Monday, March 21, 2011

အချစ်အကြောင်း ပြောရအောင် (တက်ဂ်ပိုစ့်)


အမ မမေငြိမ်းရဲ့ လုံးချင်းဝတ္ထု နာမည်ပါ…။
ရန်ကုန်အိမ်ကို ပြန်မှာလိုက်လို့ စာအုပ် တချို့ ပြန်ရောက်လာတဲ့အထဲမှာ အမ မမေငြိမ်းရဲ့ စာအုပ်တွေလဲ ပါလာပါတယ်..။ အရင်ကလဲ ကြိုက်ခဲ့ပြီး အခု ပြန်ဖတ်ရင်လည်း အမြဲ မရိုးနိုင်အောင် ဖြစ်ရတဲ့ ချစ်စရာ စာအုပ်လေး… နာမည်က “အချစ်အကြောင်း ပြောရအောင်” တဲ့…။ ၁၉၉၈ ခုနှစ်က ထုတ်ခဲ့တဲ့ အဲဒီစာအုပ်လေးမှာ အမက အချစ်အကြောင်းကို လှလှပပလေး ပြောပြထားခဲ့တယ်။ ဒါပေမယ့် အမ ပြောပြခဲ့တဲ့ အဲဒီအချစ်အကြောင်းက ဆယ်စုနှစ်တခုစာမက ကြာခဲ့ပြီလေ… ဒါကြောင့်မို့ ခုနကပဲ အမကို အချစ်အကြောင်း ဆက်ပြောပြပါအုံးလို့ မျက်နှာစာအုပ်မှာ ပူဆာခဲ့တယ်…။

ပြောရင်း ဆိုရင်းနဲ့ပဲ အကြံရသွားပြီး တက်ဂ် ပိုစ့်လေး တခု လုပ်ဖို့ ဖြစ်လာတယ်…။ ဒီတော့ စာရေးဖေါ်တွေ အားလုံးကို တက်ဂ် ပါတယ်…။

အချစ်အကြောင်း တက်ဂ်ပိုစ့်တခုကို ၂၀၀၈ ပတ်ဝန်းကျင်လောက်က ရေးဖူးကြတယ်လို့ ခပ်ရေးရေး မှတ်မိပါတယ်။ ခေါင်းစဉ်ကတော့ အချစ်ဆိုသည်မှာ… လား၊ ဘဝ လက်တွဲဖေါ်လား… တခုခုပဲ...။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက အချစ်ကို မြင်တဲ့ အမြင်နဲ့ အခုလောလောဆယ်မှာ မြင်တဲ့ အမြင် တူချင်မှ တူကြပါလိမ့်မယ်။ အဲဒီတုန်းက အချစ်နဲ့ အခု အချစ်နဲ့လဲ တူချင်မှ တူကြပါလိမ့်မယ်… (((ဟမ်)))

ဒီတော့ အချစ်အကြောင်းကို ကိုယ်နားလည်သလို၊ ကိုယ်လက်ခံသလို ပြောပြကြပါ… အရင်တခါ တက်ဂ် ပိုစ့်တခုဖြစ်တဲ့ အသွင်တူ၏ မတူ၏ မှာတုန်းကတော့ အိမ်ထောင်ရှိတဲ့ လူတွေကို ဦးစားပေးပြီး တက်ဂ် ခဲ့တယ်…။ အခု အချစ်အကြောင်းပြောရအောင် ဆိုတဲ့ ပိုစ့်မှာတော့ ဘာသာမရွေး လူမျိုးမရွေး အသက် အရွယ် မရွေး တက်ဂ်လို့ရတာမို့ ကိုယ်နဲ့ လက်လှမ်းမှီသမျှ စာရေးဖေါ်တွေအားလုံးကို ချစ်ခင်စွာနဲ့ တက်ဂ်ပါတယ်။

အခုတလောမှာ ကမ္ဘာကြီးက နာမကျန်းဖြစ်နေသလို ဘလော့ဂ်စဖီးယားကြီး တခုလုံးလဲ ဝဲစွဲတဲ့ သူကစွဲ၊ အအေးမိတဲ့သူက မိ၊ အပူရှပ်တဲ့သူက ရှပ်နဲ့ ဖျားချင် နာချင်သလို ဖြစ်နေကြတယ် မဟုတ်လား…။ ဒီတော့ ဆေးထိုး ဆေးသောက်ရတဲ့ အခြေအနေကို မရောက်ခင်မှာ ကြိုတင်ကာကွယ်ရေးနဲ့ သွေးပူလေ့ကျင့်ခန်းလေး လုပ်တဲ့အနေနဲ့… အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ ပိုစ့်လေးကို ရေးပေးစေချင်ပါတယ်…။

