Tuesday, February 14, 2012

ချစ်သူ ညနေခင်း


ကမ္ဘာလေးရေ
ရင်ခုန်သံတွေ နှိုးပေးတဲ့အတွက်
မျှော်လင့်ချက်တွေ ပျိုးပေးတဲ့အတွက်
ကိုယ့်ရဲ့ရပ်တည်ရှင်သန်ခြင်းဟာ
မင်းနဲ့သာ သက်ဆိုင်ပါကြောင်း…

ကမ္ဘာလေးရေ
နေ့တွေညတွေ ဘယ်လောက်ရှည်ရှည်
အတူနေရမယ့် အချိန်အတွက်
နိုးလျက် အိပ်မက်တွေမက်ရင်း
ပူပြင်းမှုရော အေးခဲမှုပါ
ကိုယ် ဥပေက္ခာ…

ကမ္ဘာလေးရေ
ဒီအချိန်တွေမှာ မင်းအိပ်နေပြီ
ဒီအချိန်တွေဆို မင်းနိုးနေပြီ
ကြယ်တွေဆီကတဆင့် မင်းကို လှမ်းကြည့်တယ်
နေမင်းနဲ့ပါလာတဲ့ မင်းရင်ငွေ့ကို ဝတ်ဆင်တယ်…

ကမ္ဘာလေးရေ
ဟန်ဆောင်နေကြရင်း ရေတွက်ရင်းနဲ့ပဲ
ကိုယ်နဲ့မင်း ချိုညနေခင်းဟာ ရှက်သွေးဖြာ
သာယာတဲ့ တို့အနမ်းကို
ပင်လယ်ကပဲ “ကြမ်းတယ်” လို့
အတင်းပြောသွားရတယ်ရှိသေး... ...

*** သတိတရ ရေးပေးတဲ့ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်... :=)

12 comments:

  1. အမိုက်စားပါလား

    ReplyDelete
  2. ချစ်စရာ နူးတဲ့ ကဗျာလေးပါလား မမရေ...ခံစားအားပေးလျှက်..

    ReplyDelete
  3. လှလှပပလေးပါလား အားကျထှာ....

    ReplyDelete
  4. ကမ္ဘာလေးရေ.... :)
    ရီဝေဝိုင်ညနေခင်းတွေကို
    ....
    ဆက်ပါဦး...:)

    ReplyDelete
  5. ကမ္ဘာလေးရဲ့ ကဗျာဆရာလား မမသက်ဝေ? နောက်လိုက်ဦးမှ။ :P

    ReplyDelete
  6. ကမ္ဘာလေးရေ... ကမ္ဘာလေးရေ...

    ReplyDelete
  7. အဲဒါ ကမ္ဘာလေးအတွက် ကမ္ဘာလုံးကြီးက ပေးတဲ့ ပန်းတွေလား :P

    ReplyDelete
  8. ကဗျာလေးကောင်းတယ် မသက်ရေ
    ချစ်သူများအတွက် ကမ္ဘာလေးရေ.....း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ကဗျာလေးကလှလှပပ အေးအေးချမ်းချမ်း နဲ့နွေးနွေးထွေးထွေးလေ...

    ချစ်တဲ့
    ဝသုန်

    ReplyDelete
  10. လှလှပပနှင်းဆီတွေရယ် ကဗျာလေးရယ်

    ReplyDelete
  11. မိုက်တယ်ဗျို့.ကိုကြီးရဲ့.နှင်းဆီပန်းလေကို.တွေ့လိုက်ပါတယ်.
    mm

    ReplyDelete
  12. ကြည်နူးစရာ....
    ကဗျာဆရာကို ခရက်ဒစ် ကြီးကြီး ပေးလိုက်ပါ အစ်မသက်ဝေ...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...