Wednesday, March 2, 2011
မင်းသမီးပုံပြင်
စာမရေးတာကြာတော့ ဘယ်ကနေ ဘယ်လို စရေးရမှန်းတောင် မသိတော့ဘူး… တကယ်ပြောတာပါ…။ ရေးစရာ ဇာတ်လမ်း ဇာတ်ကွက်တွေ ရှာမရ… ရေးစရာ စကားလုံးတွေ ရှာမရနဲ့… တဖြည်းဖြည်း လက်တွေ နှေးလာလိုက်တာ…။ ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး တိုက်တွန်းပြီး ရေးလိုက်တယ်။ တခြားတော့ မဟုတ်ပါဘူး… မကြာသေးခင်က အလည်သွားဖြစ်တဲ့ မလက္ကာမြို့လေး အကြောင်းပါ။ အဲ... မြို့လေးအကြောင်း ဆိုတာထက် အဲဒီမြို့လေးထဲက နေရာလေး တခုအကြောင်း ပြောပြမှာပါ။
မလက္ကာဆိုတဲ့ မြို့သေးသေးလေးဟာ အရှေ့တောင် အာရှမှာ ရေကြောင်း ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြို့ ဖြစ်တာရယ်၊ မလေးရှားက Peninsula နဲ့ အင်ဒိုနီးရှားက စူမတြား ကမ်းခြေ နှစ်ခုကြားက ၈၀၅ ကီလိုမီတာ (မိုင် ၅၀၀) ခန့်သာ ကျယ်ဝန်းတဲ့ ရေလက်ကြားကြောင့်ရယ်၊ လှပတဲ့ ကျွန်းတွေ၊ ကမ်းခြေတွေ၊ သမိုင်းဝင် အဆောက်အဦး ဟောင်းဟောင်းလေးတွေ၊ Church တွေ၊ ပေါ်တူဂီ နဲ့ ဒတ်ခ်ျတို့ အုပ်စိုးခဲ့တဲ့ ရာဇဝင်တွေ၊ Peranakan Food (သို့မဟုတ်) Nyonya Food လို့ အမည်ရတဲ့ အရသာရှိတဲ့ အစားအသောက်တွေ… စတဲ့ အကြောင်းတွေကြောင့် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျစရာ နေရာ တခု ဖြစ်ခဲ့တယ်။
အဲဒီလို လှပတဲ့ ကျွန်းတွေ ကမ်းခြေတွေထဲမှာ Big Island ဆိုတဲ့ ကျွန်းလေးတခု ရှိတယ်။ ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတပါးဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ မင်းသားလေး ကွယ်လွန်သွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ အသည်းကွဲနေခဲ့တယ်။ ခင်ပွန်းမရှိတော့တဲ့ အတွက် သူတဦးတည်း ဆက်လက်နေထိုင်နိုင်ဖို့ ဆန္ဒမရှိတော့တာကြောင့် အနီးက Big Island ဆိုတဲ့ ကျွန်းလေးထဲကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။
အဲဒီအချိန်မှာ မင်းသမီးလေးမှာ ကိုယ်ဝန်ရှိနေခဲ့တာကြောင့် ကွယ်လွန်ပြီး သူ့ရဲ့ Body ရေပေါ် ပေါ်လာတဲ့အခါ အခု အောက်ကပုံမှာ တွေ့ကြတဲ့ ပုံသဏ္ဍါန်အတိုင်း ကျွန်းကလေးတခု ဖြစ်ပေါ်လာခဲ့တယ် တဲ့…။ ဒီမှာ ကြည့်ပါအုံး... သူတို့ ပြောကြတဲ့အတိုင်း တူသလားလို့...
