Sunday, May 9, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က နှလုံးသား သံစဉ် ပါ။
အသက်လေးရလာတဲ့ ပင်စင်စား ဖခင်တယောက်နဲ့ ခေတ်မီပြီး လူငယ်ပီသချင်တဲ့ သားတယောက်၊ ဒီလို ကွာဟနေတဲ့ မျိုးဆက်နှစ်ခုရဲ့ သံစဉ်မတူတဲ့ တေးသွားနှစ်ပုဒ်ကို ခံစားပြီး ရေးထားတာပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

********



ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာနေရာတွင် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ကျော်ပြီး ခရီးသည်များ နားနေ စောင့်ဆိုင်းရာနေရာကို တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက် ပျောက်ကွယ်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော ဖခင်တစ်ယောက်၏ သာမန်ထက်ပိုသောခံစားချက်တို့ကို နှစ်သိမ့်ရန် စကားလုံးများ စီစဉ်နေမိပါသည်။

တည်ကြည် ရိုးဖြောင့်သော၊ အနေအစား ဆင်းရဲခဲ့သော်လည်း မိမိ၏လိပ်ပြာကို မိမိကိုယ်တိုင် လုံလုံလဲလဲရှိခဲ့သော၊ နှစ်ပေါင်းသုံးဆယ်နီးပါး သာမန်အစိုးရ ဝန်ထမ်းဘဝကို ရောင့်ရဲတင်းတိမ်စွာဖြင့် ဖြတ်သန်းလာခဲ့ပြီး လက်ရှိ အငြိမ်းစားဘဝရောက် ဖခင်တစ်ဦး နှင့် ငယ်ရွယ်ပြီး နုနယ်ပျိုမြစ်သော သွက်လက်တက်ကြွသော၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုသော၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကာ စီးပွားရှာပြီး မိဘကို မတောင့်မတ မကြောင့်မကျ အခြေအနေမျိုးတွင် ထားသော်လည်း အရာရာကို အလေးအနက်မထားတတ်သော ပေါ့ပေါ့တန်တန် ခပ်မိုက်မိုက် ဂျစ်ကန်ကန် လူငယ်လေး တစ်ယောက်… ထိုသူနှစ်ယောက်၏ကြားတွင် အရာရာကို စိတ်အေးချမ်းသာစွာ အဆင်ပြေပြေဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးရမည့်သူမှာ ကျွန်မ ဖြစ်နေလေသည်။

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။



13 comments:

  1. ဖတ်ခဲ့ပြီ သူငယ်ချင်းရဲ့ လက်ရာ...၊ အဲသလိုမျိုးလေးတွေ တွေးပြီးရေးတာ ဖတ်ကောင်းတယ်.... :)

    ReplyDelete
  2. ဖတ်ရသေးဘူး။ သွားဖတ်ဦးမယ်။

    ReplyDelete
  3. ဖတ်ပြီးပါပြီ၊ တင်ပြပုံကောင်းလှပါတယ်။ စာဖတ်သူအနေနဲ့ကတော့ သားရဲ့ရှုထောင့်ကနေလည်း နည်းနည်းပါးပါး ရေးစေချင်ပါတယ်၊ သူခေါင်းညိတ်နေတဲ့ အခါတိုင်းမှာ ဘာတွေစဉ်းစားနေလဲ သိချင်မိပါတယ်။

    ReplyDelete
  4. ကျွန်မဆိုပါလား.............

    ReplyDelete
  5. သားဘက်က ခံစားချက်ပါထည့်ရင် ဖတ်ရတာ ပိုပြည့်စုံမလားလို့။ အခုက နှလုံးသာ တခြမ်းသံစဉ်ဖြစ်နေတယ်။ အဟီး စိတ်မဆိုးနဲ့နော်။ ဝေဖန်ပါဆိုလို့ပါ။
    mm

    ReplyDelete
  6. သူငယ်ချင်း ချစ်ကြည်...
    အားပေးတာ ကျေးဇူးပါ။ တွေးပြီးရေးတာ မဟုတ်... တကယ်စကားပြောပြီး ရေးခဲ့တာပါ...း))

    ကိုကိုဒီဘီ... ဖတ်ပြီးရင် ဘာလိုတယ် ပြန်ပြောအုံးနော်... ကျေးဇူး..း))

