အဲဒီအချိန်တွေမှာ သူဟာ ကိုယ်တိုင်ရေး ပုံတူနဲ့ သက်ငြိမ် ပန်းချီကားတွေ စပြီး ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီတွေဟာ ရှေးတုန်းက မက်ဆီကန် လူမျိုးတွေရဲ့ အရောင်ဖွဲ့စည်းပုံတွေကို အသုံးပြုပြီး ရေးဆွဲခဲ့တာ ဖြစ်တယ်…။ သူ့အသက် ၂၂ နှစ်မှာ သူ့ထက် အသက် ၂၀ ပိုကြီးတဲ့ Diego Rivera ဆိုသူနဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ဆန်ဖရန်စစ်စကို ကို ပြောင်းလာခဲ့တယ်။ သို့သော် အကြောင်းကြောင်းတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေခဲ့ဘူး။ ဖရီဒါဟာ သူ့ဘဝမှာ အက်ဆီးဒင့် နှစ်ခုရခဲ့တယ်… တခုက ကားကြောင့် ရခဲ့တဲ့ အက်ဆီးဒင့်ဖြစ်ပြီး နောက်တခုက သူ့အမျိုးသား Diego ကြောင့် ရခဲ့တဲ့ အက်ဆီးဒင့် ဖြစ်တယ်လို့ ပြောတယ်။ ကားအက်ဆီးဒင့်ဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်စီးစေခဲ့ပြီး Diego ကြောင့်ရခဲ့တဲ့ အက်ဆီးဒင့်ဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပျက်စီး ကြေမွစေခဲ့တယ်လို့ ပြောပါတယ်။
သူ့ဘဝတလျှောက်မှာ ဆေးရေးပန်းချီကား နဲ့ ပုံကြမ်းပေါင်း စုစုပေါင်း ၂၀၀ ကျော် ဖန်တီး ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတွေတိုင်းမှာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ တခြားနိုင်ငံမှာ အခြေချနေထိုင်ရင်း မိမိနိုင်ငံကို လွမ်းဆွတ် တမ်းတနေရခြင်းတွေ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားရဲ့ ပြင်ပ အရှုပ်အထွေးတွေ နဲ့ နာကျင်မှု ခါးသီးမှုတွေကို ပုံဖေါ်ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပြီးတော့ သူ ရေးခဲ့တဲ့ ဆေးရေးပန်းချီကား ၁၄၀ ကျော်မှာ ၅၅ ပုံက ကိုယ်တိုင်ရေး ပုံတူတွေ ဖြစ်တယ်။ ဘာကြောင့် ကိုယ်တိုင်ရေး ပုံတူတွေ များရသလဲ လို့ သူ့ကိုမေးကြည့်တော့ သူက သူ တယောက်ထဲနေရတဲ့ အချိန်တွေ များတာက တကြောင်း၊ သူကိုယ်တိုင်က သူ့ပန်းချီကားတွေအတွက် သူ အသိဆုံးနဲ့ အကောင်းဆုံး subject တခု ဖြစ်နေတာကတကြောင်းတို့ကြောင့်ပါ လို့ ဖြေပါတယ်။
သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ၁၉၅၃ ခုနှစ်မှာ မက်ဆီကိုမှာ ကျင်းပခဲ့ပါတယ်။ ဝေဖန်သူတယောက်ကတော့ သူမရဲ့ ပန်းချီကားတွေဟာ သူမရဲ့ ကိုယ်ရေး အထုပ္ပတ္တိပါပဲ လို့ ပြောပါတယ်။ သူရဲ့ ပြပွဲကျင်းပနေတဲ့ အချိန်မှာ သူဟာ ကျန်းမာရေး အခြေအနေကြောင့် အိပ်ယာထဲမှာပဲ နေရမယ်လို့ ဆရာဝန်က ပြောထားတဲ့ အချိန်ပါ။ သို့သော် သူက အဲဒီပွဲကို လူနာတင်ယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။ သူက ကုတင်ပေါ်မှာ၊ ကုတင်ကို အဲဒီ လူနာတင်ယာဉ်ပေါ်မှာတင်ပြီး ပြပွဲအရောက်မှာ လူ လေးယောက်က ကုတင်ကို မ ယူလာပြီး ပြပွဲလာ ဧည့်ပရိသတ်တွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ ပြပွဲကျင်းပပြီး နောက် တနှစ် အကြာ ၁၉၅၄ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့ အသက် ၄၇ နှစ်အရွယ်မှာ သူ ကွယ်လွန်ခဲ့ပါတယ်။
သူ မကွယ်လွန်ခင်က သူ ကွယ်လွန်ခဲ့ရင် သူ့ ရုပ်ကလာပ်ကို ဘာလုပ်ရမလဲ လို့ မေးတော့ သူက "မီးသဂြိုလ်လိုက်ပါ… သူ့ဘဝရဲ့ အချိန်တော်တော်များများမှာ လဲလျောင်းရင်း ကုန်ဆုံးခဲ့ရတာမို့ သူ သေဆုံးတဲ့ အခါမှာ မြေကြီးထဲမှာထပ်ပြီး မလဲလျောင်းပါရစေနဲ့.. မီးသဂြိုလ်လိုက်ပါ…" လို့ ပြောခဲ့ပါတယ်။
သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ သူ နောက်ဆုံး ရေးခဲ့တာကတော့ “I hope the end is joyful and I hope never to return..” တဲ့…။
သူ့ရဲ့ အရိုးပြာကို သူ ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့ပြီး သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ နေထိုင်ခဲ့တဲ့၊ သူ့ ဖခင် ဆောက်ထားခဲ့တဲ့ မက်ဆီကိုနိုင်ငံက Blue House ဆိုတဲ့ မိသားစု နေအိမ်ကြီးမှာ ထားပါတယ်။ သူကွယ်လွန်ပြီး တနှစ်အကြာမှာ သူ့ အမျိုးသားက အဲဒီအိမ်ကြီးကို မက်ဆီကို နိုင်ငံ အစိုးရကို ပြတိုက်လုပ်ဖို့ ပေးလှူခဲ့ပါတယ်။ ၁၉၅၇ ခုနှစ် မှာ Diego ကွယ်လွန်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ Museum of Frida Kahlo ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Museum of Frida Kahlo
သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို တကယ်ပဲ ပေါ်လွင်ထင်ရှားအောင် ဖေါ်ပြနိုင်ခဲ့တာပါ။ သူ့ပန်းချီကားတွေထဲက တချို့ကို အောက်မှာ ပြထားပါတယ်…။ ပန်းချီကား အားလုံးကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။
ဒီပုံကတော့ သူမ အသက် ၂၀ မှာ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံပါ။
ဒီပုံကတော့ ၁၉၃၂ ခုနှစ် လက်ထပ်ပြီး ၃ နှစ်အကြာမှာ ရိုက်ထားတဲ့ Frida တို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံပါ။
ဒါတွေကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး ပုံတူတွေထဲက တချို့ပါ။
ဒါကတော့ သူနဲ့ သူ့ အမျိုးသားတို့ရဲ့ ပုံတူပါ။ သူတို့ မင်္ဂလာဆောင်တုန်းက ပုံကို အခြေခံပြီး ဆွဲထားတယ်လို့ ပြောပါတယ်။
ဒီပုံကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတွေထဲက သက်ငြိမ်ပန်းချီကား တခုပါ။ ၁၉၂၅ ခုနှစ် သူ့အသက် ၁၈နှစ်မှာ ရေးဆွဲခဲ့ပါတယ်။ နာကျင်ခြင်းကို ပြထားပါတယ်။ သူနဲ့ သူ့ ချစ်သူနဲ့ အဆင်မပြေချိန်၊ သူ့ချစ်သူက တခြား အမျိုးသမီးတယောက်နဲ့ တွဲနေချိန်မှာ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပန်းအိုးထဲက ပွင့်လန်းနေတဲ့ နှင်းဆီနှစ်ပွင့်ဟာ သူ့ ချစ်သူနဲ့ တခြားအမျိုးသမီးတယောက်ကို ကိုယ်စားပြုပြီး စားပွဲပေါ်မှာ လဲကျနေတဲ့ နွမ်းလျနေတဲ့ နှင်းဆီဖူး အနွမ်းလေးကတော့ သူ့ ကိုယ်သူ ကိုယ်စားပြုတယ် လို့ ဆိုပါတယ်။
ဒီလို သစ်သီးလေးတွေပါတဲ့ သက်ငြိမ်ပန်းချီလေးတွေကတော့ သူ့အတွက် ဆွဲရတာ လွယ်ကူပြီး ရောင်းတဲ့အခါမှာလဲ လွယ်ကူတာက တကြောင်း၊ ရောင်းလို့ရတဲ့ ငွေကို Diego ကို သူ့အတွက် ဆေးကုသစရိတ် ပေးနိုင်တာက တကြောင်းတို့ကြောင့် ဒီလိုပုံတွေကို မကြာခဏ ဆွဲဖြစ်တယ်လို့ ဖရီဒါက ပြောပါတယ်။ သူ အိပ်ရာထဲက မထနိုင်တဲ့ အချိန်တွေမှာ သူ့ခြံထဲက အသီးတချို့နဲ့ ဈေးမှာ ဝယ်လို့ရတဲ့ အသီးတချို့ကို အိပ်ယာဘေးမှာ ပြင်ဆင်ပြီး ဆွဲခဲ့တယ်လို့ ပြောပါတယ်။ ဒါကတော့ သူ မကွယ်လွန်ခင် တနှစ် အလိုက ဆွဲခဲ့တဲ့ ပန်းချီကားတွေပါ။ Still Life with Parrot and Fruit နဲ့ Still Life with Parrot and Flag လို့ နာမည်ရပါတယ်။
ဒါကတော့ သူ့ရဲ့ နောက်ဆုံး ပန်းချီပါ... Viva La Vida လို့ အမည်ရပါတယ်... မကွယ်လွန်ခင် ၈ ရက်အလိုက ဆွဲထားတယ်လို့ သိရပါတယ်။
ဒီ အောက်က ပန်းချီကားကတော့ ဖရီဒါရဲ့ နာမည်ကျော်တဲ့ ပန်းချီကားတွေထဲက တခုပါ။ ကိုယ်တိုင်ရေး ပုံတူ လို့လဲ ဆိုနိုင်ပါတယ်။ The Dream လို့ အမည်ရပါတယ်။ ဘဝတွေထဲမှာ ရှောင်လွှဲလို့မရတဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ အသစ်တဖန် မွေးဖွားခြင်းတို့ကို ပြထားပါတယ်။ သစ်ခက်တွေက အသစ်တဖန်မွေးဖွားခြင်းကို ကိုယ်စားပြုပြီး လူအရိုးစုကတော့ သေဆုံးခြင်းကို ပြနေပါတယ်။ ရစ်ပတ် ချည်နှောင်တတ်တဲ့ နွယ်မျှင်တွေ၊ ဆူးခက်တွေဟာ ပန်းချီကားရဲ့ အသက်ပဲလို့ တွေးမိပါတယ်။
အသက် ငယ်ငယ်လေးနဲ့ ဆုံးပါးသွားရတဲ့ ဖရီဒါခါလို အကြောင်းကို တွေးမိတိုင်း သူ့အနုပညာကို နှမြောသလို ခံစားရပြီး တချိန်တည်းမှာပဲ ဘဝရဲ့ခါးသီးမှုတွေထဲ ဆက်လက် ရှင်သန်နေရမယ့်အစား စောစောစီးစီး ဘဝတခု အဆုံးသတ် ချုပ်ငြိမ်းသွားတာက ပိုများကောင်းလေသလားလို့လဲ တွေးမိပါတယ်...။ အမှန်ကတော့ ဘယ်ဟာမှ မကောင်းပါဘူး... ဒါကြောင့် ဘာကိုမှ ကြိုတင် မမြင်နိုင်တဲ့ ကိုယ်စီဘဝတွေမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်၊ ပြီးတော့ စိတ်နှလုံး အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ဖို့ကိုပဲ ဆုတောင်းနေမိပါတယ်။