ကဲ... ဘာပဲပြောပြော အဆုံးမရှိ အစမရှိ တုံးတိတိနဲ့ ပိုစ့်တခုတော့ ဖြစ်သွားပြီ…။
နောက်ရက်တွေမှာ အသစ်တင်နိုင်အောင် ကြိုးစားပါအုံးမယ်…။
26 comments:
  1. မောင်မျိုးMarch 2, 2011 at 5:39 PM
    သေချာကြည့်မိမှ တူနေသလိုပဲ ခေါင်းတွေ ကိုယ်တွေ ။ စာမရေးတာကြာတော့ အပျင်းစွဲကပ်သွားတယ်ထင်ပါ့ အကြည်ဓာတ်လေး အမြန်ပြန်ရပါစေ။
    ReplyDelete
  2. အစ်မသက်ဝေ... သွားလည်ခဲ့တဲ့ ကျွန်းလေး အကြောင်း ဓာတ်ပုံလေးတွေနဲ့ ခရီးသွား မှတ်တမ်းလေးလို ရေးပေး ပါလားကွယ်။ ဖတ်ချင်တယ်။ မရောက်ဖူး သေးတော့ အစ်မနဲ့ အတူ ဘလော့ဂ် ပေါ်မှာ သွားလည် ချင်တယ်း)
    ReplyDelete
  3. ဟုတ်တယ် မသက်ဝေရေ့ ... အတူတူပဲ ... စာမရေးတာ ကြာတော့ လက်မသွက်တော့ဘူး။ ရေးစရာတွေ ရှိနေတာတောင် စ ဘို့ ခက်နေတယ်။ မင်းသမီးလေး ပုံပြင်ကတော့ သနားစရာ ...။
    မချို (ပန်းခရမ်းပြာ)
    ReplyDelete
  4. ညီလင်းသစ်March 2, 2011 at 7:27 PM
    ဘလော့ဂ်ရေးတာကလည်း စက်ဘီးစီးသလို ပါပဲ၊၊ ပုံမှန်လေး နင်းနေမှ တော်ကာကျတာ၊ ရပ်လိုက်တာနဲ့ လဲရော....၊ :)
    မင်းသမီးက အနည်းဆုံး ၇ လလောက်တော့ ရှိမယ် ထင်တယ်နော်...။
    ReplyDelete
  5. ကားကျပ်တာလဲ ထည့်ပြောအုန်းလေ။ ရေးဗားခရုကော မစီးခဲ့ဘူးလား။
    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)March 2, 2011 at 8:21 PM
    ကျနော်လည်း လွန်ခဲ့တဲ့ 10 နှစ်လောက်က
    အဲဒီနေရာကို သွားလည်ဖူးတယ်၊ မေ့တေ့တေ့
    ဖြစ်နေပြီ၊ ပို့စ်ရှည်ရှည်တွေ မျှော်လျက် ...
    ReplyDelete
  7. ကျွန်းကလေးက သေချာကြည့်တော့လည်း တူသားပဲ..း)
    Peranakan (သို့မဟုတ်) Nyonya လို့ အမည်ရတဲ့ အရသာရှိတဲ့ အစားအသောက်တွေ…
    Peranakan (သို့မဟုတ်) Nyonya ဆိုတာ မလေးမှာ အခြေချနေခဲ့တဲ့ တရုတ်လူမျိုးတမျိုးပါ။ (မြန်မာပြည်မှာလည်း ရှိတယ်လို့ သမိုင်းတွေကဆိုတယ်) သူတို့ရဲ့ အစားအသောက်က မြန်မာပါးစပ်နဲ့ အရသာတွေ့မှာပါ။ ကြက်သားကို Buah Keluak လို့ခေါ်တဲ့ ခပ်မည်းမည်းအခွံပါတဲ့ အဆံတစ်မျိုးနဲ့ချက်တာ)တို့၊ ရေခဲမုန့်ခွက်လို ခွက်ကလေးထဲမှာ အဆာပလာတွေ ထည့်ပြီးစားရတဲ့ဟာတို့၊ ကြက်ဥကို အရွက်စိမ်းစိမ်းတမျိုးနဲ့ ကြော်တာတို့၊ စင်ကာပူက Blue Ginger စားသောက်ဆိုင်ဆိုတာ နာမည်ကြီးပေါ့။ တစ်ခါ သွားစားကြတာ လူ၈ ယောက်ကို ၈၀၀ လောက်ကျတယ်။ (တော်သေးတာပေါ့ ကိုယ်ပေးရတာမဟုတ်လို့ ..ဟိ)
    စလုံးတွေ မလက္ကာကို သွားရင် အဲဒီအစားအသောက်ကိုပဲ အဓိက တန်အောင်စားပြီး ပြန်လာကြတယ်လို့ပြောကြတယ်။
    (ဘာရယ်မဟုတ် လာလျှာရှည်သွားတာပါ။)း)
    ReplyDelete
  8. မင်းသမီးပေါ်လာပြီးသိပ်မကြာဘူး.. ခုန်မချခင်ရေးသွားတဲ့ သေတမ်းစာလေး ရှာတွေ့ကြတယ်တဲ့.. အပေါ်မှာရေးထားတာက “ကျမ မှောက်လျက်ပေါ်လာမှာပါ” ဆိုပဲ၊ ဒါကြောင့် ကုန်းမို့မို့လေးက ဗိုက်မဟုတ်ဘူး..
