Tuesday, December 1, 2009

မေ့နိုင်စွမ်းစေ

မနက်တွေ နေ့တွေ ညတွေ
ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ်
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ်
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့…

တံခါးတွေ ဖွင့်စကလို
တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည်
တံခါးဘောင်တွေ ပွန်းပဲ့တာ
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင်…

နှင်းတွေပဲရွှဲလို့
မိုးတွေပဲစိုစို
နေတွေပဲပူပူ
နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂါတ်ကို မတွေး
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ…

*** Contributed by ရွာသားလေး (ဝိုင်တီယူ)

Sweet December to all of you..!!!

9 comments:

  1. ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် ကိုရွာသား...
    ချိုသော ဒီဇင်ဘာ ဖြစ်ပါစေ...

    ReplyDelete
  2. ပေါက်တတ်ကရ ရေးတဲ့စာကလေးကို တခုတ်တရ တင်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ

    အမနဲ့ မိသားစု အေးမြသော ဒီဇင်ဘာမှာ ချိုမြိန်သော ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံပါစေလို့ ဆန္ဒပြုပါတယ်

    ReplyDelete
  3. အပူအပင်မရှိတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ချင်သား......

    ReplyDelete
  4. အလဲ့ ကာရွာသိုးနဲ့ ကွန်ထရီဗျု့ထားတယ်ပေါ့လေ.. :P
    ချိုသောဒီဇင်ဘာပါ တီတီသက်ဝေ။

    ReplyDelete
  5. Sweet December,Sweet poem :]

    ReplyDelete
  6. ဒီဇင်ဘာမှာ ပျော်ရွင်ပါစေ..........
    မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ်
    မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့…

    ReplyDelete
  7. အတိတ်၊ အနာဂတ်၊ လက်ရှိ ၃ခုလုံး မသိ မတွေး မေ့ထားချင်တယ်ဆိုတော့ တယ်လွတ်လပ်တဲ့ ဘ၀ပါပဲ။ မမေ့နိုင်လို့ စာလာဖတ်ပါတယ်။ Sweet December!

    ReplyDelete
  8. ဘာတွေကို များ မမက မေ့ချင်နေတာလဲဗျ...

    ReplyDelete
  9. ကဗျာလေးကောင်းတယ်၊ နုတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...