ဒေါ်သက်ဝေ တယောက် တော်တော်အားနေသလားလို့ ပြောရင်လဲ ခံရမှာပါပဲ…။ ဒီနေ့ တရုပ်နှစ်သစ်ကူး ရုံးပိတ်ရက်တွေရဲ့ စတုတ္ထမြောက်နေ့ပါ…။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း မနားရတော့လဲ နားချင်တယ်…။ နားရတာ ရက်နဲနဲကြာလာတော့လဲ နေမထိ ထိုင်မသာနဲ့ပါ…။ အပြင်ထွက်ရအောင်ကလဲ နေက တော်တော်ပူတယ်…။ မတော် နေပူထဲသွားလို့… အသားတွေ မဲသွားမှဖြင့်… ဟီဟိ။ အမျိုးသားက စာဖတ်စရာတွေ နဲ့ အလုပ်တွေရှိနေတော့ သူ့အလုပ် သူလုပ်၊ သူ့စာ သူ ဖတ်နေတုန်း ကိုယ် အလုပ်မရှိ အလုပ်ရှာထားတာလေးတွေ ကြည့်ပါအုံး…။
ပထမဆုံးအနေနဲ့ သူ နှစ် နှစ်နီးပါး စုထားတဲ့ ကျပ်စေ့တွေကို စားပွဲပေါ် သွန်ချပြီး ရေတွက်မလို့ လုပ်ပါတယ်။ ဆယ်ခုစီ တပုံ ပုံပြီး ရေမလို့အလုပ်… သူက အသံ တချွင်ချွင်တွေ ကြားသွားပြီး အနားကို ရောက်လာပါတယ်။ ကိုယ့်ကိုကြည့်ပြီးတော့ အဲဒါတွေကို နှစ်ကျပ်ခွဲနဲ့ ဓါတ်ပုံရိုက်ထားပါလား လို့ ရယ်ကျဲကျဲနဲ့ ပြောပါတယ်…။ ပြီးတော့ ဘလော့ဂ်မှာ တင်ရင်တင်၊ မတင်ရင် Facebook မှာ တင်ပေါ့တဲ့…။
တွေ့လား… တွေ့လား… ဒါ ကိုယ့်ကို သက်သက် အရွဲ့တိုက် လှောင်ပြောင်တာ…။ သွားလေရာမှာ နှစ်ကျပ်ခွဲကြီး တသယ်သယ်နဲ့ တွေ့သမျှ မြင်သမျှ မဲမဲမြင်တိုင်း အကုန်လျှောက်ရိုက်ပြီး အလုပ်တွေရှုပ် ဘလော့ဂ်မှာတင်ရ၊ Flickr မှာ တင်ရ၊ Facebook မှာ တင်ရ၊ မှတ်ချက်တွေ ရရင် ဝမ်းသာအားရ ဖတ်ပြရနဲ့ အစဉ် ရှုပ်ရှက်ခတ်နေတတ်တဲ့ ကိုယ့်ကို ဒါ သက်သက်မဲ့ လှောင်ပြောင်တာ…။
ဟင်း… ဘာရမလဲ… တွေ့ကြသေးတာပေါ့ကွာ လို့ ဆိုပေမယ့်… စိတ်ထဲ အဲဒီ ကျပ်စေ့ ညိုဝါဝါလေးတွေ အပုံလိုက် တွေ့ရတာ လှနေသလိုပဲ…။ ဒါနဲ့ပဲ တအိမ်လုံးရဲ့ ရယ်မော လှောင်ပြောင်မှုကို ခံယူပြီး ဓါတ်ပုံရိုက်လိုက်ပါတယ်…။ ပြီးတော့ Photoshop ထဲမှာ နဲနဲ အရောင်လေးတွေ လှအောင် ကစားပြီး ဘောင်ခတ်လိုက်တယ်…။ တော်တော်ကြည့်ပျော် ရှုပျော်ဖြစ်သွားသလိုပဲ…။ ဟဲဟဲ…
(တခါက မမခင်ဦးမေကို ရွာသားလေးရဲ့ ပိုစ့်တခုအောက်မှာ မှတ်ချက်ရေးရင်း အမျိုးသားက ကျပ်စေ့တွေ စုပါတယ်၊ အခုဆိုရင် တထောင်နားနီးနေပါပြီလို့ ပြောမိတာ အခု ပုံနဲ့တကွ ပြလိုက်တယ်နော် မမ…)
ဓါတ်ပုံရိုက်လို့ပြီးတော့ အဲဒါတွေကို ဆယ်စေ့စီ အပုံလေးတွေပုံပြီး ရေတွက်တဲ့ အလုပ်ကို လုပ်ပါတယ်…။ ဟုတ်တယ်… စုစုပေါင်း တထောင်ကို နဲနဲကျော်တယ်…။ ဒီမှာလေ…
