Saturday, October 9, 2010

စိမ်းလန်းခြင်း


ဒီဓါတ်ပုံလေးကို ချစ်ခင်ရတဲ့ ကိုကြီးကျောက် အတွက် ရည်ရွယ်ပါတယ်...
ခြောက်သွေ့မှုတွေကြားထဲက စိုပြေစိမ်းလန်းခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ...
ကိုယ်ရော စိတ်ပါ အေးချမ်းပါစေ...




13 comments:

  1. ထပ်တူဆုတောင်းသွားပါတယ် အစ်မရေ ခြောက်သွေ့မှုတွေကြားမှာ အေးချမ်းပါစေလို့ ။

    ReplyDelete
  2. မသက်ဝေတောင်းပေးတဲ့ဆု ကိုကြီးကျောက်မှာ ပြည့်ပါစေ.................။

    ReplyDelete
  3. အခြေအနေလေးနဲ့ ဓါတ်ပုံလေးနဲ့ လိုက်ဖက်လိုက်တာ... အတူတူ ဆုတောင်းသွားတယ်...ကျေးဇူး သက်ဝေ..

    ReplyDelete
  4. မယ်သက်ရေ..
    ကိုယ့် ညီငယ်နှမငယ်များက ဝိုင်းဝန်းဆုတောင်းကြ တာ ကြားရ မြင်ရ ဖတ်ရတော့ ဝမ်းလဲသာတယ်..ဝမ်းလဲနည်းတယ်...
    အကိုကြီး
    ကိုကြီးကျောက်

    ReplyDelete
  5. Steve Evergreen : "very artistic. like it"

    ReplyDelete
  6. သူငယ်ချင်း အန်တီ သက်ဝေနဲ့ ထပ်တူထပ်မျှပါပဲ။ ပုံထဲကလို ကိုကြီးကျောက် စိမ်းလန်းနိုင်ပါစေ။ အေးချမ်းပါစေ။

    ReplyDelete
  7. ကိုကြီးကျောက် ငြိမ်းချမ်းပါစေ
    ကျန်းမာပါစေ
    ထပ်တူဆုတောင်းပေးပါတယ်..
    ခုလိုဘဲ အမြဲပျော်ပျော်ရွှင်ရွှင် မြင်ချင်ပါသေးတယ်
    အားတင်းထားပါနော်။

    ReplyDelete
  8. သို့

    မြန်မာလူငယ်များ

    ကုလားတွေကို စကားလုံးလေးနဲ့ ဝေဖန်တာကို ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ မြန်မာတွေ . . . မြန်မာလူမျိုး နအဖကို အတင်းအဖျင်းပြောမှ စားဝင်အိပ်ပျော်တဲ့ ဒီမိုသမားတွေ . . .စစ်သားရဲ့ သိက္ခာကို မထောက်ပဲ မြန်မာလူမျိုး ဒီမိုသမားတွေကို အတင်းပဲ ထိုင်ပြောနေတဲ့ စစ်ဗိုလ်တွေကို မေးချင်ပါတယ်။ ဦးလွမ်းဆွေ ဘလော့မှာ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေတာကို ရေးထားတာကို ဖတ်ကြည့်ပြီးပြီလား?

    မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်တွေကြည့်ပြီး အမုန်းအဃာတတွေကြီးနေတာ မှန်ကန်တဲ့ နိုင်ငံရေးစိတ်ဓါတ် မဟုတ်ပါဘူးဗျာ။ မြန်မာအချင်းချင်း အတင်း . . အဖျင်းတွေပြောနေတာကိုပဲ နိုင်ငံရေးလို့ သဘောထားနေတာလဲ မှားယွင်းတဲ့ စိဓါတ်ပါပဲ။ သွေးမတော် သားမစပ်တဲ့ အဖြူ ၊ ကုလားတွေအတွက် ဆတ်ဆတ်ထိမခံဖြစ်ပြီး. . မြန်မာလူမျိုးတွေ ဒုက္ခရောက်ရင် မသိဟန်ဆောင်နေတာကလဲ မှန်ကန်တဲ့ စိတ်ထား မဟုတ်ပါဘူး။ မျိုးချစ်စိတ်ရှိပါတယ်ဆိုတဲ့သူတွေကလည်း ပါးစပ်ကို ပိတ်ထားပြီး မိမိနဲ့မဆိုင်သလို နေရာတကာ ဥပက္ခာပြုပြီး ဘေးကနေ လက်ပိုက်မကြည့်ပါနဲ့တော့။ ကရင်၊ ဗမာ ၊ ရှမ်း ၊ ပအို့ ဆိုတဲ့ တံဆိပ်တွေမကြည့်ပဲ မြန်မာအချင်းချင်းဆိုတဲ့ စိတ်ဓါတ်နဲ့ … အဲဒီအလုပ်သမားတွေကို ဘယ်လိုကူညီပေးနိုင်မလဲ.. ဘယ်လို ငွေကြးထောက်ပံ့ပေးနိုင်မလဲဆိုတာ စဉ်းစားအဖြေရှာပေးကြပါဦး။ သံရုံးနဲ့ .. နအဖ ထိပ်ပိုင်းကို ပြောကြားနိုင်တဲ့ အခွင့်အရေးရှိသူများကလည်း .. အစိုးရအချင်းချင်း ၀င်ရောက်ပြောကြားအောင် နားချပေးကြပါဦး။ မိမိက ဘာမှ မစွမ်းဘူးဆိုလဲ လက်ပိုက်ကြည့်မနေပဲ . . . အနည်းဆုံးတော့ နှုတ်နဲ့ ဆောင်မပေးကြပါ။ ရေနစ်တဲ့သူတွေကတော့ မြက်တစ်ပင်တောင် အားကိုးလိုကြပါတယ်။


    ☀ ခွန်ကယ် စက်ရုံအလုပ်သမားများ စားစရာမရှိ၍ ငါးရှာဖားရှာ ထွက်နေရ . . . ယခုညဥ့်နက်ပိုင်းတွင် သေနတ်သမား (၂) ဦး လာရောက် ပစ်ခတ်နေ


    လေးစားလျက်
    ဇော်မျိုး

    ReplyDelete
  9. ကိုကြီးကျောက်....
    ခြောက်သွေ့မှုတွေ ကြားထဲက စိုပြေ စိမ်းလန်းခြင်း တွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ...

    ReplyDelete
  10. I'm a fan of "Ko Gyi Kyauk", deeply sorry to hear the news. All my prayers are with you, wishing you have an easy journey!
    Muyar

    ReplyDelete
  11. မလွန်ဆန်နိုင်တဲ့တရားမှန်း သိနေပေမယ့် ခုလိုသိရကြားရပြန်တော့ ရင်ထဲမကောင်းပါဘူး။း( ကိုကြီးကျောက်ဘလော့မှာတော့ သွားရေးခဲ့ပြီးပါပြီ။
    ကိုကြီးကျောက်အတွက် အစ်မနဲ့ထပ်တူ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  12. အမလိုပဲ ထပ်တူထပ်မျှ ဆုတောင်းပေးပါတယ်...

    ReplyDelete
  13. ပုံထဲကလိုပဲ ကိုကြီးကျောက် အမြဲ စိမ်းလန်းပျော်ရွှင်ပါစေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...