ချစ်ရတဲ့ ပေါက် ရဲ့ Tag ပါ။
သူက သူ့ဟာသူ အိမ်ရှင်းရင်းနဲ့ သူနှစ်သက်တဲ့ လုံချည်လေးတွေကို ဓါတ်ပုံရိုက်ပြီး အဲဒီလုံချည်လေးတွေရဲ့ ရာဇဝင်လေးတွေ ရေးထားတာပါ။ သူရေးထားတာ ဟုတ်လို့… စိတ်ဝင်စားမှုတွေ တူညီကြတဲ့ ချစ်စရာ ညီအမတွေကလဲ လှိုက်လှိုက်လှဲလှဲ အားပေးထားကြတာ တွေ့ရပါတယ်…။ အဲဒီမှာ ဒေါ်ချစ်ကြည်အေး တယောက်က သူ့ဟာသူ အားပေးရုံမက အချွန်နဲ့ပါ သွား မ သလေ…။ ပေါက် ရေးထားတဲ့ ပိုစ့် ကို Tag ပိုစ့်လေး လုပ်သင့်သတဲ့…။ (မကောင်းစားတဲ့ ချစ်ကြည်စုတ်…. သူ့မှာ ကြွားစရာ လုံချည်တွေ အများကြီးရှိတိုင်း…)
အဲဒီမှာ ဒေါ်ပေါက်တယောက်ကလဲ အကြံတွေရပြီး ညီအမတွေကို အမှတ်စဉ်ထိုးပြီး Tag ပါလေရော…။ ကိုယ်ကတော့ အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့တွေ့တော့တာပါပဲ…။ တခြားအကြောင်းရော တခုခုကိုများ Tag ပါတော့လား ပေါက်ရယ်… လို့သာ အော်လိုက်ချင်တာ…။
စိတ်တော့ မရှိပါနဲ့ ပေါက်ရေ…။ (ထားရင်လဲ နေရပါမယ်… သတ်ရင်လဲ သေရပါမယ်…)
ကိုယ့်မှာ သူများတွေလို ဓါတ်ပုံနဲ့တကွ ပြစရာ ချစ်စရာ လုံချည် လှလှလေးတွေ . . . . . တ က ယ် ကြီး ကို မ ရှိ ပါ ဘူး . . .။ ဒါပေမယ့် ကိုယ် လုံချည်တော့ ကောင်းကောင်း ဝတ်တတ်ပါတယ်… (ယုံကြပါ…) ဒီတော့ ကိုယ်ဝတ်ခဲ့ဖူးတဲ့၊ ပြီးတော့ ကိုယ် ကြိုက်နှစ်သက်ခဲ့တဲ့ လုံချည်လေးတွေ အကြောင်းကိုပဲ မှတ်မိသလောက် နဲနဲစီ ပြောပြမယ်လေ… နော်။
ကိုယ့်ကို ၅ တန်းထဲက လက်သည်း အရှည်ထားခိုင်းပြီး လက်သည်းကို ဝိုင်းဝိုင်းလေးတွေ ညှပ်ပေး၊ လက်သည်းနီကို ကိုယ်တိုင်ဆိုးပေးခဲ့တဲ့ မေမေက အပြင်သွားရင် စကပ်တွေ ဘောင်းဘီတွေဝတ်ဖို့ သာ အားပေးခဲ့ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ပထမဆုံး လုံချည်က ၉ တန်းနှစ်မှာ စဝတ်ရတဲ့ ကျောင်းစိမ်းလုံချည်ပါ။ မဝတ် မနေရ စည်းကမ်းကြီးနဲ့ မဝတ်တတ် ဝတ်တတ်နဲ့ ဝတ်ခဲ့ရလို့ ပြီးတော့ ကိုယ်နဲ့ လှလဲ မလှလို့ တကယ် စိတ်ညစ်ခဲ့ဖူးပါတယ်။
