Wednesday, November 18, 2009

ခြေရာဖျောက်


အခုချိန်မှာ
သေနတ်တလက်သာ လက်ထဲရခဲ့မယ်ဆို
ကျည်ဆံတွေ အပြည့်ဆောင်လို့
သွားလေရာ နေရာကို သယ်ပိုး…


စိတ်ထဲမှာ
အမြင်မတော် မတည့်တဲ့သူတွေ…
စကားပြောရင် အထာမကျတဲ့သူတွေ…
ပေးထားတဲ့ကတိကို ဖျက်တဲ့သူတွေ…
မလိုသောစကား အပိုဆာဒါးတွေ ထည့်
ချဲ့ကားချင်တဲ့ သူတွေ…
မလိုအပ်ပဲ ညာပြောတဲ့သူတွေ…
လူတယောက်ထဲကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ
အဲဒီလို ကိုယ်ခွဲရုပ်ရှင် ရိုက်နေတဲ့သူတွေ…
ခုနေတမျိုး တော်ကြာတမျိုး
စကားတွေကို အချိုလောင်း
ခဏ ခဏ ပြောင်းတတ်တဲ့သူတွေ…
ဘုရားမသိတဲ့သူတွေ...
တရားမရှိတဲ့သူတွေ…

… …
… … …
… … … …
အားလုံး အားလုံးကို
လက်ညှိုးလေးတချောင်း အသာကွေး
သွေးအေးအေးနဲ့ ကိစ္စတုံးအောင်
အဆုံးသာ စီရင်ပစ်လိုက်ချင်တယ်…

ဒါပေမယ့် တကယ့် တကယ်
လက်ထဲကို သေနတ်ရောက်လာတဲ့ အခါ
သေသေချာချာ ချိန်ရွယ်ပြီး ပစ်လိုက်မိတာက
ကိုယ့်ရဲ့ နားထင်တည့်တည့်ကိုသာ ဖြစ်နေတော့တယ်…




*** ဘာကြောင့်လဲလို့ မမေးပါနဲ့… အဖြေမရှိပါဘူး…
လက်ထဲမှာ သေနတ်ရှိတဲ့သူတွေလဲ မကြောက်ကြပါနဲ့.. လာမငှားပါဘူး…
ဝယ်လို့ရတဲ့ နေရာလေးသာ သိရင် လက်တို့လိုက်ကြပါ…

25 comments:

  1. အိမ်မှာတော့ သနပ်ရှိတယ် အမ .. ယူမလား.



    (သရက်သီးသနပ် :P)

    ReplyDelete
  2. လက်တစ်ကမ်းကို လာခဲ့ပါ လက်တို့ဖို့ မမှီလို့

    ReplyDelete
  3. totally agree with u.
    i love this poem.


    momiji

    ReplyDelete
  4. လက်တို့ ပြီးတော့ ပြောရဦးမယ်။ (မလုပ်ပါနဲ့ အစ်မရယ်။ ကြောက်လို့ပါ)

    ပြီးခဲ့တဲ့ Sunday ကတင် Taxi Driver ကား ကြည့်ထားမိတာ။
    ခုထိ စိတ်ထဲ ရှိနေတုန်း။
    မပျောက်သွားသေးဘူး။

    (မလိုသောစကား အပိုဆာဒါးတွေ ထည့်
    ချဲ့ကားချင်တဲ့ သူတွေ...

    ခုနေတမျိုး တော်ကြာတမျိုး
    စကားတွေကို အချိုလောင်း
    ခဏ ခဏ ပြောင်းတတ်တဲ့သူတွေ...)

    ကောင်းလိုက်တဲ့ စကားလုံးတွေ။

    ReplyDelete
  5. B carefully :D
    Love Peace &.....

    ReplyDelete
  6. ဘယ်လိုဖြစ်သလဲ..
    စိတ်ကို ငြိမ်ငြိမ်ထားပါ..ခလေးမ..
    တစ် ကနေ.. တသိန်းထိ ရေ နေ..
    ၁-၂-၃-၄-၅-၆
    :D

    ReplyDelete
  7. Sweet......
    Every thing's cool...
    go bed ...

    ReplyDelete
  8. " အပိုဆာဒါး " ဆိုတာ ဘာကိုပြောချင်တာပါလဲ ခင်ဗျ...