ဓါတ်ပုံရိုက်ခါနီးမှာ တထောင်ထက်ကျော်နေတဲ့ အစွန်းထွက်တွေကို ဖယ်ထားလိုက်တယ်…။
သူက ကျပ်စေ့တွေလိုပဲ ငါးမူးစေ့တွေကိုလဲ စုထားပါသေးတယ်။ ဒါပေမယ့် ငါးမူးစေ့လေးတွေကတော့ ကျပ်မပြည့်တဲ့သူလိုပဲ မျက်နှာငယ်ရရှာတယ်…။ ရေတော့ ရေကြည့်လိုက်တယ်… သူလဲ သုံးရာနီးနီးပဲ…။ ဒါပေမယ့် အရောင်အဆင်းက မွဲခြောက်ခြောက်နဲ့မို့ ဓါတ်ပုံမရိုက်ချင်ဘူး…။ (ဒီကင်မရာ ဝူးမင်းက တော်တော် မျက်နှာလိုက်တတ်တယ်နော်…)
အဲါးတွေ အားလုံး ဘူးတွေထဲ ပြန်ထည့်၊ သိမ်းဆည်းလို့အပြီးမှာ လက်ကို သေသေချာချာ စင်အောင်ဆေးနော် လို့ ညွှန်ကြားချက်လာပါတယ်။ ဒါနဲ့ လက်ကို ဆပ်ပြာနဲ့ ဆယ်ခါလောက် ပွတ်ဆေးလိုက်တယ်…။ စိတ်ထဲတော့ စင်တယ် ထင်တာပါပဲ… ရောဂါပိုးမွှား ဆိုတာတွေက ကိုယ်တိုင် မြင်ကြည့်လို့မှ မရတာနော်…။
စိတ်ထဲမှာတွေးနေတာ... အခုလို စုထားတဲ့ ကျပ်စေ့တွေကို ဓါတ်ပုံရိုက်ပြီး ဘလော့ဂ်မှာ တင်ခွင့်ပေးတဲ့ ကိုဘယ်သူ ကို ကျေးဇူးတင်ပါတယ်... ဘာညာ ပြောင်ချော်ချော်နဲ့ ရေးမလို့...။ ဒါပေမယ့် စဉ်းစားကြည့်လိုက်တယ်... ကျပ်စေ့တွေရဲ့ ဓါတ်ပုံကို အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်တာထက်စာရင် အဲဒီကျပ်စေ့တွေကို အသုံးပြုခွင့်ပေးတာက ပိုပြီး ကျေးဇူးတင်စရာကောင်းမယ် လို့...။ ဒီတော့ အဲဒီကျပ်စေ့တွေ ကိုယ့်လက်ထဲရောက်လာအောင် ကြံစည်လိုက်အုံးမယ်... ဒါမှ ၂၂ ရက်နေ့ Robinson Sale အတွက် အဆင်ပြေလိမ့်မယ်... ဟဲဟဲ (အခြေအနေကောင်းရင် အကြောင်းပြန်မယ်နော်...)
အဲဒီလိုတွေ ကြီးကြီးကျယ်ကျယ် ကြံစည်တွေးတောပြီး သကာလမှာ ထမင်းစားတယ်…။ ထမင်းစားပြီးတော့ တခါ လုပ်စရာက မရှိတော့ပြန်ဘူး…။ ဒါနဲ့ ကွန်ပျူတာရှေ့ကိုပဲ ပြန်ရောက်လာတယ်…။ ပိုစ့်အသစ်တွေ လိုက်ဖတ်တယ်…။ ပြီးတော့ အရင်ကရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ပြီး ဟိုဟိုဒီဒီ လျှောက်ကလိရင်း ဒီပုံလေးကို ရလာပြန်တယ်…။ (ဒီ view တခုပဲ ရိုက်စရာရှိလား ပြောရင်လဲ ခံရမှာပါပဲ... အခန်းထဲက ချိန်လိုက်တိုင်း အဲဒီ့ဖက်ကိုပဲ မျက်စေ့က ရောက်ရောက်သွားတယ်... ရောက်ဆို အဲဒီဖက်ကို ကြည့်လိုက်တိုင်း သိပ်လှတဲ့ တိမ်တွေကို အမြဲမြင်နေရတာကိုး...)
