Monday, February 1, 2010

I see you...

 
ပြီးခဲ့တဲ့ ပိတ်ရက်က လူပြောများပြီး အလွန် နာမည်ကြီးလှတဲ့ Avatar ရုပ်ရှင်ကို သွားကြည့်ခဲ့ပါတယ်။ သိပ်ကောင်းတာပဲ… လို့ပဲ ပြောချင်ပါတယ်။ ဒီရုပ်ရှင်ကို လူတိုင်းနီးနီးလဲ ကြည့်ပြီးကုန်ကြပြီ ဖြစ်မှာပါ။ ဘလော့ဂ်တွေမှာလဲ ဒီရုပ်ရှင်အကြောင်းကို တချို့တွေ ရေးပြီးကြပါပြီ။ မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင် သွားကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကြည့်ပြီးသားသူများလဲ နောက်တခေါက်လောက် ထပ်ကြည့်ကြပါအုံးလား လို့ပြောရင် ကိုယ့်ကို လာသတ်ချင်ကြမလားပဲ…။ ဘယ်သူ ကြည့်ကြည့် မကြည့်ကြည့် ကိုယ်ကတော့ ဒီသောကြာမှာ နောက်တခေါက် သွားထပ်ကြည့်ပါအုံးမယ်…။

ရုပ်ရှင်ကြည့်ပြီးတော့ သိပ်ကောင်းတာပဲ… သိပ်ကောင်းတာပဲ… လို့ တွေ့တဲ့သူတိုင်းကို တတွတ်တွတ် လိုက်ပြောနေမိတယ်။ သို့သော် ဘာကောင်းတာလဲ၊ ဘာလို့ နောက်တခေါက် ထပ်ကြည့်ချင်ရတာလဲ လို့ မေးလာခဲ့ရင် ကိုယ်ဘယ်လိုဖြေရမှန်း မသိပါဘူး။ ဒါပေမယ့် ရုပ်ရှင်အပြီးမှာ စိတ်ထဲမှာ ကျန်နေတာလေး တချို့ကို ထပ်ခါတလဲလဲ ပြန်တွေးနေရင်း နောက်တခါ ထပ်ကြည့်ချင်စိတ် ပေါ်လာတာပါပဲ။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း ကျောရိုးတွေ၊ ရုပ်ရှင်ရဲ့ အကြောင်းအရာတွေ၊ သဘောတရားတွေ၊ ဆန်းသစ်တဲ့ နည်းပညာတွေ ကိုတော့ တခြားသူတွေ ရေးပြီးကြပြီမို့ ကိုယ် အထူးတလည် မပြောတော့ပါဘူး။ ရုပ်ရှင်အပြီးမှာ ကိုယ့်စိတ်ထဲမှာ ကျန်နေတဲ့ ကိုယ်တိုင်နှစ်သက်နေတဲ့ အရာလေးတွေကိုပဲ မှတ်မှတ်ရရ ရေးပြချင်တာပါ။

ကိုယ့် စိတ်ထဲမှာ ပထမဆုံး စွဲစွဲလမ်းလမ်း ရှိနေတာက မင်းသား Jake နဲ့ Na'vi မျိုးနွယ်စု အကြီးအကဲရဲ့ သမီး Neytiri တို့ တယောက်ကို တယောက် I see you… လို့ ပြောကြတဲ့ အခိုက်အတန့်လေးပါ… (နှစ်ကြိမ်ပါတယ်လို့ မှတ်မိပါတယ်)။ အဲဒီအခန်းလေးဟာ ရုပ်ရှင်တကားလုံးမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ့်စိတ်ကို အထိခိုက်စေဆုံး အခန်းလေးပါပဲ။