    ReplyDelete
  9. သေနတ်ဆိုရင်တောင် မလောက်ဘူး
    ဗုံးမှ အဆင်ပြေမယ် အမရေ
    ဒီလိုလူတွေက များမှ များ

    ဒီလိုလူအတွက်တော့  ကိုယ့် အသက်နဲ့ လဲဖို့ မတန်ပါဘူး

    ReplyDelete
  10. ဟင်...
    ကြောက် ကြောက် လိုက်တာ...
    လက်ညှိုးလေးကွေးဖို့ ဘယ်နှစ်နှစ်စောင့်နေရမယ် မသိသေးဘူးးးးး
    (ကြောက်ကြောက်နဲ့ မန့်သွားပါတယ်လေ)
    အမခင်မင်းဇော်

    ReplyDelete
  11. ကြောက်ထှာ...အေ ၊ ခုပဲလက်နာပျောက်တဲ့ဟာ..ကို၊

    ReplyDelete
  12. သက်ဝေရေ… ပြင်းထန်လိုက်တဲ့ ကဗျာသေနတ်… ထိတဲ့သူတွေ ထိကုန်ပြီထင်တယ်…
    သားဆော့တဲ့သေနတ်လေးရှိတယ်… ယူမလား… စတာပါ… စိတ်မဆိုးနဲ့ နော်… စိတ်လက်ပေါ့ပါးသွားအောင်လို့ ပါ…

    ReplyDelete
  13. မေးဘူး.. ပစ်တော့သတ်နဲ့ဂျာ..

    ReplyDelete
  14. ဟင့်..ယားတတ်တယ်။

    ReplyDelete
  15. အိမ်မှာတစ်လက်ရှိတယ်။ လာယူပါလားဟင်
    mm

    ReplyDelete
  16. ကျိုက်ထီးရိုးပြန် ဝယ်ခဲ့ရှိတယ်..
    လိုချင်ရင်ပို့ပေးလိုက်မယ်..း)

    ReplyDelete
  17. အဟိ...အစ်မ..သေနတ်ပစ်တမ်းကစားတဲ့ ဂိမ်းကစားမလား....

    ReplyDelete
  18. မမ.. စိတ်ထိန်းပါ

    ReplyDelete
  19. ဘယ်သူနဲ့ ဘာတွေ မကျေမချမ်း ဖြစ်နေတာလဲ။ အဲဒီလိုတော့ မလုပ်ပါနဲ့။ အဖန်ငါးရာငါးဆယ် ပြန်ခံရတတ်တယ်။

    ReplyDelete
  20. ခုတလော ဖတ်ရတဲ့သက်ဝေရဲ့ စာတွေကို အရမ်းကြိုက်နေမိတယ်ကွယ်။( အော် အပိုဆာဒါးတွေလို့များ ပြောနေမလားဟင်)။

    ReplyDelete
  21. မမ.. ရေးထားတဲ့ ကဗျာနဲ့ ပန်းချီက လိုက်တယ်.. အပြင်မှာတော့ တကယ်ကြီး လုပ်ရဘူးနော်... ;P

    ReplyDelete
  22. ဟင့်အင်း...မလုပ်နဲ့... အားမပေးဘူး... ရောင်းတဲ့နေရာသိရင်တောင် မပြောပြဘူး :)

    ReplyDelete
  23. အစ်မ သက်ဝေ

    စိတ်လျှော့ပြီး မာဖီးယား ဝင်ကစားလိုက်ပါ (သို့)
    သေနတ်ပစ်တဲ့ game တစ်ခုခုဆော့လိုက်ပါ
    :)


    ရွှင်လန်းချမ်းမြေ့ပါစေ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  24. ကိုယ့်ကိုယ်ကိုယ် စိတ်နဲ့မတွေ့တဲ့ အခိုက်အတန့်လေးမှာ ချရေးဖြစ်ခဲ့တဲ့ စာကြောင်းတွေကို လာဖတ်ပြီး ပေးခဲ့တဲ့ မှတ်ချက်များကြောင့် ကိုယ့်စိတ်တွေ တခဏချင်းပဲ ပြန်လည်ပေါ့ပါး ကြည်လင်လာခဲ့ပါတယ်...။
    ဒီအတွက် မှတ်ချက်ပိုင်ရှင်များ အားလုံးကို ကျေးဇူးတင် ချစ်ခင်စွာ မှတ်တမ်းတင်ထားပါမည်...။

    ReplyDelete
  25. သနပ်လား..သားမှာ ရှိတယ်.. ယူမလား သရက်သီး သနပ်..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...