စာကြွင်း ။ ။ စာရေးဆရာမ ဂျုးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ စာအုပ် ကို ဖတ်ဖြစ်ရာက ဒီ ပန်းချီဆရာမ Frida Kahlo ရဲ့ အကြောင်းကို စိတ်ဝင်တစား ရှာပြီး ဖတ်ဖြစ်၊ သူ့ပန်းချီကားတွေကို ကြည့်ရှု ခံစားဖြစ်ပါတယ်။ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ စာအုပ်ဟာ နှစ်သက်မိတဲ့ စာအုပ်တအုပ်မို့ မကြာခဏလဲ ပြန်ဖတ်ဖြစ်ပါတယ်။ ဖတ်ဖြစ်တိုင်းလဲ ဖရီဒါခါလို ဟာ ကိုယ့်စိတ်ကို အတော် ဆွဲဆောင်ပါတယ်။ သူ့အကြောင်း ရေးမယ်လို့ တွေးပြီး အစပျိုးထားတာတော့ ကြာပါပြီ…။ ဒီနေ့မှပဲ ဆက်ရေးဖြစ်တော့တယ်…။ ကိုယ့်စိတ်ထဲမှာ ရှိနေတာလေးကို အမှတ်တရ မှတ်တမ်းတင် သိမ်းဆည်းထားချင်လို့ ဒီပိုစ့်ကို ရေးပါတယ်။ စာဖတ်သူတွေအတွက် သိပ်စိတ်ဝင်စားစရာ မကောင်းရင်လဲ ဆောရီးပါနော်.…။
စိတ်ဝင်စားတာပေါ့။ အနုပညာရှင်တွေတော်တော်များများက ဘ၀လူနေမှုမှာ နာကျည်းစရာတွေ ပိုကြုံခဲ့ရလို့များ သူတို့အနုပညာတွေက ပိုတောင်ပြောင်နေသလားပဲနော်။
ReplyDeleteအမခင်မင်းဇော်
မမ သက်ဝေ အရေးအသားက ပြေပြစ်ပြီး အကြောင်းအရာကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ရို့စ်လည်း ဆရာမ ဂျုးရဲ့ ချစ်သူ ရေးတဲ့ ကျွန်မရဲ့ ညတွေ ၀တ္ထုကို နှစ်သက်တယ်။
ReplyDeleteFrida Kahlo ရဲ့ ပန်းချီကားတွေက အသက်ဝင်လိုက်တာ။ နှင်းဆီပန်း အနွမ်းလေးကို သူမကိုယ် သူမ ကိုယ်စားပြု ရေးဆွဲ ထားသတဲ့လား.... သနားပါတယ်။
သူ့အကြောင်းရုပ်ရှင်ရှိတယ်၊ Salma Hayek နဲ့ရိုက်ထားတာ၊ အကယ်ဒမီတောင် နော်မီနိတ်လုပ်ခံရတယ်ထင်တယ်။
ReplyDeleteပန်းချီကားတွေအကြောင်းတော့ ကိုယ်တိုင်ရှာဖွေ မဖတ်ဖြစ်ပေမယ့် အခုလို သေချာရေးပြတဲ့သူရှိတော့လည်း အဆုံးထိ စိတ်ဝင်တစားဖတ်မိသွားပါတယ်.. ဗဟုသုတရတဲ့အတွက် ကျေးဇူးပါ မမသက်ဝေ..
ReplyDeleteဟုတ်တယ်.. မသက်ဝေရေ.. အစ်မ သိပ်ကြိုက်တဲ့ ပန်းချီဆရာမပေါ့..။ သူ့အကြောင်း ရုပ်ရှင် ရှိပါတယ်။ Frida တဲ့။ Salma Hayek နဲ့ ရိုက်တာ။ သိပ်ကောင်းတယ်..။ ကြည့်ကြည့်ပါဦးနော်...
ReplyDeleteဟယ်... အစ်မသက်ဝေရော... ဖရီဒါခါလိုကို ကြိုက်တယ်နော်။ ဟုတ်တယ်... သူ့ဘ၀အကြောင်းကို ဖတ်ရတာ တကယ် သနားစရာကောင်းတယ်။ အဲသလို ကြောင့်မို့ပဲ သူ့ အနုပညာက ပိုပြောင်မြောက်တာလား မပြောတတ်ဘူးပေါ့နော်...။
ReplyDeleteအစ်မလိုပဲ ဂျုးရဲ့ ချစ်သူ ရေးတဲ့ ကျွန်မရဲ့ ညတွေ ၀တ္ထုကိုလည်း ကြိုက်တယ်တော့... ပန်းချီကားတွေ အကြောင်း ရေးထားတာမို့လို့...
