Wednesday, March 9, 2011

ပန်းသီချင်း

ဟိုတလောက မသီတာဆီ အလည်သွားတော့ သူက ပန်းလေးတွေကို နောက်ခံ သီချင်းလေးနဲ့ ပန်းကဗျာ ဆိုတဲ့ Video Clip လေး လုပ်ထားတာ တွေ့ခဲ့ရတယ်။ စိတ်ထဲမှာ ကိုယ်ရိုက်ထားတဲ့ သစ်ခွတွေကို အဲလိုလေး လုပ်ရရင်ကောင်းမှာလို့ တွေးနေမိတာ၊ သို့သော်လည်း ကိုယ်တိုင်က မလုပ်တတ်တာမို့ မသီတာကို အဲလိုလေး လုပ်ပေးပါလား လို့ ကော်မန့်မှာ ပူဆာခဲ့ပြီး ဓါတ်ပုံတွေကိုတော့ မျက်နှာစာအုပ်က ယူပါလို့ ပြောခဲ့တယ်။

ချစ်စရာ သူငယ်ချင်း မသီတာက ဒီနေ့ပဲ Video Clip လေး နှစ်ခု ပို့ပေးလာတယ်…။ ပြီးတော့ Terms & Conditions ကလည်း အတူတူ ကပ်လျက်သား…။ အဲဒါက ဘာလဲ ဆိုတော့ ကျေးဇူးတင်ပါတယ်လို့ မပြောရဘူးတဲ့…။

ကိုယ့်ပန်းပုံလေးတွေကို သီချင်းလေးနဲ့အတူ တစုတစည်းထဲ ရလိုက်လို့ တကယ်ကို ကျေးဇူးတင်တာမို့ ကျေးဇူးတင်စကားကို သွက်သွက်လက်လက် ချရေးတော့မယ့်ဆဲဆဲ လက်က တွန့်သွားတယ်…။ အင်းလေ... ကျေးဇူးတင်ကြောင်း မပြောရဘူး ဆိုတော့လည်း ချစ်တဲ့အကြောင်းပဲ ပြောလိုက်ပါတယ်…။ Video Clip လေးတွေကိုလည်း ချစ်၊ နောက်ခံ သီချင်းလေးတွေကိုလည်း ချစ်၊ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် လုပ်ပေးခဲ့တဲ့ မသီတာ့ကိုလဲ ချစ် ပေါ့…း))

ကဲ... အချိန်လေး ၅ မိနစ်လောက်ရရင် Video Clip လေးတွေကို ကြည့်သွားကြပါအုံး...
ပထမတခုကို မသီတာက Union လို့ နာမည်ပေးထားပြီး ဒုတိယတခုကိုတော့ Homogenous လို့ နာမည်ပေးထားပါတယ်…။ Union ရဲ့ နောက်ခံသီချင်းက That's what friends are for... ပါ။ Homogenous က နောက်ခံသီချင်းလေးကတော့ … … … ဘာသီချင်းလဲ ဆိုတာ ကိုယ်တိုင်ပဲ နားထောင်ကြည့်လိုက်ပါနော်…။







20 comments:

  1. ညီမလေးMarch 9, 2011 at 9:44 PM

    ညီမလေးလဲ ချစ်တာ...ဓါတ်ပုံရိုက်တဲ့သူကော Video Clip ဖန်တီးပေးသူလေးကိုကေား))
    သီချင်းလေးကလဲငြိမ့်ငြိမ့်လေးး ပန်းလေးတွေကလဲ လှလှလေးးး

    ReplyDelete
  2. ပန်းလေးတွေကြည့်ရင်း သီချင်းသံလေးနားထောင်ရင်းနဲ့ စိတ်ကြည်နူးမိတယ် အစ်မရေ..

    ReplyDelete
  3. ဓူဝံကြယ် မြေမှာခကျွေ
    ကောင်းကင်မှာ နေလတွေ ကွယ်စေ...
    ... ... သက်ဝေ ပျိုနှမ အလိုကျ ကိုယ်ရော စိတ်ပါ လိုက်လျောပါ့မယ်လေ... ...

    ReplyDelete
  4. ဝါး ... တယ်လီဗွီးရှင်းကနေ သီချင်းကြီး ကဏ္ဍ လာနေတာပါလား။ အိပ်ငိုက်သွားပြီ။ :P

    ReplyDelete
  5. ညီလင်းသစ်March 9, 2011 at 10:00 PM

    အရမ်းကောင်းတယ်၊ Video editing ကော၊ ဓါတ်ပုံကော ကြိုက်တယ်၊ အထူးသဖြင့် clip နှစ်ခုလုံးမှာ ပုံတွေရဲ့ DoF ကို အရမ်းကြိုက်တယ်၊ Union ဆိုတဲ့ ခေါင်းစဉ်နဲ့ That's what friends are for ဆိုတဲ့ သီချင်းလေးကလည်း လိုက်ဖက်တယ်၊ Thumbs up!!!

