Thursday, January 28, 2010

ချစ်ခြင်းနှင့် မျောလွင့် အတူ

ဒီရက်တွေမှာ အချိန်အား မရှိတာကြောင့် စာမရေးဖြစ်ပါဘူး။ ရေးထားတာတွေကလဲ တပိုင်းတစတွေနဲ့ အဆုံးမသတ်နိုင်တာတွေချည်းပဲ…။ ဖေဖေါ်ဝါရီလအတွက်တော့ အတွေးထဲမှာ ရေးထားတာလေး နှစ်ခုရှိတယ်…။ တခုက သူငယ်ချင်းတွေရယ် ပြီးတော့ စက်မှုတက္ကသိုလ် ကျောင်းနောက်ခံရယ်နဲ့ ကျောင်းပုံပြင်…။ နောက်တခုက ၁၄ ရက် ဗယ်လင်တိုင်းနေ့အတွက် အမှတ်တရ တခုခု…။ အဲဒီ နှစ်ခုကို ပြီးအောင်ရေးဖို့ အခုရက်တွေထဲက ပျိုးထားတယ်။ ရေးဖြစ်မယ် ထင်ပါတယ်။

အခု တင်လိုက်တဲ့ ချစ်စရာ ကဗျာလေးက သူငယ်ချင်း ချစ်ကြည်အေး ဆီက လက်ဆောင်ပါ။ စာမရေးနိုင်တဲ့ရက်တွေအတွက် ကိုယ့်ရဲ့ ဘလော့ဂ်လေး ခြောက်သွေ့နေမှာစိုးလို့ တဲ့…။ သူရည်ရွယ်တာက ကိုယ်တို့ရဲ့ Anniversary အတွက်ပါ။ ဒါပေမယ့် အခုမှ တင်ဖြစ်တယ်…။

ဓါတ်ပုံလေးကတော့ ကိုယ်တိုင်ရိုက်ထားတာပါ။ Place for Two လို့ နာမည်ပေးထားပါတယ်…။ ကဗျာလေးနဲ့ လိုက်မယ် ထင်လို့ တင်လိုက်တာပါ။


ချစ်ခြင်းနှင့် မျောလွင့် အတူ

ပန်းဆွဲ ကျောက်စက်
မြခက် ကဗ္ဗလာ
လိပ်ပြာ ဖမ်းရင်း ပန်းတခင်းဝယ်...။

စိမ်းမြ မျက်ပြင်
တွဲခို ယှဉ်လျောက်
ကြယ်ပြာ ကောက်စဉ် ရင်ခွင်မှီအုံး...။

ကောင်းကင် တဆုံး
တူ တူ ပုန်း အိပ်
တိမ်လိပ် တွေထဲ လက်ချင်း တွဲထား...။

ပန်းကောက် တေးသီ
ပန်းချီ ဆွဲအုံး
သက်တံ ခုံးထိပ် ခြေချင်း ချိတ်ထိုင်...။

သွားကြ စို့လေ
မင်ရေ သမုဒ်
စာလုပ် ရေးသီ ကမ်းခြေဆီမှာ...။

သူနဲ့သာဆို မငြို မငြင်
လိုချင် မက်လှ ဘယ်ဘဝရောက်
ဘယ်လမ်းပေါက်စေ မိုးအောက် မြေဆုံး...
တစ်သက်လုံး ရှင့်....။

ချစ်ကြည်အေး


သူငယ်ချင်းရေ… ကျေးဇူး အများကြီးတင်တယ်နော်…။ နောင်ကိုလဲ အခုလို ချစ်စရာ ကဗျာလှလှလေးတွေ အများကြီး ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်…။

14 comments:

  1. သူများတွေများ ရေးတတ် ရိုက်တတ်တယ်ကွာ.....

    ReplyDelete
  2. ဓါတ်ပုံလေးသိပ်လှတယ်.....။

    ReplyDelete
  3. ကဗျာလေးလည်းချစ်စရာလေးပါ ။
    (စာမဖတ်ပဲ ဓါတ်ပုံကြည့်ပြီး ချက်ချင်းမန့်လိုက်မိလို. ။ :-)

    ReplyDelete
  4. ဓါတ်ပုံလည်းကြိုက် ကဗျာလည်းကြိုက်။
    တစ်သက်လုံး မျောလွင့်နိုင်ပါစေဗျာ

    ReplyDelete
  5. Nice poem..... :)
    Aww...forgot...nice picture too :)
    Appreciate!! :)

    ReplyDelete
  6. ကဗျာလေးအရမ်းလှတယ်၊
    မသက်ဝေတို့နဲ့ လိုက်ဖက်တယ်၊
    မချစ်ကြည်အေး သိပ်ရေးတတ်တယ်။

    ReplyDelete
  7. Good ၏...ကဗျာလေး, ကြိုက်၏...ဓါတ်ပုံလေး....:))

    ချစ်ကြည်...:D

    ReplyDelete
  8. မင်းသား မင်းသမီးကလည်း...ကောင်း
    ရိုက်ကွင်းကလည်း...ကောင်း
    စာရေးဆရာကလည်း...ကောင်း
    perfect!
    (ခပ်တည်တည်နဲ့)

    ReplyDelete
  9. နောက်ဆိုစာမရေးအားရင်ငှားဖို့
    ဓါတ်ပုံဆရာနဲ့ကဗျာဆရာတော့..တွေ့ပြီ ဟန်ကျတာပဲ

    ReplyDelete
  10. ထိုင်ခုံလေးကမင်းသားနဲ့မင်းသမီးကိုမျှော်နေတယ်ထင်တယ်နော်။

    ReplyDelete
  11. အရမ်းလှပတဲ့အချစ်ကဗျာလေးပါ...ဖတ်ကြည့်ပြီးတော့စိတ်ကူးယဉ်သွားပါတယ်
    (Lover Star)

    ReplyDelete
  12. ကဗျာကလဲ မိုက်၊ ဓာတ်ပုံကိုလဲ ကြိုက်။
    ၂ကျပ်ခွဲကြီးကလဲ တယ်အစွမ်းပြနေပါလားး မမ..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...