ချစ်ခင်စွာ... စုချစ်
သူ့ပန်းချီတွေတော့မြင်ဖူးနေတာကြာပြီ။
ReplyDeleteခုမှ သူ့အကြောင်းစေ့စေ့သိရတယ်။
ဂျူးရဲ့အဲ့ဝတ္ထုကိုလည်း ကလေးဘဝ (၁၆နှစ်အောက်)တုန်းက တော်တော်စွဲလမ်းခဲ့တယ်။
ညီမ သက်ဝေ ရေ
ReplyDeleteပန်းချီဆရာမ ရဲ့ ဘဝ ကိုစိတ်ဝင်စားတယ် ပန်ချီကား တွေကိုတော့ သိပ်နားမလည် တဲ့ အတွက် ဘာမှမပြောတတ်ဘူး
ကျေးဇူးပါ
ရွှေစင်ဦး
သူ့ကို သူ့ကိုယ်တိုင်ရေးပုံတူကနေ သိခဲ့တာ။ ထူးခြားတဲ့ မျက်နှာကြောင့်...။ စူးရှတဲ့ မျက်လုံး၊ ထိစပ်လု မျက်ခုံးထူထူ ကြီးတွေတွေနဲ့ သူ့အလှက နုညံ့မနေပဲ ရှတတလေး ဖြစ်နေတာမို့။ ပြီးတော့ ထက်မြက်မဲ့ ရုပ်ရည်ရှိသလို တခုခုအတွက် အားငယ်စွာ ဖုံးဖိထားရတဲ့ ကျားနာမ တကောင်နဲ့ တူနေလို့။ သူ့အကြောင်း သိရလို့ ကျေးဇူးပါ သူငယ်ချင်းရေ...
ReplyDeleteသူတို့  ဘဝက အောင်မြင်ဖို့ များ ရင်နာစရာတွေကြုံရတာလား ...
ReplyDeleteမျှဝေပေးတာကျေးဇူးပါ မသက်ဝေ
သက်ဝေရဲ့ သပ်ရပ် ပြေပြစ်တဲ့ အရေးအသားကြောင့် အကြောင်းအရာက စိတ်ဝင်စားစရာ ကောင်းလှတယ်...
ReplyDeleteပန်းချီတွေဘာတွေ သိပ်မသိပေမယ့် နှင်းဆီပန်းအိုးနဲ့ ပန်းချီကားကို ကြိုက်တယ်...
ခံစားလို့ရတယ်လို့ ထင်တယ်...
ကျေးဇူး ချစ်သက်ဝေ...း))
ကျနော်လဲ...Accident...ဖြစ်ထားပြီးမသေရုံတမယ်ဆိုတော့ခံစားတိုက်ဆိုင်.. :(
ReplyDeleteသက်ဝေရေ ... စိတ်ဝင်စားစရာ ကောင်းပါတယ်။
ReplyDeleteဒီလို ပိုစ့်မျိုးက သိပ်ကောင်းပါတယ် အမ။
ReplyDeleteပန်းချီတွေဘာတွေ သိပ်ပြောလေ့ရှိသူမဟုတ်တော့ ပို့စ်ကိုဖတ်မိမိချင်း ဘလော့ဂ်များမှားသလား ထင်မိလိုက်သေးတယ်။ လိုင်းပြောင်းလာသလား ဒါမှမဟုတ် လိုင်းသစ်လား။
ReplyDelete(နောက်တာပါ :P။) ပန်းချီဆရာဆရာမတွေကို စိတ်ဝင်စားတဲ့လူဆိုတော့ ဒီလိုစာမျိုးကို နှစ်သက်ပါတယ်။ မပျင်းပါဘူး။
ဂျုးရဲ့ အဲဒီ ၀တ္ထုကို သိပ်ကြိုက်ပါတယ်။ ပန်းချီကားတွေကို ထည့်ပုံနှိပ်ထားတဲ့ စာအုပ်လေးက သိမ်းထားချင်စရာ။
Salma Hayek နဲ့ရိုက်ထားတဲ့ ရုပ်ရှင် ကြားဖူးတယ်။ မကြည့်ဖူးဘူး။
မသက်..
ReplyDeleteဖတ်လို့ လဲကောင်းတယ်..တင်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်တယ်..။
နောက်ပြီး..
