Sunday, January 30, 2011

ပန်းများနှင့် လှပသော နံနက်ခင်းတခု

အမှန်ကတော့ စာအသစ်တင်ဖို့ပါပဲ…။ ရေးလက်စတွေ အဆုံးမသတ်ရသေးခင်မှာ မနေ့က Orchid Garden မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ်။ Orchid Garden သွားမယ်ကြံတိုင်း မိုးက အမြဲရွာတယ်။ မနေ့ကလဲ မိုးရွာတယ်…။ မိုးရွာလာရင် မိုးခိုလိုက်၊ မိုးနည်းနည်းစဲသွားရင် ထွက်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ နောက်ဆုံး ပြန်မယ်လုပ်တော့မှ မိုးက တအားရွာချတာ။ လူသာအစိုခံနိုင်မယ် ကင်မရာတော့ အစိုမခံနိုင်ဘူးလေ… ဒီတော့ အတူတူသွားတဲ့ ညီမနဲ့ နှစ်ယောက်သား ကင်မရာတွေကို လုံလုံခြုံခြုံသိမ်းပြီး မိုးရွာထဲမှာ ပြေးခဲ့ရသေးတယ်…။

ဓါတ်ပုံတွေတင်လိုက်ရင် ဘလော့ဂ်က ဖွင့်ရတာ လေးနေလို့ ဓါတ်ပုံတွေ မတင်တော့ဘူးလို့ တွေးထားတာ။ ဒါပေမယ့်လည်း ခြောက်သွေ့နေတဲ့ ဘလော့ဂ်ကို သနားလို့ နည်းနည်းတော့ တင်လိုက်တယ်…။ Facebook မှာတော့ ပန်းပုံတွေ ပုံ ၃၀ လောက်ကို အုပ်စု သုံးစုခွဲပြီး တင်ဖို့ ရည်ရွယ်ထားတာ အခုတော့ နှစ်အုပ်စု တင်ထားပြီးပါပြီ။ ဘေးက Sidebar မှာရှိတဲ့ Facebook Link ကနေတဆင့် သွားကြည့်နိုင်ပါတယ်…။ ဒါပေမယ့် Facebook မှာက Resolution ကို တော်တော်လေးချထားလို့ ကြည့်ရတာ အရောင်တွေ သိပ်မစိုပြေလှဘူး…။

ဒီအုပ်စုကို "အုပ်စုဖွဲ့၍ နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်…။




ဒီအုပ်စုကိုတော့ "အေးရာအေးကြောင်း နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်...။




ဒီအုပ်စုကိုတော့ "သူနဲ့သာဆိုရင်…" လို့ ကဗျာဆန်ဆန် နာမည်ပေးထားပါတယ်...။




ကျန်တဲ့ပုံတွေကိုတော့ ဒီနေရာမှာ ဆက်ကြည့်လိုက်နော်...။
အခုလောလောဆယ်မှာ ရာသီဥတုက တော်တော်အေးနေတော့ Flu ဖြစ်တဲ့သူတွေ တအားများနေတယ်။ ကိုယ်တိုင်လည်း နှာစေး ချောင်းဆိုး လည်ချောင်းနာနဲ့...။ ဒါကြောင့် နေကောင်းအောင် သတိထားပြီးနေကြပါ… အေးအေးဆေးဆေး အနားယူရမယ့် ရုံးပိတ်ရက်ကြီးမှာ ဖျားနေရရင် မမိုက်ဖူးလေ… နော်…။
ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်များဖြစ်ကြပါစေ...




14 comments:

  1. နားနားနေနေနေ့တွေများသထက်များပါစေ,

    ReplyDelete
  2. လှလိုက်တာ ပုံတွေ
    :)

    ReplyDelete
  3. ပန်းတွေ လှတယ်၊ အုပ်စုဖွဲ့နေသူတွေရဲ့ ပထမပုံနဲ့ အေးရာအေးကြောင်း နေသူများရဲ့ ဒုတိယပုံကို အကြိုက်ဆုံးပဲ..၊ အထူးသဖြင့် ဒီနှစ်ပုံရဲ့ composition နဲ့ bokeh ကို သဘောကျတယ်..၊ မျှဝေတာ ကျေးဇူးတင်ပါတယ်..၊

    ReplyDelete
  4. အေးရာ အေးကြောင်းကို ချစ်တယ်း)

    ReplyDelete
  5. ဒါ့ကြောင့်ကိုး... အပြေးအလွှားရိုက်ခဲ့ရတော့ မောနေမှာပေါ့။

    ညီလင်းသစ်လိုပဲ... ပထမပုံကို အကြိုက်ဆုံး...

    ReplyDelete
  6. အေးကြေးပေါ့ မမ...အနားယူပါ...။
    ပန်းတွေနဲ့အမြဲလန်းပါစေ....

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  7. မုန်းတယ်!!!!!

    ReplyDelete
  8. Facebook မှာတင်ထားတဲ့ ပုံတွေထဲက ကိုယ့်ကိုလည်း တဂ်ထားတဲ့၊ ပြီးတော့ အရမ်းကြိုက်တဲ့ ပုံတစ်ချို့လည်း Blog မှာ တင်ထားလို့ လာကြည့်သွားပါတယ်။ အရင်ကတည်းက ဒီ Blog ကို အမြဲလာလည်ပေမယ့် တစ်ခါမှ ကွန်မန့်မရေးခဲ့ဖူးဘူး။ ဒါပေမယ့် အမြဲအားပေးလျှက်ပါ။

    မေဦးမိုး

    ReplyDelete
  9. ပန်းတွေ သိပ်လှတယ်...
    ဖေ့စ်ဘွတ်ခ်မှာလဲ သွားကြည့်ပြီးပြီ...
    အရမ်းလှတာပဲ...
    ဒါပေမယ့် ရိုက်တဲ့သူရဲ့ဓါတ်ပုံပါတင်ပေးရင် ပိုပြည့်စုံသွားမယ်လို့ထင်တယ်... :P

    ReplyDelete
  10. ပန်းတွေက လှပြီးသားပါ။ ဆရာသက်ဝေ ကျန်းမာပါစေ။

    ReplyDelete
  11. ပထမဆုံးပုံကို အကြိုက်ဆုံးဆိုတာ တို့အရင်ဦးထားတာပါး)

    ReplyDelete
  12. အောခစ်ဂါးဒင်းထဲက သစ်ခွတွေ သိပ်လှတယ်.. မသက်ဝေရိုက်ထားတာတွေကို သဘောကျတယ်.. အေးရာအေးကြောင်းဆိုပဲ..း)))) ... ဖေ့စ်ဘွတ်မှာ ဟိုဟိုဒိဒီတဂ်တာလည်းမြင်လိုက်တာနဲ့ လာကြည့်တာ..း))))

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  13. Orchids are very nice, same as photographer... :D

    ReplyDelete
  14. ပန်းတွေကို သိပ်ကြိုက်တာပဲ ... ကျန်တဲ့ နေရာမှာသာ မိန်းမမဆန်ရင်မဆန်မယ် ပန်းကြိုက်တဲ့ နေရာမှာတော့ မိန်းမသိပ်ကိုဆန်တယ်း))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...