ပထမဆုံး အပြင်ကို လုံချည်နဲ့မှ သွားရဖို့အကြောင်းဖန်လာတဲ့အခါ ကိုယ်ရလာတဲ့ လုံချည်လေးက မီးခိုးပြာရောင်ပေါ်မှာ အဖြူရောင် အပွင့်လေးတွေပါတဲ့ နှစ်နံစပ် ယောလုံချည်လေးပါ။ (သိပ်လှတယ် လို့ မှတ်မိပါတယ်…)
ပြီးတော့ ကျောင်းရက်ရှည်ပိတ်နေချိန်မှာ ရိပ်သာဝင်ချင်တယ်လို့ မေမေ့ကိုပြောတော့ ယောဂီလုံချည်လေးတွေ ရခဲ့ပါတယ်။ (အဖြူရောင် အင်္ကျီလေးနဲ့ ယောဂီလုံချည် အညိုရောင်လေးနဲ့… သိပ်လှတာ… ယုံ…)
စကပ်တွေ ဘောင်းဘီတွေ ဝတ်ခွင့်မရှိတဲ့ စက်မှုတက္ကသိုလ် ကျောင်းသူသက်တမ်း တလျှောက် စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဖြစ်ခဲ့တာကတော့ ယောလုံချည်လေးတွေပါ။ ဂန့်ဂေါက နှစ်နံစပ် ယောလုံချည်၊ ချည် ယောလုံချည်၊ ပိုးနဲ့ ချည်နဲ့ ရောထားတဲ့ အရောင်ရင့်ရင့် ယောလုံချည်လေးတွေနဲ့ ရှပ်အင်္ကျီ ပွပွတွေနဲ့… ကျောပိုးအိပ်နဲ့… T Square နဲ့…။ Field ဆင်းတုန်းကဆို ဦးထုပ်တောင်ပါသေး…။ (ရှုပ်ပွနေတဲ့ လူမိုက်ပုံကို မြင်ယောင်ကြည့်လိုက်ပါ…)
ကျောင်းပြီးပြီး လူကြီးဖြစ်လာတော့ ပါတိတ်လုံချည် နဲနဲရှိဖူးတယ်။ ဒါပေမယ့် ကိုယ့်အရပ်နဲ့ဆို ပါတိတ်တွေက တော်တော်ကြီးကို တိုနေလို့ မကြိုက်ဖူး။ ဒီတော့ သိပ်မဝတ်ဖြစ်ဘူး။ အသားထူထူ ပျော့ပျော့နဲ့ စိန်မိုက်ကယ်လို့ခေါ်ကြတဲ့ လုံချည်တွေ ဝယ်ဖြစ်တယ်။ အများအားဖြင့်တော့ ချိတ် (Buckle) တပ်ပြီး ဝတ်ရတဲ့ စကပ်လုံချည်တွေ ချုပ်ပစ်လိုက်တာပါပဲ…။
အဲဒီလိုတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ဘောလုံးပျောက်လို့ ကိုယ် ချစ်စနိုးခေါ်တတ်တဲ့ Polka Dots လုံချည်တွေပါ။ အနက်ခံမှာ အဖြူရောင် အလုံးလေးတွေနဲ့လေ…။ ကိုယ့်မှာ အဲဒီ ဘောလုံးလေးတွေ အရွယ် အကြီး အသေး၊ အစိတ် အကျဲ မတူညီကြတဲ့ လုံချည် ၅ ထည် ရှိခဲ့ဖူးပါတယ်။ အင်္ကျီအဖြူရောင်နဲ့ အဲဒီဘောလုံးပျောက် လုံချည်လေးတွေနဲ့ တွဲဝတ်ရတာကို ကိုယ် သိပ်ကြိုက်တာပဲ။ ခုတော့ ရှိတော့ဘူး၊ မေမေက ပြောတယ် နာဂစ်တုန်းက အကုန်ပေးပစ်လိုက်ပြီ တဲ့…။ (မေမေ ဆိုးဆိုးနော်… နောက်တခါလာရင် ပြန်ဝယ်ပေးရမှာပဲလို့ ပြောထားတယ်...)
