Thursday, February 18, 2010

ကန့် သတ် ချက် များ


မဝင်ရ
အပြင်လူ မဝင်ရ
သဘင်သည် မဝင်ရ
အခွင့် မရှိ မဝင်ရ (အချစ် မရှိ မဝင်ရ)
မည်သူမျှ မဝင်ရ
အနှေးယာဉ် မဝင်ရ
ကုန်တင်ယာဉ် မဝင်ရ
၃ တန် ယာဉ်များ မဝင်ရ
ငါးဖမ်းသဘောင်္များ မဝင်ရ

မရပ်ရ မဆိုင်းရ
မသွားရ မလာရ
ဝင်ခွင့် တောင်းပါ
ရေကို ချွေတာပါ
ခြေသံ ဖွဖွနင်းပါ
စကား တိုးတိုးပြောပါ

လက် မထုတ်ရ
ခေါင်း မပြူရ
ဆေးလိပ် မသောက်ရ
လက်မှတ် ဆုတ်ပါ

အမှိုက် မပစ်ရ
ကွမ်းတံတွေး မထွေးရ
စီတန်း လှည့်လည်ခြင်း မပြုရ
ရင်ပြင်တော်ပေါ်တွင် ဖိနပ် မစီးရ
သီဆို တီးမှုတ် ကခုန်ခြင်း မပြုရ

ဧည့်ချိန် ပြင်ပ မဝင်ရ
လူနာ လာတွေ့သူများမှ အပ မဝင်ရ

တားထားသော စည်း
ကာထားသော ဘောင်
ပိုင်းခြားထားသော နယ်နမိတ်
သတ်မှတ် နယ်မြေ
ကန့်သတ် နယ်မြေ
တားမြစ်ထားသော နေရာ
ဤနေရာများသို့ ဖြတ်သန်း သွားလာခြင်း မပြုရ

ပန်း မခူးရ
ငါး မမျှားရ
ရေ မကူးရ
ကား မရပ်ရ
ဤနေရာသို့ မကျူးကျော်ရ
ဤနေရာတွင် ဈေးမရောင်းရ

အချို မစားရ
အစပ် မစားရ
အဆီ လျှော့စားပါ
အငန် လျှော့စားပါ
ဆေး မှန်မှန်သောက်ပါ
လဘက်ရည် ကော်ဖီ မသောက်ရ

သတိ
နိုင်ငံတော်အလံကို အလေးပြု
သင့်ကြောင့် မီးမလောင်ပါစေနှင့်
ရုပ်ရှင်ရုံအတွင်းသို့ အစားအစာများ ယူဆောင်ခွင့်မပြု
ပြီးပါပြီ…။

အခု လောလောဆယ် ခေါင်းထဲရောက်နေ၊ တွေးနေမိသော အကြောင်းအရာ၏ ခေါင်းစဉ်မှာ "ကန့်သတ်ချက်များ" ဖြစ်ပါသည်။ အထက်ပါ စာကြောင်းများသည် မျက်စေ့ဖြင့် အလွယ်တကူ မြင်သာ ထင်သာရှိလှသော ကန့်သတ်ချက်များကို တွေးမိသမျှ၊ မှတ်မိသမျှ ရေးထားခြင်း ဖြစ်ပါသည်။ တဆက်တည်း တွေးနေမိသည်မှာ ကိုယ်စီ ကိုယ်ငှ နေ့စဉ် ရှင်သန်နေထိုင်ကြရသော ဘဝတွေတိုင်းတွင် အလွယ်တကူ မမြင်ရသော၊ အလွယ်တကူ မမြင်နိုင်သော အတားအဆီးများ နှင့်အတူ ကန့်သတ်ချက်ပေါင်း မြောက်များစွာ ရှိနေပါသေးသည် ဟူ၍ပင်...။

မပြီးဆုံးနိုင်သော အတွေးများဖြင့် . . .

27 comments:

  1. ကောင်းပါတယ် ကောင်းပါတယ်။
    (ကွန်မန့်တိုတိုမရေးရ လို့ ပြောမထားလို့ တော်ပါသေးရဲ့)

    ReplyDelete
  2. များလိုက်တဲ့ကန့်သတ်ချက်ပါလားသက်ဝေရယ်....
    နဲနဲတော့လျော့။ ဟမ်။

    ReplyDelete
  3. မနေ့ကပဲ ယပ်တောင်လေးနဲ့ ကပြမိပါတယ်။
    ခုတော့ သူက သဘင်သည် မ၀င်ရ တဲ့
    မျက်ရည် လည်ရွဲနဲ့ ပြန်သွားပါပြီ...း(

    ReplyDelete
  4. ကားလမ်းပေါ် လှည်းမမောင်းရ ။
    သံဘီးတပ်ယာဉ် မမောင်းရ ။
    ဘာကြောင့်ရပ်ရပ် လမ်းဘေးချ ရပ် ။
    ယာဉ်နှစ်ထပ် မရပ်ရ ။

    အလုပ်ဆင်းပြန် မမေ့ရန် မီးနှင့်ပန်ကာပိတ် ။

    အခမဲ့ ဆွေးနွေးခြင်း သီးခံပါ ။

    (မှတ်မိသလောက် ထပ်ဖြည့်သွားပါသည်။)

    ReplyDelete
  5. အခွင့် မရှိ မဝင်ရ (မချစ် မရှိ မဝင်ရ)
    အချစ်မရှိမဝင်ရ ဖစ်မယ် ထင်တယ်နော်..