ဟင်… ဘယ်လိုလုပ်လိုက်တာလဲ… ဟုတ်လား… ဟာ... ဒီလိုတော့ မမေးကြနဲ့လေ... မဖြေတတ်ဘူး...။ ဒီလိုပဲ ဟိုနှိပ် ဒီနှိပ် လျှောက်နှိပ်လိုက်ရင်းက အခုလိုဖြစ်သွားတာပဲ…။ ဘာပဲဖြစ်ဖြစ် ကိုယ့်မျက်စေ့ထဲတော့ ကြည့်ကောင်းနေသလိုပဲ…။ (သိပ်တော့မလွယ်ဘူး… အခုတလော မြင်သမျှ တွေ့သမျှ အားလုံးလှ ဖြစ်နေတယ်…)
အဲဒါတွေပြီးတော့ ဘာလုပ်သေးလဲ… ဟုတ်လား…။ ကွန်ပျူတာနဲ့ မျက်နှာ မခွာတမ်းနေပြီး ဒီစာတွေကို ရေးနေတာပေါ့…။ ပြီးရင်တော့ Cold Storage ကို ခဏသွားအုံးမယ်…။ Jelita Cold Storage က ဒီနေ့အတွက် ည ဆယ်နာရီအထိ ဖွင့်မယ်တဲ့…။ ကော်ဖီသောက်မယ်… ဈေးနဲနဲဝယ်မယ်…။ လိုက်ခဲ့ကြပါအုံးလား…။
အဲဒီက ပြန်လာရင်တော့ ညဥ့်နက်နေလောက်ပြီ… အိပ်ရုံပဲ ရှိတော့တယ်…။
အခုထဲက ကြိုပြီး နှုတ်ဆက်ထားလိုက်မယ်နော်… ကောင်းသောညပါ လို့…။
တို့များလည်း မြသပိတ်ဖွင့်ပွဲ ဆင်နွဲရန်ရှိသည်။ တို့ကတော့ ဘဏ်က အကြွေစက်ထဲ ဟောကနဲ ထည့်လိုက်မှာ...း)
ReplyDeleteအရင်တုန်းက အကြွေစေ့တွေကို စုထားဖူးတယ်၊
ReplyDeleteရွာက အလှူတစ်ခုနဲ့ ကြုံတာနဲ့ အားလုံး ထည့်ဝင်လိုက်ပါတယ်၊
အခုတော့ မစုဖြစ်တော့ဘူး။
နက်ကစ်ဖေးဘူးကြီးနဲ့နစ်ဘူးဆိုတာ ထည့်ပြောလေ.ဘယ်ထဲထည့်စုတယ်ဆိုတာကျန်ခဲ့တယ်။
ReplyDeleteငွေဒင်္ဂါးတွေ အများကြီးပဲ...လာ ဓမြတိုက်မှ.. :P
ReplyDeleteသူဌေးကြီး ဦးဘောဂ တို့ အိမ်ပါလားး)
ReplyDeleteမသက်ဝေရဲ့ ၁၀၀၀တန် installation art ပေါ့နော်
ReplyDeleteး) လှနေတယ် ကြည့်လို့ကောင်းပါ့..
အနာများနှင့် ပြည့်ဝနေသော အနာထပိဏ် သူဌေးမကြီး ဒေါ်သက်ဝေ။
ReplyDeleteငွေဆိုတာ သုံးနေမှ တန်ဖိုးရှိတာ။
မသုံးပဲ ထားရင် နိုင်ငံတော်ဘဏ္ဍာရေး လည်ပတ်မှု အခြေအနေမှာ အခုနက အစ်မ ရေထားတဲ့ ငွေတန်ဖိုး ပမာဏ ဆုံးရှုံးမှုဖြစ်တယ်။
တိုင်းပြည်နစ်နာတယ်။
သုံးပေးလိုက်ပါ...။
WOW!သူဌေးပဲ။
ReplyDeleteငွေပြတဲ့သူက ပြထားပြီဆိုတော့ ဓါးပြတဲ့သူက ပြဦးမှ ။
သက်ဝေက ဒေါ်စုပဲ ။
Hi Boss :)
ReplyDeleteဟိုက် ... စလုံးဖွတ်ကလိဒင်္ဂါးတွေ အများကြီးပါလား ... အန်တီသက်ဝေဆီ ပိုက်ငိုက် လြာချေးဦးမှ ... သထိန်းတွေ ....သထိန်းတွေ ...:))
ReplyDeleteကော်ဖီတဲ့ စိတ်နာလိုက်တာ......
ReplyDeleteလာလည်သွားပါတယ်ခင်ဗျာ။
ReplyDeleteကျနော်လဲစုတယ်..
ReplyDelete၁ကျပ်..
