Friday, February 5, 2010

(ခေါင်းစဉ်မရှိ...)

ထိုသတင်းကို ကြားကြားချင်း စိတ်ထဲမှာ တော်တော်လေးကို ကသိကအောက် ဖြစ်နေခဲ့သည်။ ကိုယ်လဲ ဘာမှ မလုပ်ပဲနဲ့...။ အလကားသက်သက် အထင်အမြင် လွဲမှားမှုတွေကို မလိုလား...။ ကိုယ် ဘာလုပ်ရမလဲ...။ လျှစ်လျှူရှုရန် စဉ်းစားကြည့်သေးသည်...။ သို့သော် ပါရမီ နည်းပါးပုံရသည်... လျှစ်လျှူရှုရန် မအောင်မြင်...။ ထိုအကြောင်းကို တွေးလိုက်မိတိုင်း... သတိရလိုက်တိုင်း... စိတ်ထဲမှာ မကျေမနပ်နဲ့ ဘာလုပ်ရမှန်း မသိ၊ ဘယ်လိုဆုံးဖြတ်ရမှန်း မသိ၊ တွေတွေဝေဝေနဲ့ အဖြေရှာမရ ဖြစ်နေရင်း ၄ ရက်တိတိ ကြာသွားသည်။

သည်အတိုင်းတော့ နေလို့မဖြစ်... ဆက်၍ သည်းမခံနိုင်တော့...။ တခုခုတော့ လုပ်မှဖြစ်မည်...။ ထို့ကြောင့် ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချကာ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် မိမိ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်လိုက်သည်။ အတော်လေး နေသာ ထိုင်သာရှိသွားသည်။



ဆိုင် မဆိုင်တော့မသိ... ငြုတ်သီးတောင့် နီနီလေးများကို ရိုက်ထားသော ဓါတ်ပုံ မှုန်ဝါးဝါးကိုပါ တွဲတင်လိုက်သည်။ ဓါတ်ပုံထဲမှာ ဝါးတားတားဖြစ်နေသော်လည်း ငြုတ်သီးမှန်လျှင် အနည်းနဲ့ အများတော့ စပ်ကြတာချည်းပဲ မဟုတ်လား...။ လိုရင်းက အဲဒါပါပဲ...။ အခုတော့ အိပ်တော့မည်။ အားလုံး ကောင်းသောညပါ...။

21 comments:

  1. ရဲဘော်

    အသင့်နောက်က ထပ်ကြပ်ပါ၏............

    ReplyDelete
  2. ဟင်... ကိုယ့်အိမ်က ဖန်ခွက်ကို ခွဲလိုက်တာနဲ့ ဟိုဘက်အိမ်က ကိုယ်မကျေမနပ်ဖြစ်တာ သိသွားရောလား။

    ReplyDelete
  3. အိုး
    ဇတ်ရည်မလည်ပါလား
    နဲနဲတော့မျှပါလား
    ငရုတ်သီးနဲ့မလောက်ရင် ငရုတ်ဆုံနဲ့ထုပေးမယ်။
    ရှေ့တန်းကရှိပါတယ်။

    ReplyDelete
  4. ရေးထားတာကိုဖတ်ပြီး ပရိတ်သတ်က နားမလည်ဘူးဆိုရင်။ အောင်မြင်တဲ့ ပို့စ်မော်ဒန်စာရေးဆရာဖြစ်ပြီလို့ ဆိုကြတယ်။ ဒါဆို သက်ဝေက ပို့စ်မော်ဒန်ခေါင်းဆောင်ဖြစ်လိမ့်မယ်။ (ငြုပ်သီးက စပ်တယ်ဆိုတာတော့ သဘောပေါက်မိသလိုရှိသား။) ကျန်းမာပျော်ရွှင်စေဗျား။