    ReplyDelete
  6. ဧည့်သည်မလာရ၊ ဆိုတဲ့အိမ်မြင်ဖူးတယ်၊

    အလှူခံခြင်းသည်းခံပါ၊ ဆိုတဲ့ အိမ်တွေ မြင်ဖူးတယ်၊

    အမျိုးသမီးများ မ၀င်ရ ဆိုင်းဘုတ်လည်း မြင်ဖူးတယ်၊

    အချစ်မရှိမ၀င်ရ ဆိုတဲ့ သီချင်း ကြိုက်တယ်။

    :)

    ReplyDelete
  7. မြင်းလှည်း မဝင်ရ.
    နွားလှည်း မဝင်ရ.
    ဓါတ်ပုံ မရိုက်ရ.
    လက်ကိုင်ဖုန်း မဖွင့်ရ.
    ..............
    ..............
    ..........
    မချစ်ရ.
    မမုန်းရ.
    မမေ့ရ.
    ..............
    ဘလော့ဂ်မလည်ရ.





    (ပေါက်နေသော....)၊
    ပေါက်

    ReplyDelete
  8. အဲဒါ ဒန် နေတဲ့ ကဗျာ

    ReplyDelete
  9. ကပီတိ... စာမရေးပဲ အပျင်းမထူရ

    ကြည်... လျှော့နိုင်ဘူး... ဟမ်...

    သီတာရယ်... ငိုပါနဲ့... တိတ်တိတ်...
    သီတာ့ကို ပြောတာ ဟုတ်ရပါဘူး...း)
    ယပ်တောင်ကလေးနဲ့ ကတာ ဒီလောက် လှတာ...

    လင်းဒီပ... မောင်လေး တော်တယ်... ကျေးဇူး...
    သတိရသေးရင် ထပ်ဖြည့်ပေးအုံးနော်...

    မမ... အစက် မချရ...း)

    ခမမ... ပြင်လိုက်ပြီ... ကျေးဇူး...
    ပေါက်ကွဲနေလို့ စာလုံးပေါင်းတောင် သေချာ မစစ်လိုက်နိုင်ဘူး...း))

    အပြုံးပန်း... ညီမ တွေးလို့ရသလောက် လာပြောပြအုံးနော်...

    ပေါက်... မပေါက်ကွဲရ...း))

    ပန်... ဒန် နေတာလား... မှန် နေတာလားတော့ မသိ...း))

    ReplyDelete
  10. ဒါပေမယ့်
    ပန်းမပွင့်ရ
    နေမထွက်ရ လို့ ဘယ်သူမှ သတ်မှတ်လို့ မရပါဘူး သက်ဝေရေ..
    ငှဲငှဲ

    အမ ခင်မင်းဇော်

    ReplyDelete
  11. ဆေးမှန်မှန်သောက်ပါ ... နိုင်ငံတော်အလံကို အလေးပြု ...ကန့်သတ်မှုမြောက်မြားစွာထဲမှာ တိုက်တွန်းမှုလေးတွေလည်း ရှိနေပါသေးတယ် ... ။

    ReplyDelete
  12. လက် မထုတ်ရ မဟုတ်လား
    စာလုံးပေါင်းမမှားရ

    ReplyDelete
  13. Don't drink & drive (Coffee also)
    :)
    Sin.. Driver manual.

    ReplyDelete
  14. စည်းနဲ့ ဘောင်နဲ့ ဖြစ်စေချင်လို့ ကန့်သတ်ချက်တွေ ထွက်လာတာ ဖြစ်မယ်ထင်ပါတယ် ..
    လိုတာထက် ကန့်သတ်တွေ များလာတော့လည်း မွန်းကြပ်တယ် .. စိတ်ကျဉ်းကြပ်တယ် ..
    တစ်ချို့ ကန့်သတ်ချက်တွေက တစ်မျိုး (ရ)မပါဘူး
    (ကိုကိုနော်) ဆိုတာနဲ့တင် ........... အကုန်ရပ်တန့်သွားရော

    လေးစားခင်မင်လျက်နဲ့

    ReplyDelete
  15. စာနဲ့ မရေးထားတဲ့ ကန့်သတ်ချက်တွေကို ပိုစဉ်းစားမိသွားတယ်။
    အတွေးနယ် မချဲ့ရ။ :)

    ReplyDelete
  16. ဟင်....ကန့်သတ်ချက်တွေက အများကြီးပါလား.....
    ဒါတောင် မမြင်နိုင်တဲ့ကန့်သတ်ချက်တွေမပါသေးဘူးနော်..... :'(