    (ဟင်းဟင်း)
    ReplyDelete
  9. လင့်ခ် တွေ ပြန်ချိတ်ရင်းနဲ့ တွေ့လို့
    ခင်မင်လျှက်
    ဆောင်းနှင်းရွက်
    ReplyDelete
  10. အယ်...တူတယ်နော် အစ်မ။ ဇွန်တို့ မလက္ကာသွားလည်တုန်းက တိုးဂိုက်က မင်းသမီးလေးအကြောင်း ပြောပြပေမယ့် ကျွန်းလေးအကြောင်း မပြောဖူးရယ်။
    ချစ်မသက်ဝေ စိမ်းကားနေတယ်နော်။ ဇွန့်ဆီလာမလည်တာတောင် ကြာပြီ။း(
    ReplyDelete
  11. မလက်ကာမြို့လေးကို ဟိုလွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ခြေချဖူးကတည်းက ဘာရယ်ကြောင့်မှန်းမသိတဲ့ လွမ်းဆွေးတဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။ အကြာကြီးဝေးနေဖူးခဲ့တဲ့ နေရာတစ်နေရာကို ပြန်ရောက်သွားသလိုမျိုး...
    တောင်ပေါ်က ဘုရားဝင်းဟောင်းကြီးနောက်က သံဆူးကြိုးတွေပေါ်မှာ နွယ်ပန်းကလေးတွေ ပွင့်နေတာတွေ... အဲသလို.. အဲသလို..
    နေရင်းထိုင်ရင်း လွမ်းသွားတယ်ကွယ်.. အဟွန်း။
    ReplyDelete
  12. ချမ်းလင်းနေMarch 3, 2011 at 1:58 AM
    ပုံပြင်ထဲကလိုမျိုး မင်းသမီးလေးနဲ့တူပါတယ်။
    ReplyDelete
  13. ကျောက်လက္ကာMarch 3, 2011 at 4:23 AM
ွှTZA ရေ..မင်းသမီးရေထဲခုန်ချတာ မြင်တဲ့သူကဆံပင်ဆိုပြီး ဆွဲပြီးဆယ်လိုက်တာ ပက်လက်ကြီးပါလာသတဲ့..ဒါ့ကြောင့် ပက်လက်ဟုမှတ်ပါ..မယုံရင်သေချာကြည့် တောင်ကုန်းခြေမှာ သစ်တောနဲ့..
    ReplyDelete
  14. ကျောက်လက္ကာMarch 3, 2011 at 4:31 AM
    TZA ရေ..
    မင်းသမီး ရေထဲခုန်ချတာ မြင်တဲ့သူက ဆံပင်ဆွဲ ဆယ်လိုက်တာ ပက်လက်ကြီး ပါလာသတဲ့..
    ဒါ့ကြောင့် ပက်လက်လို့ မှတ်ပါ..မယုံရင် တောင်ခြေကို သေချာကြည့်..သစ်တောအုပ်လေးတောင် ရှိသေး..
