိ နဲ့အတူ ဆရာ ရေးခဲ့တဲ့ စာတွေကို ဇွန်လ အဆန်းပိုင်းလောက်ကနေ စပြီး တင်ထားတာ တွေ့ရပါတယ်။

အဲဒီဘလော့ဂ်လေးရဲ့ ရည်ရွယ်ချက်မှာ အခုလိုရေးပြထားတာ တွေ့ရပါတယ်…

"ဆရာအောင်သင်းရဲ့ စာတွေကို တစ်နေရာထဲ မှာ စုံစုံလင်လင် ဖတ်စေချင်တဲ့ စေတနာ နဲ့ ခွင့်ပြုချက် ယူပြီး စာဖတ်ခန်းလေး တစ်ခု ဖန်တီးခြင်းသာဖြစ်တယ်။ ကြိုးစားပြီး တဖြည်းဖြည်းနဲ့ စုံလင်အောင် တင်ပေးသွားပါမယ်"

လူငယ်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ အသိပညာတွေကို ပေးခဲ့တဲ့ ဆရာအောင်သင်းရဲ့ တန်ဖိုးရှိတဲ့ စာတွေကို ဖတ်ရှုနိုင်ကြစေဖို့ အဲဒီစာမျက်နှာလေးကို Blog Day အမှတ်တရအဖြစ် မျှဝေလိုက်ပါတယ်…

ဒါကတော့ Blog Day Website ပါ… Blog Day

သြဂုတ်လ ၃၁ ရက်မှာ ကျရောက်တဲ့ ၅ နှစ်မြောက် Blog Day မှသည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်း ပျော်ရွှင်စွာ Blogging နိုင်ကြပါစေ…



12 comments:

  1. ဘလော့ဒေးမှာ ဘလော့နဲ့ဝေးမနေသးတာပဲ ၀မ်းသာရမယ်.. နေ့လည်ဘက် အိပ်ငိုက်လာရင် ဘလော့တကာလည်ဖတ်နေခွင့်ရနေသေးတာကိုက ကံကောင်းတာပဲ.. ခုလည်း ရေနွေးကြမ်းလေးသောက်ရင်း ဘလော့၇ွာတပတ်လျှောက်နေတယ်.. :)

    ReplyDelete
  2. ဆရာအောင်သင်းစာတွေကြိုက်တယ်... ဝေမျှပေးတာကျေးဇူး

    ReplyDelete
  3. Thanks for sharing.. Thet Wai...
    I love his writing and I love your blog too...

    ReplyDelete
  4. အဲဒီစာမျက်နှာလေး မသိသေးဘူး၊
    သွားဖတ်ပါအုံးမယ်။

    ReplyDelete
  5. Happy Blog Day My dear friend:P

    အဲဒီလင့်ခ်က ငါ့မှာ ရှိပြီးသား ဟွန့်...

    ReplyDelete
  6. ဘလော့ဂ်အသစ်မိတ်ဆက်ပေးဖို့ မပြောနဲ့ အဟောင်းတွေကိုတောင် မနဲအပတ်စေ့အောင်လည်နေရတယ် :(

    ReplyDelete
  7. နေ့တိုင်း ဘလော့ဂ်ဒေး ဖြစ်နိုင်ပါစေ..


    အမျိုးတစ်ယောက်။

    ReplyDelete
  8. ဆရာ့စာအတော်များများကတော့ ဖတ်ဖူးတယ်...
    ဘလော့ဂ်ဒေးမှာ သွားနေကြတွေဆီ ကလွဲလို့ ဘယ်မှမရောက်ပါဘူး

    ReplyDelete
  9. ဘလော့ဒေးတောင် miss သွားတယ်။း(

    ReplyDelete
  10. ဆရာအောင်သင်းရဲ့ လင့်ခ်လေးအတွက် ကျေးဇူးပါ မမ။း)
    Have a lovely weekend!

    ReplyDelete
  11. အမ မိတ်ဆက်ပေးတဲ့ လင့်ခ်ကို
    တိုးတိုးတိတ်တိတ် လာဖတ်ပြီး လင့်ခ်ချိတ်
    ထားတယ် အမ၊ နောက်ထပ် အသစ်တွေရှိရင်
    ပြောပါအုံး၊ ခင်မင်လေးစားလျက် ...

    ReplyDelete
  12. ဆရာအောင်သင်းရဲ့ စာတွေအားလုံးကို အကုန်ကြိုက်တာ။ လင့်ခ်ပေးတာ ကျေးဇူးပါအစ်မ သက်ဝေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...