နောက် Jake နဲ့ Neytiri တို့ရဲ့ အပြန်အလှန်ပြောတဲ့ တချို့စကားလေးတွေကိုလဲ သဘောကျပါတယ်။ Jake က Omaticaya (Blue Flute Clan) ဖြစ်သွားပြီဆိုတော့ မင်း နှစ်သက်ရာ အမျိုးသမီးကို ရွေးယူလို့ရပြီ၊ ငါတို့ဆီမှာ တော်တဲ့ အမျိုးသမီးတွေ အများကြီးရှိနေပါတယ် လို့ Neytiri က မပွင့်တပွင့် အပြောမှာ Jake က “But I've already chosen. But this woman must also choose me...” တဲ့..။
ဒီတော့ Neytiri က ပြုံးပြီး ပြန်ပြောတာက “She already has…” တဲ့..။
ကြည့်ပါအုံး… ဘယ်လောက် ရိုးစင်းပြီး ချစ်စရာကောင်းတဲ့ စကားလေးတွေလဲ လို့…။

နောက်တခုက Eywa လို့ ခေါ်တဲ့ (Guiding force) အကောင်လေးတွေ Jake ရဲ့ ကိုယ်ပေါ်မှာ တလက်လက်နဲ့ တကောင်ပြီး တကောင် ရောက်လာတဲ့အခန်းလေး… ကိုယ်တိုင် အဲဒီ Eywa လေးတွေကို အနားသွားပြီး ထိကြည့်ချင်စိတ်၊ တို့ကြည့်ချင်စိတ်တွေ ပေါ်လာအောင် သူတို့လေးတွေက ကိုယ့်ကို ဆွဲဆောင်တယ်။ အဲဒါလေးတွေ အပြင်မှာ တကယ်သာ ရှိလိုက်ပါတော့လို့ ဆုတောင်းမိတဲ့အထိပါပဲ။

ပြီးတော့ Touch me Not ဆန်ဆန် လိမ္မော်ရောင် အခွေအခွေနဲ့ အပင်တွေ.. Jake က သွားထိလိုက်တော့ ပိတ်ပြီး မြေကြီးထဲ ဝင်သွားကြတာတွေလေ…။ သူ တအံ့တသြနဲ့ ပျော်နေတာ တွေ့ရတော့ ကိုယ်လဲ သူနဲ့အတူ လိုက်ပြီး အံ့သြပျော်ရွှင်နေမိ…။ ပြီးတော့ ကိုယ်လဲ ထိကြည့်ချင်ပြန်ရော… (ဟင်း… ဘာရမလဲ… ညနေကျရင်တော့ အိမ်နားက Touch me Not တွေ အကုန် ကုန်ပြီသာမှတ်… အားလုံး လိုက်ထိပစ်မယ်..)

Na’vi တွေမှာ ကိုယ်စီရှိကြတဲ့ ကျစ်ဆံမြည်းလေးတွေမှာပါတဲ့ အာရုံကြောလို အဖြူရောင် အမျှင်လေးတွေကို သူတို့တွေ အသုံးပြု စီးနင်းတဲ့ အကောင်ကြီးတွေရဲ့ အာရုံကြောနဲ့ ဆက်သွယ်ပြီး သူတို့လိုရာကို စေညွှန်ကြတဲ့ အခန်းလေးကိုလဲ သဘောကျတယ်။ ရုပ်ရှင်အပြီး အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြန်တွေးရင်း ယောင်တောင်တောင်နဲ့ ကိုယ့်ဆံပင် အဖျားလေးတွေကိုကိုင်ပြီး ဘာနဲ့ ဆက်ရင်ကောင်းမလဲ စဉ်းစားမိတဲ့ အထိပါပဲ။ (အဲဒီဆံပင် အဖျားတွေကို မီးပလပ်ပေါက်ထဲ ထည့်ပြီး မီးပူတိုက်ဖို့ စေညွှန်လိုက်ရ ကောင်းမလား… ဟင်)