    ReplyDelete
  5. ငရုတ်သီး ခရမ်းရောင်လေးတွေ လှတယ် မမသက်ဝေ
    hugs

    ReplyDelete
  6. ဆိုင်မဆိုင်တော့ မသိဘူး ... ၂ကျပ်ခွဲတန်တွေထဲ အဲဒီ ငြုတ်သီးပုံလေး အလှဆုံး။ ရိုက်ချက်လေးကောင်းတယ်။ အိမ်ရှင်စိတ်တိုနေတုံး သွားနောက်လို့ ငြုတ်သီးနဲ့ ပေါက်မှာကြောက်လို့ ပြေးပြီဗျို့။

    ReplyDelete
  7. ဘာများ အဆင်မပြေဖြစ်သလဲ မမ။
    ငရုတ်သီး ပြထားတယ်ဆိုတော့ နောင်ကျရင် ငရုတ်ကျည်ပွေ့လာမယ် လို့ ဆိုလိုချင်သလား.. လား... လားး...။
    လစ်မှ..။

    ReplyDelete
  8. ဟိုကိတ်စလား... အဲဒါဆိုရင်တော့ အစ်မရှေ့မှာ မွန်ရှိတယ်။
    နောက်ကျတဲ့ခြေထောက်သစ္စဖောက်..
    ကြောက်ကြောက်နဲ မန့်သွားတယ်။
    mm

    ReplyDelete
  9. I'm on ur side...
    I'm ready..

    ReplyDelete
  10. ငရုပ်သီးလေးတွေ အရောင်စုံပဲ လှမှလှ..
    လိမ္မော် အနီ ခရမ်း အဝါ..

    မစပ်တဲ့ ငရုပ်သီးတွေလည်း ရှိပါသေးတယ်ဆိုရင် ထပ်ဆွပေးသလိုများ ဖြစ်သွားမလား...

    တကယ်ကတော့ ပေါ့သွားစေချင်တာပါ..

    (ဘာမှန်းညာမှန်းမသိ ဝင်ယောင်သွားသည်)

    ReplyDelete
  11. ကုလားအော်သီး ယူမလား။။
    မြန်မာက မှာပေးမယ်..
    အဲ့မှာရှိချင်ရှိမှာ..။။

    ReplyDelete
  12. လာရောက်ရန်ခက်ခဲသည့်အတွက်ယခုမှရောက်ရှိလာပါကြောင်း၊heavy metal သံစဉ်များအားလည်းလျှော့စေချင်ပါကြောင်း။

    ReplyDelete
  13. သတိရလို့လာလည်တာ ပေါက်ကွဲသံစဉ်နဲ့တိုးသွားတယ်...

    ReplyDelete
  14. သူ့ဟာသူနေတဲ့ ဟိုဟာက ဘယ်သူနဲ့ပေါင်းလိုက်မှ ရောအထောင်းခံရတယ် ဆိုလား???
    စပ်တဲ့ငြုပ်သီးအစွမ်းရဲရဲနီအောင် ပြပလိုက်ဘာာ။
    ဒါနဲ့.. ငြုတ်သီး၊ ငရုတ်သီး၊ ငရုပ်သီး၊ ငြုပ်သီး ???
    ကိုဘွိုင်းဇ်ကူပါ..။

    ဘာမှရေရေရာရာရာမသိ
    ခပ်မိမိ (ဟိ)

    ReplyDelete
  15. ရဲရင့်ပြတ်သားလိုက်ပုံက....ကောင်းပါလေ့....ပဲလှော်...အဲ..ရဲဘော်...ဆက်လုပ်...:))

    ReplyDelete
  16. ရင်ထဲ ပူပြီး တကယ်စပ်တယ်...

    ReplyDelete
  17. မသီတာက ရယ်ရတယ်၊
    ငရုတ်သီးစပ်မစပ်တော့ မသိဘူး၊
    လှတာတော့ အတော်လှတယ်။

    ReplyDelete
  18. စိတ်ပြေသွားအောင် ငရုတ်တောင့်လေး ၀ါးနေလိုက်ပါလား

    ReplyDelete
  19. ဒါနဲ့ စကားမစပ် ဘယ်ပါတီ မဲပေးမှာလဲ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...