Sunday, November 1, 2009

သံယောဇဉ်

ချစ်တဲ့ သူငယ်ချင်း တန်ခူး ရဲ့ Tag ပါ…။
အခုတလော ဆိုညည်းနေမိသော သီချင်းများ တဲ့…။

သီချင်းတွေနဲ့ ပတ်သက်လို့ပြောရရင် အရှည်ကြီးပေါ့။
ကိုယ်က သီချင်းတွေကို ချစ်တယ်…။
အမြဲတမ်းလဲ သီချင်းနဲ့ လူနဲ့ မပြတ်အောင် နားထောင်နေတတ်တယ်။
တခါတခါမှာတော့ နဲနဲပါးပါး လိုက် ဆိုညည်းမိတယ်။
ဒါပေမယ့် နဲတယ်…။ လိုက်ဆိုရတာထက် နားထောင်ရတာကို ပိုကြိုက်တယ်။

ဒီတော့ တန်ခူးရဲ့ ခေါင်းစဉ်ကို နဲနဲပြင်လိုက်တယ်…။
အခုတလော နားထောင်နေမိသော သီချင်းများ လို့…။
သီချင်းများ လို့ ဆိုပေမယ့် ကိုယ် အခုတလော အဆက်မပြတ် နားထောင်နေမိတဲ့ သီချင်းကတော့ တပုဒ်ထဲပါ။

ဒါပေမယ့် တခုတော့ရှိတယ်…။
ကိုယ့်ရဲ့ လတ်တလောမှာ ခံစားနားထောင်နေမိတဲ့ သီချင်းကို ချပြလိုက်ရင် အဲဒီကနေ တဆင့် ကိုယ့်ရဲ့ ရင်ထဲက လတ်တလော အခြေအနေကို ထင်ထင်ရှားရှား လှမ်းတွေ့မြင်နိုင်စေတာမို့ ဖြစ်နိုင်ရင် ဒီပိုစ့်ကို ကိုယ် မရေးချင်ရိုး အမှန်ပါ…။ (အဟိ… ကြီးကြီးကျယ်ကျယ်တွေ လုပ်ချလိုက်ပြန်ပြီ…)
ဒါပေမယ့် သူငယ်ချင်းကို ချစ်ခင်တဲ့စိတ်ကလေး တခုတည်းနဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဆိုပြီး ရေးလိုက်ပါတယ်...။

အဲဒီ သီချင်းကတော့ ကိုလေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ထဲက သီချင်း တစ်ပုဒ်ပါ။
တော်တော်များများလဲ သိပြီးသား ဖြစ်ကြမှာပါ။
သီချင်းနာမည်က သံယောဇဉ် တဲ့…။
နားထောင်ကြည့်နော်…။




သံယောဇဉ်

မတွေးချင်လည်း ပြန်တွေးနေမိ… မေးရင်လည်း ပြန်သတိရပြီ…
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်...
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ… မှားနေလဲ ငါ ဆက်သွားမိ…
ဒုက္ခများကုန်ပြီ…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
သံယောဇဉ်…

သံယောဇဉ်… သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

မကြားချင်လဲ ငါ ကြားယောင်မိ… မသွားချင်လဲ ငါ ပြန်သွားမိ…
အစိုးမရတဲ့ စိတ်ကြောင့် ငါ… ခက်ပြီ…
မမွှေးသင့်ပဲ ငါ မွှေးတဲ့မီး… မတိုးချင်ပဲ ငါ ဆက်တိုးမိ…
ငါ့ဘဝ ကျွမ်းလောင်ပြီ… အိုး…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
အိုး… သံယောဇဉ်…

သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

ဒီသီချင်းနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ ရင်ထဲက သံယောဇဉ် ဆိုတာ ဘာကို ဆိုလိုတာလဲ… ဘယ်သူ့ကိုများ ရည်ရွယ်ထားလေသလဲ… ဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်…။ ကိုယ်ကလဲ မမေးခင်က ပြောချင်နေသူပါ...။ အဟဲ…

အမှန်ကတော့ ဒီသီချင်းထဲက ကိုယ်ရည်ရွယ်ထားတဲ့ သံယောဇဉ် ဆိုတာ ကိုယ့်ရဲ့ ချစ်ရတဲ့ ဒီ ဘလော့ဂ်လေး ပါပဲ…။

ရုန်း ထွက် ရင်း နဲ့ ဆက် ဆက် နစ် … ဖြတ် တောက် တိုင်း လဲ ဖြတ် ဖို့ ခက် တဲ့ …
သံ ယော ဇဉ် … သံ ယော ဇဉ် … သံ ယော ဇဉ် …


ကဲ… ဘယ်လောက် မှန်လိုက်သလဲနော်…။

တန်ခူးရေ... ရေးလိုက်ပြီ... အိုကေ...။
အားလုံးပဲ သီချင်းနားထောင်ရင်း ပျော်ရွှင်စရာ တနင်္ဂနွေနေ့ ဖြစ်ကြပါစေ...။