မသက်ဝေတစ်ကျပ်ထက်အဆ၂၀လောက်တန်ဖိုးလျော့တဲ့တစ်ကျပ်။
ခရီးမထွက်ခင်သုံးလို့ကုန်ပေါ့။
:)မသက်ဝေ အန်ပေါင်းပေးလို့ရတယ်လေ။
ReplyDeletemm
ဒေါ်လာပြားတွေ..ဆွဲကြိုးလုပ်တော့မယ်ထင်ပါရဲ့..
ReplyDeleteပိုက်ဆံတွေ များလှချည်လား။ ငယ်ငယ်တုန်းက ၀ါးကျဉ်ထောင့်ထဲမှာ တမတ်စေ့ ငါးမူးစေ့ တကျပ်စေ့တွေ စုတာကို သတိရမိတယ်။
ReplyDeleteဦးကပ်စီး အကြွေပုံကြီးထဲမှာ တကိုယ်လုံး မြုပ်နေတာ သတိရတယ်။
ReplyDeleteအန်တီ ကပ်စီးမဖြစ်ချင်ရင် မုန့် ၀ယ်ကျွေးပါ။
ဘဏ်ကိုသွားသွင်းရင် တစ်ရာကို ၂ကျပ်ခွဲပေးရမယ်...။ မီးကို အန်ပေါင်း ပေးလိုက်ပါလား..။ စိတ်မဆိုးဘူး.... :)))
ReplyDeleteပိုက်ပိုက်တွေ အများကြီးပဲ။ သူများတွေ ပိတ်ရက်ရတာ မနာလိုပါ။
ReplyDeleteအိုးအိုး ကျပ်စေ့တွေအများကြီးပါလား။ အိမ်ကသားကတော့ 20cent စေ့ပဲစုတယ်။ သူကြိုက်လို့တဲ့။
ReplyDeleteကြေးရတတ်တွေဆိုတာ ဒါမျိုးကိုခေါ်တာ ဖစ်မယ်။ တချွင်ချွင်သံတွေပါ ကြားယောင်မိပါရဲ့။ အကြွေစေ့ချင်း ၅ပြားစေ့လေးတွေက အားငယ်စရာ၊ ဘယ်သူ့မှ အရေးမလုပ်ဘူး။ ဒီနေ့ပဲ ပြား၅၀ဖိုး ကော်ဖီဝယ်သောက်တာ ဒီက ပြား၃၀ဖိုးလေး ၅ပြားစေ့ပါမိပါတယ်၊ နောက်တစ်ခါဆို သိပ်အများကြီး ထည့်မသုံးနဲ့တဲ့၊ ကောင်းသလားးး
ReplyDeleteခမမ
အခြေအနေကောင်းပြီလား… ၂၂ရက်ရောက်တော့မယ်နော်… ဒေါ်လာပြားက ၁၅ပြားလောက် ဆွဲတတ်တာ ဆိုတဲ့ သီချင်းလေး သွားသတိရမိတယ်… အားငယ်လိုက်တာနော်… ၂ကျပ်ခွဲလဲ မရှိ… ရှိတဲ့၁ကျပ်ခွဲလဲပျောက်… ဒေါ်လာပြားဆိုတာတော့ ဝေလာဝေး… သက်ဝေရေ… နို့ ဆီဗူးတဗူးစာလောက် မျှပါလား….
ReplyDeleteချစ်စရာ ပျော်စရာ မှတ်ချက်များရေးခဲ့ကြသော
ReplyDeleteမသီတာ၊ အပြုံးပန်း၊ မမခင်ဦးမေ၊ လင်းဒီပ၊ မကေ၊ ရွှမ်းမီ၊ ကိုဘွိုင်းဇ်၊ ကိုမိုးကောင်းကင်ပြာတောအုပ်၊ Hmoo၊ မဆွီတီ၊ ရွာသားလေး၊ စံလင်းထွန်း၊ ပေါက်၊ မွန်မွန်၊ ကိုကြီးကျောက်၊ မငယ်နိုင်၊
အမည်မသိ စာဖတ်သူ၊ သန့်ကလေး၊ ပုံရိပ်၊ သင်းနွယ်ဇင်၊
ခမမ နဲ့ တန်ခူး တို့ကို များစွာ ကျေးဇူးတင် ချစ်ခင်လျှက်...
လှူလိုက်ပါလား..ကုသိုလ်၇တယ်..ဟီး
အပေါ်က အမည်မသိပြောသလို ပိုက်ဆံဒင်္ဂါးပြားပုံကြီင်္းထဲမြုတ်နေတဲ့ ဦးကပ်စီးကိုသတိရမိတယ်...အစ်မခင်မောင်သက်ထွန်းဝေ...။
ReplyDelete