တခါတခါ ကိုယ်က ခပ်ကြောင်ကြောင် ခပ်ကြောက်ကြောက်ရယ်...။ ပိုးဟပ်ဆိုလဲ အသေကြောက်၊ သေးသေးမွှားမွှား အကောင် ပလောင်တွေကိုလဲ ကြောက်၊ အထိတ်တလန့်တွေ အသံဆိုးဆိုးတွေ ကိုလဲ ကြောက်၊ Animation နဲ့ ဖန်တီးထားတဲ့ အရုပ်ဆိုးဆိုး အကောင်ကြီးတွေကိုလဲ ကြောက်၊ ပြီးတော့ ပြောရရင် လေယာဉ်ပျံစီးရတာကိုတောင် တထိတ်ထိတ်နဲ့ ကြောက်တတ်တဲ့ ကိုယ်က ဒီရုပ်ရှင်မှာပါတဲ့ Jake စီးတဲ့ ငှက်လို အနီရောင် အကောင် အကြီးကြီးကို မကြောက်မရွံ့ စီးချင်နေပြန်သတဲ့…။ Jake တို့တွေ လေထဲမှာ ဝေ့ဝဲပြီး စီးသွားလိုက်တာ တွေ့ရတော့ ကြောက်တတ်တဲ့စိတ်တွေ ဘယ်ကိုရောက်ကုန်မှန်း မသိတော့ပဲ သူတို့လို လိုက်စီးချင်တဲ့ စိတ်တခုသာ ရှိတော့တယ်။ လေထဲမှာ လွင့်မျောနေတဲ့ တောင်တွေထဲမှာ၊ တိမ်တွေထဲမှာ ကွေ့ကာ ဝိုက်ကာနဲ့…. အိုး… တကယ်ကို ပျော်စရာကောင်းမှာပဲ…။

ဒီတော့ ကိုယ်ဘာလုပ်သလဲ သိလား...။ မနက်က ရုံးအလာမှာ Jurong East နားက ကုန်းအဆင်း ခပ်မတ်မတ်လေးကို အရှိန်နဲ့မောင်းပြီး ဆင်းလာမိတယ်။ အဲဒီနေရာလေးကို အရင်ကထဲက သတိထားမိတယ် ဒါပေမယ့် ကားတွေရှုပ်နေတော့ သိပ်မြန်မြန်မောင်းဖို့ အခွင့်အသာခဲ့ဘူး။ ဒီနေ့တော့ အိမ်ကထွက်ထဲက နဲနဲလဲ နောက်ကျနေတော့ ကားရှင်းနေတယ်လေ…။ အဲဒီလို အရှိန်နဲ့ ဆင်းလာတဲ့အခါ ရင်ထဲမှာ အေးကနဲ ဖြစ်သွားတယ်။ တကယ်ပါ… လေထဲမှာ Jake တို့လို ငှက်ကြီးကိုစီးပြီး ဝဲပျံရတဲ့ ခံစားချက်မျိုးနဲ့ ခပ်ဆင်ဆင်တော့ တူမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် (ဇွတ်) နှစ်သိမ့်လိုက်တယ်…။ (မဆူကြပါနဲ့…)

နောက် ဒီရုပ်ရှင်မှာ ကိုယ်နှစ်သက်တာတခုကို ပြောရရင် Sound Effect တွေပါ။ အဲဒီ Sound Effect တွေဟာ ရုပ်ရှင်ထဲက ပြကွက်တွေနဲ့ ကြည့်နေတဲ့သူတွေရဲ့ ရင်ထဲကို တသားထဲ အတူတူ စီးမျောပါဝင်သွားအောင် ဆွဲဆောင်နိုင်လွန်းတယ် လို့ ထင်ပါတယ်။ နောက်ခံ အသံအင်အားတွေ သိပ်ကောင်းပါတယ်။ Na’vi တွေအားလုံး ဝိုင်းဖွဲ့ထိုင်ပြီး လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေ အကူအညီမပါပဲ သူတို့တွေရဲ့ စိတ်အာရုံကြိုးမျှင်တွေနဲ့ ဆက်ပြီး Eywa နတ်ဘုရားကို တိုင်တည်ပြီး ဆုတောင်းတဲ့ အခန်းတွေမှာ ကြားရတဲ့ အသံတွေကို တကယ် နှစ်သက်မိပါတယ်။