ဘလော့ဂ်တွေမှာ ပုံမှန် စာရေးနေတဲ့ သူတွေ၊ ခပ်ကျဲကျဲ နဲ့ မှန်မှန်လေး ရေးနေတဲ့သူတွေ ရှိသလို အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်ကြတဲ့ ဘလော့ဂ်ဂါတွေ အများကြီး ရှိနေပါတယ်။ အားလုံးကို ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါးလေး ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်…။

တက်ဂ်ထားတဲ့သူ စာရင်းကို အခုလို ချရေးထားပါတယ်…။

အမ မမေငြိမ်း - အချစ်အကြောင်း ဆက်ပြောပြပါ…း))

အမ မခင်မင်းဇော် နဲ့ အမ မခင်ဦးမေ - အဟဲ… ရှုပ်ရန်ကောလို့ စိတ်မရှိကြပါနဲ့နော်… ရေးပေးမယ် ဟုတ်…

ညီမ ပန်ပန် နဲ့ ကေ - မြန်မြန်လေး ရေးပေးနော်…

မနော်ဟရီ၊ အိန္ဒြာ၊ မလေး(အိမ့်ချမ်းမြေ့) - စကားလုံး နုနုလေးတွေနဲ့ လှလှလေး…

ညီမ မေဓါဝီ၊ ခင်လေး၊ ပုံရိပ် နဲ့ ပေါက် - အားတဲ့ အချိန်မှာ ရေးပေးပါ…

ညီမ ချိုသင်းနဲ့ သူငယ်ချင်း တန်ခူး - ပျောက်နေတာကြာလှပြီ… ဒီပိုစ့်လေးနဲ့ အတူတူ ပြန်လာခဲ့နော်…

သူငယ်ချင်း မသီတာ၊ တီတီဆွိ၊ စုချစ် နဲ့ သိင်္ဂီ - အလုပ်များနေတာ သိတယ်… ဒါပေမယ့် အမြန်ဆုံး ရေးပေးစေချင်တာ….

သူငယ်ချင်း ချစ်ကြည် - ညတွင်းချင်း မရေးပေးရင် စိတ်ဆိုးမှာပဲ…း))

ညီမငယ် မွန်မွန်၊ မယ်ကိုး၊ အပြုံးပန်း၊ နုစံ၊ ခွန်မြလှိုင် နဲ့ ပွင့်မြူးဇင်၊ Vista နဲ့ Iora - အလုပ်တွေ သိပ်များမနေဘူးဆိုရင် ရေးပေးကြမယ်လို့ မျှော်လင့်လျက်…

ညီမ ဝါဝါ - အခုမှ ကြောက်ပါပြီ လုပ်လို့ မရဘူးနော်… ရေးရမှာ...

ညီမ ဂျမ်း နဲ့ လင်း - လာခဲ့… လာခဲ့… ထွက်ပြေးမယ် မကြံနဲ့…

ညီမငယ် မိုးငွေ့၊ ရိုစ့် (Rose of Sharon) နဲ့ ရိုစ့် (Red Rose of Burma)၊ ညီမ ရွှေပြည်သူ နဲ့ ဇွန်မိုးစက်…

ညီမ ပန်းခရမ်းပြာ၊ ရွှမ်းမီ၊ မကြေးမုံ၊ ညီမလေး စုလတ်၊ Sunny ၊ ဆုမြတ် နဲ့ ချော (အစိမ်းရောင်) - အချစ်အကြောင်း ပြောပြကြပါ…

ပြီးတော့ ဘလော့ဂ်မရှိပေမယ့် မျက်နှာစာအုပ်မှာ ချစ်စရာ စာစုလေးတွေ ရေးတတ်တဲ့ ညီမ မျိုး၊ နောင့်နောင့်၊ မေလေး နဲ့ နေခြည်မောင်… ပြီးတော့ ညီမ ဒေါင်း တို့ ကိုလည်း တက်ဂ်ပါတယ်…။ ရေးပေးနော်…။ ကိုယ်တိုင်လဲ အတတ်နိုင်ဆုံး မြန်မြန်ရေးပါ့မယ်…။

