Sunday, August 7, 2011

သံယောဇဉ် မနက်ဖြန်

အဲဒီမိုးရေစက်တွေထဲ ရောယှက်သည်းခဲ့တဲ့ ရင်လှိုင်းတွေဟာ
အခုထိ ပိုင်ရှင်ပျောက်ဆဲပါဆို ဘယ်ကို လမ်းညွန်ပေးမလဲ အရှင်...

လမရှိတဲ့ ညတွေ၊ လပြည့်ည လကွယ်ည
တစွန်းတစ အခန်းထဲဝင်လာတဲ့ လရောင်ခြည်နဲ့ပဲ
လမင်းကို လှမ်းတွေးတယ် လမင်းမှာ မင်းရှိတယ်
လမင်းနဲ့ ဒီဖက်ခန်းက လှမ်းစကားပြောနေခဲ့တယ်...

ဪ… မနက်ဖြန်ဆို အမဲရောင်ငှက်တွေ ပျံသန်းလာဦးမယ်တဲ့
ဘီလူးတွေ မြူးနေတယ်တဲ့...
တယောက်ပြီးတယောက် ကင်းထောက်တွေက နှစ်ရှည်သတင်းပို့ဆဲ
သံချောင်းခေါက်ဆဲ... အုန်းမောင်းခေါက်ဆဲ…
အဲဒီသတင်းတွေက အိုမင်းဆွေးစပြုလာပါပြီ..

လွမ်းပြီလား အချစ်ရယ်...
လမင်းဝင်လာတော့မှာပါကွယ်…

ကဲ... နှစ်ဆယ့်တစ်ရာစုထိ သစ္စာရှိပြီးမှ သံသယတွေ မရှိစေရ..
ဘီလူးတွေ ကျဆုံးမဲ့နေ့… ကြယ်တွေပြိုဆင်း သီချင်းဆိုတဲ့ည…
ကိုယ့် အိပ်ကပ်ထဲက…
အသည်မသားတွေ လာတိုးလျှိုး
ထိုးပေးရမဲ့ ဝန်ခံအတွက် စာရွက်ဖြူဖြူလေးနဲ့
ကိုယ်တို့ရဲ့ ပန်းထိုးထားတဲ့ အိပ်ယာခင်းဖြူဖြူလေးကို
လမင်းရဲ့ အကူအညီနဲ့ခင်း ကြယ်စင်ညတွေ အပ်နှင်းဖို့
ခဏထပ် တင်းထားစို့ကွယ်…




မှတ်ချက် - စကားလုံးတချို့ကို ကူညီ တည်းဖြတ်ပေးခဲ့သော မိတ်ဆွေတယောက်ကို ကျေးဇူးတင်ပါသည်။

14 comments:

  1. လွမ်းတယ်ဗျိုး,တိုးလှိုးတောင်းပန်လဲမရဘူး၊ပိုက်ပိုက်ဘဲပြန်လိုချင်တယ်

    ReplyDelete
  2. တူညီတဲ့ ယုံကြည်မှုအတွက် အထူးကျေးဇူးတင်ပါတယ် သက်ဝေ...

    ReplyDelete
  3. ခေါင်းစဉ်လေးသဘောကျတယ်။
    အိုင်အိုရာ

    ReplyDelete
  4. "ဘီလူးတွေ ကျဆုံးမဲ့နေ့… ကြယ်တွေပြိုဆင်း သီချင်းဆိုတဲ့ည…"

    လှလိုက်တာ..၊ ဒီစာကြောင်း အရောက်မှာ လွတ်လပ်ရေးနေ့ မီးပန်း ဖောက်သလိုမျိုး နားထဲမှာ တဖြိုးဖြိုး တဖျောက်ဖျောက် အသံတွေကြား၊ မျက်လုံးထဲ မီးပွားမီးပွင့်တွေနဲ့ ခမ်းနား လင်းလက် သွားတယ်...။

    ReplyDelete
  5. လမင်းရဲ့ အကူအညီနဲ့ခင်း ကြယ်စင်ညတွေ အပ်နှင်းဖို့
    ခဏထပ် တင်းထားစို့ကွယ်…

    ခဏထပ် တင်းထားရဦးမတဲ့လား မမရယ်......ဟင်းးးးးးးးးးး

    ReplyDelete
  6. လရောင်နဲ့ခင်းထားတဲ့ အိပ်ယာခင်းဖြူဖြူတွေထက်ကနေ လမင်းကိုမျှော်ရတဲ့ကြယ်တွေရဲ့ဘ၀က ရင်နာဖို့ကောင်းတယ်မသက်ဝေရေ.. ရင်ကိုတည့်တည့်ထိတယ် ကောင်းလိုက်တဲ့ အတွေးအရေးလေးတွေ...

    ReplyDelete
  7. လှလိုက်တဲ့ကဗျာ.......

    ReplyDelete
  8. တစွန်းတစ အခန်းထဲဝင်လာတဲ့ လရောင်ခြည်နဲ့ပဲ
    လမင်းကို လှမ်းတွေးတယ် လမင်းမှာ မင်းရှိတယ်
    လမင်းနဲ့ ဒီဖက်ခန်းက လှမ်းစကားပြောနေခဲ့တယ်...

    ReplyDelete
  9. သံယောဇဉ် မနက်ဖြန်တွေအတွက်...
    နှစ်ဆယ့်တစ်ရာစုထိ သစ္စာရှိပြီးမှ သံသယတွေ မရှိစေရ...

    TOI

    ReplyDelete
  10. လမင်းမှာ ဆုံတွေ့ ခွင့်ရနေသမျှ မျှော်လင့်ချက်တွေ မသေဆုံးဘူး.. နှလုးသွေးတွေဆူပွက်ဆဲပဲ...

    ReplyDelete
  11. ယုံကြည်ချက် တူညီကြသူများရဲ့ ကော်မန့်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်...။

    ReplyDelete
  12. စကားလုံးလေးတွေ လှတယ်
    ဖတ်ရတာ ညက်နေတာဘဲ

    ReplyDelete
  13. တဖြေးဖြေးနဲ့တော့သွယ်ဝိုက်ပြီး၊ကစားတချက်၊
    နားတချက်ရောက်ခြင်ယောင်ဆောင်လာပြီထင်တယ်...
    :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...