    ReplyDelete
  15. အတိုဆုံးပုံပြင်ဆု ထားခဲ့ပါတယ်
်၊ပုံနဲ့၊ပထဝီဝေမျှမှူအတွက်ကျေးဇူးပါ၊
    ဦးပန်ကိုလဲအတူကျေးဇူးတင်ပါသည်
    ReplyDelete
  16. သနားစရာအဖြစ်ပျက်လေးနဲ့ အတူ..
    ဓာတ်ပုံထဲက လဲလျှောင်းနေတဲ့ မင်းသမီးလေးရဲ့ ပုံသဏ္ဌာန်လေးကို ကြည့်သွားပါတယ်...။
    ReplyDelete
  17. ပုံပြင်လေးကလဲ တိုတိုလေး...
    စာများများရေးပါ သက်ဝေရဲ့...
    မျှော်နေတာ...
    ReplyDelete
  18. ဟုတ်တယ် မောင်တီ မှန်တယ် ရေနစ်သေလို့ မိန်းမအလောင်းဆို မှောက်ရက်၊ ယောင်္ကျားအလောင်းဆို ပက်လက် ပြန်ပေါ်တာ.....ဒါလေးက ပါးစပ်ရာဇဝင်လေး ဖြစ်မှာပါလေ :))
    ReplyDelete
  19. သြော်မင်းသမီးလေး တစ်ကိုယ်လုံး ငါးတွေတွက်ခံထားရတယ်၊
    ReplyDelete
  20. တံတွေးခွက်ထဲ ပက်လက်မျောတယ် ဆိုတဲ့စကားအသုံးအရ မိန်းမအလောင်းဆိုလျှင် ပက်လက်သာ ပေါ်မည်ဟု ကျွန်ုပ်ယူဆ၏
    (သြော် မင်းသမီးပုံပြင်အကြောင်းကနေ ပက်လက် မှောက်ခုံ ကိစ္စဖြစ်သွားတယ် ) =D
    ReplyDelete
  21. ချော(အစိမ်းရောင်လွင်ပြင်)March 3, 2011 at 6:12 PM
    သေချာကြည့်တော့လဲ တူတယ်လို့ ခံစားရတယ်
    ကော်မန့်တွေဖတ်ပြီးလည်း ပြုံးမိသေး
    ကော်မန့်တွေဖတ်ပြီး ပုံကိုသေချာပြန်ကြည့်တော့ ခြေထောက်တွေ မတွေ့ရဘူး
    ကြည့်ရတာ ငါးတွေ တွတ်ကုန်လို့ ခြေထောက် ၂ချောင်း အဖျားက ပါမလာတော့ဘူးထင်ပါတယ်း) ကျန်တာတွေတော့ ဝေးနေလို့ သိပ်မသဲကွဲဘူး
    ReplyDelete
  22. တူသလားလို့... သေချာကြည့်လဲ မရေမရာ...
    ReplyDelete
  23. ညီမလေးMarch 4, 2011 at 8:39 AM
    မသိဘဲနဲ့ကြည့်ရင် တူချင်မှတူမှာ သိပြီး အဲ့လို မြင်အောင်ကြည့်တော့ ပေါ်ရော...ဟဟဟဟားးးး
    ReplyDelete
  24. ကိုယ်ဝန်သည်မင်းသမီးဗိုက်က ၅လလောက်ရှိရောပေါ့။ ကလေးကိုပါ သတ်လိုက်တဲ့သဘော။ ဘယ်လောက်များ ရတက်မအေးစရာတွေ ကြုံသွားရတာပါလိမ့်။ ပုံပြင်မို့လို့ တကယ့်အဖြစ်အပျက်လို့ မယုံတော့ပါဘူး။ သက်ဝေ ကျန်းမာပါစေ။
    ReplyDelete
  25. ရိုးရိုးသားသားဘဲ၊ကိုယ်ကကြောက်တယ်
    သရဲနဲ့လူဆိုးတွေကို.... :)
    ReplyDelete
  26. ပုံပြင်ကလဲ တိုထှာ ... ဆက်ဖတ်မယ်ရှိသေး ... ပြီးတွားပြီ ... ချေချေရေးပါဗျို့ ...
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...