တိတ်တိတ်လေးအတွင်းကြေ ...ကြေနေကြရတဲ့ ပန်းချီသမားတွေရင်ထဲကိုပါမြင်နိုင်ပြီးကိုယ်ချင်းစာတတ်တာကို လေးစားတယ်..။
စာတွေအများကြီးဆက်ရေးနိုင်ပါစေ..။
စိတ်ပါရင် မိုဒီလျှာနီး..အကြောင်းလေးရေးပေးပါလား..။
Frida Kahlo အကြောင်း လာဖတ်ပါတယ်..။ လှတယ်..။ ဖတ်ပြီး စိတ်ထဲကတမျိုးကြီးး...( သနားတာနေမှာပါ..)
ReplyDeleteဖရီဒါခါလို ရဲ့ ဘ၀ကို အရှုံးမပေးတဲ့အကြောင်းကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ စိတ်ဝင်စားဖို.ကောင်းပါတယ် ၊
ReplyDeleteBTW, ဘလော့ရဲ့ နောက်ခံအရောင်နဲ. အပြင်အဆင်က တော်တော်ကောင်းပါတယ် ၊ နောက်ခံအရောင်က ကျွန်တော်ရဲ့ ဖေးဘရိဒ်အရောင်ပါ ၊
Frida ဆိုတဲ့ ရုပ်ရှင်ကားရှိတယ်၊ အမသက်ဝေ ကြည့်ဖူးလား? Salma Hayek က အဲဒီ့ကားမှာ ဖရီဒါအဖြစ် သရုပ်ဆောင်ကောင်းလို့ အော်စကာ လျာထားခံရတယ်။
ReplyDeleteသူ့ဘ၀က ကြေကွဲစရာကောင်းတယ်။း(
(တန်းပလိတ်ချိန်းလိုက်တာ လင့်တွေပျောက်သွားလို့ ညကမှ ပြန်ရှာပြီး ချိတ်လိုက်ရတယ်)
သူ့ရဲ့ နောက်ဆုံးပန်းချီကား viva la vida ကို အရမ်းကြိုက်တယ်။ ဝေဖန်တဲ့လူ ဘာပြောပြော နောက်ဆုံးပန်းချီကားလို့လည်း ယုံတယ်.. http://www.fridakahlofans.com/c0680.html
ReplyDeleteသနားစရာ ဂရုဏာဖြစ်စရာ Frida အကြောင်းကို စိတ်ဝင်စားစွာ လာဖတ်ကြသော... ကိုယ်နဲ့ အတူ Frida ကို နှစ်သက်ကြသော... Frida နှင့်ပတ်သက်သော သတင်းများ အချက်အလက်များ ပြောပြသွားသော မောင်နှမများကို သိပ်ကျေးဇူးတင်ပါတယ်...။
ReplyDeleteကိုယ်ဟာ ပန်းချီဆွဲဖို့ ဝေးလို့... မျဉ်းတောင် ပေတံနဲ့မှ ဖြောင့်အောင်တားတတ်ဆိုတော့ ပန်ပန်ပြောသလို လိုင်းပြောင်းတာတော့ မဟုတ်ရပါ... တခါတခါ ကိုယ့်စိတ်ထဲမှာ မထင်မှတ်ပဲ နှစ်သက်သွားတာလေးကို မျှဝေပေးတဲ့ သဘောပါ...။
ကိုဆူးပြောသွားတဲ့ Modigliani အကြောင်းလဲ ဖတ်နေပါတယ်...။ အဆင်ပြေတဲ့ အခါကျ ရေးပါအုံးမယ်...း))
မ...
ReplyDeleteမရဲ့ secret admirer ပါးD..
အရင်ပို့စ်များကို တိတ်တဆိတ်လာဖတ်ပြီး...ခြေဖွပြန်ထွက်သွားတတ်သော်လည်း..ဒီပို့စ်လေးကိုတော့ မမန့်ပဲမနေနိုင်လို့..
သိပ်စိတ်ဝင်စားစရာအကြောင်းလေး ရေးသားဝေမျှတဲ့ အတွက်ကျေးဇူးပါ..
လေးစားချစ်ခင်တဲ့
ပန်းချီး)
မမရေးတာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆရာမပြောတဲ့ ကားလေးလည်း ရှာကြည့်ပါဦးမယ်း)
ReplyDeleteThere is a film about her. She met
ReplyDeleteUSSR leader Krushev while he was in exile in Mexico running away from
the wrath of Stalin. I think it can
be borrowed from national libraries.