ကြိုးကြီးချိတ်လုံချည် ၂ ထည်တိတိရှိပြီး ၂ ခါတိတိ ဝတ်ဖူးပါတယ်။ တထည်က မင်္ဂလာဆောင်တုန်းက ချိတ်အဖြူရောင်၊ အဲဒါက တထည်လုံး စီးကွင့်စ်တွေ အပြည့်ထိုးထားတာဆိုတော့ ဘာမှပြန်လုပ်လို့ မရပါဘူး... တခါဝတ်ပြီး ဒီအတိုင်း အလှပဲကြည့်နေရတာ...။ ဘွဲ့ယူတုန်းက နောက်တထည် ဒါလဲ အဖြူရောင်ပဲ... ဒါပေမယ့် ဒီချိတ်ကတော့ အဆင် သေးသေးလေးနဲ့ ချစ်စရာကောင်းတယ်…။ နောက်ပြီးတော့ ယောင်းမလေး မင်္ဂလာဆောင်မှာ ခပ်ပါးပါး ပိုးချိတ် အပြာရောင်လေးတထည် ဝယ်ဝတ်ခဲ့ဖူးတယ်… ဒါပဲ။ ခုတော့ အဲဒါလေးတွေလဲ အိမ်က ဘီဒိုထဲမှာ ဆွေးနေလောက်ပြီ… သနားပါတယ်…။
ဒီကို လာတော့မယ်ဆိုတော့ လိုလိုမယ်မယ် မြန်မာဝတ်စုံလေး တစုံ နှစ်စုံလောက် ချုပ်ပြီး ယူလာမယ်ဆိုပြီး စိတ်ကူးထားပေမယ့် တကယ်လာခါနီးကျတော့ အလုပ်တွေရှုပ်ပြီး စိတ်ကူးကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည် တခေါက်ပြန်တော့ သူငယ်ချင်းတွေ တိုက်တွန်းလို့ မြန်မာဝတ်စုံလေး နှစ်စုံချုပ်ဖြစ်ပါတယ်။ သိင်္ဂီရွှေဝါက ပိုးချိတ်လေးတွေ… အင်္ကျီလေးတွေကလဲ ပိုးပြောင်လေးတွေ… သူငယ်ချင်းတွေရဲ့ မိန်းမပီသပြီး အကွက်စေ့ပုံက အဲဒီ လုံချည်လေးတွေနဲ့ လိုက်ဖက်တဲ့ ပုဝါလေးတွေတောင် ဝယ်ပေးလိုက်သေး…။
ဒါပေမယ့် ဝတ်ကြည့်တော့ ကိုယ်နဲ့ တော်တော်လေး Odd နေတာ တွေ့ရတယ်၊ ပြီးတော့ လူက တအားကို ဟာသမြောက်ပြီး ရယ်ချင်စရာ ကောင်းနေတာကိုလဲ တွေ့ရပါသေးတယ်။ ဒီလိုနဲ့ ယူသာလာတယ်… ဝတ်စရာ လမ်းမကြုံတာက တကြောင်း၊ ကိုယ်နဲ့လဲ နဲနဲလေးမှ မလိုက်ဖက်ဖူးဆိုတာ သေသေချာချာကြီးကို သိနေတာက တကြောင်းတို့ကြောင့် တခါမှ မဝတ်ဖြစ်ဘူး။ (ကိုယ့်ကို မြန်မာလိုဝတ်ထားတာ တွေ့ဖူးသူ၊ အကြောင်းသိများ ကျေးဇူးပြု၍ တိတ်တိတ်ကလေး နေပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်…) ခုတော့ အိမ်အပြောင်းအရွှေ့နဲ့ အဲဒီဟာလေးတွေလဲ ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေကြမှန်းမသိလို့ ဓါတ်ပုံရိုက်ပြီး မပြနိုင်ပါဘူး။ (ခွင့်လွှတ်ကြပါ…)
လုံချည်နဲ့ ပတ်သက်လို့ ကိုယ်စဉ်းစားလို့ရသမျှကတော့ အဲဒါ အကုန်ပါပဲ…။ နောက်တခါများ အိမ်ပြန်ဖို့ အကြောင်းပေါ်လာရင် ကိုယ်နှစ်သက်တဲ့ လုံချည်လေးတွေ မဖြစ်မနေ ရှာဖွေပြီး ဝယ်ယူလာခဲ့ပါ့မယ်…။ အပြင်မှာ မဝတ်ဖြစ်ရင်လဲ ကိစ္စမရှိပါဘူး… အနည်းဆုံးတော့ ဓါတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို ပြလို့ရတာပေါ့နော်… ဟုတ်ဖူးလား…။