    ကိုတီဇက်အေ နဲ့ ညီမ မွန်...
    ဟုတ်ပါတယ်... တကယ်တော့ ရှုထောင့် နှစ်ဖက်စလုံးက ရေးသင့်တာပါ။ ဒါပေမယ့် ကိုယ်အဲဒီအချိန်တုန်းက အဖေနဲ့ပဲ စကားပြောခဲ့ရတယ်...။ စကားဝိုင်းအပြီးမှာ တာဝန်တခု ကိုယ့်ခေါင်းပေါ်ရောက်လာသလို တလေးတလံ ခံစားခဲ့ရပါတယ်...။ သားနဲ့တော့ အေးအေးဆေးဆေး စကားပြောခွင့် မကြုံရသေးပါ။ ကြုံလာလို့ စကားပြောဖြစ်ရင် သူ့ဖက်က ခံစားပြီး ရေးပြဖို့ ကြိုးစားပါအုံးမယ်...။ အခုလို သေသေချာချာဖတ်ပြီး အကြံပြုတာ သိပ်ကျေးဇူးတင်ပါတယ်...။

    အမည်မသိရေ...
    ကိုယ် ဒီစာစုလေးကို ၂၂-၀၁-၂၀၁၀ က ရေးပြီး ၂၉-၀၁-၂၀၁၀ မှာ သံလွင်ကို ပို့ခဲ့တာပါ။ ပါစင်နယ်လ်ပိုစ့်မဟုတ်တဲ့ ဝတ္ထုတိုလေးမို့ ကျွန်မလို့ သုံးခဲ့တာပါ။ ကိုယ် ဆိုလိုချင်တာကို နားလည်မယ်လို့ ထင်ပါတယ်...။ Thanks for your great concern...!!

    ဟုတ်တယ် ညီမလေး... အမလဲ အဲဒီလိုပဲ ဆုတောင်းနေပါတယ်... လာဖတ်တာ ကျေးဇူးနော်...း))

    ReplyDelete
  7. ဖတ်ပြီးသွားပါပြီ။ ကောင်းပါတယ်။ ဆက်ရန်ရှိသေးသည်လို့ထထင်ပါတယ်။ စောင့်ပြီးဖတ်ပါ့မယ်။

    ReplyDelete
  8. သွားဖတ်ခဲ့ပါတယ်။ ၀တ္ထတိုမှာ ဘယ်လို ဂုဏ်အင်္ဂါရှိရမယ်ဆိုတာ မသိလို့ ဝေဖန်လို့တော့ မတတ်ဘူး။ ဒါပေမဲ့ ဖတ်လို့တာ့ သိပ်ကောင်းတယ်။

    ReplyDelete
  9. အင်း.....မျိုးဆက်က နဲနဲတော့ကွာသွားပြီ...
    ကိုကြီးကျောက်တို့ခေတ်က မိဘရှေ့မှာ အရက်မူးဖို့နေနေသာသာ..ဆေးလိပ်တောင်မသောက်ရဲဘူး...
    သားသမီးနဲ့မိဘကြား..ခေတ်ကာလကွာခြားချက်ကတော့ အမြဲရှိနေမှာပါပဲလေ...

    ReplyDelete
  10. နှလုံးသားသံစဉ် နောက်တစ်ခြမ်းကိုလည်း ထပ်ဖတ်ချင်နေမိတယ် အစ်မသက်ဝေ။း)

    ReplyDelete
  11. သား နေရာကနေ တွေးမိတယ်။
    ဒီတစ်ခေါက် အိမ်ပြန်တော့ မလောက်လို့ ပြန်ခါနီး အိမ်ကတောင် ပြန်တောင်းလာရသေးတယ်။ ဒီမှာလည်း ပိုက်ဆံဆိုတာကို ဘယ်လိုနည်းနဲ့ စုထားရမယ် မသိ။ နည်းနည်းပဲ စောရောက်တဲ့ သူငယ်ချင်း ယောက်ျားလေးတစ်ယောက် မနှစ်ကပဲ ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း ဝယ်လိုက်တယ် ကြားတော့ ဘယ်လို စုဆောင်းသိုမှီးလိုက်သလဲ နည်းလေးဘာလေး မေးကြည့်ဖို့ စိတ်ကူးရမိတယ်။

    ReplyDelete
  12. သက်ဝေရေ
    တို့များလည်း မျက်စေ့အောက်တင် တနေ့တခြား ကြီးလာတဲ့ သားကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြုနေပြင်နေရပါတယ် သူငယ်ချင်း

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...