    ReplyDelete
  6. မောင်မျိုးMarch 9, 2011 at 10:12 PM

    Video clip လေးတွေနားထောင်သွားတယ် ဓာတ်ပုံလေးတွေကလည်း စိတ်ထဲအေး သီချင်းလေးတွေကလည်း ကောင်း ငြိမ်းချမ်းသွားတာပဲ ကျေးဇူးပါ ။

    ReplyDelete
  7. ဟိုနေ့က ကြည့်လာတဲ့ သစ်ခွတွေပဲ..။
    လှတယ်။
    စိုက်ကြည့်ချင်နေပြီ..။ (စိတ်ပါလာပြီ)


    ပေါက်

    ReplyDelete
  8. ပန်းလေးတွေကိုလည်းချစ်၊
    သီချင်းလေးတွေကိုလည်းချစ်
    ဓါတ်ပုံရိုက်တဲ့ မသက်ဝေကိုလည်း ချစ်၊
    ပန်းလေးတွေ သီချင်းတွေကို အချိန်ပေးတဲ့ မသီတာကိုလည်းချစ်၊
    ဒီပိုစ့်လေးကို ဖတ်ရလို့လည်း ပျော်တယ်။

    ReplyDelete
  9. ချစ်ကြည်အေးMarch 9, 2011 at 10:52 PM

    တော်တယ်...ပန်းကလေးတွေ ဓါတ်ပုံ ရိုက်တဲ့သူလည်းတော်၊ ဗီဒီယို ကလစ် လုပ်ပေးသူလည်းတော်...၊ ပိုစ့်တင်တဲ့သူလည်းတော်....
    ၂ အပုဒ် သီချင်း နောက်ခံ စုံတွဲ သီဆိုသူ ကိုဧရာ မသီတာလည်းတော်....

    သို့သော် ခု ကော်မန့် ရေးသွားသူက တော်တီးတီးတော်......အဟိ....:))

    အတည် ပြောမည် ကြည်နူးဖွယ် ကောင်း၏....:)

    ReplyDelete
  10. သီချင်း နောက်ခံလေးနဲ့ ပန်းလှလှ ရောင်စုံလေးတွေ ပါတဲ့ ဗွီဒီယို ကလစ်လေး လာကြည့်တယ် အစ်မသက်ဝေး) လှလိုက်တာ။ ကောင်း၏။ ကြိုက်၏။
    http://redroseofburma.blogspot.com/

    ReplyDelete
  11. ခေါင်းစဉ် ကြိုက်တယ်။

    ReplyDelete
  12. ပန်းကျောက်ကျောက်March 9, 2011 at 11:38 PM

    ဒို့လဲ ဟိုနေ့က ပန်းသီချင်း ဆိုလိုက်သေးတယ်..
    ပဲဟင်းရယ် သရက်ချဉ်ရယ် နွားနို့ချက်ရယ်..
    သံစဉ်ကတော့...ဗျီး...ဗြဲ ..ပဲ ထွက်တယ်

    ReplyDelete
  13. ကောင်းလိုက်တာ...
    ပန်းပုံတွေရော သီချင်းလေး နှစ်ပုဒ်ရော...
    သက်ဝေနဲ့ မသီတာ ပူးပေါင်းကြံစည်မှု ကောင်း၏

    မနက်ဖြန် မနက်စောစောကျမှ တခါလာကြည့်အုံးမယ်

    ReplyDelete
  14. စိတ်ကူးကောင်းလေးတွေနဲ့တင်ဆက်နေတဲ့ သက်ခြောက်ဆယ်ကို ကျေးဇူးတင်ပါတယ် နောက်လဲ များများ တင်ပေးပါအုံး နော

    ခင်မင်တဲ့

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)March 10, 2011 at 3:27 AM

    အရမ်းကောင်း၏ ...

    ReplyDelete
  16. အပေါ်တစ်ခုက အသံဆူဒယ်။ မူရင်းသီချင်းဖိုင်လ်ကိုက မကောင်းတာဖြစ်မယ်။
    အောက်အပုဒ်ထဲမှာ အနော်တော့.. “သက်ဝေ”ဆိုတာပဲ ကြားလိုက်တယ် :P
    အဲ့သီချင်းလေး mp3လိုချင်ပါဒယ်..။
    ရှိရင်ပေးဘာ။
    မရှိရင်လည်းတောင်းပေးဘာ။
    ဗီဒီယိုအက်ဒစ်တင်းလေး မဆိုးဝူး။
    ဓာတ်ပုံတွေကတော့ လက်ရာကောင်းပြီးသားမို့
    ထူးပြီးပြောတော့ဝူး။
    အောက်ကတစ်ခု ခံစားလို့အတော်ကောင်းပဲ..။

    ReplyDelete
  17. စိတ်ကူးလေးကောင်းတယ် မသက်ဝေ ရေ..ပန်းလေးတွေ နဲ့ သီချင်းလေးတွေ ကြည်နူးစရာပါပဲ..

    “ချစ်သက်ဝေ” သီချင်းလေး နားထောင်ရင် မေမေ့ကို သတိရ လိုက်တာ အရမ်းပဲ... သူ ဆိုနေကျ လေ..

    ခင်တဲ့ မကိ

    ReplyDelete
  18. ကြည့်လို့ရဘူး....သနားထှာ...ကိုယ့်ကို...

    ReplyDelete
  19. စော(အဝါရောင်မြေ)March 11, 2011 at 5:02 PM

    အဟီး Republic ရောမပါဘူးလားဟင်

    ReplyDelete
  20. ပန်းလေးတွေကို ရိုက်ထားတဲ့ အစ်မရဲ့ ရိုက်ချက်လှလှတွေကို အားကျငေးမောသွားပါတယ်။ ပထမသီချင်းဖွင့်လိုက်တော့ ငြိမ့်ငြိမ့်လေးဆိုပြီး သဘောကျနေပြီး ဒုတိယသီချင်းလည်း ဖွင့်လိုက်ရော လှိုက်ကနဲတောင် ဖြစ်သွားတယ်...။ အဲဒီသီချင်းလေး နာမည်ကလည်း “သက်ဝေ”ဆိုတာ ခုမှ သတိရတော့တယ်။ ညီမအကြိုက်ဆုံးသော Classic တွေထဲက တစ်ပုဒ်ပါ... အဲဒါမှ တကယ့် Burmese Romance နော် အစ်မး)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...