ကဲ… ပေါက် ရေ… ကျေနပ်တယ်နော်…။
အော်… ဒါနဲ့ ကြုံလို့ တဆက်တည်း ပြောလိုက်ပါရစေ…။ ပေါက်က ဖြစ်နိုင်ရင် ဒီ Tag ကို ချစ်ရတဲ့ အပေါင်းအသင်းတွေဖြစ်ကြတဲ့၊ ပြီးတော့ ဘလော့ဂ်လဲ မရှိကြသေးတဲ့ မြိုး (မျိုး)၊ ဆင်ဆင် (SDL) နဲ့ မေ (Mae) တို့ကိုပါ ရေးပေးစေချင်တာတဲ့…။ ဒီတော့ တကယ်လို့များ မျိုးတို့ ဆင်ဆင်တို့ မေတို့ အနေနဲ့ စိတ်ဝင်စားလို့ ရေးချင်ခဲ့သည်ရှိသော် ကိုယ်က ကိုယ့်ဘလော့ဂ် စာမျက်နှာတွေမှာ ပိုစ့်တွေကို ဓါတ်ပုံနဲ့ တကွ တင်ပေးဖို့ အဆင်သင့်ပါပဲလို့…။
ပြီးတော့ ကျန်နေတဲ့ ညီအမတွေကို ဆက် Tag ပါရစေ... မြန်မာလုံချည်လေးတွေ နှစ်သက်တတ်တဲ့ ကေ၊ ညီမလေး ပန်ပန် နဲ့ အပြုံးပန်း၊ ပန်းခရမ်းပြာက မချို၊ သူငယ်ချင်း မဆွီတီနဲ့ စုချစ် တို့ ချစ်ခြင်းအားဖြင့် ရေးပေးကြပါ...။

မျိုးတို့တော့ ငါးတန်းနှစ်မှာတည်းက ကျောင်းစိမ်းလုံချည်စဝတ်ရတာ..
ReplyDeleteငယ်တုန်းကတော့ မသိပါဘူး အမေဆင်တာဝတ်တာ..
၉တန်း ၁၀တန်းလောက်ရောက်တော့ အုန်းနှစ်ပင်တို့ ဝက်ဝံတို့လို လုံချည်လေးတွေဝတ်ရတာကြိုက်တယ်.. အစိမ်းပုတ်ရောင်မျိုး..
ထိုင်းဆစ်၊ သီရိဒုံအသားတွေဆို ချောချောကြီးမို့ မဝတ်တတ်ဘူး
အဲ့ဒါကြီးတဲ့အထိပဲ နောက်တော့ စိန်မိုက်ကယ်လိုလုံချည်မျိုးတွေကို ၃လွှာစကဒ်ချုပ်ဝတ်..ချည်တို့ စီလွန်ယောလုံချည်တို့ဆို ဝတ်တတ်တယ်..
ဒီမှာတော့ ဘုန်းကြီးကျောင်းသွားရင် ဝတ်တတ်တဲ့ စီလွန်လုံချည်တထည်ပဲရှိတယ်.. (အဲ့တော့ ကြွားစရာမရှိ အဲလေ ရေးစရာမရှိပါဘူးလို့.. :P )
လုံချည်နဲ့ ဘယ်သူမဆို လှပါတယ် မမရယ်။ လှတယ်ဆိုတာထက် ယဉ်ပါတယ်။ Odd မဖြစ်ပါဘူး။
ReplyDeleteနေခြည်က လုံချည်သိပ်ကြိုက်တာ... ဒီလာတော့ ၂စုံယူလာသေးတယ်။း)
လုံခြည်များလို့ စကြားကတည်းက..လိုက်ဖတ်နေတာ..ပုံ ကြည့်ချင်တာ..း(
ReplyDeleteမ..လုံခြည်နဲ့ လိုက်မှာပါ..။ ဗမာဝတ်စုံနဲ့ လိုက် -မလိုက်တော့ မသိ..လုံခြည်နဲ့ တော့ လှမှာ သေချာတယ်။
ဟင်.. မမသက်ဝေ..တကယ်ကြီးကို အချွန်နဲ့ မတယ်
ReplyDelete၉ တန်းမှ ဝတ်ရတာ ဘာကျောင်းလဲ.. အနော်တော့ ၇ တန်းက စ ဝတ်ရတာ၊ ခု ဒီကို လုံချည်က ၂ ထည်လားပဲ ပါလာတယ်လေ....