အကယ်၍များ တက်ဂ်ထားတဲ့ စာရင်းမှာ မပါရင်လဲ စိတ်မရှိပါနဲ့… ချစ်ခင်ရတဲ့ စာရေးဖေါ်တွေ အားလုံးကို တက်ဂ်ပါတယ်။ ဘယ်သူတွေ ကျန်သေးလဲလို့ စဉ်းစားနေပါတယ်…။ (သတိရရင် ကော်မန့်မှာ ရေးပေးခဲ့ကြပါ… ကျေးဇူး…)

အချစ်အကြောင်း ပြောရအောင်…။



26 comments:

  1. ပန်ဒိုရာMarch 21, 2011 at 11:43 PM

    အမယ်... တက်ဂ်တဲ့သူကိုယ်တိုင်က အရင်မရေးဘဲနဲ့.. ဟင်း :P

    ReplyDelete
  2. မနက်ဖြန်ကျ ရေးမှာပါ...
    ဒီညတော့ ကိုယ့်ကို ခွင့်လွှတ်....း))

    ReplyDelete
  3. လူလည်လည်း ကျတတ်တဲ့ ဒေါ်သက်ဝေ.. :)

    ReplyDelete
  4. ပထမ ဖတ်လာတာ စာအုပ်အညွှန်းပေါ့း) နောက်ကျ တဂ်ပို့်စ်လေး စိတ်ဝင်စားစရာ တဂ်၈ိမ်းစတဲ့သူပဲ ချောင်ခိုနေတာတွေ့လိုက်ရတယ် ဟဟား ။

    ReplyDelete
  5. သတိတရနဲ့ တက်ဂ်လုပ် ပေးတာ ကျေးဇူးပါ အစ်မသက်ဝေ။ ရေးပေးမယ်နော်။ အစ်မ ရေးမယ့် ပို့စ်လေးလည်း မျှော်နေမယ်။

    ReplyDelete
  6. အချစ်လား သူဖျားနေပါတယ်ဆို.....

    ReplyDelete
  7. ဒီလိုဆိုတော့လည်း အချစ်အကြောင်းလေးတွေ ဖတ်ရဦးမပေါ့လေ..။ :))

    ReplyDelete
  8. "အချစ်အကြောင်း" ရေးပေးလိုက်ပြီနော် .. ချက်ချင်းကိုပဲ ဟိဟိ

    ReplyDelete
  9. အမသက်ဝေ ရေးတာလေး ဖတ်ပြီးရင် ရေးမယ် =)

    ReplyDelete
  10. အစ်မသက်ဝေ ပို့စ်အသစ်ဆိုပြီး အပြေးအလွှား လာဖတ်တာ... ကိုယ့်ကို အမိန့်တော်မှတ်ထားတာနဲ့ တန်းတိုးတာပါပဲ...း)) ညီမကို သတိတရတဂ်တာ အရမ်းကျေးဇူးတင်ပါတယ် အစ်မး)

    ReplyDelete
  11. သမီးနာမည်ကိုမမေ့မလျော့တက်ပေးတဲ့တီသက်(ချစ်လို့ခေါ်တာပါ..)ကိုကျေးဇူးတင်ပါတယ်...
    ဖြစ်အောင်ရေးပါ့မယ်နော်..ပထမဆုံးတက်ဂ်ခံရတာမို့လို့
    အရမ်းကိုကြည်နူးမိပါတယ်...။ခုပဲရေးလိုက်တော့မယ်..။ အဟီး

    ပျော်သွားတဲ့
    ဆုမြတ်

    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)March 22, 2011 at 2:27 AM

    အယ် တဂ်တဲ့သူကိုယ်တိုင်ရဲ့ အချစ်အကြောင်းကြတော့ မပါဘူး။ သူများကိုတဂ်ပြီး သူကဒိုင်လျှိုလေး နေထားတယ်။ မသက်ဝေရဲ့ အချစ်အကြောင်းလေးလည်း သိချင်ပါသေးတယ်..း) အချစ်အကြောင်း ဆိုတော့ ကိုယ်ချစ်တဲ့ ဘယ်အရာမဆို ရေးလို့ဖြစ်တယ် မဟုတ်လားဟင်.. တစ်ခုခုပေါ့နော်..
    ရေးနိုင်အောင်ကြိုးစားပါ့မယ်

    ReplyDelete
  13. အမရေးပြီးရင်ရေးမယ်နော်... တဂ်တာကျေးဇူးပါ... :)

    ReplyDelete
  14. :)
    ကျေးဇူး မမသက်ဝေ..