ဒီရုပ်ရှင်တခုလုံးမှာ နောက်ဆုံးအနေနဲ့ ကိုယ်အကြိုက်ဆုံးကတော့ Leona Lewis ရဲ့ I see you သီချင်းလေးပါပဲ…။ ဒီရက်တွေ အိမ်မှာ တချိန်လုံး နားထောင်နေဖြစ်တယ်…။ ဒီသီချင်းနဲ့ပတ်သက်လို့ အထူးတလည်တွေ မပြောတော့ဘူး။ သီချင်းစာသားကို အင်တာနက်ထဲက ရှာပြီး သီချင်းအသံကို You Tube က ယူထားပါတယ်။ စာသားလေးတွေနဲ့ တိုက်ကြည့် ခံစားပြီး နားထောင်ကြည့်ပါ…။

 

 I see you by Leona Lewis   

I see you… I see you… Walking through a dream, I see you… 
My light in darkness breathing hope of new life… 
Now I live through you and you through me, 
Enchanting I pray in my heart that this dream never ends… 
I see me through your eyes… Living through life flying high… 
Your life shines the way into paradise… So I offer my life as a sacrifice… 
I live through your love… You teach me how to see, 
All that’s beautiful My senses touch your word I never pictured… 
Now I give my hope to you, I surrender I pray in my heart that this world never ends… 
 I see me through your eyes Living through life flying high… 
Your love shines the way into paradise So I offer my life, I offer my love, for you… 
When my heart was never open (and my spirit never free) To the world that you have shown me…
But my eyes could not division All the colours of love and of life ever more… 
Evermore… (I see me through your eyes) 
I see me through your eyes… (Living through life flying high) Flying high….    

ကိုယ်နဲ့ ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံး လိုက်ပါ ခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်လျှက်...

17 comments:

  1. အရင်တုန်းကတော့ ကြောက်တယ် မကြည့်ဘူးဆို... အခုတော့ နောက်တခါတောင် ထပ်ကြည့်မယ်တဲ့... အကောင်ကြီးတွေပေမယ့် ချစ်စရာကောင်းတဲ့ အကောင်ကြီးတွေ မဟုတ်လား...

    အမတစ်ယောက်တော့ ကုန်းလေးတွေအနား ရောက်ရင် အရှိန်မြှင့်မောင်းမှာ မြင်ယောင်သေးတယ်. :D

    ReplyDelete
  2. ကားအမြန်မောင်းတာ ကိုမဆူကြပါနဲ့ ဟုတ်လား
    ဆူမှာပဲ ...မဟုတ်တာကိုလိုက်လုပ်တယ်
    ဟိုကရုပ်ရှင်တောင်မှ ကွန်ပြူတာနဲ့ လုပ်ထားတာ .. မသေနိုင်ဘူး ..ဘယ့်နှယ်တော် ကလေးလိုပဲလိုက်လုပ်ရတယ်လို့ ( ဟိ ပြောရတာ အရသာရှိလိုက်တာနော်)

    ReplyDelete
  3. မမ ... နောင့် က အမြင့်ဆို အင်မတန်မှကို ကြောက်တတ်တဲ့ ရောဂါ ရှိတယ်.... ဒီမှာ တိုက်တွေ 25 ထပ်လောက်ရောက်ရင်....အောက်ကို ငုံ့မကြည့်ရဲလောက်အောင် ကြောက်တာ..။ ဒါပေမယ့် အဲ့ဇာတ်ကားကြည့်တော့...သူတို့ ပြေးလွား သွားလာ နေတဲ့နေရာတွေတော်တော်များများက အမြင့်တွေများတယ်...3D နဲ့ကြည့်တော့....ကိုယ်ပါ အဲ့ထဲကို ရောက်နေသလို ခံစားရတယ်....။ ဒါပေမယ့် အဲ့ထဲက အမြင့်တွေကို လုံးဝ မကြောက်တဲ့အပြင်...အသဲတအေးအေး နဲ့ အရမ်းကြိုက်တယ်...။ ငှက်တွေကိုလဲ..ဒီလောက်အမြင့်ကြီးမှာ စီးနေတာ မြင်ရဲ့သားနဲ့....လိုက်စီးချင်တယ်...း)) ။ နောင့် လဲ တော်တော်လေးကိုကြိုက်မိတဲ့ ဇာတ်ကားလေးပါပဲ...း)