ကျွန်မတော့ ငါးတန်းအထိ လုံခြည်တခါမှ မ၀တ်ဖူးဘူး စကပ်ပဲ ၀တ်ဖြစ်တယ်။ ၆ တန်းရောက်မှ အရပ်က ရှည်လာလို့ လုံခြည်စ၀တ်ဖူးပေမဲ့ စကပ်ကိုပဲ ပိုအ၀တ်များသေးတယ်။ ၆ တန်းအောင်ပြီး ခုနှစ်တန်းတက်တဲ့ နှစ်မှာမှ ကျောင်းစိမ်းလုံခြည်တွေကို စ၀တ်ရာကနေ နောက်ပိုင်း လုံခြည် ၀တ်ဖြစ်သွားတယ်။ ချိတ်ထမိန်လေးတွေကို သိပ်ကြိုက်တယ်။ ဒီမှာတော့ အိမ်မှာနေရင်နဲ့ ဘုန်းကြီးကျောင်းသွားရင် လုံခြည်ဝတ်ဖြစ်ပေမဲ့ တခြားအပြင်သွားအပြင်လာနဲ့ ကျောင်းသွားကျောင်းလာ တထိန်အစ ခဏခဏ ရွှေ့လို့ မ၀တ်ဖြစ်ဘူး
ReplyDeleteအပြုံးပန်းတို့မြို့မှာတော့ ကျောင်းစိမ်းလုံကျီင်္ကို ငါးတန်းက စ၀တ်ရတာ၊ လုံကျီင်္ဝတ်တာ အဲဒီက စခဲ့တာပေါ့။
ReplyDeleteပေါက် ရေးထားတာဖတ်ပြီးကတည်းက စိတ်ဝင်တစားဖြစ်နေတာ။
အခုလက်ရှိ (ရေချိုးခန်းလဲတဲ့တစ်ထည်ကလွဲလို့) လုံကျီင်္တစ်ထည်မှ မပိုင်ပေမယ့် ဒီပိုစ့်ကလေးကို ရေးပေးပါမယ်လို့။ :)
ချစ်ခင်သောအားဖြင့်
ဟင့်..အမတို့က ငယ်ကတည်းက အလှပြင်တာပဲ။ ကျောင်းမှာ လက်သည်းရှည်ထားရဘူးလေ...။ တခါတလေလိုက်စစ်တယ်။
ReplyDelete၅တန်းကစပီး တက္ကသိုလ်ရင်ဖုံးနဲ့ လုံချည်ပဲဝတ်ရတာ..။ ထမိန်းမနိုင်ပုဝါမနိုင်... မြင်သာကြည့်တော့...ဟီး..။
အမက စွတ်ကြွားနေတယ်တော့ သူ့ထမိန်တွေ..ဟားဟား
အနော်လည်း ထုတ်ကြွားရတော့မယ်.. ကြွားချင်ရက်လက်တို့..။
မိုးမင်းကြီး
တကယ် မချစ်လို့ တပါတည်း ခေါ်မလာပဲ ထားခဲ့ရက်ပြီးတော့များ
ReplyDeleteခုမှ အလွမ်း သည် မနေပါနဲ့ ဒေါ်ဒေါ်သက်ရယ် သနားပါဘူးကွယ်
တူနယ်..တဲနယ်
မယ်သက်...လည်လူ..ထမီအတွက်ပို့စ်ပါဆိုမှ ထမီပုံမပါပဲ စာတွေ၊ ကျီးကန်းတွေချည်း လုပ်လာတယ်။ ထမီမရှိလည်း ပတ်နေကျ စောင်ကျားကြီးတထည်လောက် ထုတ်ရိုက်ပြလိုက်လေ...ခုနေများ ကိုယ်ပိုင် ထမီတထည်ကို မာစီးဒီးတစီး နဲ့ လဲပေးမယ်ဆို ညည်း ဘယ့်နှယ့်လုပ်ပါ့...ခက်သေးတယ်နော်...ဟွန်းးး
ReplyDeleteအဲ ... မနေ့က လာဖတ်တော့ တဂ်ထဲမှာ မပါသေးဘူး ... သတိတရ စာရင်းထဲ ထည့်ပေးထားတာကိုး ...။ ရေးပါ့မယ် မသက်ဝေ ...။ ဓာတ်ပုံရိုက်ပြစရာ လုံချည်တော့ မရှိဘူး။ အချိန်မီ ပင်နီစူးလားကို ပြေးလိုက်ပါဦးမယ်လေ။
ReplyDeleteမချို
မမ မြန်မာဆန်ဆန် ၀တ်တာ တွေ့ဖူးပါတယ်လေ..မင်္ဂလာဆောင်မှာလေ။ ဒီလောက် လှတာဗျာ..။
ReplyDeleteအခုဘာဝတ်နေသတုံး။
ReplyDeleteထမိန်မ၀တ်လဲ လှပါတယ်။
ReplyDelete(စလုံးမှာ ဘောင်းဘီရှည်နဲ့ ပြောတာပါ။)
ချစ်ပရိတ်သတ် တစ်ဦး
အရင်က..ဘော်လုံးပြောက်တွေ သိပ်ခေတ်စားတာနော်..