    ReplyDelete
  17. လာမဖတ်ရ..လို့ရေးမထားသဖြင့် လာဖတ်သွားပါကြောင်း

    ReplyDelete
  18. ဘလော့မရေးရ။
    ဘလော့မလည်ရ။
    ကွန့်မန့်မပွတ်ရ။
    ၂ကျပ်ခွဲတန်ကြိး မကိုင်ရ။

    (KoAXX ကိုယ်စား)

    ReplyDelete
  19. ဒီကဗျာက အောက်က လင့် မှာ တင်ထားတဲ့ ကဗျာလေးနဲ့ သဘောချင်းတူတူပဲနော်။

    www.exitpoetry.blogspot.com/2010/01/blog-post_16.html

    ဘလော့ဂ်ဖတ်သူ

    ReplyDelete
  20. အမ ခင်မင်းဇော်... သဘာဝကိုသာ ကန့်သတ်လို့ တားလို့မရတာ၊ ကျန်တာတွေမှာ ကန့်သတ်ချက်တွေက များမှများရယ်... နှစ်သိမ့်စရာ ချစ်စရာ အတွေးလေး ပေးသွားတာ ကျေးဇူးပါ အမရေ...

    ကိုဧရာ... ဟုတ်... ဆေးလဲ မှန်မှန်သောက်ပါတယ်...
    အလံတော်ကိုလဲ စိတ်ထဲက အမြဲတမ်း အလေးပြုပါတယ်...

    ရွာသားလေး... ပြင်လိုက်ပါပြီတော်... တကတဲ... ပြောမယ်ဆိုတာချည်းပဲ...း((

    Hmoo... Don't worry... But ကော်ဖီသောက်ခြင်းကို မကန့်ကွက်ရ... (ပြင်းထန်စွာ အရေးယူမည်)

    ကိုဝင်းဇော်... “ရ” မပါတဲ့ ကန့်သတ်ချက်ကို ကြိုက်တယ်ဗျာ...း))
    ဧကန္တတော့ အဲဒီ ကန့်သတ်ချက်နဲ့ ကန့်သတ်ခံနေရပြီထင်တယ်... ဟဲဟဲ

    ချိုသင်း... အဲလို အတွေးနယ်ချဲ့မိလို့ ရေးမိတဲ့ စာကြောင်းတွေပါ...

    သန့်ကလေး... တွေးရတာ မောတယ်...

    ကိုကြီးကျောက်...း))

    ဆွိ... ကြား သုံးကြားနော်... ဟွန်း... ကြောက်ဖူးလား...း))

    ဘလော့ဂ်ဖတ်သူ... ရှာဖွေလေ တွေ့ရှိလေပေါ့လေ... ကျေးဇူး...ဟုတ်တယ် တူနေသလိုပဲ... ဒါပေမယ့် ကိုယ့်အတွေးက ကန့်သတ်ချက်တွေ များတယ်...း))

    ReplyDelete
  21. ရိပ်သာအတွင်း ယောဂီများ စကား မပြောရ
    ယောဂီများ တရားမှတ်နေသည် ဧည့်သည်များ စကားကျယ်ကျယ် မပြောရ
    ယောဂီများ နှစ်ယောက် ယှဉ်တန်း၍ လမ်းမလျောက်ရ
    နောက်လူ ရှိသည် ရေချိုးခန်းအတွင်း သွားမတိုက် အဝတ်မလျော်ရ
    ယောဂီများ အမှတ်လွတ်၍ အဟာရ မသုံးဆောင်ရ
    ရိပ်သာ အတွင်း စကပ်၊ အင်္ကျီလက်ပြတ် မဝတ်ရ
    ရိပ်သာအတွင်း အမျိုးသားများ စွပ်ကျယ် ဂျိုင်းပြတ် မဝတ်ရ
    တရားခန်းမဆောင်ထဲ ဟန်းဖုန်း ယူဆောင် မလာရ

    အင်း...လောလောဆယ်တော့ ဒါပဲ ခေါင်းထဲရှိ ....:))

    ReplyDelete
  22. အတွေးလေးက ဆန်းတယ်… မောတယ်သက်ဝေရေ…

    ReplyDelete
  23. အပြင်လူမ၀င်ရ ဆိုရင်..
    အတွင်းလူ မထွက်ရ ပေါ့နော်

    ReplyDelete
  24. ချစ်ကြည်... တန်ခူး... ဆောင်း...
    မှတ်ချက်တွေအတွက် ကျေးဇူးပါ...။
    ကိုယ်လဲ စိတ်မောမောနဲ့ ခေါင်းထဲရှိတာ ချရေးလိုက်တာပါ...း))

    ReplyDelete
  25. အစ်မက မှတ်မိလိုက်တာ...း)) ကန့်သတ်ချက်တွေကို (“နားနား မဖတ်ရ”လို့ မပြောပေမယ့်) အသက်မရှုဘဲ ဆက်တိုက်ဖတ်သွားပါတယ်...း))

    ReplyDelete
  26. ဒုတ်/စက္ကူမသုံးရ
    ရေကိုသာသုံးပါ။ :P

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...