    ReplyDelete
  15. မချစ်ချင်တော့သူကို tag လို့ ငိုပြီ :P

    ReplyDelete
  16. သတိရပေးတာ ကျေးဇူးမမ.. ရေးပြီးရင် လာပြန်ပြောမယ်နော်.. ;)

    ReplyDelete
  17. အဲ့စာအုပ်လေး ဖတ်ချင်တယ်...း) ပြီးတော့ သူများတွေ ရေးတဲ့ အချစ်အကြောင်းလေးတွေ ဖတ်ချင်တယ်...ကျေးဇူး မမသက်ဝေ ။ စိတ်ကူးကောင်းကောင်လေး နဲ့ တဂ့်တဲ့ အတွက် စာကောင်းကောင်းလေးတွေ ဖတ်ရဦးမယ်း)

    နောင့်

    ReplyDelete
  18. ဟယ်...တကယ်ကြီး ရေးရမှာလား...။ တက်ဂ်ဝေ အချွန်နဲ့ မ ပြီကွာ....မရေးတတ်ပါဘူး ဆိုနေ...။ သိပြီ "ကျမ သိသော အချစ်အကြောင်း" ဆိုပြီး လမ်းထိပ်က အချစ်ဆိုတဲ့ ကုလားလေး အကြောင်း ရေးပလိုက်မယ် ဟဲဟဲ....လာမည် မကြာမီ မျှော့ :)

    ReplyDelete
  19. အရှစ်အကြောင်း ဘယ်က စရမှန်းကို မသိပါ.. ဟင့် ခက်တော့ကုန်ပီ မသက်ဝေရေ၊ မမ အရင်ရေးနော်။ဟီး။

    ReplyDelete
  20. တက်ဆိုတဲ့အသံကြားတာနဲ့ပြေးမယ်လုပ်တာ သူက သိနေတယ်တော့ :P

    ReplyDelete
  21. မမရေ .. အလည်တခေါက်ရောက်ပါတယ် .. စာလေးတွေအရမ်းဖတ်လို့ကောင်းတယ်နော်. မီးငယ်ဆီလည်း လာလည်ပါဦးနော် ..

    ReplyDelete
  22. ရေးပြီးသွားပြီ.. ဟိ.. မြန်တယ်နော်.. ရေးချင်ရက်လက်တို့..း)

    ReplyDelete
  23. တက်တက် မတက်တက် မသက်ဝေရေ... လာတော့ ရေးသွားတယ်.... ဇွတ်ပါဆို.... ဟိဟိ။


    ခင်မင်လေးစားလျက်

    ReplyDelete
  24. အောင်ညယ်လေးတော့ ... များနာမည်လဲပါတယ် ... ခြေဖွ တိတ်တိတ်လေး ပြန်ထွက်သွား .....

    ပြန်လာ ... ပြန်မေး
    အချစ်အကြောင်းဆိုတော့ အိမ်ကလူကြီးအကြောင်းရေးရမှာလား ... (((ဟင်)))

    ReplyDelete
  25. အစ်မရေ...

    လာမလည်ဖြစ်တာကြာသွားတဲ့ အတွက်ခွင့်လွှတ်ပါနော်..ပို့စ်တွေအများကြီးလွတ်ခဲ့လို့တစ်ဝကြီး ဖတ်သွားပါတယ် မ..း)) သြော်..အချစ်..အချစ်...ကောင်းလိုက်တဲ့ အစ်မသက်ဝေ ရဲ့ အချစ်... (မရဲ့..ကိုယ်တွေ့ဖြစ်ရပ်မှန်လေး ကိုမှ ပိုဖတ်ချင်တားD)

    လေးစားချစ်ခင်တဲ့..

    ReplyDelete
  26. အစ်မသက်ဝေရေ... ညီမ ဒီမှာရေးပြီးသွားပါပြီ။ ဘာရေးရမှန်းမသိလို့ တောင်တွေးမြောက်တွေးနဲ့ ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော် အစ်မး)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...