17 comments:

  1. တို့လည်းချစ်တယ်။

    ReplyDelete
  2. ကိုယ်တိုင် ဆိုသလားလို့လာနားထောင်တာ..
    လေးဖြုဖြစ်နေတာကိုး...း)
    ရှေ့ရှောက်မအားတော့လို့ အိမ်မလည်နိုင်တော့လို့..
    အိမ်ရှင်ရှိရှိ မရှိရှိ ဇွတ်ဝင်လာတယ်ဗျို့

    ReplyDelete
  3. သံယောဇဉ် အမျှင်တန်းနေပါလား..
    သီချင်းလေး နားထောင်သွားပါတယ်

    ReplyDelete
  4. ရုန်းထွက်ရင်းနဲ့ဆက်ဆက်နစ်ခဲ့… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့...


    သံယောဇဉ်...

    ReplyDelete
  5. ကျွန်မကတော့ ဘလော့ဂ်သက်တမ်းက သုံးလပဲ ရှိသေးလို့လားမသိဘူး ဘလော့ဂ်ကို သံယောဇဉ်ဖြတ်ဖို့ တခါမှ မကြိုးစာဖူးဘူး။

    ReplyDelete
  6. မမသက်ဝေ...
    အကြိုက်တူတယ်ဝေ့...
    မမသက်ဝေ အသံလေးသွင်းပြီး ကိုယ်တိုင် ဆိုပြပါလားဟင်....
း-)

    တက်ထားတာလေးရေးမယ်နော်...
    ဟီး...

    ReplyDelete
  7. နားမထောင်ဖူးသေးဘူး
    သက်ဝေ ဝေမျှတော့မှ နားထောင်ဖြစ်သွားတာ...
    တယောက်နဲ့ တယောက် အတွေးလေးတွေ စိတ်ကူးလေးတွေ ဝေမျှ...
    ဒါကြောင့် တို့တွေလည်း ဘလော့ဂ်ကို
    သံယောဇဉ် သံယောဇဉ် ... ....
    သီချင်းလေး ညည်းပြီး ပြန်ပြီ

    ReplyDelete
  8. အဲ့ဒီသီချင်းလေးကို အခုတလောနားထောင်ဖြစ်တယ်။

    ReplyDelete
  9. ဒီလို သံယောဇဉ် တွေ..
    လုံးဝမဖြတ်နိုင်ပေ..။

    ချစ်ကောင်းသီချင်း ထပ်ဖြည့် ဆိုသွားတယ် မမ။

    ReplyDelete
  10. I'm also..
    thx 4 shelter :)

    ReplyDelete
  11. "သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… " စိတ်ထဲကနေ လိုက်ဆိုသွားတယ်...

    ReplyDelete
  12. အော် ငါ့ အမတို့များ တော်လိုက်တာ။ အဖုံးနဲ့ အပိတ်နဲ့ တစ်ခါထည်းရေလိုက်တော့ မေးမဲ့ သူတောင် မေးစရာ မလိုတော့ဘူး..ဖြစ်သွားတယ်ဗျာ။ ဒီဘလော့ဂ်လေး ဟုတ် လို့လားဗျ.. နောက်တာနော်..ကျတော်လည်း ဒီသီချင်းလေးကို ကြိုက်ပါတယ်ဗျာ..အိမ်ကကောင်တွေ ဖွင့်လွန်းလို့ ကျတော် ကိုယ်တိုင်ထောင်စ၇ာတောင် မလိုတော့ဘူး

    ReplyDelete
  13. အဲဒီသံယောဇဉ်တွေကြောင့်ပဲ ခုတလော စိတ်တွေလေနေတာပေါ့ သက်ဝေရယ်… ဒီသံယောဇဉ်ကပဲ သက်မဲ့အရာတွေကို အသက်သွင်းပေးနေသလား…. ခုလို တခုတ်တရ ရေးပေးတာကျေးဇူးပါ တို့ သံယောဇဉ်ရပ်ဝန်းလေးထဲက သက်ဝေ…

    ReplyDelete
  14. အဲဒီသီချင်းလေးကိုကြိုက်တယ်

    ReplyDelete
  15. သီချင်း နားထောင်သွားတယ် ဒီသံယောဇဉ်တွေ ဖြတ်လို့ရမယ် မထင်ပါဘူး မသက်ဝေ ဘာလို့လည်းဆိုတော့ ဘလော့ကတဆင့် မမြင်ဖူးဘဲ ခင်မင်နေရတဲ့ သံယောဇဉ်တွေ ပိုပို များလာလို့လေ

    ReplyDelete
  16. မမသက်ဝေရေ.. Blog ဆိုရင်တော့ ကျနော်လည်း တခါမှ ဖြတ်တောက်ပစ်ဖို့ စိတ်ကူးမရသေးဘူး.. “ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
    သံယောဇဉ်…" :)

    ReplyDelete
  17. တို့လိုအတိုက် ခိုက်တွေကျားက တောင်ရုံးထွက်ဖို့ခက်နေတာ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...