    ReplyDelete
  4. (အဲဒီဆံပင် အဖျားတွေကို မီးပလပ်ပေါက်ထဲ ထည့်ပြီး မီးပူတိုက်ဖို့ စေညွှန်လိုက်ရ ကောင်းမလား… ဟင်)
    အားပေးလျက်
    ခမမ :P

    ReplyDelete
  5. သူများတို့ဖြင့် မနေ့က ၂ကြိမ်မြောက် ကြည့်ခဲ့ပြီးပြီ...ကိုယ်က လွန်လှပြီမှတ်တာ ကိုယ့်ဘေးက မြန်မာစုံတွဲက ၄ခေါက်မြောက် ဆိုတော့မှ ကိုယ်လည်း နဲနဲ မာန်ကျသွားတယ်....ရင်ထဲမှာ သိမ်းထားတုန်း...ရှိနေသေးတယ်...တော်တော်များများ ရေးပြီးကြပြီ ဒါပေမဲ့ ကိုယ်လဲ ရေးအုံးမှာ....မီးပူတိုက်ဖို့ အကြံဥာဏ်လေး အားပေးတယ် သိလား...သက်ဝေကနေ...ဂတုံးမလို့ ပြောင်းခေါ်ချင်လို့.....:))

    ReplyDelete
  6. (အဲဒီဆံပင် အဖျားတွေကို မီးပလပ်ပေါက်ထဲ ထည့်ပြီး မီးပူတိုက်ဖို့ စေညွှန်လိုက်ရ ကောင်းမလား… ဟင်)

    အဲဒီ အခန်းတွေကို သဘောကျနေတာ အစ်မသက်ဝေပြောလိုက်မှပဲ :D

    နောက် ဆံပင်ဖျားတွေကို ကွန်ပြူတာ အင်တာနက်အပေါက်ထဲ ထည့်ပြီး ကိုးနတ်ရှင် ကောင်းကောင်း ရစေလို့ ညွှန်လိုက်ရရင် ကောင်းမလားးးးးးး (ရွာမှာ ပြောပါတယ်)

    ReplyDelete
  7. I see Uလို့ Statusတင်ထားတာကို ကျွဲလားလို့လာလာစတာ အသဲနာလွန်းလို့..
    အိုင်စီးယူနော်..မသက်ဝေ..အဟီး ပြန်မစီးပါနဲ့။ လေးတယ်။
    mm

    ReplyDelete
  8. မယ်သက်တို့များဓါတ်ရှင်ကြည့်ပြီး...စိတ်ကူးယဉ်နေလိုက် ဆယ်ကျော်သက်ကလေးကြနေတာပဲ...မီးပူတိုက်ခိုင်းဖို့တော့မြှောက်ပေးအုန်းမှ၊ ဒါမှကတုံးအဖေါ်ရအောင်လို့

    ReplyDelete
  9. ခမမတို့ ပြောသလိုပဲ ဆံပင်အဖျားကို USB နဲ့ချိတ်ပြီး ကီးဘုတ်မပါဘဲ စာတွေရေးလို့ရရင် အရမ်းမိုက်မှာပဲ :P