ReplyDeleteပိတ်စတွေ..ချည်သားတွေပဲမို့လား..။။
ကျနော်မှာတော့မရှိခဲ့ဖူးဘူး..။။
သူငယ်ချင်းအစ်မတွေ ဝတ်တာ မြင်ဖူးတယ်။။
အပြာရင့်ခံမှာ..အဖြူပြောက်လေး..သိပ်လှတယ်..။။
ယောလုံချည်..ဂန့်ဂေါလုံချည်တွေ မယူလာဖူးလား.။။
နှမျောစရာ..။။
သူများအိမ်မှာရောက်နေလို့ ..အွန်လိုင်းတက်ဖို့ရာ အဆင်မပြေဖြစ်နေလို့..အခုမှ ရောက်လာရပါတယ်။။
ပေါက်ရဲ့ ပိုစ့်နဲ့ ချစ်ကြည်ရဲ့ အကြံတို့ ပေါင်းစပ်ပြီး ရလာတဲ့ ဒီ Tag ပိုစ့်ကို တပျော်တပါး ရေးသားကြတဲ့ ညီအမတွေအားလုံးရဲ့ ပိုစ့်တွေဟာ တယောက်တမျိုးနဲ့ ချစ်စရာကောင်းနေကြတာ အမှန်ပဲ...။ ပြီးတော့
ReplyDeleteတယောက် တလှည့် လည်ပတ်ကြည့်ရှု အာေးပးသွားကြတာလဲ အလွန် ပျော်စရာမို့ ဒီပိုစ့်လေးက တကယ်ကို အမှတ်တရပါပဲ...။
ကိုယ့်ကို Tag တဲ့သူကိုရော... ကိုယ် Tag လို့ ချစ်ခြင်းအားဖြင့် ရေးပေးကြသူများရော... ကိုယ့်ဆီကို လာရောက် အားပေးသွားကြသူများကိုပါ ကျေးဇူးအထူးပါ...
တခုတော့ရှိတယ်... အလှုအတန်း ပွဲလမ်းသဘင်တွေမှာ တွေ့ကြရင် လုံချည်တွေကို မှတ်မိပြီး လူကိုပါ တဆက်တည်း မှတ်မိသွားရင်တော့ လူကြားထဲမှာ အတင်းလိုက်အော်ခေါ်မှာနော်... ဒါပဲ...း))
ရေးလိုက်ပါပြီ... သိပ်ရှည်မှာစိုးလို့ ချုံ့လိုက်ရတာ.. ရေးစရာတွေတော့ ကျန်သေး.း)
ReplyDeleteကျနော်လည်း အနက်ခံ၊ နက်ပြာခံ မှာ အဖြူရောင် ဘောလုံးပြောက်တွေကို အရမ်းကြိုက်တယ်.. အမပြောသလိုပဲ အင်္ကျီဖြူနဲ့ တွဲဝတ်ရတာကို ပိုသဘောကျတယ်.. :)
ReplyDelete