    ReplyDelete
  10. အရေးသားကောင်းလိုက်တာနော် တခါတည်းကို အဲဒီကားကြည့်ချင်စိတ် ပေါက်သွားတာဘဲ
    ဆံပင်တိုနေတော့ ကြက်တောင်စီးရမလား စဉ်းစားမိတယ်။ အမြင့်အတွက်တော့ သိပ်အပင်ပန်းမခံတော့ဘဲ ကုတင်ပေါ်က နေ ခုန်ဆင်းမယ် ကြံရွယ်လိုက်တယ်
    လင်းလင်းလက်လက် အကောင်တွေ အတွက်တော့ လက်နိပ်ဓါတ်မီးကို အင်္ကျီအိတ်ဘောင်းဘီအိတ်ထဲ ထည့်ကြည့်မယ်လေ. မရယ်နဲ့ နော်
    မသက်ဝေ လို လိုက်စိတ်ကူးယဉ်ချင်အောင် အရေးကောင်းလွန်းလို့  ပေါက်ကရ တွေးမိတာ

    ဆောင်း

    ReplyDelete
  11. မကြည့်ရသေးဘူး...

    ReplyDelete
  12. ကြည့်ရသေးဘူး
    အိမ်နားက touch me not တွေအတွက် ရင်လေးလိုက်တာ....

    အမလေးး .. မီးပူမတိုက်မိပဲ ဓာတ်လိုက်ပြီး ပြာကျတော့မှာပဲ..

    မမသက်ဝေ ကားမြန်မြန်မောင်းချင်ရင် Kaki bukit flyover (off bedok reservoir road) ကို သွားပါ၊ tampines ဘက်ကလာရင် ကုန်းကြီးတက်ရတယ်၊ တဖြောင့်တည်း.. ကားရှင်းတတ်တယ်၊ နေဝင်ချိန်ဆို လှမှလှ၊ ဘေးမှာ သဲပုံတွေနဲ့.. တခြားကမ္ဘာလိုပဲ

    အဲ့မှာဆို ၁၃၀-၁၄၀ လောက်မောင်းမိတာ.. တခုပဲ၊ အဆုံးက လုပ်သားတန်းလျားတွေနား.. ကုန်းအဆင်းအကွေ့မှာ ကားတွေ ဆင့်တိုက်ကြတတ်တယ်၊ (အနော်မပါပါ)

    ReplyDelete
  13. ဖွတ်..ပဒတ်.. တောက်တဲ့. ကားအမြန်မောင်းဖို့ကိုပဲ တိုက်တွန်းနောတာပဲ ဒီမဲလေးတစ်ယောက်...။
    ပလပ်ပေါက်ထဲကို လိုင်းနဲ့ နူထရယ် အပေါက်နှစ်ပေါက်စလုံး ဆံပင်တွေ ထိုးထည့်ဖို့ မမေ့ပါနဲ့ မဂျီးတက်ဝေ

    ReplyDelete
  14. ညီမတို့အိပ်မက်တွေထဲက အလှဆုံးသောအရာတွေကို ပိတ်ကားပေါ်မှာ ပြသွားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပါပဲ အစ်မသက်ဝေရယ်... ညီမလည်း Leona Lewis ရဲ့ သီချင်းကို ကြိုက်လို့ အကြိမ်ကြိမ် ဖွင့်နားထောင်မိတယ်... ရုပ်ရှင်ကြိုက်တတ်သူတွေ အနည်းဆုံး ၂ခါတော့ ကြည့်သင့်တဲ့ကားပဲနော် အစ်မ...

    ReplyDelete
  15. နှစ်ခါကြည့်ဖြစ်တယ်အစ်မ။ ဇွန်လည်း "I See You" သီချင်းကို အရမ်းကြိုက်လို့ ကြည့်ပြီးကာစ ဘလော့ဂ်မှာတင်ဖူးသေးတယ်။ http://zunmoesett.blogspot.com/2009/12/i-see-you_26.html

    ReplyDelete
  16. တိုက်တိုက်ဆိုင်ဆိုင် ပေးတဲ့ခေါင်းစဉ်တောင်သွားတူနေတယ် အစ်မရေး)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...